← Chapters

ငါ မင်းနဲ့လိုက်ခဲ့မယ်

Vol. 1 Ch. 11

ငါ မင်းနဲ့လိုက်ခဲ့မယ်

Vol. 1 Ch. 11

တန်ဖိုးကြီးဇိမ်ခံနန်းတော်အတွင်း၌ ရွှမ်ယီ ခြေချိတ်ကာထိုင်နေ၏။

“ အကြီးအကဲရွှမ်…”

သူတို့၏ တာ၀န်ပြီးဆုံးသွားပြီဖြစ်ပြီး နက်နဲဓားဂိုဏ်း၏ တပည့်များ ရွှမ်ယီအား ဂါရ၀ပြုပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။ ကျယ်၀န်းသောခန်းမကြီးထဲတွင် ရွှမ်ယီ နှင့် ကုယီယီ နှစ်ဦးတည်းကျန်ခဲ့၏။

“ ရွှမ်… အကြီးအကဲရွှမ် “

“ အကြီးအကဲ…? “

ဤသည်အားကြားလျှင် ရွှမ်ယီ မျက်ခုံးပင့်လိုက်မိသည်။

“ ဆရာ…”

ကုယီယီက သူမ၏အသုံးအနှုန်းများအား ချက်ခြင်းပြောင်းလဲလိုက်သည်။

သူမ၏ မျက်နှာလေးမှာ အနည်းငယ်နီရဲနေပြီး လက်ကလေးများက အင်္ကျီအား တင်းကြပ်စွာဆုပ်ကိုင်ထားလေသည်။ ယခုအချိန်တွင် သူမ ပြောမပြတတ်လောက်အောင်ပင် စိတ်လှုပ်ရှားနေ၏။

“ အင်း.. အခုမှ မှန်တယ်…”

ရွှမ်ယီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ကုယီယီအား ပျော်စရာကောင်းဟန်ဖြင့် ကြည့်ပြီး မေးလိုက်သည်။

“ ငါဘာလို့ မင်းကိုရွေးချယ်ခဲ့လဲဆိုတာ သိလား...? “

“ ကျွန်မက တုံးပါတယ်…ဒါကြောင့် မသိပါဘူး….”

ရွှမ်ယီက အဖြေကိုချက်ချင်းမပေးခဲ့ပေ။ ထိုအစား သူက

“ ကမ္ဘာပေါ်မှာ မီးနဲ့ အလွန်လိုက်ဖက်ညီတဲ့ မီးဝိညာဉ်ခန္ဓာကိုယ် ၊ ဓားသိုင်းတွေနဲ့ အရမ်းသင့်လျော်တဲ့ ဓားဝိညာဉ်ခန္ဓာကိုယ် ၊ သဘာ၀လျှပ်စီးခန္ဓာကိုယ် အစရှိတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်အမျိုးမျိူရှိတယ်…. အဲ့လို ခန္ဓာကိုယ်တွေပိုင်ဆိုင်ထားတဲ့လူတွေက သံသယရှိစရာမလိုအောင် ကောင်းကင်ဘုံရဲ့ ချစ်ခင်ခြင်းကိုခံရတဲ့လူတွေပဲ…. အဲ့လိုလူတွေကလည်း အရမ်းရှားတယ်….”

“ ငါသိသလောက်ကတော့ ကောင်ကင်လေနိုင်ငံရဲ့ တတိယမင်းသားကလည်း အဲ့ဒီလူတွေထဲက တစ်ယောက်ပဲ… သူက ကြယ်ဝိညာဉ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်…. ဒီတစ်နိုင်ငံလုံးမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာ သူကလွဲပြီး နောက်တစ်ယောက်မရှိသေးဘူး….”

“ အဲ့ဒီခန္ဓာကိုယ်တွေထဲက တချို့က မွေးကတည်းက နိုးထနေတာမျိုးတွေလည်းရှိတယ်… ဒါပေမယ့် တချို့ကကြတော့ အထူးစိတ်ဝိညာဉ်ပစ္စည်းတွေကို အသုံးပြုပြီး နိုးထအောင်လုပ်ရလေ့ရှိတယ်….”

“ ကောင်းပြီ… ဒီလောက်ဆိုရင် မင်းကိုငါ ဘာလို့တပည့်အဖြစ်ရွေးချယ်ခဲ့လဲဆိုတာ မင်းနားလည်လောက်ပြီ….”

