← Chapters

ကောင်းကင်ဘုံက ငါတို့ကုမိသားစုကို ပျက်စီးစေချင်နေတာလား…?

Vol. 2 Ch. 20

ကောင်းကင်ဘုံက ငါတို့ကုမိသားစုကို ပျက်စီးစေချင်နေတာလား…?

Vol. 2 Ch. 20

ပရမ်းပတာမြို့တွင် တစ်ညတာအနားယူခဲ့ပြီးနောက် နောက်နေ့မနက်စောစော ထ၍ ခရီးဆက်ခဲ့ကြသည်။

မနေ့ကအဖြစ်အပျက်ကြောင့် ကုမိသားစုမှလူများအားလုံး ရွှမ်ယီကို ပို၍လေးစားလာခဲ့ကြသည်။ ကုယီယီတစ်ယောက် ရွှမ်ယီအား စကားအနည်းငယ်ပြောသူကလွဲလျှင် မည်သူမျှ အဆက်မသွယ်မလုပ်ဝံ့ကြချေ။

ရွှမ်ယီက ထိုအရာအားလုံးမြင်တွေ့ခဲ့သည်။

သို့သော်လည်း စိတ်မ၀င်စားချေ။ သူ့အား ဘယ်သူမှ လာအနှောက်အယှက်မပေးလျှင် အကောင်းဆုံးပင်။ ဤသို့ဖြင့် ကုယီယီ၏ ပို၍ အာရုံစိုက်ကာ သင်ကြားပေးနိုင်မည်ဖြစ်၏။

ရွှမ်ယီက ကုယီယီ၏ ခွန်အားကို တတ်နိုင်သမျှ မြှင့်တင်ပေးရန် ဆုံးဖြတ်ထားသည်။ ကုမိသားစုထံသို့ပြန်မရောက်မီ ကနဦးဓားရည်ရွယ်ချက်အား နားလည်နိုင်လျှင် အကောင်းဆုံးဖြစ်၏။

ဓားဝိညာဉ်မြက်မရှိလျှင်ပင် ရွှမ်ယီ၏ သင်ကြားမှုဖြင့် ကုယီယီ ကနဦးဓားရွယ်ချက်အား နားလည်နိုင်မည်ဖြစ်သော်လည်း ၎င်းအားရရှိလိုက်ခြင်းကြောင့်ကြာချိန်ကို များစွာလျှော့ချပေးနိုင်ခဲ့သည်။

ထိုအချိန်တွင် ကြက်သွေးမီးတောက်စာကလေး၏ နောက်ဖျားပိုင်းတွင်ထိုင်နေသည့် ကုယီယီ၏ မျက်လုံးကလေးများ တစ်ဖျတ်ဖျတ်ခတ်ကာ ပွင့်လာခဲ့သည်။ သူမ၏ အသွင်အပြင်မှာ အလွန်စိတ်လှုပ်ရှားနေဟန်ရ၏။

“ ဆရာ…. ကျွန်မ…”

ကုယီယီပြောနေစဉ် ရွှမ်ယီက ဖြတ်ပြောလိုက်သည်။

ရွှမ်ယီက ကုယီယီအားကြည့်လိုက်ပြီး ညင်သာစွာစကားဆိုလိုက်သည်။

“ အလျင်မလိုနဲ့… ငါတို့ လခြမ်းမြို့ ဒွန်မိသားစုက ပါရမီရှင်ဆိုတဲ့ကောင်လေးကို အံ့ဖွယ်တစ်ခု လက်ဆောင်ပေးလိုက်ကြတာပေါ့…”

ရွှမ်ယီက ကုယီယီမျက်လုံးများပွင့်လာသည့်နှင့် သူမ ကနဦးဓားရည်ရွယ်ချက်အား နားလည်သွားပြီဖြစ်ကြောင်းသိရှိလိုက်သည်။

ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်နှင့် ကနဦးဓားရည်ရွယ်ချက်အား နားလည်သူကို ကောင်ကင်လေတစ်နိုင်ငံလုံးပတ်ရှာလျှင်ပင် ကုယီယီမှလွဲ၍ အခြားတစ်ယောက်ရှိမည်မဟုတ်ပေ။

