← Chapters

ရင်းနှီးသူ တစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 1 Ch. 15

ရင်းနှီးသူ တစ်ယောက်နှင့် တွေ့ဆုံခြင်း

Vol. 1 Ch. 15

သဲဝါတောင်ကြောတွင် ဓားပြများရှိနေပြီး အလွန်အန္တရာယ်များ ကြောင်းလူတိုင်း သိထားကြသည်။ သို့သော် သူတို့ကိုယ်တိုင် ဝင်လာပြီးမှ ထိုနေရာ၌ အန္တရာယ်များ စိတ်ကူးမယဉ်နိုင်အောင် ရှိကြောင်းနားလည်သွားလေ့ ရှိကြသည်။

သူတို့ သဲဝါတောင်ကြောသို့ ရောက်လာသည်နှင့် အနီးအနားသို့လှမ်းကြည့်မိလိုက်ကြသည်။ ထိုနေရာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပေါ်နေ၏။

သေးငယ်သောတိုက်ပွဲ တစ်ခုမဟုတ်ချေ။ လူပေါင်းရာနှင့်ချီ၍ ရှိနေပြီး လူသေအလောင်းများစွာ ကိုလည်းမြင်တွေ့နေရ၏။

ဤသည်ကိုကြည့်လျှင် ကုန်သည်အုပ်စုမှာ ဓားပြအုပ်စုနှင့် တည့်တည့်တိုးခြင်းသာဖြစ်ရပေမည်။ မည်သို့ပင်ဆိုစေကာမူ ဓားပြအရေအတွက်မှာ အလွန်များပြားလှသည်။

ရွှမ်ယီက ပေါ့ပေါ့ပါးပါးတစ်ချက် ငုံ့ကြည့်လိုက်ပြီး ထိုကုန်သည်အုပ်စု ဇာတ်သိမ်းတော့မည်ဖြစ်ကြောင်းသိရှိလိုက်သည်။

ဓားပြအရေအတွက်မှာ ကုန်သည်အုပ်စုနှင့်ယှဉ်လျှင် သုံးပုံတစ်ပုံလောက်သာရှိသော်လည်း ၎င်းတို့အားလုံးကျွမ်းကျင်သူများဖြစ်ကြ၏။

လူတစ်ဒါဇင်ကျော်လောက်ထဲမှအနိမ့်ဆုံးမှာ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၇)ဖြစ်သည်။

အဆင့်အမြင့်ဆုံးလူကမူ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)သို့ရောက်နေပြီဖြစ်ပြီး ဤဓားပြအဖွဲ့မှာ တချို့နေရာများမှ မိသားစုများနှင့်ပင် ယှဉ်နိုင်စွမ်းရှိသည်။

လခြမ်းမြို့ရှိ အသန်မာဆုံးမိသားစုဖြစ်သည့် ဝမ်မိသားစု၌ပင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅) အထွတ်အထိပ်အဆင့်သာရှိသည်ကို သိထားရန်လိုအပ်သည်။

ရွှမ်ယီက သာမန်သာတစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်တော့သည်။

သွားပြီးတော့ ကူညီပေးရမှာလား…?

သူသည် သူတော်စင်တစ်ယောက်မဟုတ်ချေ။

ရွှမ်ယီက သူသည်လူဆိုးမဟုတ်သလို လူကောင်းတစ်ယောက်လည်း မဟုတ်ကြောင်း သူ့ကိုယ်သူနားလည်ထား၏။

သို့သော်အခြားတစ်ဖက်တွင်မူ ကုယီယီနှင့် ကုမိသားစုမှလူငယ်များ၏ မျက်ဝန်းများ၌ ထိုမြင်ကွင်းအားကြည့်ကာ မခံမရပ်နိုင်ဖြစ်နေကြသည်။

“ ကိုယ်ချင်းစာစိတ်တွေကို မြောင်းထဲဝဲပစ်လိုက်… ဒီကမ္ဘာပေါ်မှာ ကြင်နာတတ်တဲ့လူအများစုက အသေစောလေ့ရှိတယ်….”

