နည်းနည်းအံ့ဩစရာ အဆင့် ၃ ငွေငါးမျှားတံ! စွမ်းရည်ရှိ: ကွိုင်!
Vol. 37 Ch. 546
'ကျောင်းရဲ့တန်ဖိုးအကြီးဆုံးငါး'ဆိုသောအဓိပ္ပါယ်ကိုချင်လင်သိသည်။
ရှားပါး၍စျေးကြီးသောငါးမျိုးပင်။
အရည်အသွေး ၁ အလှမွေးငါးမှာ သာမန်အလှမွေးငါးထက်ပိုလှသော်လည်း ငါးပြတိုက်တွင်ထင်းနေလောက်အောင်မဟုတ်သေး။
နောက်ပြီး စားသောက်ဆိုင်တွင်အရေးအကြီးဆုံးငါးမှာ အုပ်စုထဲထင်းထွက်နေပြီး လူပုလေးအာနီ သူ့ကိုပေးဖူးသောကျားဖြူကဲ့သို့ အလွန်စျေးကြီးသောငါးမျိုးဖြစ်သည်။
အဓိကအကျဆုံးက သူ့ငါးတွေအားလုံးမှာ အရည်အသွေး ၁ ဖြစ်ပြီး သာမန်ကျားဖြူကိုမထိန်းထားနိုင်။
ထို့ကြောင့် ငါးမျှားတံအဆင့်မြှင့်ရန်သတိရသွားသည်။
သူ့ငါးမျှားတံကို အဆင့် ၃ ငွေရောင်ငါးမျှားတံဖြစ်အောင်မြှင့်ပြီး သူမှန်းထားသလို အရည်အသွေး ၂ အလှမွေးငါးတွေဖမ်းနိုင်ရင် ကျောင်းမှာထင်ပေါ်ပြီမလား?
အလှမွေးငါး ၂၀၀၀ ကို ကားပေါ်မှရွှေ့ပြီးနောက် ချန်တပေကသူ့လူများအား ငါးပြတိုက်ထဲခေါ်သွားလိုက်သည်။ ထို့နောက် လင်းရွှမ်နှင့်ငါးပြတိုက်မန်နေဂျာ၏ကြီးကြပ်မှုဖြင့် အလှမွေးငါးအားလုံးကိုရေထဲထည့်လိုက်သည်။
အရည်အသွေး ၁ အလှမွေးငါး ၂၀၀၀ ကျော်မှာ ရေထဲကူးခတ်နေပြီး အတော်လေးခမ်းနားသည်။
တစ်ခုတည်းသောပြဿနာက ငါးသူတော်အရေအတွက်များနေခြင်းပင်။ သီးခြားခွဲထားသောနေရာကျယ်ကျယ်ဝန်းဝန်းရှိရင်တောင် တချို့သူတော်ငါးများမှာ အချင်းချင်းတိုက်မိနိုင်သေးသည်။
ငါးသူတော်ကခေါင်းမာသည်။ သူတို့အဖော်နှင့်တွေ့လျှင် အထီးကတစ်ဖက်ကိုတိုက်၊ အမကတစ်ဖက်ကိုတိုက်သည်။ အချင်းချင်းတိုက်ကြ၏။
''ဒီငါးသူတော်ကိုရဖို့ မင်းတို့နည်းလမ်းရှာရမယ်''
ချင်လင်က ခေါင်းချင်းတိုက်နေသောငါးသူတော်နှစ်ကောင်ကိုကြည့်ရင်း မတတ်သာပုံနှင့်ပြောလိုက်သည်။
ဒီကောင်တွေက တကယ်ခေါင်းမာတယ်။ အဲဒါကြောင့် ခေါင်းမှာဒီလောက်ကြီးတဲ့အဖုထွက်နေတာ။
''ကျွန်မတို့ဖြေရှင်းဖို့နည်းရှာပါမယ်''
လင်းရွှမ်ခေါင်းညိမ့်လိုက်သည်။
ဒီငါးသူတော်တွေ တွေ့တာနဲ့တိုက်တာမျိုးကို သူမလုံးဝလွှတ်ထား၍မရ။
''သူဌေး'' သူမကဆက်ပြောသည်_
''အလှမွေးငါးသားဖောက်ချင်တယ်ဆိုရင် အလှမွေးငါးသားဖောက်ကျွမ်းကျင်သူခန့်ဖို့လိုပါတယ်''