ကုယီယီသည် ကနဦးဓားရည်ရွယ်ချက်အားနားလည်ပြီးသည့်နောက် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄)၌ရှိနေသော်ငြား ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ ပြိုင်ဘက်ကင်းလုနီးပါးဖြစ်နေချေပြီ။ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၉)သည်ပင်လျှင် ဓားတစ်ချက်တည်းနှင့် ရှုံးနိမ့်သွားပေလိမ့်မည်။

အဆင့်ငါးဆင့်ခြောက်ဆင့်ခန့် ဖြတ်ကျော်တိုက်ခိုက်နိုင်သည်မှာ အလွန်ချဲ့ကားလွန်းရာကျနေသော်လည်း ကုယီယီက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်၌တွင်သာရှိနေသေးကြောင်း သတိချပ်ရပေမည်။ အဆင့်တက်လာလေ အဆင့်ကျော်တိုက်ခိုက်ရန် ပို၍ခက်ခဲလာလေဖြစ်သည်။

“ ငါတို့ရောက်ပြီ…”

ရွှမ်ယီ၏ မျက်လုံးရှေ့တွင် မြို့တစ်မြို့အား မြင်လိုက်ရသည်။

ထိုမြို့ကား လခြမ်းမြို့ဖြစ်၏။

လခြမ်းမြို့ ၊ ကုမိသားစုအခြေစိုက်ရာနေရာ။

မိသားစုခေါင်းဆောင်တစ်ယောက် ရှေ့နောက်ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည်။ ဤပုံစံဖြင့် အချိန်တော်တော်လေးကြာနေပြီဖြစ်၏။

ဟောခန်းမကြီး၏ ပတ်လည်၌ ကုမိသားစုမှ စီနီယာများအားလုံး ထိုင်နေကြသည်။

ထိုနေရာရှိ လေထုမှာလက်နက်မှုများဖြင့်ပြည့်နေ၏။

“ ခေါင်းဆောင်..! သူတို့ ပြန်ရောက်ပြီ…! ဒုတိယအကြီးအကဲ နဲ့ သခင်လေး ကုလန်တို့ပြန်ရောက်လာကြပြီ….*

ထိုအချိန်တွင် အလျင်လိုနေဟန်ဖြင့် ပုံရိပ်တစ်ခု ခန်းမထဲသို့ပြေး၀င်လာ၏။

ဟောခန်းမထဲရှိလူတိုင်း၀မ်းသာသွားကြပြီး ကုထျန်းချန်အပါအ၀င် လူတိုင်း ပြေးထွက်လာကြသည်။

ထွက်လာသူများ ဒုတိယအကြီးအကဲတို့အဖွဲ့နှင့် ဆုံတွေ့သွား၏။

သူတို့၏ အကြည့်များက ဒုတိယအကြီးအကဲအပေါ်တွင် ခဏသာကြာခဲ့ပြီး ကုလန်ဆီသို့ရောက်သွားကြသည်။

အဘယ်ကြောင့်ဆို့သော် နက်နဲဓားဂိုဏ်းသို့သွားကြသူများတွင် ကုလန်က အရည်အချင်းအရှိဆုံးကြောင့်ပင်။ အခြားသူများနှင့် ယှဉ်လျှင် ကုလန်တစ်ယောက်သာ နက်နဲဓားဂိုဏ်းသို့၀င်ခွင့်ရရန် မျှော်လင့်ချက်ရှိ၏။

“ အခြေအနေဘယ်လိုလဲ…? ကုလန် မင်းနက်နဲဓားဂိုဏ်းကို ၀င်နိုင်ခဲ့လား…? “

ကုထျန်းချန်က ဦးစွာ‌မေးလိုက်၏။

လူတိုင်း ကုလန်အား စိုးရိမ်တကြီးကြည့်နေကြစဉ် ကုလန်၏ အမူအရာမှာပြောင်းလဲသွားခဲ့သည်။

ထိုအချင်းအရာက ကုမိသားစုခေါင်းဆောင်အပါအ၀င် လူတိုင်း၏ နှလုံးသားကို တင်းကြပ်သွားစေခဲ့သည်။

“ လန်အာ.. ငါ့ကိုပြောပါ…! မင်း နက်နဲသောဓားဂိုဏ်းကို ၀င်နိုင်ခဲ့လား…? “

မဟာအကြီးအကဲကလည်း စိတ်လှုပ်ရှားစွာ ထပ်မံ၍ တိုက်တွန်းလိုက်၏။

“ မ၀င်.. မ၀င်နိုင်ခဲ့ဘူး…”

ကုလန်က အလွန်အမင်းရှက်ရွံ့နေဟန်ဖြင့် အံ့ကြိတ်ကာဖြေလိုက်သည်။

အုံးးးး…!

