← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

အခြေတည်ဝိညာဉ် အဆင့်ဖြင့် စတင်ခြင်း

“ အကြီးအကဲ ရွှမ် တပည့်အသစ်လက်ခံခြင်း အခမ်းအနားက မကြာခင်စတော့မယ်….”

ခမ်းနားထည်ဝါသောအဆောက်အအုံအတွင်း၌ ရွှမ်ယီက သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။

“ သိပြီ…ငါလာခဲ့မယ်….”

ပြန်ဖြေပြီးနောက် မတ်တပ်ရပ်လိုက်ပြီး ဂိုဏ်းရင်ပြင်ရှိရာဆီသို့ ဦးတည်လိုက်သည်။

“ ကမ္ဘာမြေ ၊ ချန်ရွှမ် ကုန်းမြေကြီး….”

ရွှမ်ယီ ဖြည်းညှင်းစွာသက်ပြင်းချလိုက်၏။

သူက ဤနေရာမှ မဟုတ်ချေ။ သူသည် ကမ္ဘာမြေမှဖြစ်ပြီး တိကျစွာပြောရမည်ဆိုလျှင် ၂၁ရာစုမှခေတ်မှဖြစ်၏။

ကူးပြောင်းခြင်း….။ ဤကဲ့သို့အရာမျိုး မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ဟု သူယုံကြည်ထားပေမယ့် ယခု သူ့အပေါ်တွင် ဖြစ်လာခဲ့ချေပြီ။

ကူးပြောင်းလာသူ တစ်ဦးအနေဖြင့် သူ့တွင်လည်း ရွှေလက်ချောင်းရှိပေသည်။ ထိုအရာက စနစ်တစ်ခုဖြစ်ပြီး ဤအတွက်တော့ များစွာအံ့ဩမိခြင်းမရှိချေ။

သူ့အသိစိတ်ထဲတွင်ရှိနေသော စနစ်မှာ သူ၏ ရွှေလက်ချောင်းဖြစ်ပြီး ထိုအရာက သူ၏‌ကူးပြောင်းလာမှုနှင့်လည်း ပတ်သက်နေမည်ဟု သံသယရှိနေသည်။

“ အကြီးအကဲ ရွှမ် ကျွတ်…ကျွတ်…ကျွတ်….”

ရွှမ်ယီလက်ရှိနေထိုင်သော ဂိုဏ်း၏အမည်မှာ နက်နဲဓားဂိုဏ်းဖြစ်ပြီး ကောင်းကင်လေနိုင်ငံ၏ တောင်ဘက်နယ်မြေတွင်တည်ရှိသည်။ ၎င်းသည် ထိပ်ဆုံးဂိုဏ်းတစ်ခုမဟုတ်သော်လည်း အနီးပတ်၀န်းကျင်တွင် လွှမ်းမိုးမှုအချို့ရှိနေဆဲဖြစ်၏။

ရွှမ်ယီက ထိုဂိုဏ်းမှ အကြီးအကဲများအနက် တစ်ဦးဖြစ်သည်။

သူသည် အကြီးအကဲတစ်ဦးဖြစ်နေသော်ငြား အသက်၂၅ နှစ်သာရှိသေး၏။

နက်နဲဓားဂိုဏ်း၏ သမိုင်းတစ်လျှောက် အငယ်ဆုံးအကြီးအကဲတစ်ဦးဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဦးလည်းဖြစ်ပေသည်။

အခြေတည်ဝိညာဉ်အဆင့်ဆိုသည်မှာ အဘယ်နည်း…?

နက်နဲဓားဂိုဏ်းတစ်ခုလုံးတွင်း ထိုအဆင့်သို့ရောက်နေသည်မှာ ဂိုဏ်းချုပ်နှင့် ဒုဂိုဏ်းချုပ် (၂)ဦးသာရှိသည်။

ရွှမ်ယီသည် သူ၏ လက်ရှိအ‌ခြေအနေနှင့် ပတ်သက်ပြီး လုံး၀စိတ်မပျက်ခဲ့ချေ။

အခြားသောကူးပြောင်းသူများတွင်လည်း ရွှေလက်ချောင်းများရှိသည့်တိုင်အောင် ၎င်းတို့သည် အစမှစတင်ပြီး တစ်ဆင့်ချင်းသာသွားကြရသည်။ သူ့တွင်မူကား အခြေတည်ဝိညာဉ်အဆင့်သို့ရောက်ရှိနေပြီး ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ထိပ်ဆုံးငါးယောက်အတွင်း၀င်သော အကြီးအကဲပင်ဖြစ်နေခဲ့သည်။