''အင်း... သင့်တော်တဲ့သူတွေ့ထားရင် အရင်ဆုံးဆွဲခေါ်ထားလိုက်ပါ... ကျွန်တော် HR ဌာနကိုရှင်းပြလိုက်မယ်''
ပြင်ဆင်ရတာ ပြဿနာမဟုတ်။ အလှမွေးငါးစျေးကွက်ကယွမ် ၂၆ ဘီလီယံဟုကြားပြီးနောက် ချင်လင်စမ်းကြည့်ချင်လာသည်။
ထို့ကြောင့် အလှမွေးငါးသားဖောက်ကျွမ်းကျင်သူခန့်ဖို့လိုလာသည်။
ဘယ်လောက်ကြီးကြီး ကိစ္စမရှိ။ ချင်းလင်စံအိမ်မှာ နောက်ထပ်ထူးထူးခြားခြားထွက်ကုန်တစ်ခုရှိတာကောင်းသည်။
အားလုံးလင်းရွှမ်ကိုလွှဲပေးပြီးနောက် ဒီနေ့ဂိမ်းထဲမှပစ္စည်းများစံအိမ်ရွှေ့ပြီး ကုန်ပြန်ဖြည့်ရန် ငါးပြတိုက်မှချက်ချင်းထွက်လာသည်။
ဒီနေ့မင်မြို့တော်ကပြန်ရောက်တာ အရမ်းနောက်ကျနေပြီ။
စံအိမ်ပြန်လာပြီးနောက် ချင်လင်ကသူ့ရုံးခန်းထဲအမြန်ဝင်လိုက်သည်။ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်ပန်းပဲဖိုဆီသွားစေလိုက်သည်။
ပန်းပဲဖိုမှ NPC ကိုနှိပ်လိုက်ရာ သူ့ဂိမ်းဇာတ်ကောင်တွင် အသိပေးစာတစ်စောင်ရလာသည်:
''သင့်ငါးမျှားတံကိုအဆင့်မြှင့်နိုင်ပါပြီ... အဆင့်မြှင့်လိုပါသလား?''
မေးခွန်းကအဓိပ္ပါယ်မရှိလိုက်တာ။
မြှင့်မှာပေါ့!
မကြာမီ နောက်ထပ်စနစ်အသိပေးစာရလိုက်သည်:
(ကြေးနီငါးမျှားတံကို ငွေငါးမျှားတံအဖြစ် အဆင့်မြှင့်ပြီးပါပြီ။ မျိုးစေ့ဆိုင်တွင် ငွေငါးမျှားတံနှင့်သုံးနိုင်သော အဆင့် ၃ အထူးငါးစာလုပ်နိုင်ပါပြီ!)
ငါးမျှားတံအဆင့်မြှင့်ပြီးနောက် မျိုးစေ့ဆိုင်တွင်ဝယ်နိုင်သောငါးစာလည်း အဆင့်မြင့်သွားသည်။
သူကချက်ချင်း ဂိမ်းဇာတ်ကောင်ကိုမွေးမြူရေးခြံပြန်စေသည်။ ထို့နောက် ရုံးခန်းတံခါးပိတ်၍ ဂိမ်းထဲဝင်ကာ အဆင့်မြင့်ငွေငါးမျှားတံကိုကြည့်လိုက်သည်။
အဆင့် ၃ ငွေငါးမျှားတံမှာ ကြေးနီငါးမျှားတံထက်အများကြီးပိုလှသည်။ ငွေနှင့်လုပ်ထားပြီး ခမ်းနားသောခံစားချက်မျိုးရသည်။
ငွေငါးမျှားတံ:
(အဆင့် ၃ အရည်အသွေး:
ငါးပိုမျှားနိုင်သည်။ အဆင့် ၃ ငါးစာနှင့် ငါးအမျိုးအစားပိုဖမ်းနိုင်သည်။ အရည်အသွေးမြင့်အလှမွေးငါးများဖမ်းနိုင်ပြီး ထူးထူးခြားခြားငါးတချို့ကိုတောင်ဖမ်းနိုင်သည်!)
ငွေငါးမျှားတံက အရည်အသွေးမြင့်ငါးများဖမ်းနိုင်သည်။
တစ်နည်းပြောရရင် ဒီငွေငါးမျှားတံက အရည်အသွေး ၂ အလှမွေးငါးဖမ်းနိုင်မယ်မလား?
