ဒီကွိုင်ငါးက အံ့ဩစရာ! ရှောင်ချင်ကို လုပ်ငန်းလုပ်ဖို့ဖိအားပေးခံရ! ၂
Vol. 37 Ch. 551
သူဌေးဘာလုပ်ချင်မှန်းမသိသောကြောင့် လင်းရွှမ်စိတ်ရှုပ်သွားသော်လည်း ရှင်းပြလိုက်သည်_
''အလှမွေးငါးပိုးသတ်ဆေးက ပိုတက်စီယမ်ပါမန်ဂနိတ်နဲ့လုပ်တာ... အဲဒီပိုးသတ်ဆေးမျိုးက အလှမွေးငါးကိုဘာအန္တရာယ်မှမဖြစ်စေဘဲ ဘက်တီးရီးယားတွေဖယ်ရှားတဲ့နေရာမှာအရမ်းထိရောက်တယ်... အတိုင်းအတာတော့ရှိတာပေါ့... တစ်ခါတည်း အများကြီးသုံးလို့မကောင်းဘူး''
ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_
''အဲဒါအဆင်ပြေတယ်... ပြတိုက်ကို ဒင်္ဂါးပြားနဲ့ပိုးသတ်ဆေးပြင်ခိုင်းထားပါ... ပြီးရင် ကျွန်တော်တို့လိုလိမ့်မယ်''
ကွိုင်ငါးရဲ့စွမ်းရည်ကိုဘယ်လိုအသုံးချရမလဲဆိုတာ ချင်လင်မှာစိတ်ကူးရှိသည်။
ရှေ့လျှောက် ငါးပြတိုက်တွင် ပိုးသတ်ပြီးသားဒင်္ဂါးများသီးသန့်ထားပြီး လက်မှတ်နှင့်လဲယူရမည်။ နောက်ပြီး ကလေးလက်မှတ်သာလျှင် လဲခွင့်ရှိမည်။
ဘာပဲဖြစ်ဖြစ် ကွိုင်ငါးက လူကြီးပစ်တဲ့ဒင်္ဂါးတွေကိုဂရုစိုက်မည်မဟုတ်။
ဒီငါးက သူဌေးဆိုတဲ့သူ့ကိုတောင်မချန်။
ခဏအကြာ လင်းရွှမ်က ဒင်္ဂါးပြားတချို့နှင့်ပိုးသတ်ဆေးယူပြီးပြန်လာသည်။ သူမက ဒင်္ဂါးပြားကိုပန်းကန်ထဲထည့်ပြီး ချင်းလင်ပိုးသတ်ရန်ပေးလိုက်သည်။
''သူဌေး... ဒီဒင်္ဂါးပြားတွေနဲ့ ဘာလုပ်မလို့လဲ?''
လင်းရွှမ်မှာဇဝေဇဝါနှင့် အလွန်သိချင်နေသည်။
အလှပြကန်ထဲ သူဌေးဒင်္ဂါးပြားပစ်လိုက်ပုံထောက်ရင် ဒီဒင်္ဂါးပြားတွေက အလှပြကန်ထဲပစ်ဖို့ဖြစ်ရမည်။
ဒါပေမဲ့ ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်ကဘာလဲ?
ကွိုင်ငါးက လာသိမ်းမယ်ထင်လို့လား?
မဖြစ်နိုင်ဘူး။ စောစောက သူဌေးပစ်တဲ့ဒင်္ဂါးပြားကိုတောင် လျစ်လျူရှုလိုက်တာ။
လင်းရွှမ်တွေးတောနေစဉ် ကောင်းယောင်ယောင်က ခရီးသည်တချို့နှင့်ငါးပြတိုက်ထဲဝင်လာပြီး_
''မိဘများရှင့်... မိမိတို့ကလေးကိုဂရုစိုက်ပေးပါနော်... အခုကျွန်မနောက်လိုက်ပြီး ငါးပြတိုက်ရေအောက်ကမ္ဘာကိုခံစားကြည့်ရအောင်''
ကလေးနှင့်ခရီးသည်တစ်စုက ကောင်းယောင်ယောင်နောက်လိုက်ပြီး ငါးပြတိုက်ထဲဝင်လာသည်။
ခရီးသည်တချို့ကဖုန်းထုတ်ပြီး ပတ်ပတ်လည်ကိုဓာတ်ပုံများစရိုက်တော့သည်။
''တကယ်ငါးပြတိုက်လို့မထင်ထားဘူး!''