ရွှမ်ယီက ကုယီယီအား ကြည့်ရင်းပြောလိုက်သည်။

ရွှမ်ယီက အခြားလူများအား စိတ်ထဲမထားပေမယ့် သူတပည့်ဤကိစ္စမျိုးနှင့် တစ်နေ့သေဆုံးသွားမည်ကို မလိုချင်ပေ။

“ အကြီးအကဲရွှမ်ပြောတာမှန်တယ်… မင်းတို့က ငယ်သေးတော့ အပြင်လောကကအန္တရာယ်တွေကို မကြုံဖူးကြသေးဘူး….”

ဒုတိယအကြီးအကဲက ဝင်၍ ထောက်ခံစကားဆိုလိုက်သည်။

ရွှမ်ယီ၏အသွင်အပြင်ကြောင့် သဲဝါတောင်ကြောရှိလူအနည်းစု၏ အာရုံကိုဆွဲဆောင်မိသွားပြီး မနီးမဝေးရှိ ကုန်သည်အဖွဲ့နှင့် ဓားပြအဖွဲ့လည်း အပါအဝင်ဖြစ်သည်။

ကြက်သွေးမီးတောက်စာကလေးက ၎င်း၏အတောင်များကို တစ်ချက်ခတ်လိုက်တိုင်း လေပြင်းများပြင်းထန်စွာထွက်ပေါ်လာ၏။ ဤကဲ့သို့ကြီးမားသည့် လှုပ်ရှားမှုမျိုးကြောင့် လူအများ၏ အာရုံအားဆွဲဆောင်မိရန်မခက်ခဲချေ။

အခွင့်အရေးအား စောင့်မျှော်နေကြသည့် ဓားပြအချို့က အားလုံးမော့ကြည့်လိုက်ကြသည်။

“ ကျွတ်…မာနကြီးလိုက်တာ…အဲ့ကောင်တွေ အရှိန်ကိုလျော့ဖို့ စိတ်ကူးမရှိဘူး…ဒါငါတို့ကို ပလိန်းကြီးစော်ကားလိုက်တာပဲ….”

လက်ထဲတွင်ဓားစာခံ ဖမ်းဆီးထားခြင်းမရှိသည့် ဓားပြအချို့က ဒေါသတကြီးပြောလိုက်သည်။

သို့သော် ထိုသူ့စကားဆုံးသည်နှင့် ဓားပြခေါင်းဆောင်၏ ဆဲဆိုခြင်းအားခံလိုက်ရသည်။

“ ဒါဆို မင်းမျက်နှာကို ငါရိုက်ရင်ကော ဘာဖြစ်မလဲ…?ပျံသန်းနေတဲ့နတ်ဆိုးသားရဲက ဘာကောင်လဲဆိုတာကိုရော မင်းသိလား….”

ထိုငတုံးအားကြည့်ကာ ခေါင်းဆောင်၏ လေသံတွင် လှောင်ပြောင်သံများပါဝင်နေပေသည်။

“ ကျုပ်သူ့ကိုတော့ မသိဘူး… ဒါပေမယ့် အဲ့တာက ပျံသန်းနေတဲ့ နတ်ဆိုးသားရဲတစ်ကောင်ပဲလေ….”

ခေါင်းဆောင်၏ စကားနှင့် လေသံက သူ့အားတွန့်ဆုတ်သွားစေခဲ့သည်။

ဒီပျံသန်းနေတဲ့နတ်ဆိုးသားရဲကို သူကောင်းကောင်းသိနေတာများလား…?