နောက်ပြီး ဒီငါးမျှားတံရဲ့နောက်ထပ်အရည်အသွေးတစ်ခုက ထူးထူးခြားခြားငါးတချို့ကိုဖမ်းနိုင်သည်တဲ့။
ထို့ကြောင့် သူနည်းနည်းစူးစမ်းမိသည်။
အရည်အသွေး ၂ အလှမွေးငါးက မထူးခြားဘူးလား? နောက်ထပ်အရည်အသွေးများရှိလို့လား?
ငါးမျှားတံအချက်အလက်ကိုဖတ်ပြီးနောက် ချင်လင်ကချက်ချင်းဂိမ်းထဲမှထွက်၍ ရုံးခန်းထဲပြန်လာကာ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို မျိုးစေ့ဆိုင်သွားပြီး အဆင့် ၃ ငါးစာဝယ်စေလိုက်သည်။
(ငါးစာ: အဆင့် ၃)
(မျိုးစေ့ဆိုင်ပိုင်ရှင်မှာ ငါးမျှားဝါသနာပါသူဖြစ်သည်။ ဤငါးစာကို သူလုပ်ထားခြင်းဖြစ်သည်။ ဂိမ်းထဲတွင် အဆင့် ၃ ငွေငါးမျှားတံနှင့်သုံးပြီး ငါးမျှားဖို့လိုသည်!)
ငါးစာဝယ်ပြီးနောက် ချင်လင်ကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်ကိုမြစ်ကမ်းသွားပြီး ငါးစမျှားစေသည်။
ဒီနေ့ပထမဆုံးငါးဖမ်းမိသောအခါ သူ့ငါးမျှားတံမှာ အဆင့်မြှင့်ထားခြင်းဖြစ်ကြောင်းအသိပေးစာပေါ်လာသည်။
ငါး ၃၄ ကောင်ကျန်သေးသည်။
ငါးစာ။
သူကငါးမျှားတံကိုချလိုက်သည်။
ချက်ချင်းလိုလို ငါးတစ်ကောင်ဖမ်းမိသည်။
(သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
ဒီငါးစာမိတဲ့အမြန်နှုန်းက အဆင့် ၂ ငါးမျှားတံထက်သိသိသာသာပိုမြန်သည်။
သူကငါးစာတပ်ပြီး ငါးမျှားတံဆက်ချလိုက်သည်!
(ငါးသူတော်အလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၁)
(သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
(ပျံလွှားအလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၁)
…
(ကျားဖြူအလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
တစ်ဆက်တည်း ငါး ၉ ကောင်မိပြီးနောက် အရည်အသွေး ၂ ကျားဖြူကိုမြင်ပြီး ချင်လင်မျက်လုံးများအရောင်တောက်သွားသည်။
ချင်းလင်စံအိမ်အတွက်သုံးခဲ့တဲ့ငွေထဲက ၆၀၀၀၀၀ ကျော်ကို ဒီအရည်အသွေး ၂ ကျားဖြူရောင်းပြီးရခဲ့ခြင်းပင်။
အခု အဆင့် ၃ ငါးမျှားတံက မြစ်ထဲကကျားဖြူငါးကိုတန်းဖမ်းနိုင်တယ်ဆိုတော့ ဒီအဆင့် ၃ ငွေငါးမျှားတံက အရည်အသွေး ၂ အလှမွေးငါးတွေတကယ်ဖမ်းနိုင်တယ်ဆိုတဲ့သဘောပေါ့။
ချင်လင်ကတုံ့ဆိုင်းမနေဘဲ ငါးမျှားတံဆက်ချလိုက်သည်။ ဒီနေ့ အကောင် ၂၀ ကျော်ဖမ်းနိုင်သေးသည်။
(သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
…
(သဘာဝမြင်းကျားအလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၁)
…
အဆင့် ၃ ငါးမျှားတံသုံးပြီး တစ်ဆက်တည်း ငါး ၂၅ ကောင်ဖမ်းမိရာ သာမန်အရည်အသွေး ၁ သဘာဝငါးမပါတော့ချေ။
အနိမ့်ဆုံးအရည်အသွေးမှာ အရည်အသွေး ၂ သဘာဝငါးဖြစ်သည်။
အရည်အသွေး ၁ ငါးတွေကိုဖယ်ထုတ်ထားပြီဆိုတော့ ပေါ်လာဖို့အဆင့်မမီတော့ဘူးလား?
