ထူးခြားတဲ့ကွိုင်ငါး! ဆိုင်ပိုင်ရှင်အဆက်အသွယ်ကနည်းနည်းအံ့ဩစရာ! ၂
Vol. 37 Ch. 548
ထို့ကြောင့် သူမဦးလေးကိုချက်ချင်းပစ်မှတ်ထားလိုက်သည်။
ဒီအလှမွေးငါးမွေးမြူရေးလုပ်ငန်းကဖွံ့ဖြိုးပြီး လုပ်ငန်းကောင်းဖြစ်လာရင် ဒါရိုက်တာတစ်ဦးအနေနှင့် သူမတန်ဖိုးလည်းမြင့်လာမည်။
ဘာပဲဖြစ်ဖြစ် သူမဖန်တီးသမျှလုပ်ငန်းကို ငါးပြတိုက်ကစီမံမည်ဖြစ်၍ ငါးပြတိုက်ဝင်ငွေမှာ ခရီးသည်လက်မှတ်အရောင်းသာမက လုပ်ငန်းများကလည်းရမည်။
လင်းချုံကအလှမွေးငါးကိုကြည့်ရင်း သဘောတူလိုက်၏_
''ငါးတွေအားလုံးက အရည်အသွေးမြင့်ငါးတွေ... အရည်အသွေးမြင့်အလှမွေးငါးတွေဒီလောက်ရဖို့ဆိုတာ ရှားတယ်... ချင်းလင်စံအိမ်ပိုင်ရှင်မှာ ငါးတွေဝယ်ဖို့ အဆက်အသွယ်တွေအများကြီးရှိရမယ်''
သို့ရာတွင် လင်းချုံကရုတ်တရက်စကားလမ်းကြောင်းပြောင်းပြီး_
''ဒါပေမဲ့ ရှောင်ရွှမ်... မင်းရဲ့ငါးပြတိုက်မှာ ထင်းနေတဲ့ငါးမျိုးတစ်ကောင်မှမရှိဘူး... ပြီးတော့ သဲမြို့တော်ရဲ့ဟုန်ကျင်းငါးပြတိုက်က နဂါးနီမျိုးတင်သွင်းပြီး သားစပ်ဖို့လုပ်နေတာ မင်းလည်းအသိပဲ... ဒီလိုရှားရှားပါးပါးသားစပ်ခွင့်ရဖို့က မင်းဦးလေးအတွက်မလွယ်ဘူး... ငါလက်မလျှော့နိုင်ဘူး... မဟုတ်ရင် သားဖောက်တဲ့သူဘယ်လောက်များက ဒီအခွင့်အရေးကိုမျက်စိကျနေလဲမသိ...''
ထိုစကားကြားပြီး လင်းရွှမ်မှာနည်းနည်းလက်လျှော့ရတော့မလို။
ငါးပြတိုက်နယ်ပယ်မှဖြစ်သည့်အလျောက် နဂါးနီအကြောင်း သူမသိသည်။ သာမန်လူတွေက ဦးနှောက်စားသောငါးသုံးမျိုးအနက် ဒုတိယစျေးအကြီးဆုံးဟုသိထားကြသည်။
နဂါးနီအစစ်အနည်းငယ်သာရှိပြီး တစ်ကောင်တစ်ကောင်ကို အိမ်တစ်လုံးစာတန်ဖိုးရှိသည်။ နိုင်ငံထဲတွင် အကောင်ရေနည်းနည်းသာရှိသည်။
နိုင်ငံအတွင်းထိပ်တန်းငါးပြတိုက်တစ်ခုဖြစ်သော သဲမြို့တော်မှဟုန်ကျင်းငါးပြတိုက်မှာတောင် တစ်ကောင်သာရှိသည်။
အလှမွေးငါးသားဖောက်သူအတော်များများမှာ တခြားငါးမျိုးနှင့်စပ်သည်ဆိုရင်တောင် နဂါးနီမျိုးစပ်ရာတွင်ဝင်ပါချင်ကြသည်။
သူ့ဦးလေးက ဒီအခွင့်အရေးရရင် ချင်းလင်ငါးပြတိုက်ကိုပြန်ခေါ်လို့ရမှာမဟုတ်။
ငါးပြတိုက်ဝန်ထမ်းတစ်ဦးရောက်လာပြီး အစီရင်ခံသည်_
''ပြတိုက်မှူး... သူဌေးက အလှမွေးငါး ၂၁ ကောင်ယူလာပါတယ်... လုံခြုံရေးဌာနကမန်နေဂျာချန်က သူ့လူတွေနဲ့သယ်လာပါပြီ... သူကဘယ်လိုထားရမလဲမေးနေပါတယ်''
''သိပြီ''
လင်းရွှမ်ကခေါင်းညိမ့်လိုက်ပြီး လင်းချုံအား_
''ဦးလေး... ခဏစောင့်ဦး... ကျွန်မသူဌေးဆီသွားပြီး ဒီကိစ္စဖြေရှင်းလိုက်ဦးမယ်... ပြီးမှ ဦးလေးကိုဧည့်ခံမယ်''
လင်းချုံက လင်းရွှမ်ထွက်သွားသည်ကိုကြည့်ရင်း ဘာများလဲဟူ၍စပ်စုချင်စိတ်နှင့် နောက်ကလိုက်လာသည်။
ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်ပိုင်ရှင်ကဘယ်လိုပုံလဲ သူလည်းသိချင်သည်။
ချင်းလင်စံအိမ်ပိုင်ရှင်ဘယ်လောက်စွမ်းတယ်ဆိုတာ မသိတဲ့သူရှိလို့လား?
