ထူးခြားတဲ့ကွိုင်ငါး! ဆိုင်ပိုင်ရှင်အဆက်အသွယ်ကနည်းနည်းအံ့ဩစရာ! ၃
Vol. 37 Ch. 549
ထိုအချိန်တွင် လင်းရွှမ်ကနည်းနည်းဂုဏ်ယူပြီး ပြုံးစေ့စေ့နှင့်_
''ဦးလေး... ချင်းလင်စံအိမ်ဘယ်လောက်နာမည်ကြီးတယ်ဆိုတာ ဦးလေးအသိပဲ... ဝင်ချင်တိုင်းဝင်လို့မရဘူး... ကျွန်မသူဌေးကိုအစီရင်ခံရဦးမယ်... သူဌေးကသဘောတူပါ့မလားမသိဘူး''
“????”
လင်းချုံကြောင်သွားသည်_
''စောစောက မင်းပြောတော့ ဒီလိုမဟုတ်ပါလား... မင်းငါ့ကိုအလုပ်အမြန်ခန့်ချင်လို့ စကားစနေတာပါ''
ထိုအခိုက်_
ချင်လင်က ငါးကန်ကြီးသယ်လာသောလုံခြုံရေးအစောင့်နှစ်ယောက်နှင့်အတူဝင်လာသည်။
လင်းရွှမ်ကိုမြင်လျှင် သူက_
''ဒါရိုက်တာလင်း... တစ်ချက်လာကြည့်ပါဦး... ငါးပြတိုက်မှာထင်ပေါ်မယ့်ဟာရခဲ့ပြီ''
ချင်လင်စကားနားထောင်ပြီး လင်းရွှမ်ကချက်ချင်းပင်_
''သူဌေး... ဟိုလေးကောင်ကိုပြောတာလား? ကျွန်မ ကျားဖြူနှစ်ကောင်နဲ့နဂါးနီနှစ်ကောင်ကိုကြည့်ပြီးပြီ... အားလုံး ကျောင်းမှာထင်းနေမယ့်အကောင်တွေပဲ''
''အဲလေးကောင်မဟုတ်ဘူး... ဒီကွိုင်ငါးကိုပြောတာ''
ချင်လင်ကခေါင်းခါပြီး ရှင်းပြလိုက်သည်_
''ဒီကောင်ကို အလှပြကန်နဲ့ထည့်ပြီး အလယ်မှာထားမယ်!''
ငါးပြတိုက်အလယ်တွင် အလှပြကန်ထိန်းသိမ်းထားပြီး ငါးကန်တစ်ခုလည်းဖြစ်သည်။ သို့သော် သာမန်ငါးကန်နှင့်ယှဉ်လျှင် ဒီအလှပြကန်က ရေကန်လောက်ကြီးသည်။
အလှပြကန်မှာ ငါးပြတိုက်အတော်များများတွင်ရှိသောလိုအပ်ချက်တစ်ခုဖြစ်ပြီး အဓိကကျသောငါးများကိုထည့်လေ့ရှိကြသည်။
ရှင်းရှင်းပြောရရင် တခြားအလှမွေးငါးများလို အကုန်ငါးကန်ထဲထည့်ထားခြင်းမဟုတ်ဘဲ သီးခြားစံအိမ်တစ်ခုပင်။
တန်ဖိုးအကြီးဆုံးငါးမရှိသောငါးပြတိုက်များတွင် ဒီလိုအလှပြကန်မျိုးလုပ်စရာမလို။
ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်ရှိတဲ့ငါးမျိုးတခြားငါးပြတိုက်မှာမရရင် သူဌေးကစွန့်စားမည်မဟုတ်။ ရိုးရိုးကျားဖြူတစ်ကောင်ကို ယွမ် ၆၀၀၀၀၀ တန်ရင် တခြားအကောင်များက အသာလေးသန်းချီတန်နိုင်သည်။
တစ်ခုခုဖြစ်ခဲ့ရင် လူကုရတာထက်ပိုခက်လိမ့်မည်။ သေသွားပါက ကြီးကြီးမားမားဆုံးရှုံးရဦးမည်။ ဒီလိုစွန့်စားမှုမျိုးကိုလုပ်တဲ့ ငါးပြတိုက်ပိုင်ရှင်သိပ်ရှိမည်မဟုတ်။
ချင်လင်စကားကြောင့် လင်းရွှမ်နှင့်လင်းချုံကြောင်သွားသည်။
ဘာပဲဖြစ်ဖြစ် နဂါးနီက အလှမွေးငါးလောကမှာဘုရင်ဖြစ်နေပြီ။ နဂါးနီထက်တန်ဖိုးကြီးတာဆို နိုင်ငံကောင်းမှလော်လန်ကွိုင်ငါးသာရှိတော့သည်။
အခုသူက နဂါးနီနှစ်ကောင်ကို ငါးပြတိုက်မှာမထင်ပေါ်ဘူးလို့ပြောလိုက်တာလား၊ အဲဒီနိုင်ငံကောင်းကောင်းက လော်လန်ငါးကိုများရထားလို့လား?
