← Chapters

ဒီကွိုင်ငါးက အံ့ဩစရာ! ရှောင်ချင်ကို လုပ်ငန်းလုပ်ဖို့ဖိအားပေးခံရ! ၃

Vol. 37 Ch. 552

ဒီကွိုင်ငါးက အံ့ဩစရာ! ရှောင်ချင်ကို လုပ်ငန်းလုပ်ဖို့ဖိအားပေးခံရ! ၃

Vol. 37 Ch. 552

ပိုက်ဆံက လူကိုယုတ်ညံ့စေသည်။

သို့သော် ပိုက်ဆံမှာ ဒီလိုအံ့ဩစရာတန်ဖိုးမျိုးရှိနေသည်။

''ရှင်က ရှောင်ချင်လား?''

ရုတ်တရက် ကလေးမလေးလက်ကိုဆွဲထားသောအမျိုးသမီးတစ်ဦးက အလယ်နေရာရောက်လာပြီး အမေရိကတိုက်ကိုရှာဖွေတွေ့ရှိသလိုပုံနှင့်မေးလာသည်။

ရှောင်ချင်က ဘယ်သူလဲ?

ချင်းလင်စံအိမ်က အင်တာနက်ဆယ်လီလေ။

လွန်ခဲ့သောရက်များက မြင်းစီးဗီဒီယိုမှာ အလွန်နာမည်ကြီးခဲ့သည်။ အတော်များများကကြည့်ပြီး သူ့ကိုခန့်တယ်၊ အရည်အချင်းရှိတယ်ဟု ပြောကြသည်။

အမျိုးသမီးနောက်မှ ငယ်ငယ်ရွယ်ရွယ်ကလေးအမေတချို့လည်း သူတို့ကလေးများနှင့်ရှေ့တိုးလာကြသည်။

''တကယ် ရှောင်ချင်ပဲ!''

''ဗီဒီယိုထဲမှာထက်တောင် ပိုခန့်သေးတယ်!''

''အဲဒါတကယ်တော်တာ... ဟို.. မြင်းစီးတာပြောပါတယ်!''

“……”

အင်တာနက်ဆယ်လီက ​ငါးထက်ပိုပြီးဆွဲဆောင်မှုရှိနေသည်။ အမျိုးသမီးများ၊ ငယ်ငယ်ရွယ်ရွယ်ကလေးအမေများက သူတို့ယောက်ျားတွေကိုလုံးလုံးပစ်ထားပြီး ဖုန်းများထုတ်၍ ချင်လင်ကိုဓာတ်ပုံများရိုက်ကြတော့သည်။

ချင်လင်မှာ ကြောင်အမ်းအမ်းနှင့်။

ဒီလောက်ကြာမှ အင်တာနက်ဆယ်လီသူ့ကိုမှတ်မိနေကြဦးမည်ဟု သူမထင်မိ။

သူတို့ပြောတော့ အင်တာနက်ဆယ်လီက နာမည်ကျမြန်တယ်ဆို?

ချင်လင်မှာ သူ့ရှေ့မှလှလှပပအမျိုးသမီးများ၊ ကလေးအမေများကိုကြည့်ရင်း ကိုးယိုးကားယားနှင့်လုပ်ငန်းစလိုက်ရသည်_

''အမျိုးသမီးတို့ လူကြီးမင်းတို့ခင်ဗျား... ကျွန်တော်က ချင်းလင်စံအိမ်ကရှောင်ချင်ပါ... ကျွန်တော်တို့စံအိမ်ငါးပြတိုက်မှာ အထူးအဖွဲ့ဝင်ရှိပါတယ်... အဲဒါကတော့ ကျွန်တော့်နောက်က ကွိုင်ငါး'ပူဖောင်း'ပါပဲ''

''ကျွန်တော့်ဆီမှာ ဒင်္ဂါးပြားတစ်မျိုးရှိပါတယ်... အဲဒါကို ကလေးတွေဆီပေးပြီး ကျွန်တော်နဲ့အလှပြကန်ထဲထည့်ပါမယ်... ပူဖောင်းက ကလေးတွေကို မထင်ထားတဲ့အံ့ဩစရာတွေပေးပါလိမ့်မယ်!''

ရှောင်ချင်မှာ မတတ်သာဘဲလိုင်းပေါ်ရောက်ရတော့သည်။ သူကစကားပြောပြီးသည်နှင့် ဘေးဖယ်လိုက်သည်။

ထိုအချိန်တွင် ကလေးအမေများလည်း အလှပြကန်ထဲမှ နှစ်မီတာခန့်ရှည်သောစွမ်းရည်ရှိကွိုင်ငါးကြီးကိုမြင်သွားတော့သည်။

နှစ်မီတာကိုယ်လုံးကြီးမှာ အလွန်ဆွဲဆောင်မှုရှိသည်။ အထူးသဖြင့် ကလေးများပင်။ ကွိုင်ငါး၏ 'ကလေးများကိုဆွဲဆောင်မှုရှိခြင်း +၂' အရည်အသွေးကြောင့် သူတို့ကချက်ချင်းပျော်မြူးပြီး:

''မေမေ... ကြီးလိုက်တဲ့ငါးကြီး!''