“ အဲ့တာ သာမန်ပျံသန်းနိုင်တဲ့နတ်ဆိုးသားရဲမဟုတ်ဘူး….အဲ့ဒီ ကြက်သွေးမီးတောက်စာကလေးက မင်းကိုလာသတ်လိမ့်မယ်…”

ခေါင်းဆောင်ဖြစ်သူက စိတ်ပျက်လက်ပျက်နှင့်ပြောလိုက်၏။

သူ့လက်အောက်ငယ်သားများမှာ အမြင်စူးရှမှုလုံး၀မရှိချေ။ သူသာ၀င်မပြောလျှင် လုယက်ရန် အပေါ်သို့လိုက်တက်သွားပေလိမ့်မည်။

ဤအကောင်များမှာ တုံးအလွန်းလှသည်။ထိုလူများ မောက်မာစွာပျံသန်းဝံ့သည်မှာ သူတို့၏ခွန်အားအပေါ်အကြွင်းမဲ့ယုံကြည်သောကြောင့်ဖြစ်ရပေမည်။ သူတို့အနေဖြင့် သဲဝါတောင်ကြောမှဓားပြများအား ခေါင်းထဲပင်ထည့်ထားဟန်မတူပေ။

ထိုအရာအား ချဲ့ကားသည်ဟု ခေါ်၍ရမည်လော…?

“ ကြက်သွေးမီးတောက်စာကလေးဆိုတာ ပျံသန်းနိုင်တဲ့နတ်ဆိုးသားရဲတွေထဲမှာတောင်မှ အလွန်ရှားပါးတယ်… အဲ့အကောင်တွေအရွယ်ရောက်လာရင် အားအနည်းဆုံးဆိုတဲ့အကောင်တောင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)မှာရှိတယ်… မင်းတို့ကောင်တွေ အားနေရင် စာများများဖတ်… ငါကိုလာပြီးဒုက္ခမပေးနဲ့…..”

ရိုးသားစွာပြောရမည်ဆိုလျှင် ဓားပြခေါင်း‌ဆောင် ထိတ်လန့်သွားခဲ့သည်။

သားရဲတောင်မှ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)ဆိုလျှင် အပေါ်မှ လူက မည်မျှသန်မာပေလိမ့်မည်နည်း…?

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၉)လား…? အခြေတည်ဝိညာဉ်အဆင့်ပင်ဖြစ်နိုင်ချေရှိသည်။

“ ဘာ…? အဲ့ဒီ အနီရောင်အမွေးနဲ့ ငှက်က စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)တဲ့လား…? “

ဓားပြများ အလွန်ထိတ်လန့်သွားခဲ့ကြသည်။

၎င်းတို့ အသာထား သဲဝါတောင်ကြောရှိ အသန်မာဆုံးဓားပြအဖွဲ့သည်ပင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)အား စော်ကားရဲခြင်းမရှိချေ။

“ မင်း ဘယ်လိုထင်လို့လဲ…? “

ခေါင်းဆောင်က ဒေါသတကြီးပြောလိုက်၏။

ကြက်သွေးမီးတောက်စာကလေးမှာ အဆင့်မြင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ဖြစ်ပြီး သူ၏အရှိန်မှာ အလွန်းအမင်းမြန်ဆန်ပေသည်။ ထိုအရှိန်ဖြင့် သဲဝါတောင်ကြောအား ဖြတ်သန်းရန် နာရီအနည်းငယ်သာကြာပေလိမ့်မည်။

အနောက်သို့ပြန်ကြည့်လျှင် သူတို့ အလာတုန်းက သဲဝါတောင်ကြောအားဖြတ်သန်းရန် အချိန်တစ်ပတ်နီးပါးကြာခဲ့သည်။ သို့သော် ယခုတွင်မူ နာရီအနည်းငယ်သာလိုအပ်၏…..

“ ဟင်…? “

ကြက်သွေးမီးတောက်စာကလေးပျံသန်းနေစဉ်အတွင်း ရွှမ်ယီက သူ့ဘေးမှ နူးညံ့သောအော်သံလေးအားကြားလိုက်ရ၏။

“ အစ်မ ချင်းမန်…? ဒုတိယအကြီးအကဲ…ကြည့်ပါဦး…! အဲ့တာ အစ်မချင်းမန် မဟုတ်ဘူးလား…? “

စကားပြောလိုက်သည်မှာ ကုယီယီဖြစ်၏။ သူမသည် အောက်ရှိ တိုက်ပွဲနေရာတစ်ခုအား ညွှန်ပြပြီး အော်ပြောလိုက်သည်။

