တိုက်ခိုက်မှုတစ်ခု
Vol. 2 Ch. 19
“ အခြေတည်ဝိညာဉ်…! သေချာတယ် သူက အခြေတည်ဝိညာဉ်အဆင့်ပဲ…! “
“ အခြေတည်ဝိညာဉ်အဆင့် ကျွမ်းကျင်သူပဲ…! အနက်ရောင်၀တ်စုံနဲ့လူကတော့ ဇာတ်သိမ်းပြီ…”
မရေမတွက်နိုင်သော လူများ၏ နှလုံးသားများ ပြုတ်ထွက်မတတ်ဖြစ်သွားခဲ့ရသည်။ ထိုဖိအားမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ ရှိနိုင်သော အရာမဟုတ်ချေ။
ဒီနေ့ ပရမ်းပတာမြို့မှာ ဘာတွေဖြစ်ပျက်နေတာလဲ…? ပထမဆုံး အနက်ရောင်၀တ်ရုံနဲ့ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)ဖြစ်နိုင်ချေရှိတဲ့လူတစ်ယောက်ပေါ်လာတယ်…!
ဒါပေမယ့် အခု အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက်တောင် ထွက်ပေါ်လာပြီ…!
အထူးသဖြင့် အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူများအား တော်ရုံတန်ရုံနှင့်တွေ့ရလေ့မရှိပေ။ ပရမ်းပတာမြို့၌ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ယောက် မမြင်ရသည်မှာ အတော်လေးကြာခဲ့ချေပြီ။
တစ်ချိန်တည်းတွင် မရေမတွက်နိုင်သောလူများ၏ စိတ်ထဲ၌ နှစ်ထောင်းအားရဖြစ်လာခဲ့ကြသည်။
အနက်ရောင်၀တ်ရုံဖြင့်အမျိုးသားကြောင့် သူတို့မကျေမနပ်ဖြစ်နေသည်မှာကြာချေပြီ။ ဟုတ်ပါတယ် ၊ သူတို့ မကျေမနပ်ဖြစ်နေလျှင်လည်း အပြင်သို့ထုတ်မပြဝံ့ဘဲ စိတ်ထဲတွင်သာသိမ်းထားနိုင်သည်။
သို့သော် ယခုတွင်မူ အနက်ရောက်၀တ်ရုံနှင့်အမျိုးသား သံပြားအားကန်မိပြီဖြစ်ရာ လူတိုင်း သူတို့နှလုံးသားထဲမှ ကြည်နူးမှုကိုခံစားနေရသည်။
‘ မင်းက အရမ်းအံ့ဩဖို့ကောင်းတယ်မလား…? ‘
‘ မင်းက အရမ်းမောက်မာတယ်မဟုတ်လား…? ‘
‘ အခု မင်း သံပြားကိုကန်မိပြီမဟုတ်လား…? ‘
‘ မင်းဘယ်လောက်ထိဆက်ပြီး မာနကြီးနိုင်သေးလဲ…? ဘယ်လောက်လွှမ်းမိုးနိုင်သေးလဲ…? ‘
ကျရောက်နေသည့် ပြင်းထန်သော ဖိအားတွင် သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခုပါ၀င်နေသည်။
၎င်းကို အနက်ရောင်၀တ်အမျိုးသားလည်း ရှင်းရှင်းလင်းလင်းခံစားမိခဲ့သည်။ ရုတ်တရက် သူ့နှလုံးသားတစ်လျှောက်အေးစက်သွားပြီး လက်များက အလျင်အမြန်လှုပ်ရှားသွားကာ ကျောက်စိမ်းစလစ်လေးတစ်ခုအား ချိုးဖျက်လိုက်သည်။ ပြီးနောက် အလင်းတန်းအသွင်ပြောင်းလျက် လေလံစံအိမ်မှထွက်ကာ မြို့အတွင်းသို့ အလျှင်အမြန်ရောက်သွားလေသည်။
ထို ကျောက်စိမ်းစလစ်မှာ အနက်၀တ်သက်လတ်ပိုင်းအမျိုးသား၏ အသက်ကယ်ဝှက်ဖဲတစ်ခုဖြစ်ပြီး ၎င်းအားရရှိရန် အတော်လေးကြိုးစားခဲ့ရသည်။