လက်တွေ့လောကမှာ အရည်အသွေး ၁ သဘာဝငါးတောင် သာမန်လူတွေစားရခဲသည်။
ဒါတော့နည်းနည်းလွန်သွားပြီ။
သူကငါးမျှားတံဆက်ချပြီး ကျန်ငါး ၁၀ ကောင်ကိုဖမ်းလိုက်သည်။
(သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
(သဘာဝရွှေနာနတ်သီးအလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၁)
…
(သဘာဝကျားဖြူအလှမွေးငါးတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
(မြစ်ထဲတွင် ငါးရှိပုံမပေါ်တော့ပါ။ ပြန်ပေါ်လာမည့်အချိန်စောင့်ပါ!)
ဒီနေ့ဖမ်းမိတဲ့နောက်ဆုံးငါးက အရည်အသွေး ၂ ကျားဖြူနောက်တစ်ကောင်ဖြစ်နေသည်။
တစ်နေ့တည်း ကျားဖြူနှစ်ကောင်ဖမ်းလိုက်နိုင်သည်။
ပေါ်နိုင်စွမ်းက မနည်း။
နောက်ပြီး အရည်အသွေး ၂ ကျားဖြူနှစ်ကောင်ပေါင်း ၁.၃ သန်းတန်သည်။
အစကတည်းက ဒီလိုငါးဖမ်းနိုင်ရင် ဘာလို့ဖရဲသီးဆက်ရောင်းနေမလဲ?
ချင်လင်က မြန်မြန်ဆန်ဆန်တွက်ချက်ကြည့်သည်။ ငါးမျှားတံအဆင့် ၃ မြှင့်ပြီးနောက် အရည်အသွေး ၁ အလှမွေးငါးစုစုပေါင်း ၈ ကောင်၊ အရည်အသွေး ၂ ကျားဖြူနှစ်ကောင်နှင့် ကျန်ငါးများမှာ အရည်အသွေး ၂ သာမန်သဘာဝငါးများဖြစ်သည်။
သေချာသည်။ အဆင့် ၃ ငါးမျှားတံက အရည်အသွေး ၁ သဘာဝငါးကိုငဲ့မကြည့်တော့၊အလှမွေးငါးအရေအတွက်တောင် ၃ ကောင်မှ ၁၀ ကောင်ဖြစ်သွားသည်။
ဒီအရေအတွက်က ပုံသေလား၊ ကျပန်းလား သူမသိ။
ထို့နောက် ချင်လင်ကဂိမ်းထဲဝင်ပြီး ငါးကန်ဆီသွားလိုက်သည်။ သူက အရည်အသွေး ၂ ကျားဖြူနှစ်ကောင်၏မှတ်ချက်ကိုကြည့်လိုက်သည်:
(သဘာဝကျားဖြူ: အရည်အသွေး ၂!)
(အလှန်လှသောငါးဖြစ်သည်။
အဆင်း +၂၊ အရသာ +၂၊ စားကောင်းခြင်း +၂၊ ဝယ်ယူချင်စိတ်ပေါ်စေခြင်း +၂!)
မှတ်ချက်များမှာ လူပုလေးအာနီပေးသောငါးနှင့် ထပ်တူကျလုနီးနီးပင်။
…
နောက်တစ်နေ့_
ချင်လင်က ဂိမ်းပစ္စည်းများကို စံအိမ်ပို့လိုက်သည်။ မနေ့ကဖမ်းမိသောကျားဖြူနှစ်ကောင်ကြောင့် သူကရုံးခန်းထဲတန်းဝင်ပြီး ငါးစမျှားသည်။
(တစ်ကောင်ဖမ်းမိပါတယ်)
…
(တစ်ကောင်ဖမ်းမိပါတယ်)
(သဘာဝငါးနီတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
၁၀ ကောင်ဆက်တိုက်ဖမ်းမိပြီး အရည်အသွေး ၂ ငါးနီကိုမြင်သောအခါ အမှတ်တမဲ့ရပ်လိုက်သည်။
"ဒီငါး" ချင်လင်ကရေရွတ်လိုက်သည်။
အလှမွေးငါးရှာတုန်းက ငါးနီအကြောင်းဖတ်ဖူးသည်။ အလွန်အင်အားရှိသောငါးဖြစ်ပုံရသည်။
အရင်ဆုံး သူကငါးနီအကြောင်းရှာလိုက်ရာ အချက်အလက်များချက်ချင်းထွက်လာသည်။