ဤအရာက သာမန်စတင်ခြင်းမျိုးလုံး၀မဟုတ်ပေ။

ရွှမ်ယီအနေဖြင့် ဤသို့သော်အခြေအနေအား မျှော်လင့်ထားမိခြင်းပင်မရှိချေ။

အခြေအနေဝိညာဉ်အဆင့်မှာ အလွန်အစွမ်းထက်ပေသည်။ ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံးကျွမ်းကျင်သူဖြစ်သော အင်ပါယာမိသားစုမှ ဘိုးဘေးသည်ပင် အခြေတည်ဝိညာဉ်အဆင့် (7) အထွတ်အထိပ်၌သာရှိ၏။

ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့် (1) တွင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ထိုအရာက အလွန့်အလွန်အစွမ်းထက်နေခြင်းမျိုး‌တော့မဟုတ်ချေ။

ဤစွမ်းအားအဆင့်များသည် ကောင်းကင်လေနိုင်ငံအတွင်း၌သာ ရှိသည်။ အခြားတစ်ဖက်တွင် ချန်ရွှမ် ကုန်းမြေကြီးမှာ အလွန်ကြီးမားလှပြီး ကောင်းကင်လေနိုင်ငံကဲ့သို့နိုင်ငံများမှာ သာမန်သာဖြစ်ပြီး ရေတွက်၍မရနိုင်အောင်ပင်ရှိ၏။

ချန်ရွှမ်ကုန်းမြေကြီးတွင် သီးခြားဖြစ်တည်နေသော တိုက်ကြီး(၅)ခုရှိပြီး တိုက်ကြီးတစ်ခုတွင် နယ်မြေတစ်ရာကျော်ရှိပြီး နယ်မြေတစ်ခုစီတွင် ကောင်းကင်လေနိုင်ငံကဲ့သို့နိုင်ငံလေးများ ရာနှင့်ချီ၍ရှိသည်။ ဤသည်ကပင် ချန်ရွှမ်ကုန်းမြေကြီး မည်မျှ ကြီးမားကျယ်ပြန့်ကြောင်း ဖော်ပြနေသည်။

ချန်ရွှမ်ကုန်းမြေကြီးတွင် ကျင့်ကြံခြင်းကို ချီငွေ့ရည်ဖွဲ့ခြင်း ၊ ချီအခြေခံတည်ဆောက်ခြင်း ၊ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း ၊ အခြေတည်ဝိညာဉ် အဆင့်ဟူ၍ အဆင့်များခွဲခြားထားသည်။

အခြေတည်ဝိညာဉ်အဆင့် အထက်တွင် ဘုရင်နယ်ပယ် နှင့် အင်ပါယာနယ်ပယ်တို့ရှိသည်။ နယ်ပယ်တစ်ခုခြင်းစီ၌ အဆင့်(9)ဆင့်ရှိသည်။ အင်ပါယာနယ်ပယ်၏ အထက်တွင်တော့….

မှန်ပါတယ် ၊ ၎င်းကို ရွှမ်ယီ၏ လက်ရှိအနေအထားဖြင့် ထိတွေ့ရန်မဖြစ်နိုင်သေးချေ။

အင်ပါယာနယ်ပယ်အထက်တွင် မည်သည့်အဆင့်ရှိကြောင်း မသိပေ။ ရွှမ်ယီအနေဖြင့် ဘုရင်နယ်ပင် နှင့် အင်ပါယာနယ်ပယ်ကျင့်ကြံသူများကို ယခုအချိန်ထိ မြင်ဖူးတွေ့ဖူးခြင်းမရှိသေးချေ။

အခြေတည်ဝိညာဉ်အဆင့်အထက်တွင်ရှိသော ဘုရင်နယ်ပယ်သည် ကုန်းမြေတစ်ခုလုံးအား အကြောက်အလန့်ကင်းစွာသွားနိုင်သော အဆင့်ဖြစ်သည်။ အမှန်တကယ် အစွမ်းထက်သော တည်ရှိမှုဖြစ်ပေသည်။

ကောင်းကင်လေနိုင်ငံအား လက်တစ်ဖက်တည်းဖြင့် ဖျက်စီးပစ်နိုင်သော စွမ်းအားမျိုးဖြစ်သည်။

ရွှမ်ယီအနေဖြင့် ဘုရင်နယ်ပယ်ကျင့်ကြံသူအား အပြင်တွင်မမြင်ဘူးပေမယ့် ၎င်းနှင့် ပတ်သက်သော ဒဏ္ဍာရီများအား ကြားဖူးပေသည်။

