သိန်းချီဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်စုံ! နေရာအသစ်ပွင့်ပြီ! ၃
Vol. 37 Ch. 555
(ထူးခြားတဲ့အရှေ့တိုင်းမင်္ဂလာဝတ်စုံကို အောင်မြင်စွာဝယ်ယူလိုက်သည့်အတွက် ဂုဏ်ယူပါတယ်! အနီရောင်ရှီလင်ဝတ်ရုံ၊ ဖီးနစ်သရဖူနှင့် ကိုယ်တိုင်းသုံးခုကိုဖြည့်ပေးပါ... ကျွန်မတို့ချုပ်ပေးပါမယ်!)
ကိုယ်တိုင်းကိုသူနားလည်ပေမဲ့ ဖီးနစ်သရဖူနဲ့ဝတ်ရုံက တကယ်ကိုယ်တိုင်းသုံးခုလိုတယ်ပေါ့။ အရမ်းအသေးစိတ်တာပဲ။ ပြီးတော့ ဘယ်လောက်အသေးစိတ်လုပ်ထားလဲ မြင်သာသည်။
ဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်ရုံကလည်း ခန္ဓာကိုယ်နှင့်ကွက်တိကျမှ ပိုမိုကြော့ရှင်းသောအနေအထားကိုပေါ်လွင်စေမည်။
ချင်လင်ကထိုစာမြင်ပြီး သူ့ရုံးခန်းထဲမှထွက်၍ ကျောက်မိုချင်းရုံးခန်းထဲသွားလိုက်သည်။
သူနှင့်ကျောက်မိုချင်း၏အဝတ်အစားဆိုဒ်ကိုသိသော်လည်း ကျောက်မိုချင်းကိုယ်တိုင်းကိုဆုံးဖြတ်ဖို့ကနည်းနည်းခက်သည်။
ဘာပဲဖြစ်ဖြစ် သူနဲ့လေ့ကျင့်ခန်းလုပ်ပြီး ကျောက်မိုချင်းကရ*င်သားနည်းနည်းဖွံ့ဖြိုးလာသည်။
ဒီအပိုင်းမှာတိုးတက်ဖို့ သူကူညီပေးနိုင်တာများရှိမရှိ ကြည့်ဦးမည်။
ပုံပျက်ပန်းပျက်မဖြစ်သရွေ့ ပိုကြီးလာစေချင်သေးသည်။ အတိုင်းအတာတစ်ခုရောက်ရင် အရွယ်အစားကပြီးပြည့်စုံသည့်အပြင် ပျော်စရာလည်းပိုများလာမည်။
ကျောက်မိုချင်းရုံးခန်းရောက်သောအခါ သူမကပန်းများအကြောင်းဖတ်နေသည်။ သူဝင်လာသည်ကိုမြင်လျှင်_
''ယောက်ျား... ရှင်ရောက်လာတာ အတော်ပဲ... ဒီပန်းတွေကိုတစ်ချက်ကြည့်ပါဦး... နှစ်ရက်အတွင်း နောက်ဆုံးရာသီပန်းစိုက်တော့မယ်... ပန်းပင်လယ်အကျယ်ကြီးစိုက်ပြီးရင် ကျွန်မတို့ပြီးပြီ''
သူမမျက်နှာပေါ်တွင် မျှော်လင့်စောင့်စားနေသောအကြည့်နှင့်။
ပန်းပင်လယ်အကျယ်ကြီးပြီးရင် ချင်လင်နဲ့မင်္ဂလာဆောင်ဓာတ်ပုံရိုက်လို့ရပြီ။
လက်ရှိချင်းလင်စံအိမ်အခြေအနေအရ မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ မွေးမြူရေးခြံကပိုအဆင်ပြေသော်လည်း မိန်းကလေးများမှာ ကတိတည်တာမျိုး၊ အဓိပ္ပါယ်ရှိသောကတိကဝတ်မျိုးကို သဘောကျလေ့ရှိကြသည်။
