← Chapters

သိန်းချီဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ! နေရာအသစ်ပွင့်ပြီ!

Vol. 37 Ch. 553

သိန်းချီဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ! နေရာအသစ်ပွင့်ပြီ!

Vol. 37 Ch. 553

ငါးပူဖောင်းမှုတ်နိုင်တာ အားလုံးအသိ။

သို့သော် နှစ်မီတာကွိုင်ငါးက အရွယ်အစားကြီးရုံသာမက မှုတ်ထုတ်သောပူဖောင်းကလည်း အလွန်ကြီးသည်။ အဓိကအချက်မှာ 3D ပူဖောင်းများက အသဲပုံဖြစ်နေခြင်းပင်။

ဒင်္ဂါးပစ်သောကလေးမလေးမှာ ရွှန်းလဲ့သောမျက်လုံးများနှင့် အသဲပုံပူဖောင်းများကိုကြည့်နေသည်။

ငယ်ငယ်ရွယ်ရွယ်အမေများက စူးစမ်းနေကြ၏။

ရင်*သားကြီးကြီးမိခင်တစ်ယောက်က မနေနိုင်ဘဲ ချင်လင်ကိုမေးလိုက်သည်_

''ရှောင်ချင်... ဒီကွိုင်ငါးမှုတ်ထုတ်တဲ့ပူဖောင်းတွေက ဘာလို့အသဲပုံဖြစ်နေတာလဲ?''

ချင်လင်မှာ ဒီအကြောင်းတကယ်မသိ။ ဘာပဲဖြစ်ဖြစ် ဂိမ်းကထွက်လာတဲ့အကြောင်းအရင်းကို ဘယ်သူမှမသိ။

သို့သော်လည်း ထိုမေးခွန်းကိုကြံဖန်ဖြေလိုက်သေးသည်_

''ဒီငါးအကောင်ပေါက်အရွယ်တုန်းက ပါးစပ်မှာဒဏ်ရာရခဲ့တာ... အဲဒီနောက်ပိုင်းဘယ်လိုဖြစ်သလဲတော့မသိဘူး... အနာကျက်ပြီးတော့ သူမှုတ်တဲ့ပူဖောင်းတွေက ဒီလိုအသဲပုံဖြစ်နေတာပဲ... အဲဒါကြောင့် သူ့ကိုပူဖောင်းလို့ခေါ်တာ''

''သိပြီ! ဒါအဆိုးထဲကအကောင်းပဲ''

ရင်*သားကြီးကြီးနှင့်မိခင်က အံ့ဩသွားသည်။

တခြားခရီးသည်များလည်း သက်ပြင်းချ၍

'ဒီလိုကိုး'။

ပူဖောင်းမှာ ဒီလိုဇာတ်လမ်းမျိုးရှိမည်ဟု လင်းရွှမ်မထင်မိ။

အတော်ပဲ။

ဒါငါးအကြောင်းမိတ်ဆက်ရေးရင် ကြော်ငြာလို့ကောင်းတဲ့အချက်ပဲ။

သို့ရာတွင် ဒင်္ဂါးပြားကိုပိုပြီးအာရုံစိုက်ရဦးမည်။ ရှေ့လျှောက်သတိထားပြီး ပိုးသတ်ရမည်။

ကွိုင်ငါးပုံနဲ့အထူးလုပ်ထားတဲ့ဒင်္ဂါးဆို အလုပ်ဖြစ်မဖြစ်တော့မသိ။

အလုပ်ဖြစ်ရင် အချိန်တစ်ခုရောက်တိုင်း အလှပြကန်ထဲမှဒင်္ဂါးပြားကိုထုတ်ယူမည်။ ချင်းလင်ငါးပြတိုက်အမှတ်တရအဖြစ်တောင် ရောင်းချနိုင်သည်။

ဒါကွိုင်ငါးနဲ့ဖန်တီးထားတဲ့ဒင်္ဂါးပြား၊ ကံကောင်းမှုကိုဆောင်ကြဉ်းပေးနိုင်သည်ဟုပြောမည်။ ဒီလိုကြော်ငြာလိုက်ရင် သေချာပေါက်နာမည်ကြီးလာလိမ့်မည်။

ဘာပဲ​ဖြစ်ဖြစ် ရေကန်ကအကန့်အသတ်ရှိသည်။ ကွိုင်ငါးကိုအတိုင်းအဆမရှိပေးမထားနိုင်။ အတိုင်းအတာတစ်ခုရောက်ရင် အချိန်နှင့်အမျှတချို့တဝက်ထုတ်ယူရမည်။