''မေမေ... မေမေ့ထက်ကြီးတဲ့ငါးကြီး''

''မေမေ... သားဒီငါးစီးနိုင်တယ်''

“…”

ကလေးများ၏ပျော်မြူးသံက တခြားကလေးများချက်ချင်းဆွဲဆောင်လိုက်သည်။ ချက်ချင်းဆိုသလို ကောင်းယောင်ယောင်ခေါ်လာသောခရီးသည်အုပ်စုမှာ စိတ်ဝင်စားသွားသည်။

ရှောင်ချင်က ဒင်္ဂါးပြားကိုအစာတံလျှောက်ဆီယူပြီး_

''ကလေး... ဒင်္ဂါးပြားကိုဒီမှာထည့်လိုက်ရင် ငါးကြီးကလှည့်ကြည့်လိမ့်မယ်''

ကလေးများက လှည့်စားရလွယ်သည်။ ကလေးမလေးက သူပြောတာယုံပြီး ဒင်္ဂါးပြားယူ၍အစာတံလျှောက်ထဲပစ်ထည့်လိုက်သည်။

လင်းရွှမ်က ဇဝေဇဝါနှင့် ထိုမြင်ကွင်းကိုကြည့်နေသည်။

သူဌေးက ကလေးကိုအရူးလုပ်နေတာလား?

ဘာပဲဖြစ်ဖြစ် ဒင်္ဂါးပြားပစ်ရင် ငါးကြည့်အောင်လုပ်နိုင်တယ်ဆိုပေမဲ့ ငါးကိုလောဘကြီးတယ်ထင်လို့လား? သူဌေးကသူကိုယ်တိုင်ရှုံးထားတာ မမှတ်ဘူးလား?

သို့သော် ထိုအချိန်တွင် လင်းရွှမ်အံ့ဩသွားသည်။ ကလေးမလေး အစာတံလျှောက်ထဲထည့်လိုက်သောဒင်္ဂါးပြားကို ငါးကအာရုံစိုက်ပြီး သူ့အမြီးလှလှကြီးနှင့်ကူးခတ်လာလေသည်။

နှစ်မီတာရှည်သောငါးကြီးက သူတို့နားကူးခတ်လာသောအခါ အလွန်ဆွဲဆောင်မှုရှိနေသည်။ ကလေးများနှင့်အဖော်လိုက်လာသောမိဘများမှာ ဖုန်းထုတ်ပြီးဓာတ်ပုံများရိုက်ကြပြန်သည်။

ထို့နောက် မယုံနိုင်စရာဖြစ်ပျက်သွားသည်။ ကလေးမလေးပစ်လိုက်သောဒင်္ဂါးပြားရေထဲကျပြီးနောက် နှစ်မီတာကွိုင်ငါးကြီးကအရောက်လာပြီး ဒင်္ဂါးပြားကိုကိုက်လိုက်သည်။ ပြီးလျှင် ဒင်္ဂါးပြားကိုရေအလယ်တွင်သွားထားလိုက်၏။

''ဒါ...''

ထိုမြင်ကွင်းကြောင့် လင်းရွှမ်အံ့ဩသွားသည်။

ဒီငါးက တကယ်ငွေမက်တာလား?

သူဌေးကဒါတွေကြိုပြင်ထားတာ ဒီငါးကဒီလိုမှန်းသိနေတာပဲ။

ငါးကိုမြင်ပြီး ဒင်္ဂါးထည့်သောကလေးမလေးက ဝမ်းသာအားရအော်လိုက်သည်_

''မေမေ... ဖေဖေ... ငါးကြီးက ပိုက်ဆံကိုကိုက်သွားပြီ... သမီးပေးတဲ့ပိုက်ဆံကိုယူတယ်''

ကလေးမလေးအတွက်တော့ အလွန်စိတ်ဝင်စားစရာကောင်းသောအရာပင်။

ထိုအချိန်တွင် နှစ်မီတာကွိုင်ငါးကြီးက ကလေးမလေးရှေ့ကူးခတ်လာပြီး ပူဖောင်းများမှုတ်ပြသည်။

ပူဖောင်းရေထဲပေါ်လာသောအခါ ကလေးမလေးမျက်လုံးဝိုင်းစက်သွားပြီး_

''ဝိုး... ပူဖောင်းက လှလိုက်တာ''

ပူဖောင်းပုံစံကိုမြင်လျှင် နောက်ကမိဘများအံ့ဩကုန်သည်။

ငါးမှုတ်လိုက်တဲ့ပူဖောင်းပုံက 3D အသဲပုံလေး။ ပလုံစီနေသောပူဖောင်းများဆက်သွားသောအခါ မယုံနိုင်စရာပင်။

သူဌေးက ဒီကွိုင်ငါးကိုပူဖောင်းလို့ခေါ်တာ လင်းရွှမ်သဘောပေါက်ပြီ။

ဒါပေမဲ့ ငါးကအသဲပုံပူဖောင်းမှုတ်နိုင်တာ အံ့ဩစရာမကောင်းလွန်းဘူးလား?



All Chapters