မဖြစ်နိုင်တာ။
သို့ရာတွင် သူဌေးကပြောနေသဖြင့် လင်းရွှမ်လည်းလျှောက်လာပြီးစူးစမ်းရာ ငါးကန်ထဲမှစွမ်းရည်ရှိကွိုင်ငါးကြီးကိုမြင်ပြီး သူမမျက်လုံးတွင်မယုံနိုင်ခြင်းများစွာနှင့်_
''ဒီကွိုင်ငါးက ကြီးလိုက်တာ... ဒီလောက်ကြီးတဲ့ကွိုင်ငါးရှိလား? ပြီးတော့ ဒီပုံစံကအရမ်းလှတယ်!''
လင်းချုံလည်း ရှေ့တိုးလာပြီးကြည့်သည်။ နှစ်မီတာခန့်ရှည်သောစွမ်းရည်ရှိကွိုင်ငါးကြီးကိုမြင်လျှင် သူပါလန့်သွားပြီး_
''နှစ်မီတာလောက်ရှည်တယ်မလား? ကမ္ဘာ့အကြီးဆုံးကွိုင်ငါးက နှစ်မီတာရှည်တယ်ထင်တယ် ဟုတ်လား? ဒါပေမဲ့ အဲဒီကွိုင်ငါးက ငလျင်ကြားထဲမှာသေသွားပြီ''
တစ်နည်းပြောရရင် ဒီကွိုင်ငါးက ကမ္ဘာ့အကြီးဆုံးကွိုင်ငါးဖြစ်နိုင်သည်။
''သူဌေး... ဒီငါးကွိုင်ငါးကကြီးတယ်... ဒါပေမဲ့ ပြတိုက်အလယ်မှာတကယ်ထားချင်တာလား?''
လင်းရွှမ်ကအံ့ဩနေသော်လည်း ပြောလိုက်သည်_
''နဂါးနီနဲ့ယှဉ်ရင် လော်လန်ကွိုင်ငါးကလွဲပြီး တခြားကွိုင်ငါးတွေက အရွယ်အစားကြီးရင်တောင်မယှဉ်သာဘူး... အနည်းဆုံး တန်ဖိုးအရကြည့်ရင် ဒီကွိုင်ငါးက နဂါးနီကိုမယှဉ်နိုင်ဘူးမလား?''
''မလိုပါဘူး... လော်လန်က ဆယ်လီငါး... ပြီးတော့ သူ့တန်ဖိုးက လူနေမှုဘဝကောင်းတဲ့နိုင်ငံရဲ့ထောက်ပံ့မှုကြောင့်များတယ်''
လင်းချုံကပြောလိုက်သည်။
''ဒီကွိုင်ငါးရဲ့အရွယ်အစားနဲ့ဆို ကမ္ဘာ့အကြီးဆုံးဖြစ်နိုင်တယ်... ဒါကိုအလယ်မှာပြထားရင် တစ်မျိုးဖြစ်လာမှာပဲ... သူ့တန်ဖိုးတက်လာလိမ့်မယ်''
''သူက?''
ချင်လင်က လင်းချုံကိုတအံတဩကြည့်လိုက်သည်။ ဒီလူက ဗဟုသုတရှိပြီး သူနှင့်အတွေးတူသည်။ ပြီးတော့ စွမ်းရည်ရှိကွိုင်ငါးက အရွယ်အစားကြီးရုံတင်မဟုတ်။
ဒါအထူးစွမ်းရည်ရှိတဲ့ကွိုင်ငါး။ နိုင်ငံကောင်းကထွက်တဲ့လော်လန်ငါးက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?