ကလေးမလေးကိုကြည့်ပြီး တခြားကလေးများလုပ်ကြည့်ချင်လာသည်။ တစ်ယောက်ပြီးတစ်ယောက် ချင်လင်နားဝိုင်းအုံ၍ ပန်းကန်ထဲမှဒင်္ဂါးပြားများကိုယူကြသည်။

ထို့နောက် ကောင်လေးတစ်ယောက်က ရေထဲဒင်္ဂါးပြားပစ်ချလိုက်သည်။

ပူဖောင်းက ကလေးပစ်လိုက်သောဒင်္ဂါးပြားကိုမြင်လျှင် အစွမ်းထပ်ပြပြီးကူးခတ်လာသည်။ ဒင်္ဂါးကိုထပ်ကိုက်၍ ရေကန်အလယ်တွင်ထားလိုက်၏။

ထို့နောက် ကောင်လေးရှေ့ကူးခတ်လာပြီး ပူဖောင်းစမှုတ်ပြသည်။

ထိုမြင်ကွင်းကြောင့် ကောင်လေးကဝမ်းသာအားရလက်ခုပ်တီးပြီး_

''မေမေ ဖေဖေ... ငါးကြီးက သားကိုလည်းပူဖောင်းမှုတ်ပြတယ်''

တတိယမြောက်ကလေးလည်း ရှေ့တိုးလာပြီး ရေထဲဒင်္ဂါးပြားပစ်ချလိုက်သည်။

ပူဖောင်းကအပြေးလာပြီး ဒင်္ဂါးပြားကိုကိုက်ပြန်သည်။ ရေကန်အလယ်သွားထား၍ ဒင်္ဂါးပစ်သောကလေးကို ပူဖောင်းဆက်မှုတ်ပြသည်။

ဒီတစ်ခါ မိဘများလည်း အကွက်မြင်သွားကြသည်။

''ဒီကွိုင်ငါးက ပိုက်ဆံပေးလို့လုပ်ပြနေတာလား?''

''အဲလိုထင်တယ်... ကလေးကပိုက်ဆံပေးရင် သူကကိုက်ပြီး သွားသိမ်းတယ်... ပြီးရင် ပြန်လာပြီးပူဖောင်းမှုတ်ပြတယ်!''

''ပြီးတော့ ပိုက်ဆံတွေကို တစ်နေရာတည်းပုံထားတာ... ဒါရတနာသိုက်လုပ်ဖို့ဒင်္ဂါးပြားသယ်တဲ့ ဒဏ္ဍာရီလာကွိုင်ငါးများလား?''

''အသဲပုံမှုတ်ပြသေးတယ်... ပိုက်ဆံရလို့ပျော်နေတာလား?''

“……”

တခဏချင်း မိဘများအားလုံးအံ့ဩပြီး ဆွေးနွေးနေကြသည်။

ငယ်ငယ်ရွယ်ရွယ်ကလေးအမေက ချင်လင်ကိုထပ်မေးပြန်သည်_

''ရှောင်ချင်... ငါတို့စမ်းကြည့်လို့ရလား?''

ချင်လင်ကခေါင်းညိမ့်ပြီး ရှင်းပြလိုက်သည်_

''ရတာပေါ့... ဒါပေမဲ့ ပူဖောင်းက အစ်မတို့ကိုအာရုံထားမှာမဟုတ်ဘူး''

ဒီလိုရှင်းပြချက်မျိုးကို လူတွေကမယုံ။ ကြုံဖူးမှကျေနပ်မည်။

ခပ်ငယ်ငယ်ကလေးအမေက ချက်ချင်းပန်းကန်ထဲမှဒင်္ဂါးပြားယူလိုက်သည်။ တခြားမိဘများလည်း ထို့အတူပင်။

ထိုလူများက အရင်ဆုံး ကလေးများပစ်သောအစာတံလျှောက်မှ ဒင်္ဂါးပြားများပစ်ချသည်။

သို့သော် သူတို့ပစ်သောဒင်္ဂါးကို ပူဖောင်းကလှည့်တောင်မကြည့်၍ လူကြီးများအံ့ဩသွားသည်။

'လူကြီးတွေ.. ကလေးလိုလိုလုပ်မနေနဲ့'ဟု ပြောနေသလိုလို အမှုမထားဘဲ လုံးဝလျစ်လျူရှုထားသည်။

''တို့ကိုလုံးဝဂရုမစိုက်တာ''

ခပ်ငယ်ငယ်ကလေးအမေက စိတ်ဆိုးဆိုးနှင့်ပြောလိုက်သည်။

''အေး... ငါလည်းကလေးပဲ... ဟုတ်ပြီလား?''