ကျောက်စိမ်းစလစ်အား ချိုးလိုက်သည်နှင့် အသုံးပြုသူ၏အလျင်ကို ရုတ်တရက်အဆပေါင်းများစွာမြှင့်တင်ပေးသည်။ မဖြစ်မနေအခြေအနေမဟုတ်ပါက သူ့အနေဖြင့် ကျောက်စိမ်းစလစ်အား အသုံးပြုလိုစိတ်မရှိပေ။ သူ့တွင် ထိုပစ္စည်းမျိုးတစ်ခုသာရှိပြီး သုံးပြီးသည်နှင့် ပျောက်ကွယ်သွားမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ထိုကျောက်စိမ်းစလစ်အား အခုချက်ချင်းမသုံးလျှင် နောက်ဘယ်တော့မှ အသုံးပြုရန် အခွင့်အရေးမရတော့မည်ကို စိုးရိမ်မိသည်။
ထိုကျောက်စိမ်းစလစ်မှာ မည်မျှပင်တန်ဖိုးကြီးကြီး သူ့အသက်က ပိုအရေးကြီးပေသည်။
‘ ဆွစ်ဝှ်…! ‘
အနက်ရောင်၀တ်သက်လတ်ပိုင်းလူက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၉)အစောပိုင်း ကျင့်ကြံသူဖြစ်ပြီး ကျောက်စိမ်းစလစ်အားချိုးလိုက်သည်နှင့် သူ၏ အရှိန်မှာ အဆများစွာတိုးသွားပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းနယ်ပယ်၏ ကန့်သတ်ချက်ကို အနည်းငယ်ကျော်လွန်သွားချေပြီ။
အသည်းအသန်ထွက်ပြေးသွားသော အနက်၀တ်သက်လတ်ပိုင်းလူ၏ ပုံရိပ်က မြို့တွင်းမှ ပညာရှင်များ၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။
ခမ်းနားသော ခြံ၀န်းတစ်ခုအတွင်းရှိ စစ်တုရင်ကစားနေသည့် အဘိုးအိုနှစ်ယောက် ချက်ချင်းမတ်တပ်ရပ်မိလိုက်ကြသည်။ဘသူတို့ မျက်မှောင်ကြုတ်ကာလှမ်းကြည့်လိုက်ပြီး ငွေရောင်အလင်းတန်းတစ်ခု မြို့တွင်းမှ ပြေးထွက်လာသည်ကိုတွေ့လိုက်ရ၏။
ထိုငွေရောင်အလင်းတန်းမှာ အနက်၀တ်သက်လတ်ပိုင်းလူဖြစ်ပေသည်။
“ အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်…”
အဘိုးအိုနှစ်ယောက်က ထိတ်လန့်နေသောမျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
၎င်းတို့နှစ်ဦးမှာ လေလံစံအိမ်ပိုင်ရှင်နှင့် နှိုင်းယှဉ်နိုင်သော တည်ရှိမှုများဖြစ်ပြီး ဤမြို့၌ ထိပ်တန်းအဆင့်မှရပ်တည်နေကြသူများဖြစ်၏။ သို့သော် ထိုအနက်၀တ်လူနှင့်နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သဘာ၀ကျစွာပင် အားနည်းလွန်းလှသည်။
အနက်၀တ်သက်လတ်ပိုင်းလူ၏ ခွန်းအားမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈) သို့မဟုတ် (၉)သာဖြစ်ရပေမည်။
ထိုလူထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက သူတို့အား ထိတ်လန့်သွားစေခဲ့သည် မဟုတ်ပါလား။
အဲ့ဒီအစား……….
သူတို့သာမမှားလျှင် ၊ ထိုအနက်၀တ်သက်လတ်ပိုင်းလူ….
ကြည့်ရတာ….
အသက်အတွက် ထွက်ပြေးနေတာလား….?
ထိုအဘိုအိုနှစ်ယောက်လုံး အံ့ဩမှင်သက်သွားခဲ့ရသည်။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းထိပ်ဆုံးအဆင့် ကျင့်ကြံသူက သူ့အသက်တွက် ထွက်ပြေးနေတာတဲ့လား….?