ချင်လင်အမေးကြောင့် လင်းချုံကချက်ချင်းဖြေလိုက်သည်_
''လူကြီးမင်းချင်... ကျုပ်ကလင်းချုံပါ... သူ့ဦးလေး... ကျုပ်ကလည်း အလှမွေးငါးသားဖောက်တဲ့သူပါ''
သူ့စကားတွင် လေးစားသံပါသည်။ ဘာပဲဖြစ်ဖြစ် သူနှင့်တစ်ဖက်လူကြားအဆင့်အတန်းက ကွာခြားလွန်းသည်။ အသက်အရွယ်နှင့်မဆိုင်သော လေးစားသမှုရှိသင့်သည်။
ပြီးတော့ သူ့ရဲ့သူဌေးဖြစ်လာမယ့်သူ။
လင်းချုံ၏အလုပ်အကိုင်ကိုကြားပြီး လင်းရွှမ်ဆွဲခန့်ထားသောအလှမွေးငါးသားဖောက်ကျွမ်းကျင်သူဟု ချင်လင်ကထင်လိုက်သည်။ သူကချက်ချင်း လက်ဆန့်ထုတ်၍_
''ဆရာလင်း... ချင်းလင်ငါးပြတိုက်ကကြိုဆိုပါတယ်... ကျွန်တော်တို့က အလုပ်စခါစပဲရှိပါသေးတယ်... အလှမွေးငါးမွေးတတ်တဲ့သူလိုအပ်နေတာပါ''
လင်းချုံက ထိုစကားကြားလျှင် လုံးဝတုံ့ဆိုင်းမနေဘဲ အလိုက်သင့်လက်ဆွဲကာ ချက်ချင်းကတိပေးလိုက်သည်_
''သူဌေး... စိတ်မပူပါနဲ့... ကျားဖြူ နဂါးနီနဲ့ ကွိုင်ငါးကို ကျုပ်စိတ်နှစ်ပြီးဂရုစိုက်ပေးမယ်... ဘာမှမဖြစ်စေရဘူး''
ထိုသို့ပြောပြီး လင်းရွှမ်ကို
'မင်းမေးပေးစရာမလိုဘူး... ငါအလုပ်ရသွားပြီ' ဆိုသောအကြည့်နှင့် မထီသလိုကြည့်လိုက်လေသည်။
လင်းရွှမ်မှာ သူ့ဦးလေးအကြည့်ကိုသဘောပေါက်၍ မျက်စောင်းမထိုးဘဲမနေနိုင်။
သို့ဖြစ်စေကာမူ သူမဦးလေးအရည်အချင်းကို သူမသိသည်။ အခုသူ့ကိုအလုပ်ခန့်လိုက်ပြီဖြစ်၍ အလှမွေးငါးမွေးမြူရေးနှင့်ပတ်သက်ပြီး ပြဿနာမရှိတော့။ နောက်ထပ်အလှမွေးငါးသားဖောက်သူတွေကို ဦးလေးကလေ့ကျင့်ပေးနိုင်ရင် အကောင်းဆုံးပင်။ သူမဦးလေးက ဒါကိုအကျိုးရှိရှိအသုံးမချရင် နှမြောစရာ။
''ဒါရိုက်တာလင်း''
ချင်လင်ကပြောလိုက်သည်_
''ဒီငါးတွေအကုန် ရေထဲထည့်လိုက်ပါ... အထူးသဖြင့် ဒီကွိုင်ငါးပေါ့... ချန်တပေ... ကောင်းယောင်ယောင်ကိုသွားရှာပြီးတော့ ကလေးပါတဲ့ခရီးသည်တချို့ကို ငါးပြတိုက်ခေါ်လာခိုင်းပါ''
သူ့ရည်ရွယ်ချက်ကိုလည်းမမေ့၊
ကွိုင်ငါးရဲ့စွမ်းရည်ကိုစမ်းသပ်ဖို့ပင်။
ကလေးနဲ့ခရီးသည်ကို သူဌေးဘာလို့ရှာလဲ လင်းရွှမ်ကစဉ်းစားမနေ။ သူမလူများကို အလုပ်စလုပ်ဖို့မှာကြားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ငါးပြတိုက်မှာ ကလေးအုပ်စုကအကြီးဆုံး။ ကွိုင်ငါးကဘယ်လိုအံ့ဩစရာကောင်းလဲ သူမမသိ။
ချန်တပေမှာ သိပ်တွေးတောမနေ။ အမြဲတမ်း သူ့သူဌေးလုပ်ခိုင်းလျှင် လုပ်လိုက်သည်သာ။
သူကချက်ချင်း ငါးပြတိုက်မှထွက်ပြီး ကောင်းယောင်ယောင်ကိုသွားရှာလိုက်သည်။