သူမနှင့်ချင်လင်က ပန်းပင်လယ်အကျယ်ကြီးထဲတွင် မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ကတိပြုထားကြသည်။ ပြီးတော့ ပန်းပင်လယ်အကျယ်ကြီးပြီးရင် ချင်လင်နှင့်မွေးမြူရေးခြံသွားပြီး ဓာတ်ပုံရိုက်ဦးမည်။
ချင်လင်က အချက်အလက်များကိုယူပြီး ကျောက်မိုချင်းရုံးခန်းထိုင်ခုံတွင်ထိုင်လိုက်သည်။


ကျောက်မိုချင်းက သူ့ပေါင်ပေါ်ဝင်ထိုင်သည်။
သူကကျောက်မိုချင်းကိုအနောက်မှဖက်ပြီး ပန်းများအကြောင်းဖတ်လိုက်သည်။
ဒီလိုတရင်းတနှီးနေခြင်းကလည်း စုံတွဲတွေရဲ့စိတ်ကူးတစ်မျိုး။
တကယ်တော့ ကျောက်မိုချင်းမှာ ဘယ်ပန်းကိုစိုက်မလဲရွေးထားပြီးဖြစ်သည်။
ထို့ကြောင့် ချင်လင်ကအပင်ပန်းမခံချင်သည်နှင့် တန်းမြှောက်ပြောလိုက်သည်_
''ကိုယ့်မိန်းမကအမြင်ရှိတာပဲ... အကောင်းဆုံးတစ်ခုရွေးထားမှာပေါ့''
''ရှင်ကအပျင်းကြီးတာ''
ချင်လင်ဘာတွေးလဲ ကျောက်မိုချင်းကဖျတ်ခနဲကြည့်ရုံနှင့်သိသည်။
ချင်လင်ကဂုဏ်ယူပုံနှင့်ပြုံးလိုက်ပြီး ရုတ်တရက်စကားလမ်းကြောင်းလွှဲကာ_
''အချစ်... အခုမင်းရဲ့ကိုယ်တိုင်းသုံးခုကဘယ်လောက်လဲ? အခုနောက်ပိုင်း မင်းရ*င်ဘတ်ကြီးလာတယ်နော်''
''ဘာလို့မေးတာလဲ?''
ကျောက်မိုချင်းမျက်နှာချက်ချင်းနီရဲသွားသည်။
အရွယ်အစားနည်းနည်းကြီးလာတာ ဒီကောင်စုတ်ကြောင့်ပဲလေ။
သူ့ယောက်မကတောင် မေးနေပြီ။ နည်းလမ်းလေးဘာလေးပြောပြပါလားတဲ့။
ဒါပေမဲ့ ဒါမျိုးကိုဘယ်လိုလုပ်ပြောပြရမှာလဲ?
ချင်လင်ကရှင်းပြလိုက်သည်_
''ကြည့်လေ... ကိုယ်တို့ပန်းပင်လယ်အကျယ်ကြီးစိုက်နေပြီမလား? အနည်းဆုံးတော့ ကိုယ်ကမင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့ မင်္ဂလာဝတ်စုံပြင်ထားသင့်တာပေါ့ ဟုတ်လား? မင်းအတွက် ဖီးနစ်သရဖူနဲ့ဝတ်စုံမှာချင်တယ်... လက်ရာကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်... ဒါပေမဲ့ မင်းရဲ့တိတိကျကျအတိုင်းနဲ့ ကိုယ်တိုင်းသုံးခုလိုတယ်လေ''
ကျောက်မိုချင်းကနားထောင်ရင်း ချက်ချင်းခေါင်းလှည့်ကာ ချင်လင်ကိုနမ်းလိုက်သည်_
''ယောက်ျား... ရှင်ကအတော်ဆုံးပဲ''
ဖီးနစ်သရဖူနဲ့တော်ဝင်ဝတ်ရုံကို မကြိုက်တဲ့မိန်းကလေးရှိလို့လား?