ငါးနီမှာ နိုင်ငံခြားအမည်ဖြစ်ပြီး တရုတ်ပြည်တွင် နဂါးနီဟုခေါ်သည်။ နဂါးနီမျိုးကွဲဖြစ်၏။ အသွင်အပြင်ပုံစံအလွန်လှပြီး အရောင်တောက်ပသည်။ အဓိကအချက်မှာ ငါးနီကြေးခွံကအလွန်မာပြီး နဂါးကြေးခွံနှင့်တူသည်။
နောက်ပြီး ငါးနီက အင်ဒိုနီးရှားမြောက်ပိုင်းရေကန်မှာသာပေါ်တတ်ပြီး အလွန်ရှားသည်။
ဒါကအဓိကအကျဆုံးမဟုတ်။
ဒီငါးက အထက်တန်းလွှာထဲတွင် နာမည်အကြီးဆုံးအလှမွေးငါးဖြစ်ပြီး သာမန်လူမျက်စိနှင့်ကြည့်လျှင် ဦးနှောက်အစားဆုံးအလှမွေးငါးသုံးကောင်ထဲမှတစ်ကောင်လည်းဖြစ်သည်။
အကြောင်းမှာ ဒီနဂါးနီလိုငါးမျိုးက အနည်းဆုံးယွမ် ၃ သန်းတန်နေသောကြောင့်ပင်။
လေလံပွဲနှစ်ခုတွင် လှပသောနဂါးနီနှစ်ကောင်၏တန်ဖိုးမှာ ယွမ် ၅ သန်းအထိရောက်ခဲ့သည်။ မြို့ကြီးပြကြီးတွင် အိမ်တစ်လုံးစာတန်ဖိုးရှိသည်။
ကမ္ဘာပေါ်ကတချို့အရာများမှာ အလွန်အံ့ဩစရာကောင်းသည်။ သာမန်လူများက ဒီငါးကိုနှပ်စားလည်းအတူတူပဲ၊ ဦးနှောက်စားတယ်ဟု လှောင်ကြလိမ့်မည်။ ဒီငါးကိုဝယ်တဲ့လူချမ်းသာတွေက ဦးနှောက်ပျက်နေတာဟုတောင် သတ်မှတ်ကြဦးမည်။
သို့သော်လည်း လူချမ်းသာအသိုင်းအဝိုင်းတွင် ဒီငါးမျိုးကရှားပါးပြီး သာမန်လူများမှာမြင်ခွင့်တောင်ရှိလိမ့်မည်မဟုတ်။
ပြီးတော့ အခုပဲ မြို့ကြီးကအိမ်တစ်လုံးကို သူမျှားလိုက်ပြီလေ!
ဘာပဲဖြစ်ဖြစ် ဂိမ်းထုတ်ကုန်နဂါးနီက လေလံပွဲနှစ်ခုကကောင်တွေထက်မညံ့လောက်ဘူးမလား?
ချင်လင်ကငါးဆက်မျှားသည်။ ဒီနေ့ငါးတွေအကုန်မျှားပြီးမှ ဂိမ်းထဲဝင်ပြီး နဂါးနီကိုကြည့်ရန်စီစဉ်လိုက်သည်။
ငါးမျှားတံချချချင်း လှုပ်ရှားသွား၏။
(သဘာဝငါးနီတစ်ကောင်ဖမ်းမိပါတယ် _ အရည်အသွေး ၂)
“???”
သူထပ်မိသောငါးကိုမြင်ပြီး ချင်လင်ကြောင်သွားသည်။
ဒါ ...
အိမ်နှစ်လုံး?
အရည်အသွေး ၂ အလှမွေးငါးမိနိုင်စွမ်းက နည်းနည်းမြင့်တယ်။
ဒီလိုမိနိုင်ချေနဲ့ တစ်နေ့ငါးနီနှစ်ကောင်ဖမ်းမိရင် တစ်လအကောင် ၆၀၊ ဒီတော့ မြို့ကြီးကအိမ်အလုံး ၆၀ ပေါ့။ တစ်နှစ်အတွင်း အိမ်အလုံး ၇၀၀ ကျော်!
ဒါပေမဲ့ ဒီလိုဖြစ်နိုင်စွမ်းမျိုးကမရှိလောက်ပင်။ သူဒီလောက်အများကြီးဖမ်းမိရင်တောင် ရှားလေစျေးကောင်းလေဖြစ်၍ အများကြီးမိရင် တန်ဖိုးကျလာလိမ့်မည်။ သူသာ အကောင် ၇၀၀ ကျော်ထုတ်လိုက်ရင် တစ်ကောင်တစ်ကောင်ကို သောင်းဂဏန်းသာရှိတော့မည်။
ထို့ကြောင့် ဒီလိုထိပ်တန်းအလှမွေးငါးမျိုးကိုအများကြီးထုတ်ဖို့မသင့်တော်။ မဟုတ်ရင် တန်ဖိုးကျလာရုံသာမက ဘယ်ကရလဲဆိုတာပါရှင်းဖို့ခက်သည်။
သူကဆက်ပြီး ငါးမျှားတံကိုချလိုက်သည်။
နောက်ရတာ သာမန်အလှမွေးငါးနှင့် အရည်အသွေး ၂ သဘာဝငါးများ...