ထိုအရာက အလွန်ကြီးကျယ်သော တိုက်ပွဲကြီးတစ်ခုဟုပြောကြသည်။ တစ်ဖက်တွင် နိုင်ငံ (16)နိုင်ငံ၏ အင်အားကိုပေါင်းစည်းထားပြီး ရာနှင့်ချီသော အခြေတည်ဝိညာဉ်အဆင့်(7)များ ဒါဇင်နှင့်ချီသော အခြေတည်ဝိညာဉ်အဆင့်(9)အထွတ်အထိပ်အဆင့်များ ပေါင်းစည်းထားပြီး ဘုရင်နယ်ပယ်သို့ ရောက်ကာစလူတစ်ဦးအား တိုက်ခိုက်ခဲ့ကြသည်။ သို့သော် ရလဒ်က ၎င်းတို့အားလုံး သေဆုံးသွားခြင်းပင်။

လူတစ်ယောက်က နိုင်ငံ(16) ကိုဖျက်ဆီးခဲ့တယ်….!

ဘုရင်အဆင့်ကျွမ်းကျင်သူကား အလွန်ကြောက်စရာကောင်းလွန်းလှသည်။

လူအများစုအတွက် ဘုရင်အဆင့်မှာကျွမ်းကျင်သူမှာ ဒဏ္ဍာရီဆန်သော ဖြစ်တည်မှုဖြစ်သည်။ ကောင်းကင်လေနိုင်ငံတည်ထောင်ထားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီးဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်(7) များစွာပေါ်ထွန်းခဲ့ပြီး အခြေတည်ဝိညာဉ်အဆင့်(9)အထွတ်အထိပ် ကျင့်ကြံသူများပင်ပေါ်ထွန်းခဲ့သော်လည်း ဘုရင်အဆင့်သို့ တစ်ယောက်မျှရောက်ခဲ့ခြင်းမရှိချေ။

ကောင်းကင်လေနိုင်ငံတွင်သာမဟုတ်ဘဲ အနီးပါတ်၀န်းကျင်ရှိ နိုင်ငံများမှာလည်း အလားတူပင်ဖြစ်၏။

အခြေတည်ဝိညာဉ်အဆင့်အထွတ်ထိပ် (10000) ဆိုလျှင်ပင် ဘုရင်အဆင့်တစ်ယောက် တစ်ယောက် ထွက်ပေါ်လာရန် မဖြစ်နိုင်လုနီးပါးဖြစ်သည်။

ဟုတ်ပေသည်။ ထိုအရာက အခြားသူများအတွက်သာဖြစ်ပြီး စနစ်ရှိနေသော ရွှမ်ယီအတွက်မူ ဘုရင်နယ်ပယ်မှာ အစသာဖြစ်၏။ ဘုရင်နယ်ပယ်သာမက အင်ပါယာနယ်ပယ်သို့ရောက်ရှိရန်ပင် သိပ်ကြာမည်မဟုတ်ဟု သူယုံကြည်ထားသည်။

ရွှမ်ယီက ၎င်း၏အတွေးများအားရုတ်သိမ်းလိုက်ပြီး အသိစိတ်ပင်လယ်အတွင်းရှိ စနစ်၏ ဇာတ်ကောင်ဇယားကွက်ကိုကြည့်လိုက်သည်။

ပိုင်ရှင် : ရွှမ်ယီ

အဆင့် : အခြေတည်ဝိညာဉ်အဆင့်

ပါရမီ : ???????

ဂိုဏ်း : နက်နဲဓားဂိုဏ်း

တပည့်များ :

လင်းဇီရင်

[ အဆင့် : ချီအခြေခံတည်ဆောက်ခြင်း (2) ၊

ပါရမီ : 51 ]

၀မ်ဟူ

[ အဆင့် : ချီငွေ့ရည်ဖွဲ့ခြင်း (7) ၊

ပါရမီ : 36 ]

အဓိကတာ၀န် : တပည့်တစ်ဦး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်သို့ရောက်ရှိရန်။

တာ၀န်ဆုလဒ် : [ ကျက်သရေရှိသော ဘုရင် လီဘိုင်၏ ကျွမ်းကျင်မှု : ကြာပန်းစိမ်း ဓားသံစဉ် ] [ ဘုရင်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူဖြစ်သော ပင်းယု၏ တိုက်ခိုက်မှုသုံးကြိမ် ]

အရံတာ၀န် : ပါရမီအမှတ် (100) ကျော်သော တပည့်တစ်ဦးလက်ခံပါ။

တာ၀န်ဆုလဒ် : [ အဆင့်နှစ်ဆင့် တိုးမြင့်သွားမည် ] [ ဓားရည်ရွယ် ချက်အား နားလည်သဘောပေါက်ခြင်း ]