နောက်ပြီး အင်တာနက်ပေါ်တွင် ချင်းလင်စံအိမ်ပိုင်ရှင်အပေါ်အမြင်က ပိုပိုကောင်းလာနေသည်။ အထူးသဖြင့် ချင်းလင်ဆော့နှင့်ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ စျေးကွက်ထဲကျယ်ပြန့်လာသည့်နောက်ပိုင်း ချင်းလင်အစားအသောက်ကုမ္ပဏီ၏တန်ဖိုးလည်း ပိုမြင့်လာသည်။
လင်းရွှန်တံခါးဝရောက်သောအခါ ချန်တပေနှင့်လုံခြုံရေးအစောင့်များငါးကန်တချို့သယ်လာသည်ကိုတွေ့ရသည်။
ပထမဆုံး သူမမြင်သည်မှာ ငါးကန်ထဲမှဖြူဖြူနှစ်ကောင်ပင်။
''ကျားဖြူနှစ်ကောင်!''
သူမကအံ့ဩပြီး ရေရွတ်လိုက်သည်။
''ကျားဖြူ?''
နောက်ကလိုက်လာသောလင်းချုံမှာ နည်းနည်းအံ့ဩသွားသည်။ သူကစိတ်ဝင်စားပြီး ငါးကန်ကိုလှမ်းကြည့်လိုက်သည်။
တကယ်ကျားဖြူပဲ။ အရောင်အဆင်းနှစ်မျိုးလုံး ထိပ်တန်းအဆင့်။ စျေးကွက်တန်ဖိုး ၆၀၀၀၀၀ မရှိဘဲ ရဖို့မဖြစ်နိုင်။ အခုအချိန်မှတိုက်ဆိုင်လွန်းနေတာ နှမြောစရာ။ မဟုတ်လို့ ဒီကျားဖြူနှစ်ကောင်ကအထီးနဲ့အမဆိုရင် သားဖောက်ကြည့်နိုင်သည်။
ကျားဖြူမှာ အလှမွေးငါးများကြားတွင်ထိပ်တန်းဖြစ်ပြီး အလွန်ရှားသည်။ ဒီလိုအရည်အသွေးမြင့်ပုံစံမျိုးဆိုမပြောနှင့်တော့။
နဂါးနီကြောင့်သာမဟုတ်ရင် ဒီကျားဖြူနှစ်ကောင်အတွက် ချင်းလင်ငါးပြတိုက်ကို သေချာပေါက်လာဖြစ်လိမ့်မည်။
ဒါကြောင့် နှမြောစရာ။ ဒီအချိန်မှာ ကျားဖြူနှင့်နဂါးနီပေါ်မလာတာ တော်လှပြီ။
ငါးရော ဝက်ဝံလက်သည်းပါ တပြိုင်တည်းမရနိုင်တာမျိုးဖြစ်မည်။
လင်းချုံတွေးတောနေစဉ် ရုတ်တရက်သူ့နောက်မှငါးကန်ထဲတွင် နဂါးနီနှစ်ကောင်တွေ့ပြီး ရုတ်ချည်းဆိုသလိုမယုံနိုင်ပုံနှင့်_
''မဖြစ်နိုင်ဘူးမလား? နဂါးနီနှစ်ကောင်!''