ကြက်သွေးမီးတောက်စာကလေးက သခင်ဖြစ်သူ၏ ခံစားချက်များအား နားလည်ဟန်ဖြင့် တဖြည်းဖြည်းအရှိန်လျော့သွားခဲ့သည်။

ထိုအချိန်တွင် ရွှမ်ယီတို့အုပ်စုနှင့် မဝေးကွာသောနေရာ၌ တိုက်ပွဲတစ်ခုဖြစ်နေ၏။ မဟုတ်ဘူး… ထိုအရာက တိုက်ပွဲမဟုတ်ပါ။ တဖက်သတ်တိုက်ခိုက်ခြင်းဟုပြောလျှင် ပိုမှန်ပေလိမ့်မည်။

လူသုံးယောက်ရှိသည်။ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးနှစ်ဦးဖြစ်ပြီး ဓားပြအုပ်စုတစ်ခု၏ ၀န်းရံတိုက်ခိုက်ခြင်းကိုခံနေရ၏။

ကုယီယီက လက်ထဲတွင် ဇီသာကိုင်ထားသည့်အမျိုးသမီးအား ညွှန်ပြလျက်ပြောလိုက်ခြင်းဖြစ်သည်။ သူမ၏ အဖြူရောင်၀တ်စုံမှာ သွေးများကြောင့် အနီရောင်ပြောင်းနေခဲ့ချေပြီ။ သူမသည် လက်တွင်းရှိ ဇီသာကြိုးများကိုတီးခတ်ပြီး ပတ်၀န်းကျင်ရှိ ဓားပြများကို အသံလှိုင်းများဖြင့် တိုက်ခိုက်နေခဲ့သည်။

“ တကယ်လား…! “

ဒုတိယအကြီးအကဲက အာရုံစိုက်ပြီးလှမ်းကြည့်လိုက်သည်။

“ အစ်မ ချင်းမန် အသက်ရှင်နေသေးတယ်…! “

“ လွန်ခဲ့တဲ့ (၃)နှစ်က သူမပျောက်သွားခဲ့တယ် ၊ ကြားထဲ ဘာသတင်းမှမကြားခဲ့ရဘူး ၊ ငါထင်ခဲ့တာ သူမ…..”

ကုယီယီညွှန်ပြသည်ကို ကြည့်လိုက်ကြပြီးနောက် ကုမိသားစုမှ လူအားလုံး ဇီသာကိုင်ထားသည့်အမျိုးသမီးအား မှတ်မိသွားကြသည်။

အစ်ချင်းမန် ဆိုသည့် မိန်းကလေး၏ အမည်အပြည့်အစုံမှာ ကုချင်းမန်ဖြစ်ပြီး သူမအား ဂျီဂျီဟုလည်းခေါ်ကြသည်။ ကုချင်းမန်က ကုယီယီ ၊ ကုလန် နှင့် အခြားသူများထက် အသက် (၅)နှစ် (၆)နှစ်ခန့်ကြီးပြီး ယခင်မျိုးဆက်မှ လူငယ်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ သူမကဲ့သို့ ပါရမီရှင်တစ်ဦးမှာ လွန်ခဲ့သည့် (၃)နှစ်က ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သတင်းအစအနပင်မကြားခဲ့ရချေ။

ကုမိသာစုက တတ်နိုင်သမျှနည်းလမ်းပေါင်းစုံသုံးကာ ရှာဖွေခဲ့ကြသော်လည်း သူမအား မတွေ့ခဲ့ရပေ။ ကြည့်ရသည်မှာ အငွေ့ပျံသွားသကဲ့သို့ပင်။

သုံးနှစ်ကုန်လွန်သွားခဲ့ချေပြီ။ ကုမိသားစုမှ လူတိုင်းက ကုချင်းမန်သေဆုံးသွားပြီးဟု၍ ထင်မှတ်ခဲ့ကြသည် ၊ သူတို့အနေဖြင့် လက်မခံချင်သော်လည်း အခြားရွေးချယ်စရာမရှိချေ။

။

All Chapters