ဘားတန်းတွင် ပေါ်နေသော ဆုလဒ်များမှာ အလွန်စွဲမက်ဖွယ်ကောင်းလှ၏။

လီဘိုင်၏ ကျွမ်းကျင်မှုဖြစ်သော ကြာပန်းစိမ်းဓားသံစဉ် ။ အလွန်အစွမ်းထက်သော ပညာရပ်ဖြစ်ပေလိမ့်မည်။ ၎င်းအားကျင့်ကြံပြီးသည်နှင့် နှစ်ဆင့်သုံးဆင့်ပိုမြင့်သော ရန်သူအား သတ်ပစ်နိုင်ချေရှိသည်။

ဓားရည်ရွယ်ချက်သည်ကား မရေမတွက်နိုင်သော ဓားတာအို ပညာရှင်များအားလုံး နားလည်လိုသော စွမ်းရည်တစ်ခုဖြစ်ပေသည်။

ထိုအရာအား နားလည်နိုင်သူများမှာ ဓားတာအို၏ အစစ်အမှန်ကျွမ်းကျင်သူများဖြစ်သည်။

ဓားကျင့်ကြံသူများမှာ ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဓားရည်ရွယ်ချက်ကို နားလည်ထားသော ဓားကျင့်ကြံသူများမှာ ပို၍ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။

ဓားကျင့်ကြံသူတစ်ဦးအနေဖြင့် ဓားရည်ရွယ်ချက်ကိုနားလည်သွားလျှင် ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆများစွားတိုးတက်သွားနိုင်သည်။ အဆင့်ကျော်ပြီး ရန်သူအားသတ်ဖြတ်ရန်မှာ ထမင်းစားရေသောက်ပင်။

သူသာ ဓားရည်ရွယ်ချက်အားနားလည်သွားလျှင် အခြေတည်ဝိညာဉ် အဆင့်(1) ဖြင့် အဆင့်(3) ၊ အဆင့်(4) များအား တိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် သူ့အနေဖြင့် ကြာပန်စိမ်းဓားသံစဉ်ကိုလည်း အသုံးပြုပေလိမ့်မည်။

“ ဘုရင်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူ ပင်းယု၏ တိုက်ခိုက်မှု သုံးကြိမ်…”

ဆုလာဒ်များမှာ အလွန်ရက်ရောလှပြီး ရွှမ်ယီအား အဆွဲဆောင်နိုင်ဆုံးမှာ ပင်းယု၏ တိုက်ခိုက်မှုသုံးကြိမ်ဖြစ်သည်။

ပင်းယုမှာ ယောက်ကျားလား မိန်းမလား ရွှမ်ယီ မသိပေ။ စိတ်လည်းမ၀င်စားချေ။ ၎င်းသည် ချန်ရွှမ်ကုန်းမြေမှပင် ဟုတ်ဟန်မတူပေ။ ထိုအရာများက အရေးမကြီးချေ။ သူသိရန်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ ပင်းယုသည် ကြီးကျယ်သော ဘုရင်အဆင့်အထွတ်အထိပ်တည်ရှိမှုဖြစ်၏။

ဘုရင်အဆင့်အထွတ်အထိပ်…!

ဘုရင်အဆင့်သို့၀င်ရောက်ကာစ လူတစ်ဦးက နိုင်ငံ(16) နိုင်ငံအားဖျက်ဆီးနိုင်သည်။ ထိုသို့ဆိုလျှင် ဘုရင်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူမှာ မည်မျှကြောက်မက်ဖွယ်ကောင်းမည်နည်း။

ထိုတိုက်ခိုက်မှု သုံးကြိမ်သည် ရွှမ်ယီအတွက် အကြီးဆုံးသောဝှက်ဖဲတစ်ချပ် ဖြစ်လာရန် အရည်အချင်းပြည့်မှီသည်။ ထိုအရာက သူ့ကို ကောင်းကင်လေနိုင်ငံအတွင်း၌ အကြောက်အလန့်ကင်းစွာ နေထိုင်နိုင်ရန် လုံလောက်၏။ မဟုတ်ဘူး ၊ ကောင်းကင်လေနိုင်ငံပြင်ပလည်းပါ၀င်သည်။

[ Note . ရွှေလက်ချောင်းဆိုတာ ယေဘုယျအားဖြင့် ကြီးကျယ်တဲ့ ချမ်းသာကြွယ်၀မှု သို့မဟုတ် ကံတရားကို ရည်ညွှန်းသည်။ ]

[ TL note အထက်က ပြောတာက စာအုပ်ထဲပါလို့ထည့်ရေးပေးထားတာပါ]

Translator : Immortal Xiao Chan

All Chapters