''အင်း... ချင်းလင်စံအိမ်မှာ ငါးပြတိုက်ဖွင့်တဲ့သတင်းမတက်ပါဘူး''
''ဒီစိတ်ကူးပုံစံဆောက်ထားတာ တကယ်မဆိုးဘူး''
“…”
ချင်းလင်စံအိမ်က ကလေးအတွက်ပြင်ဆင်ထားတဲ့အံ့ဩစရာသေးသေးလေးဆိုတာ ငါးပြတိုက်ကိုဦးစားပေးဝင်ခွင့်မှန်း ခရီးသည်များကသိသောကြောင့် တုံ့ဆိုင်းမနေဘဲ ကလေးများကိုတန်းခေါ်လာကြသည်။
ကလေးများအတွေ့အကြုံရအောင်ခေါ်လာသည့်အပြင် သူတို့ကိုယ်တိုင်လည်းသွားလာလှုပ်ရှားနိုင်သည်။ မည်သို့ဆိုစေ ငါးပြတိုက်ကမဖွင့်သေး။ ပထမဆုံးကြည့်ရှုရမည့်ခရီးသည်များအနေနှင့် အခွင့်ထူးခံဟုခံစားရမည်။
အဓိကအကျဆုံးက ဗီဒီယိုလည်းတင်နိုင်သည်။ ဒါမှမဟုတ် သူငယ်ချင်းများနှင့်မျှဝေနိုင်သည်။
ချင်းလင်စံအိမ်က နာမည်အရမ်းကြီးသည်။ မွေးမြူရေးခြံမဖွင့်ခင် အခမဲ့ဝင်ဖို့ဖိတ်ကြားခံရသူများမှာ အများကြီးအာရုံစိုက်ခံရသည်။
ငါးပြတိုက်မှာလည်း ဒါမျိုးလုပ်နိုင်သည်ဟု သူတို့တွေးမိသည်။
မည်သို့ဆိုစေ ဒါကချင်းလင်စံအိမ်။ ငါးပြတိုက်မှာ သေချာပေါက်စိတ်ဝင်စားစရာတစ်ခုခုရှိရမည်။
''ခရီးသည်များရှင့်''
ကောင်းယောင်ယောင်ကဖြည့်ပြောလိုက်သည်_
''အခု ကလေးတွေနဲ့လည်ပတ်ကြည့်ရှုနိုင်ပါပြီ''
ငါးပြတိုက်လည်ပတ်ခြင်းမှာ လွတ်လပ်ပြီး စိတ်အေးလက်အေးရှိသည်။ အဓိကအချက်များကိုမိတ်ဆက်ပေးခြင်း၊ ရှင်းပြခြင်းမှလွဲ၍ ဝန်ထမ်းများက ခရီးသည်များနှင့်ပတ်လိုက်မည်မဟုတ်ပေ။
ကောင်းယောင်ယောင်ကပြောပြီးသည်နှင့် ချင်လင်ဆီခပ်သုတ်သုတ်လျှောက်လာပြီး_
''သူဌေး... ကျွန်မလူတွေခေါ်ခဲ့ပြီ''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူအလျင်မလို။ အရင်ဆုံး ခရီးသည်များကိုကြည့်ခွင့်ပေးထားပြီးမှ ကလေးများနှင့် ကွိုင်ငါး၏စွမ်းရည်ကိုစမ်းသပ်မည်။
ငါးပြတိုက်ထဲ၌_
ခရီးသည်များမှာ ရေထဲကူးခတ်နေသောအလှမွေးငါးများကို မှန်အပြင်မှကြည့်နေကြသည်။
အရည်အသွေး ၁ ကျောင်းငါးများက ခရီးသည်များအတွက် အတော်လေးဆွဲဆောင်မှုရှိနေသည်။ အထူးသဖြင့် ကလေးများပင်။ မကြာမကြာ ကလေးများကဝမ်းသာအားရနှင့်_
''ဖေဖေ... ဒီငါးတွေကအရမ်းလှတာပဲ''
''မေမေ... ဒီငါးကိုကြည့်ပါဦး... သူ့အမြီးကအကြီးကြီးပဲ''
''ငါးလှလှတွေအများကြီးပဲ... မေမေ ဖေဖေ... သမီးတစ်ကောင်ယူလို့ရလား?''
