← Chapters

ဒီကွိုင်ငါးက အံ့ဩစရာ! ရှောင်ချင်ကို လုပ်ငန်းလုပ်ဖို့ဖိအားပေးခံရ!

Vol. 37 Ch. 550

ဒီကွိုင်ငါးက အံ့ဩစရာ! ရှောင်ချင်ကို လုပ်ငန်းလုပ်ဖို့ဖိအားပေးခံရ!

Vol. 37 Ch. 550

ချန်တပေမှာ ကောင်းယောင်ယောင်ရုံးခန်းထဲအမြန်ရောက်သွားသည်။

မန်နေဂျာတစ်ဦးဖြစ်သည့်အလျောက် သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်လုံခြုံရေးမန်နေဂျာရုံးခန်း၊ ဝန်ဆောင်မှုမန်နေဂျာရုံးခန်းများရှိသည်။

ချန်တပေက ကောင်းယောင်ယောင်ကိုတွေ့တွေ့ချင်း_

''ရှောင်ကောင်း... သူဌေးက ကလေးပါတဲ့ခရီးသည်နည်းနည်းလောက် ငါးပြတိုက်ကိုခေါ်လာခိုင်းတယ်''

''ငါးပြတိုက်ဖွင့်ပြီလား?''

ချန်တပေစကားကြားလျှင် ကောင်းယောင်ယောင်က အကြောင်းရင်းကိုမှန်းကြည့်နိုင်သည်။

ဒါတွေအားလုံး အတွေ့အကြုံပင်။

ဘာပဲဖြစ်ဖြစ် ဒါမျိုးလုပ်ဖူးတာ ပထမဆုံးအကြိမ်မဟုတ်။

ချန်တပေကခေါင်းညိမ့်လိုက်ပြီး_

''ငါလည်းအဲလိုထင်တယ်... သူဌေးက ငါးတွေယူလာတယ်... အဲဒီငါးတွေက အရမ်းတန်ဖိုးကြီးတဲ့ပုံပဲ... ငါးပြတိုက်မှူးက အဲဒီငါးတွေမြင်ပြီး ထခုန်မတတ်ပျော်နေတာ''

''ဟုတ်ပြီ... ကျွန်မအခုချက်ချင်းရှာလိုက်မယ်''

ကောင်းယောင်ယောင်ကပြောပြောဆိုဆို မတ်တပ်ထရပ်ပြီး မာတီမီဒီယာဌာနသွားလိုက်သည်။

ချင်းလင်စံအိမ်တွင် စံအိမ်နှင့်မွေးမြူရေးခြံအနှံ့ သံသာပင်အသံလွှင့်ထားသော အသံလွှင့်စနစ်ရှိသည်။ တစ်စုံတရာဖြစ်ခဲ့လျှင်လည်း အသံလွှင့်ပြီးအသိပေးနိုင်သည်။

အရင်က ကလေးပျောက်သောကျားကျားလျားလျားအမေများရှိပြီး အသံလွှင့်စက်မှသတိပေး၍ ကလေးရှာရဖူးသည်။

ကောင်းယောင်ယောင် မာတီမီဒီယာဌာနရောက်သောအခါ လင်းလန်ဇီရုံးခန်းထဲတန်းဝင်၍_

''အစ်မလန်ဇီ... အသံလွှင့်ပြီးကြေညာစရာလေးရှိလို့... သူဌေးက ကလေးနဲ့ခရီးသည်တွေလိုနေတယ်... ကလေးတွေအတွက် ကျွန်မတို့ကထူးထူးခြားခြားအံ့ဩစရာပြင်ဆင်ထားတဲ့အကြောင်းပြောပြပေးပါ... ကလေးနဲ့မိဘတွေ ခန်းမကိုလာပြီးစာရင်းသွင်းနိုင်ပါတယ်လို့''

''အင်း... စီစဉ်ပေးမယ်နော်''

လင်းလန်ဇီကအပြုံးနှင့်ပြောလိုက်သည်။

သူမကပြောပြီး မာတီမီဒီယာဌာန၏အသံလွှင့်တာဝန်ခံဝန်ထမ်းကိုခေါ်လိုက်သည်။

မကြာမီ ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံအနှံ့တွင် ကြေညာချက်တစ်ခုကြားရသည်။

''လေးစားရပါသော ခရီးသည်များရှင့်... မင်္ဂလာပါ... ဒီနေ့ ကျွန်မတို့ချင်းလင်စံအိမ်မှာ ကလေးတွေအတွက်အထူးအဆန်းရှိပါတယ်... ကလေးခေါ်လာတဲ့ခရီးသည်များ အခုပဲပင်မခန်းမထဲသွားပြီး စာရင်းပေးနိုင်ပါပြီရှင်''