ရွှမ်ယီက တိုက်ရိုက်မပြောပြလိုက်ဘဲ သူ့စကား၏ နောက်မှ အဓိပ္ပါယ်များကို ကုယီယီအား ကိုယ်တိုင်တွေးတောခွင့်ပေးခဲ့သည်။

“ ဆရာ… ကျွန်မမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိတယ်လို့ ဆရာဆိုလိုတာလား….? “

ကုယီယီနှုတ် နှုတ်ခမ်းလေးများအနည်းငယ်ပွင့်အာသွားပြီး မယုံကြည်နိုင်စရာကိစ္စတစ်ခုအားကြားလိုက်ရသကဲ့သို့ဖြစ်‌သွားသည်။

ဤစကားများအား အခြားတစ်ယောက်သာ သူမကိုလာပြောလျှင် လိမ်နေသည်ဟုသာ ယူဆလိုက်မည်ဖြစ်ပြီး ရွှမ်ယီ၏ ပါးစပ်မှထွက်လာသည်ဖြစ်ရာ အမှန်တရားသာဖြစ်ရပေလိမ့်မည်။

“ ငါ့… ငါ့မှာ စိတ်ဝိညာဉ် ခန္ဓာကိုယ်ရှိတယ်….”

ကုယီယီ အလွန်တုန်လှုပ်သွားခဲ့ရသည်။

“ အမှန်ဘဲ….မင်းမှာရှိနေတဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ရေခဲဝိညာဉ်ခန္ဓာကိုယ်လို့ခေါ်တယ်... လောလောဆယ်မှာတော့ အဲ့တာက မနိုးထသေးဘူး… အဲ့တာကို နိုးထစေဖို့အတွက် ရေခဲဝိညာဉ်မြက်လိုတယ်…ရေခဲဝိညာဉ်မြက်က အဆင့်မြင့်စိတ်ဝိညာဉ်‌ဆေးပင်မဟုတ်ပေမယ့် ရှာတွေ့ဖို့တော်တော်လေးခက်တဲ့ဆေးပင်ပဲ…..”

“ ဒါပေမယ့် ဒီကိစ္စအတွက်စိတ်ပူနေစရာမလိုဘူး… မင်းက ငါ့တပည့်ဖြစ်သွားပြီပဲ… သဘာ၀အတိုင်း ငါကရှာပေးမှာပေါ့….”

“ ဆရာ…”

ကုယီယီအတော်လေးတုန်လှုပ်သွားခဲ့၏။

“ အရမ်းစိတ်လှုပ်ရှားမနေပါနဲ့… မင်းမှာ စိတ်ဝိညာဉ်ခန္ဓာကိုယ်ရှိတယ်….မင်းရဲ့ ပါရမီက ကောင်းကင်လေတစ်နိုင်ငံလုံး နဲ့ ချင် နယ်မြေတစ်ခုလုံးမှာ ထိပ်ဆုံးကပါ၀င်တယ်… ဒီတော့ ငါ့ကိုစိတ်မပျက်စေနဲ့ ဟုတ်ပြီလား….”

ရွှမ်ယီက ကုယီယီအား အများကြီးမျှော်လင့်ထားသည်။ ရေခဲဝိညာဉ်ခန္ဓာကိုယ်နိုးထလာပါက သူမ၏ပါရမီမှာ သူ၏အခြားတပည့်နှစ်ယောက်ဖြစ်သော လင်းဇီရင် နှင့် ၀မ်ဟူ တို့ထက်သာလွန်သွားမည်ဖြစ်သည်။

ကုယီယီ၏ ပါရမီနှင့်ဆိုလျှင် သူမသည် စိတ်ဝိညာဉ်‌ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ လင်းဇီရင်ထက် ဦးစွာရောက်သွားသည်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ ဒါမှမဟုတ် ထိုအဆင့်တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်သွားသည်လည်း ဖြစ်နိုင်ပေသည်။

“ စိတ်ချပါ ဆရာ… ကျွန်မ ဆရာ့ကို စိတ်မပျက်စေရဘူး…”

ကုယီယီက ရွှမ်ယီအပေါ်တွင် ကြည်ညိုလေးစားသည်ထက် အလွန်အမင်းကျေးဇူးတင်နေမိသည်။

ရွှမ်ယီကြောင့်သာ မဟုတ်ပါက သူမ အပါအ၀င် ကုမိသားစုတစ်ခုလုံးအား အဘယ်ကဲ့သို့ ကံကြမ္မာမျိုးက စောင့်မျှော်နေမည်မှန်း မသိနိုင်ချေ။

“ အိုး.. ဒါနဲ့ မင်းမှာ စီနီယာအစ်ကိုတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိတယ်… စီနီယာအစ်ကို နာမည်က ၀မ်ဟူလို့ခေါ်တယ် ပြီးတော့ စီနီယာအစ်မနာမည်က လင်းဇီရင်ပဲ….အခုတော့ သူတို့နှစ်ယောက်လုံး လေ့ကျင့်ဖို့ဂိုဏ်းအပြင်ကိုထွက်သွားကြတယ်… သူတို့ပြန်ရောက်မှ မင်းကို သူတို့နဲ့မိတ်ဆက်ပေးမယ်….”