လူတိုင်း ထိတ်လန့်နေကြစဉ်တွင် ထွက်ပြေးနေသည့် အနက်၀တ်သက်လတ်ပိုင်း အမျိုးသားက မြို့တံခါးနားသို့ရောက်ရှိနေပြီဖြစ်၏။ မကြာမီ မြို့အတွင်းမှ ထွက်ခွာနိုင်တော့မည်ဖြစ်သည်။
ထိုအချိန်တွင် ပရမ်းပတာမြို့တစ်ခုလုံး မမေ့နိုင်လောက်မည့် မြင်ကွင်းတစ်ခုထွက်ပေါ်လာခဲ့လေသည်။
ပရမ်းပတာမြို့၏ ကောင်းကင်ယံထက်တွင် အလွန်ကြီးမားသည့် လက်ဖဝါးကြီးတစ်ခုက တိမ်များအားခွဲကာ အနက်၀တ်သက်လတ်ပိုင်းလူရှိရာဆီသို့ ကျဆင်းလာနေသည်။
ထို ဧရာမလက်ဖဝါးကြီးမှာ အများအမြင်တွင် နှေးကွေးနေဟန်ရသော်လည်း အမှန်တွင် အလွန်မြန်ဆန်လှသည်။ ကြီးလွန်းသောကြောင့် နှေးနေသည်ဟု ထင်ရခြင်းဖြစ်သည်။
အနက်၀တ်သက်လတ်ပိုင်းအမျိုးသားက တစ်ခုခုအားခံစားမိလိုက်ပြီး အပေါ်သို့မောကြည့်မိလိုက်သည်။ သူသာ မကြည့်မိလိုက်လျှင် ပို၍ကောင်းပေလိမ့်မည်။ သို့သော် မော့ကြည့်လိုက်ပြီးနောက် သူ၏ ဒူးများပင် ပျော့ခွေသွားခဲ့ရသည်။
အကြည့်တစ်ချက်မျှသာဖြစ်သော်လည်း သူတော့သွားပြီဖြစ်ကြောင်း သိလိုက်သည်။
ထို ဧရာမလက်ကြီးမှာ အလွန်ကြီးမားလွန်းပြီး လွတ်မြောက်ရန်မည်သို့ပင်ကြိုးစားပစေ ၎င်း၏ ဖိနှိပ်မှုအောက်မှ ရုန်းထွက်နိုင်ခဲ့ခြင်းမရှိချေ။
ဘုန်းးး…!
မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင်ပင် ထိုဧရာမ လက်ဖဝါးကြီးက မြေပြင်သို့ကျဆင်းသွားပြီး အနက်၀တ်သက်လတ်ပိုင်းအမျိုးသားအား အစအနပင်မကျန်အောင် ကြိတ်ချေပစ်လိုက်သည်။
အလွန်ကျယ်လောင်သောအသံကြီးက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားစေခဲ့သည်။
ထိုမြင်ကွင်းကြောင့် မြို့မှလူများအားလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူမှာ သူတို့၏ မျက်လုံးအတွင်း၌ ချိုးဖျက်၍ မရနိုင်သော တည်ရှိမှုမျိုးဖြစ်သည်။
ဒါပေမယ့်… အခု… သူတို့မျက်စိရှေ့မှောက်တွင် ပုရွက်ဆိတ်တစ်ကောင်အလား ရိုက်သတ်ခြင်းခံခဲ့ရသည်……
ထိုအချိန်တွင် လူအများစုက သူတို့၏ လက်ရှိဘ၀များနှင့်ပတ်သက်၍ သံသယ၀င်ကုန်ကြသည်။
လူအများစုတွင် ၎င်းတို့၏ ပါရမီကြောင့် အကန့်အသတ်နှင့်သာ တိုးတက်နိုင်သည်။ သူတို့၏ ဘ၀ပန်းတိုင်မှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ ရောက်ရှိရန်ဖြစ်၏။ သို့သော် လက်ရှိမြင်ကွင်းအရ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းသို့ရောက်လျှင်လည်း ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ရိုက်သတ်ခြင်းကိုခံရနိုင်ကြောင်း နားလည်သွားခဲ့ကြသည်။
ကျင့်ကြံနေရခြင်းရဲ့ အဓိပ္ပါယ်က ဘာများလဲ….?