တခြားရှုမျှော်ခင်းနေရာကအထူးအဆန်းဆိုလျှင် ခရီးသည်များစိတ်ဝင်စားမည်မဟုတ်သော်လည်း ချင်းလင်စံအိမ်တွင် အတော်များများစိတ်ဝင်စားကြလိမ့်မည်။

ချင်းလင်စံအိမ်တွင် ပွဲအစီအစဉ်တချို့လုပ်တတ်ကြောင်း အားလုံးသိထားကြသည်။

အရင်အတွေ့အကြုံအရ ချင်းလင်စံအိမ်မှာ အစီအစဉ်ကြီးကြီးသေးသေး၊ အမြဲတမ်းစိတ်ဝင်စားစရာကောင်းသည်။

ထို့ကြောင့် ကလေးပါသောခရီးသည်များက ကြားကြားချင်း ပင်မခန်းမထဲခေါ်လာကြသည်။

ကလေးခေါ်ပြီးအလည်အပတ်လာသူများက သူတို့ကလေးကိုအတော်လေးတန်ဖိုးထားကြလိမ့်မည်။ အထူးအဆန်းလေးရှိရင် လိုက်ပြချင်ကြမည်။

ကောင်းယောင်ယောင်မှာ မာတီမီဒီယာဌာနမှ ပင်မခန်းမထဲရောက်နေပြီ။ သူမက ကလေးနှင့်ခရီးသည်များကိုအသင့်စောင့်နေသည်။

……

ချင်းလင်ငါးပြတိုက်_

ကျောင်းငါးများကူးခတ်နေသည်။ အရည်အသွေး ၁ အလှမွေးငါး ၂၀၀၀ မှာ များလှသည်မဟုတ်၍ ဖြည်းဖြည်းချင်းဖြည့်နိုင်သော်လည်း ရေနေသတ္တဝါအမျိုးအစားနည်းလွန်းနေသည်။ နောက်မှ တခြားသတ္တဝါများထပ်ဖြည့်ဖို့လိုသေးသည်။

အရည်အသွေး ၂ ကျားဖြူနှစ်ကောင်နှင့်နဂါးနီနှစ်ကောင်ကို သီးခြားမှန်ကာထားသော ရေထဲထည့်ထားသည်။

ငါးလေးကောင်ထားသောနေရာမှာလည်း ငါးပြတိုက်အလယ်တစ်ဖက်တချက်တွင်ရှိပြီး သီးခြားခွဲထားသည်။

သိန်းချီသန်းချီတန်ဖိုးရှိသောငါးများကို ထောင်ဂဏန်းသောင်းဂဏန်းတန် ကျောင်းငါးများနှင့်ရောထား၍မရ။

နိုင်ငံတကာအသိအမှတ်ပြုအလှမယ်ကို စွမ်းရည်ပြကစားသမားအဖွဲ့နှင့်အတူထားသလို လုံးဝမသင့်တော်ပေ။

စွမ်းရည်ရှိကွိုင်ငါးကိုလည်း အလှပြငါးကန်ကြီးကြီးနှင့်ထည့်ထားသည်။

နှစ်မီတာရှည်သောခန္ဓာကိုယ်ကြီးနှင့် ရေထဲတဗွမ်းဗွမ်းကူးခတ်နေ၏။ လှိုင်းထလာသောဂယက်များနှင့်မျောလွင့်နေသောငါးမြီးကိုကြည့်ရသည်မှာ အတော်လေးခမ်းနားသည်။

ချင်လင်နှင့်လင်းရွှမ်မှာ ကာထားသောမှန်အပြင်ဘက်တွင်ရပ်နေကြသည်။ သူကဒင်္ဂါးတစ်ပြားထုတ်၍ အစာတံလျှောက်ထဲပစ်ရန်ပြင်လိုက်သည်။

အလှပြကန်မှာအလွန်မြင့်ပြီး ရေအပြည့်ဖြည့်ထားသောကြောင့် အစာတံလျှောက်မှာအလွန်ထူးဆန်းသောဖြည့်စွက်ချက်ဖြစ်နေသည်။ အလယ်တွင် အပေါက်ထည့်ထားသောကြောင့် ရေမလျှံကျနိုင်ဘဲ အစာထည့်ပေးနိုင်သည်။