“……”
ကလေးတွေတင်မဟုတ်၊ အဖော်လိုက်လာသောလူကြီးများတောင် အရည်အသွေး ၁ အလှမွေးငါး ၂၀၀၀ ကျော်၏အဆင်း +၁ ကြောင့် မှင်သက်နေကြသည်။ မွေးမြူရေးခြံမှ +၂ လောက်မဟုတ်သော်လည်း ငါးပြတိုက်အတော်များများနှင့်ယှဉ်လျှင် ထင်းထွက်နေသေးသည်။
''အာ... ဒါကျားဖြူပဲ... ပြီးတော့ စုံလိုက်''
အကြောင်းသိသူတစ်ယောက်က ရုတ်တရက်ကျားဖြူနှစ်ကောင်ကိုမှတ်မိသွားသည်။
''ယောက်ျား... ဒီငါးကဘာထူးခြားတာလဲ?''
ကလေးဆွဲထားသောအမျိုးသမီးကမေးသည်။
ဖခင်ဖြစ်သူကရှင်းပြ၏_
''ဒီကျားဖြူက အလှမွေးငါးတွေထဲမှာ အထက်တန်းကျတယ်... အရမ်းစျေးကြီးတယ်... ဒီတစ်ကောင်တည်းနဲ့တင် တို့ BMW 530 ထက်ကျော်နေပြီ''
''ဒီငါးက ယွမ် ၆၀၀၀၀၀ ကျော်တန်တာပေါ့?''
အမျိုးသမီးကရေရွတ်လိုက်သည်။
ငါးအကြောင်းနားလည်သူဖခင်က တခြားဘက်ကိုကြည့်ရင်း မယုံနိုင်ပုံနှင့်_
''ဘုရားရေ... နဂါးနီတောင်ရှိတယ်... နှစ်ကောင်တွေ့တာ မယုံနိုင်ဘူး''
သူ့ကလေးက ငါးနှစ်ကောင်ကိုစိတ်ဝင်စားသွားပြီး_
''ဖေဖေ... ဒီငါးနှစ်ကောင်က နီရဲနေတာပဲ... သူတို့အကြေးခွံကအရမ်းလှတယ်... သူတို့ကနဂါးတွေလား?''
ဖခင်ကသက်ပြင်းချပြီး_
''ဒီငါးက ယွမ်သန်းချီတန်တယ်... နဂါးတွေလို့ခေါ်လို့ရတယ် ဟုတ်ပြီလား? တကယ်လို့ နဂါးမဟုတ်ရင် ဘာလို့ဒီလောက်စျေးကြီးမလဲ?''
ယွမ်သန်းချီတန်သောအကောင်ကို တခြားခရီးသည်များချက်ချင်းစိတ်ဝင်စားသွားသည်။ သူတို့အားလုံးကဖုန်းထုတ်၍ နဂါးနီကိုဓာတ်ပုံများတဖျတ်ဖျတ်ရိုက်ကြတော့သည်။
စောစောကငါးနှစ်ကောင်ကို သူတို့လည်းမြင်သည်။ သို့သော် ဒီလောက်စျေးကြီးမည်ဟု လုံးဝမထင်မိပေ။
ဒါတိုက်ခန်းပဲ။
သာမန်ခရီးသည်များအဖို့ ဒီအလှမွေးငါးများကမထူးခြား။
သို့ရာတွင် ငါးတစ်ကောင်ကိုသန်းချီတန်သည်ဟုကြားလိုက်ရသောအခါ ရုတ်တရက် ဒီငါးနှင့်တခြားငါးများမှာ သိသိသာသာကွဲပြားသွားသည်ဟုခံစားလိုက်ရသည်။
အလွန်ထူးဆန်းသောခံစားချက်ပင်။
ပြီးတော့ သန်းချီတန်တဲ့ငါးကို လူတွေဘယ်လောက်များကမြင်ဖူးပါသလဲ?
အနည်းဆုံးတော့ ဒါမျိုးတွေ့ဖူးတာ သူတို့ဘဝမှာဒါပထမဆုံး။
ရုတ်ချည်းဆိုသလို ထူးခြားသည်ဆိုသောအဓိပ္ပါယ်ကိုခံစားလိုက်ရသဖြင့် အခိုက်အတန့်များမှာတောင် တင်လိုက်သေးသည်:
ကလေးလိုက်ပို့ရင်း သန်းချီတန်တဲ့ငါးတွေ့လိုက်ရတာ ဂုဏ်ယူစရာပဲ။
သူ့မိတ်ဆွေအသိုင်းအဝိုင်းက ပိုပြီးခေတ်မီတယ်လို့ ရုတ်တရက်ခံစားမိသလား?
ပိုက်ဆံများ အမြင်ကတ်စရာ။