သို့သော် ဤသံသယများက တစ်ခဏသာကြာခဲ့၏။
အနက်၀တ်သက်လတ်ပိုင်းအမျိုးသားက ထိတွေ့ရန်မဖြစ်နိုင်သည့် တည်ရှိမှုတစ်ခုအား စော်ကားမိပြီး ဇာတ်သိမ်းသွားခဲ့ချေပြီ။
“ အခြေတည်စိတ်ဝိညာဉ်အဆင့်…! “
မြို့တွင်းမှလူများက တဖြည်းဖြည်းချင်းပျောက်ကွယ်သွားနေသည့် စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် လက်ဖဝါးအားကြည့်ကာ အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်မိကြသည်။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈)ကျင့်ကြံသူအား အလွယ်တကူသတ်နိုင်သည်အား ထောက်ချင့်လျှင် ထိုသူမှာ အခြေတည်ဝိညာဉ်အဆင့်ဖြစ်ရပေမည်။
မြို့ထဲတွင်
ကုချင်းမန် နှင့် အခြားသူများ တည်းခိုခန်းအတွင်းမှ အလျင်အမြန်ပြေးထွက်လာခဲ့ကြပြီး အနက်၀တ်သက်လတ်ပိုင်းအမျိုးသား လေထဲမှ ရိုက်ချပြီးအသတ်ခံလိုက်ရသည်ကိုတွေ့ခဲ့ကြသည်။
ဒါ… စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) အထက် ကျင့်ကြံသူလေ…!
မည်သို့ပင်ဆိုစေကာမူ ထိုသူမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ထိပ်ဆုံးပိုင်းမှ ဖြစ်သည်…!
သူ ဒီတိုင်းအရိုက်ခံလိုက်ရပြီး သေသွားပြီလား…! ? “
ကုချင်းမန်၏ ဆရာသည်ပင်လျှင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈)သာရှိသေး၏။
“ အဲ့တာ ဆရာပဲ…! “
ကုယီယီက ရွှမ်ယီ၏ အငွေ့အသက်နှင့် အလွန်ရင်းနှီးသည့်အားလျော်စွာ အော်ဟစ်လိုက်မိသွားသည်။
ရွှမ်ယီ၏ တိုက်ခိုက်မှုအား သူမြင်ရသည်မှာ ယခုမှ ပထမဆုံးဖြစ်၏။ ယခင်က ရွှမ်ယီ အစွမ်းထက်ကြောင်းကိုသာသိပြီး မည်မျှအစွမ်းထက်ကြောင်းနားမလည်ခဲ့ပေ။
သို့သော် ယခု၌ ရွှမ်ယီ မည်မျှအစွမ်းထက်ကြောင်း သူမ အနည်းငယ်နားလည်လာပြီဖြစ်သည်။
ဒွန်လီ၏ ဆရာနှင့် အဆင့်ခြင်းတူသည် ကျွမ်းကျင်သူပင် သူမ ဆရာ၏ရှေ့တွင် ပုရွတ်ဆိတ်တစ်ကောင်ထက်မပိုချေ။
ဒွန်လီ၏ ဆရာက မည်ကဲ့သို့လူမျိုးနည်း…? ခြောက်သွေ့သစ်သားဂိတ်မှ အကြီးအကဲတစ်ဦးဖြစ်ပြီး စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၈) ထိပ်ဆုံးတွင်ရှိနေသူဖြစ်သည်။ ထိုအကြီးအကဲက ဒွန်လီနှင့်အတူ လခြမ်းမြို့သို့လိုက်လာမည်ဟု သိလိုက်ရစဉ်က ကုမိသားစုတစ်ခုလုံးအား အလွန်အမင်းထိတ်လန့်သွားစေခဲ့သည်။ အစွမ်းထက်သော မိသားစုတစ်ခုဖြစ်သော်ငြား အလွန်စိတ်ဒုက္ခရောက်ခဲ့ရသည်။
ရွှမ်ယီ၏ တပည့်ဖြစ်နေသော်လည်း ကုယီယီ၏ ထိတ်လန့်သွားမှုက ယခုအချိန်တွင် ကုချင်းမန် နှင့် အခြားသူများထက်မနိမ့်ပေ။
“ ဘာ…! ဒါ အကြီးအကဲရွှမ်ယီ လက်ချက်လား…? “
ကုချင်းမန်နှင့် အခြားသူများ အားလုံး ကုယီယီ၏ စကားအားကြားလျှင် တုန်လှုပ်သွားခဲ့ကြသည်။ သူတို့က ကုယီယီမဟုတ်ပေ။ ထိုအရှိန်အဝါအားမြင်ရုံနှင့် ရွှမ်ယီ၏ အရှိန်အဝါဖြစ်ကြောင်း ပြောနိုင်စွမ်းမရှိချေ။
ယခု ကုယီယီ၏ စကားအား ကြားလိုက်ရလျှင် သူတို့၏ ထိတ်လန့်မှုမှာ ပို၍ပင်တိုးလာခဲ့သည်။