“???”
လင်းရွှမ်တောင် သူ့စကားကြောင့်စိတ်ဝင်စားပြီး ငါးကန်ကိုကြည့်လိုက်သည်။
လင်းချုံမှာအပြေးအလွှားရှေ့တိုးပြီး ငါးကန်ထဲကြည့်လိုက်ရာ လုံးဝအံ့အားသင့်သွားသည်_
''တကယ်နဂါးနီပဲ... ဒီပုံစံ.. ဒီပုံစံ.. ဒီငါးအကြေးခွံက သဲမြို့တော်ဟုန်ကျင်းငါးပြတိုက်ကအကောင်ထက် အများကြီးသာတယ်''
ဘယ်လိုလုပ်ယုံနိုင်မှာလဲ?
သဲမြို့တော်ဟုန်ကျင်းငါးပြတိုက်မှာ နိုင်ငံအတွင်းလူသိများသောငါးပြတိုက်တစ်ခုဖြစ်သည်။ နဂါးနီကိုရဖို့ငွေအများကြီးသုံးထားရသည်။
အခု ချင်းလင်စံအိမ်ပိုင်ရှင်မှာ ဒီလိုအရည်အသွေးမြင့်နဂါးနီနှစ်ကောင်ရှိနေသည်။ ပြီးတော့ အလွန်အရည်အသွေးမြင့်သောကျားဖြူနှစ်ကောင်လည်းရထားသေးသည်။
ဒီချင်းလင်စံအိမ်ပိုင်ရှင်ရဲ့အဆက်အသွယ်က နည်းနည်းနောနောမဟုတ်၊ အံ့ဩစရာကောင်းလွန်းသည်။
နိုင်ငံထဲကထိပ်တန်းငါးပြတိုက်တွေမှာတောင် ဒီငါးလေးကောင်ကိုတပြိုင်တည်းတွေ့ဖို့ခက်သည်ဟုဆိုနိုင်သည်။ ပိုက်ဆံမတတ်နိုင်သောကြောင့်မဟုတ်၊ ဒီလိုအဆင့်ရှိသောအလှမွေးငါးမှာ တကယ်ရှားသောကြောင့်ပင်။
လင်းရွှမ်လည်း ငါးကန်နားလျှောက်လာပြီး နဂါးနီနှစ်ကောင်ကိုမယုံနိုင်ပုံနှင့်ကြည့်လိုက်သည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ငါးပြတိုက်နယ်ပယ်မှာ ဒီလောက်အကြာကြီးလုပ်လာပြီးမှ နဂါးနီနှစ်ကောင်ကို ဒါပထမဆုံးမြင်ဖူးခြင်းပင်။
နိုင်ငံထဲမှာ နဂါးနီအစစ်ကနည်းနည်းသာရှိသည်။
မနေ့တစ်နေ့ကပဲ သူဌေးကို ငါးပြတိုက်မှာထင်ပေါ်တဲ့ငါးမျိုးမရှိကြောင်းပြောခဲ့ပြီး ဒီနေ့သူဌေးက ဒီလိုငါးမျိုးယူလာခဲ့ပြီ။ သူ့ခြေလှမ်းက ခပ်သွက်သွက်၊ အရှိန်ကောင်းကောင်းနှင့် လန့်လောက်စရာ။
ထို့နောက် သူမဦးလေးကိုပြုံးစစနှင့်ကြည့်လိုက်ပြီး_
''ဒီနဂါးနီနှစ်ကောင်က မလှဘူးလား?''
''အင်း... ခြောက်ပြစ်ကင်းပဲ!''
လင်းချုံကခေါင်းတဆတ်ဆတ်ညိမ့်လိုက်သည်။ ထို့နောက် တစ်ခုခုသတိရသွားပုံနှင့် ချက်ချင်းပြောလိုက်သည်_
''ရှောင်ရွှမ်... မင်းငါ့ကို ချင်းလင်ငါးပြတိုက်မှာ ငါးသားဖောက်စေချင်တာမလား? အဲဒါ ဘယ်အချိန်အလုပ်စဆင်းလို့ရမလဲ?''
သဲမြို့တော်ဟုန်ကျင်းငါးပြတိုက်ရဲ့နဂါးနီကို သူလုံးဝအာရုံမရှိတော့။ သူ့ရှေ့ကအကောင်က ပိုလှတယ်မလား?
ငါးရော ဝက်ဝံလက်သည်းပါရတော့မည်။