နောက်အမျိုးသမီးတစ်ယောက်က ငေါ့သည်။

ချင်လင်ကကြည့်ရင်း ကြိတ်ရယ်လိုက်သည်။

ဒီငါးက သူဌေးဖြစ်တဲ့သူ့ကိုတောင် ဂရုမစိုက်တာ၊ ခင်ဗျားတို့ဆိုပြီးရော။

နောက်ဆုံး ကောင်းယောင်ယောင်ခေါ်လာသောပထမဆုံးခရီးသည်တစ်သုတ်မှာ မကျေမနပ်နှင့်ငါးပြတိုက်မှထွက်သွားကြလေသည်။

ထင်တဲ့အတိုင်း ကွိုင်ငါးက နာမည်ကျော်စတားဖြစ်လာသည်။

လက်ရှိ နဂါးနီက ပူဖောင်းထက်တန်ဖိုးပိုကြီးသော်လည်း ပူဖောင်းလောက်နာမည်မကြီးပေ။

ထို့နောက် ကောင်းယောင်ယောင်က ဒုတိယအသုတ်ခရီးသည်အဖွဲ့ကိုခေါ်လာသည်။

စံအိမ်တစ်ခုလုံးတွင် ကလေးခေါ်လာသောခရီးသည်များစွာရှိသောကြောင့် ပထမတစ်သုတ်တည်းခေါ်ဖို့မဖြစ်နိုင်။

ကောင်းယောင်ယောင်က နောက်ထပ်ခရီးသည်တစ်သုတ်ခေါ်လာသည်။ သူဌေးကပါဝင်ဖို့ခေါ်ထားသောကြောင့် နောက်မှစာရင်းသွင်းသောလူများကိုချန်ထား၍မရ။ အနည်းဆုံး ဒီနေ့ခရီးသည်များကိုတပြေးညီဝန်ဆောင်မှုပေးရမည်။

အခမဲ့တစ်နေ့တာလည်ပတ်ခွင့်ပေးပြီးနောက် နောက်တစ်နေ့တွင် ချင်းလင်ငါးပြတိုက်မှာနာမည်ကြီးလာသည်။

မနေ့ကလာလည်သောခရီးသည်များက အင်တာနက်ပေါ်တွင် ဗီဒီယိုများတင်ကြသည်။ နဂါးနီဖြစ်စေ၊ ပူဖောင်းဖြစ်စေ၊ အကုန်နာမည်ကြီးနေသည်။

ဒီလိုဗီဒီယိုများမှာ ချင်းလင်စံအိမ်လောက်နာမည်မကြီးသော်လည်း သန်းချီတန်သောငါးက အလွယ်တကူအာရုံစိုက်ခံရပြီး ရေပန်းစားခေါင်းစဉ်ဖြစ်လာသည်။ ကွိုင်ငါးလို ပိုက်ဆံစု၊ ရတနာသိုက်ဆောက်၊ အသဲပုံပူဖောင်းမှုတ်ပြတဲ့အထူးအဆန်းမျိုးဆိုမပြောနှင့်တော့။

ထို့ကြောင့် ချင်းလင်စံအိမ်ကျော်ကြားမှုအရှိန်နှင့် ကွိုင်ငါးက ပိုက်ဆံစု၊ ရတနာသိုက်ဆောက်၊ အသဲပုံပူဖောင်းမှုတ်ပြခြင်းမှာ နာမည်ရလာသည်။

ချင်လင်က ဒီနေ့ပစ္စည်းများစံအိမ်ပို့ပြီးနောက် ရုံးခန်းထဲပြန်လာကာ အင်တာနက်သုံးလိုက်သည်။ အင်တာနက်ပေါ်တွင် ပူဖောင်းကရေပန်းစားရှာဖွေမှုထဲဝင်နေပြီး လူပြောများနေသည်။

နောက်ပြီး ကွိုင်ငါးရှေ့ပစ်ချသောဒင်္ဂါးများနှင့်ရတနာသိုက်ဆောက်ပုံ၊ အသဲပူဖောင်းမှုတ်ပြပုံမှာ ဉာဏ်ကောင်းကြောင်း၊ နဂါးနီတစ်ကောင်ကိုသန်းချီတန်ကြောင်း အပြိုင်အဆိုင်ဖြစ်နေသည်။

အချိန်တစ်ခုကြာလျှင် ပူဖောင်း၏တန်ဖိုးက နဂါးနီကိုကျော်တက်သွားလိမ့်မည်ဟု သူယုံသည်။



All Chapters