မိန်းကလေးတစ်ယောက်ရင်ထဲအထိဆုံးက ဒီလိုအရာမျိုးကို သူ့ယောက်ျားဖြစ်သူကသတိတရရှိနေခြင်းပင်။
ချင်လင်နှင့်ကျောက်မိုချင်းမှာ ခဏတဖြုတ်ကလူကျီစယ်နေကြသည်။ ကျောက်မိုချင်း၏နောက်ဆုံးအတိုင်းကိုသိပြီးနောက် သူ့ရုံးခန်းပြန်ပြီး ဂိမ်းဖန်သားပြင်ကိုကြည့်ကာ သူ့ဆိုဒ်၊ ကျောက်မိုချင်းဆိုဒ်နှင့်အတိုင်းများဖြည့်လိုက်သည်။
(ဆိုဒ်နှင့်အတိုင်းများရပါပြီ... သံလွင်မြို့တော်မှဝတ်စုံဖန်တီးရှင်က ဝတ်စုံကိုအမြန်ဆုံးစိတ်တိုင်းကျလုပ်ပေးပါမယ်... ဒါပေမဲ့ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရပါတယ်... ပြီးပြည့်စုံတဲ့ဝတ်စုံကိုဖန်တီးပေးမှာဖြစ်တဲ့အတွက် စိတ်ရှည်ရှည်စောင့်ပေးပါ... ဝတ်စုံပြီးပြီးချင်း အကြောင်းကြားပါမယ်ရှင်!)
ဒီစိတ်တိုင်းကျဖီးနစ်သရဖူနှင့်အနီရောင်ရှီလင်ဝတ်ရုံမှာ TV စျေးဝယ်အစီအစဉ်က တခြားပစ္စည်းများနှင့် သိသိသာသာကွဲထွက်နေသည်။ ချက်ချင်းမပို့ပေးဘဲ စိတ်တိုင်းကျလုပ်သည်။
ဒါမျိုးကြုံတာ ဒါပထမဆုံး။
စိတ်တိုင်းကျလုပ်တာ ဘယ်အချိန်မှပြီးမယ် သူမသိ။
သို့သော် ဂိမ်းအချိန်အချိုးအစားအရ ဒဏ္ဍာရီလာဧကရီ၏ဖီးနစ်သရဖူနှင့်တော်ဝင်ဝတ်ရုံကို သုံးနှစ်လုပ်ရသည်ဆိုရင်တောင် ဂိမ်းထဲမှာရက်ပိုင်းသာကြာလိမ့်မည်။
ချင်လင်ကထိုအကြောင်းတွေးပြီး သူ့ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးရေးခြံအိမ်အပြင်ထွက်၍ သတ္တုမြို့တော်အစွန်သွားစေလိုက်သည်။ လျှောက်ကြည့်ပြီး ဇာတ်ကွက်တာဝန်အသစ်ရှိမရှိရှာမည်။
ဒီနေ့ သူကံကောင်းနေပုံရသည်။ သူ့ဂိမ်းဇာတ်ကောင် သတ္တုမြို့တော်ရောက်ရောက်ချင်း ပန်းခြံကြော်ငြာဘုတ်တွင် လူများစုဝေးနေသည်ကိုတွေ့ရသည်။
သူ့ဂိမ်းဇာတ်ကောင်ကိုရှေ့တိုးလိုက်ရာ NPC စကားပြောများပေါ်လာသည်:
(မြို့အရှေ့ဘက် ရေကန်နားကသတ္တုတွင်းနဲ့ ငါးမျှားနေရာဖွင့်ပြီတဲ့... အခုငါတို့ ကမ်းခြေသွားငါးမျှားလို့ရပြီ... ရတနာရှာလို့ရပြီ)
(ရေကန်သတ္တုတွင်းမှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ်ဆိုပဲ... Gib က အဲဒီမှာ စိန်တုံးကြီးတွေ့ခဲ့တာ)
(မြို့တော်ဝန်သောမတ်ငယ်ငယ်က အထဲမှာလကျောက်တွေ့ခဲ့တာတဲ့)
NPC စကားပြောများနားထောင်ပြီး ချင်လင်မျက်နှာဝင်းလက်သွားသည်။
နေရာအသစ်ပွင့်ပြီ။
မြစ်နှင့်စာလျှင် သမုဒ္ဒရာထဲမှာဖမ်းစရာပိုပေါသည်။ ရေကန်သတ္တုတွင်းလည်းရှိပြီး ပစ္စည်းအများကြီးတူးဖော်နိုင်သည်။ နတ်သမီးကျောက်နှင့်ကျောက်စိမ်းတောင် တူး၍ရနိုင်သည်။