“ အဲ့အချိန်တွေအတွင်းမှာတော့ မင်း လိပ်နက်တောင်ထိပ်မှာပဲ လေ့ကျင့်နေခဲ့လိုက်…. ငါက ရေခဲဝိညာဉ်မြက်ရှာဖို့အတွက် အပြင်ကိုသွားရမယ်….”

“ ဆရာ ၊ ကျွန်မ… ကျွန်မ ကုမိသားစုကို အရင်ဆုံးပြန်ရမှာ စိုးရိမ်မိတယ်….”

ကုယီယီက အနည်းငယ်ရှက်နေပြီး သူမ၏ မျက်မှာလေးမှာလည်း နီရဲနေသည်။

ရွှမ်ယီ၏ နားမလည်သော အကြည့်များအား မြင်လိုက်လျှင်

“ ဒါက ဒီလိုပါဆရာ….”

သူမက ဖြစ်စဉ် အစမှအဆုံးထိ အကျဉ်းချုပ်၍ လျင်မြန်စွာ ရှင်းပြလိုက်၏။

“ ခြောက်သွေ့သစ်သားဂိတ်…? “

ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူဤနာမည်အား ယခင်ကလည်းကြားဖူးပေသည်။ ထိုဂိုဏ်းက ကျန်းနန်ပြည်နယ်တွင် အလွန်နာမည်ကြီး၏။ နက်နဲဓားဂိုဏ်းထက်ပင် ပို၍ နာမည်ကြီးသည်။

ပြောရမည်ဆိုလျှင် ထိုနာမည်ကြီးသည်ဟူသောကိစ္စမှာ ကောင်းသောကိစ္စနှင့် နာမည်ကြီးခြင်းမျိုးမဟုတ်ချေ။

ဂိုဏ်းချုပ်သည်လည်း လူကောင်းတစ်ယောက်မဟုတ်ပေ။ ထိုသူသာ စွမ်းအားမကောင်းပါက သတ်ဖြတ်ခံရသည်မှာ ကြာချေရော့မည်။

“ အင်း.. ဒီလိုဆိုရင် ငါမင်းနဲ့အတူ လခြမ်းမြို့ကိုလိုက်ခဲ့မယ်… ခြောက်သွေ့သစ်သားဂိတ်က မင်းကိုထိရဲလားဆိုတာလည်း ကြည့်ချင်သေးတယ်…”

“ သူတို့ ဘာမှမလုပ်ရဲတာက အကောင်းဆုံးပဲဖြစ်လိမ့်မယ်… မဟုတ်ရင် ‌ခြောက်သွေ့သစ်သားဂိတ် ဒီကမ္ဘာပေါ်မှာ ဆက်ပြီးရှိနေဖို့မလိုတော့ဘူး….”

ရွှမ်ယီ၏ အသံမှာ ကျယ်လောင်ခြင်းမရှိသော်လည်း လွှမ်းမိုးနိုင်စွမ်းအပြည့်ရှိသည်။

နက်နဲဓားဂိုဏ်းက ၎င်းတို့၏ တပည့်များအား အကာအကွာပေးခြင်းဖြင့်ကျော်ကြားပြီး ရွှမ်ယီက ထိုသူများထက်ပင် ပိုသေးသည်။

“ အာ.. ဆရာလည်းလိုက်မှာလား….”

အစတုန်းက ကုယီယီအနေဖြင့် လခြမ်းမြို့သို့ အရင်ပြန်ရမည့်အကြောင်းအရင်းအား ရွှမ်ယီအား ရှင်းပြရုံသာရှင်းပြရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် သူမ၏ ဆရာက သူမနှင့်အတူ လိုက်ရန်ပြောမည်ဟု မမျှော်လင့်ထားခဲ့ချေ။

“ အင်း.. ဟုတ်တယ် ငါလည်း ရေခဲဝိညာဉ်မြက်ရှာဖို့ သွားမယ့်ကိစ္စရှိတော့ တခါတည်းလိုက်မလို့ပဲ….”

သူက ရေခဲဝိညာဉ်မြက်အားရှာရန်လိုက်မည်မှာ မှန်သော်လည်း အဓိကက ကုယီယီ၏ လုံခြုံရေးအတွက်ဖြစ်သည်။ သူမကဲသို့ ပါရမီကောင်းမွန်သည့် တပည့်တစ်ဦးအား တွေ့ရန်မလွယ်ကူရာ သူမအား အန္တရာယ်အဖြစ်ခံနိုင်မည်မဟုတ်ပေ။

နက်နဲဓားဂိုဏ်းက ‌ခြောက်သွေ့သစ်သားဂိတ်ထက် သန်မာသော်လည်း သူ၏ အမည်က ၎င်းတို့အား ဟန့်တားနိုင်မည်ဟု တစ်ထစ်ချတည်းအာမခံရန်မဖြစ်နိုင်ချေ။ ခြောက်သွေ့သစ်သားဂိတ်တွင် ရူးကြောင်ကြောင်လူများ အလွန်ပေါပေသည်။

All Chapters