နောက်ဆုံးငါးမတိုင်ခင်အထိပင်။
(စွမ်းရည်ရှိ ကွိုင်ငါးတစ်ကောင်ဖမ်းမိပါသည် _ အထူး!)
(မြစ်ထဲတွင် ငါးရှိပုံမပေါ်တော့ပါ။)
“???”
ချင်လင်က နောက်ဆုံးသူဖမ်းမိသောငါးကို အမှတ်တမဲ့ကြည့်လိုက်သည်။
ကွိုင်ငါးဆိုတာကို သူနားမလည်။
စွမ်းရည်ရှိကွိုင်ဆိုတာကို သူနားမလည်သည့်အပြင် မှတ်ချက်နောက်ဆုံးတွင် 'အထူး'ဟူသောစာလုံးပါသေးသည်။
ဒါငါးမျှားတံမှတ်ချက်မှာပါတဲ့အထူးငါးဆိုတာလား?
ချင်လင်အလွန်သိချင်သွားသည်။ သူကချက်ချင်းထရပ်ပြီး ရုံးခန်းတံခါးလော့ချကာ ဂိမ်းထဲဝင်၍မှတ်ချက်များကြည့်လိုက်သည်။
အရင်ဆုံး နဂါးနီနှစ်ကောင်။
နဂါးနီနှစ်ကောင်မှာ အလွန်လှသည်။ ရွှေရောင်တလက်လက်နှင့် လုံးဝနီရဲနေသည်။
အဓိကအကျဆုံးမှာ သူတို့ကိုယ်ပေါ်မှအကြေးခွံများက အလွန်လှခြင်းပင်။ ငါးကြေးခွံနဲ့လုံးဝမတူ။ ပုံစံကထူးဆန်းသော်လည်း အလွန်လှသည်။
ဒါကြောင့် နဂါးကြေးခွံအဖြစ်သတ်မှတ်ခံရတာဖြစ်မည်!
(နဂါးနီစပ်မျိုး: အရည်အသွေး ၂)
(အလွန်လှသော နဂါးနီမျိုးဖြစ်သည်။ အလွန်ရှားပါးပြီး တန်ဖိုးကြီးသည်:
အဆင်း +၂၊ အရသာ +၂၊ စားကောင်းခြင်း +၂၊ ဝယ်ယူချင်စိတ်ပေါ်စေခြင်း +၂၊ ထူးဆန်းသောအကြေးခွံများ +၂!)
ထင်တဲ့အတိုင်း အရသာနဲ့စားကောင်းတာက အလှမွေးငါးတိုင်းမပါမဖြစ်ပဲ။
ဒါကလည်း အလှမွေးငါးရဲ့ပထမဦးစားပေးက စားဖို့ဆိုတဲ့သဘော။
တခြားအရည်အသွေးတွေက ကျားဖြူလိုအလွန်ဆွဲဆောင်မှုရှိသောအဆင်းနှင့် ဝယ်ယူချင်စိတ်ပေါ်စေခြင်း +၂။
တစ်ဖက်တွင် နဂါးနီမှာ ထူးဆန်းသောအကြေးခွံများ +၂ အရည်အသွေးပိုပါသည်။
ဘာပဲဖြစ်ဖြစ် အကြေးခွံကို နဂါးကြေးခွံလိုသဘောထားမှတော့ ထူးခြားတဲ့အရည်အသွေးတချို့ရှိရမှာပေါ့။
ထို့နောက် ချင်လင်က သူနောက်ဆုံးဖမ်းမိသော စွမ်းရည်ရှိကွိုင်ကိုကြည့်လိုက်သည်။ စွမ်းရည်ရှိ ကွိုင်ကိုမြင်သောအခါ သူ့မျက်နှာမှာမယုံနိုင်ခြင်းများနှင့်။
ဒီငါးက အတော်လေးအထင်ကြီးစရာကောင်းတယ်။ ဒါကြောင့် အထူးငါးဖြစ်နေတာကိုး။