ညံ့တဲ့ကျောင်းသားတွေအတွက်တော့ ဒါတကယ့်နည်းပညာမြင့်။ ထိပ်တန်းကျောင်းသားများအတွက်မူ ဆန့်ကျင်တွန်းအားစည်းမျဉ်း၊ အထက်တန်းကျောင်းရူပဗေဒအသိပညာသက်သက်သာ။

ဆန့်ကျင်တွန်းအားစည်းမျဉ်းအတိအကျကို ချင်လင်မေ့တေ့တေ့ဖြစ်နေပြီ။

သူ့တက္ကသိုလ်တုန်းကစာတွေတောင် ကျောင်းပြန်ရောက်သွားပြီ။ အထက်တန်းကျောင်းကစာဆို မပြောနှင့်တော့။

အထူးစွမ်းရည်ရှိကွိုင်ငါးကြောင့် အစာတံလျှောက်တစ်ခုကို ဒင်္ဂါးပြားထည့်သောတံလျှောက်အဖြစ်ထားလိုက်သည်။

ကွိုင်ငါးက သူ့ဒင်္ဂါးပြားကိုလျစ်လျူရှုပြီး ရေထဲကျသွားရင် နှမြောစရာ။

သေချာသည်။ ကလေးမဟုတ်ရင် ဒင်္ဂါးပြားမသုံးနိုင်။

ကွိုင်ငါးကမကြည့်။

သူကသူဌေး၊ သူ့ကိုကလေးလိုသဘောထားပြီး ဒင်္ဂါးပြားကိုကောက်၊ ပူဖောင်းမှုတ်ပြရင် သေမှာမလို့လား?

ငါးက သူ့အဆင့်အတန်းသူဂုဏ်ယူနေသည်။ စိတ်ခံစားချက်အသိလုံးဝမရှိ။

''သူဌေး... ဒီကွိုင်ငါးနာမည်က ဘာလဲ?''

လင်းရွှမ်က ကွိုင်ငါးကိုကြည့်ရင်းမေးလိုက်သည်။

ပြတိုက်မှာထင်ပေါ်စေချင်မှတော့ ခပ်ကြွားကြွားနာမည်တစ်ခုလိုသည်။

ကျားဖြူနှစ်ကောင်နှင့်နဂါးနီနှစ်ကောင်လည်း အတူတူပင်။

''ပူဖောင်းလို့ခေါ်တာပေါ့!''

ချင်လင်ကပါးစပ်ထဲရှိရာပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီငါးကပူဖောင်းမှုတ်တတ်တယ်ဆိုတော့ ပူဖောင်းလို့ခေါ်တာလိုက်သည်။

''ဒါဆို ဘာလို့ပူဖောင်းလို့ခေါ်တာလဲ?''

လင်းရွှမ်ကစပ်စုလိုက်သည်။ သူမသူဌေးကိုမေးခွန်းတွေထုတ်နေတာမဟုတ်၊ ငါးအကြောင်းမိတ်ဆက်မှတ်ချက်ရေးရင် ဒီနာမည်ပေးရတဲ့အကြောင်းရင်းထည့်ရေးတာပိုကောင်းမည်။

ငါးအတော်များများကို သူတို့ကိုယ်ပိုင်လက္ခဏာ ဒါမှမဟုတ် ထူးထူးခြားခြားအဓိပ္ပါယ်တချို့နှင့် နာမည်ပေးကြသည်။ ဒီအချက်ကို ခရီးသည်များသိသွားစေရန်အသုံးချနိုင်သည်။

''လောလောဆယ်တော့ လျှို့ဝှက်ချက်... ခရီးသည်တွေရောက်လာရင် ခင်ဗျားသိလိမ့်မယ်''

ချင်လင်လည်း သူမကိုဇဝေဇဝါဖြစ်အောင်ထားပြီးမှ မေးလိုက်သည်_

''ဒါရိုက်တာလင်း... ဒင်္ဂါးပြားနည်းနည်းပြင်ထားပေးနိုင်မလား? ပြီးတော့ ပုံမှန်ဆို အလှမွေးငါးပိုးသတ်ဖို့ဘာသုံးလဲ?''

သူကသတိရသွားသည်။ ဒင်္ဂါးပြားကိုလူကိုင်များသဖြင့် အလွန်ညစ်ပတ်နေလိမ့်မည်။ ဘက်တီးရီးယားများကပ်ပါနေနိုင်သည်။

ဒါတွေရေထဲပစ်ချတာများရင် ကွိုင်ငါး၏စွမ်းရည်အပေါ် သေချာပေါက်သက်ရောက်မှုရှိနိုင်သည်။ ဒီတော့ အရင်ဆုံးပိုးသတ်ရမည်။



All Chapters