ထိုစကားအားကြားလျှင် ကုမိသားစုမှ လူတိုင်း နှလုံးသားကို သံတူကြီးတစ်ချောင်းနှင့် ထုနှက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရသည်။

‌ကောင်းကင်ကြီးတစ်ခုလုံး ပျက်စီးသွားသကဲ့သို့ပင်။

“ သွားပြီ.. ကောင်းကင်ဘုံကတောင် ငါတို့ကုမိသားစုကို ပျက်စီးစေချင်နေတာပဲ….! “

ပထမအကြီးအကဲက ကံကြမ္မာကိုလက်ခံလိုက်သည့်အလား သူ၏မျက်လုံးများကို မှိတ်ချလိုက်သည်။

“ ဘိုးဘေး.. စိတ်ပူမနေနဲ့… ကုလန်အရွေးမခံရပေမယ့် သခင်မလေး အရွေးခံခဲ့ရတယ်….”

……………………..

“ ဘာ…! ယီယီလား…? “

“ ဟုတ်တယ် အတိအကျ သခင်မလေးပဲ…”

“ အဲ့တာဘယ်လိုဖြစ်နိုင်မှာလဲ…? သခင်မလေးရဲ့ ပါရမီက သခင်လေးလန်နဲ့တောင် ယှဉ်လို့မရဘူးလေ….”

လူတိုင်း အံ့ဩလွန်း၍ ဘာပြောရမှန်းပင်မသိအောင်ဖြစ်သွားကြ၏။ကုလန်၏ ပါရမီမှာအလွန်ထူးချွန်ပြီး ကုမိသားစုသာမက လခြမ်းမြို့တစ်ခုလုံးတွင်ပါ နံပါတ်(၁)ဖြစ်သည်။

သို့သော် ယခုတွင်မူ…..

လခြမ်းမြို့၏ နံပါတ်(၁) ပါရမီရှင်အဖြစ်လူသိများသော ကုလန်၏ အရွေးချယ်မခံခဲ့ရဘဲ သူ့ထက် နိမ့်ကျသည့် သခင်မလေး ယီယီက အရွေးခံခဲ့ရတယ်….

ဒါက…………

ကုယီယီ၏ ပါရမီက အရမ်းမဆိုးလွန်းသော်လည်း ကုလန်နှင့်ယှဉ်လျှင် နိမ့်ကျနေသေးသည်။ ကုမိသားစု၌ပင် ထိပ်တန်းသုံးယောက်မ၀င်ခဲ့ပေ။

သို့ပေမယ့် မယုံနိုင်စရာကောင်းလောင်းသည့်။ အမှန်တရားက သူတို့ရှေ့မှောက်ရောက်နေပြီဖြစ်ပြီး မယုံ၍လည်းမရတော့ချေ။

“ ဒုတိယအကြီးအကဲ... ခင်ဗျား တကယ်ပြောနေတာလား…? “

ကုထျန်းချန်၏ လေသံမှာ တုန်ယင်နေ၏။ အစက ကုလန်အရွေးမခံခဲ့ရဟု ကြားလျှင် သူစ မျှော်လင့်ချက်များအားလုံးဆုံးရှုံးသွားခဲ့ပြီး ယခူ ဒုတိယအကြီးအကဲ၏ စကားကြောင့် မျှော်လင့်ချက်များ ပြန်လည်၍ မြင့်တက်လာခဲ့‌တော့သည်။

ဤကဲ့သို့ကိစ္စမျိုးအား ရယ်စရာအဖြစ်နောက်ပြောင်ရန် ပို၍ မသင့်ပေရာ ဒုတိယအကြီးအကဲ လိမ်နေခြင်းမဟုတ်ဟု နားလည်ထားသည့်တိုင် ထပ်မေးရုံကလွဲပြီး မတတ်နိုင်ခဲ့ချေ။

“ အတိအကျပဲ…”

ဒုတိယအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး

“ အဲ့တာအပြင် နက်နဲဓားဂိုဏ်းက အရမ်းအစွမ်းထက်တဲ့ အကြီးအကဲတစ်ယောက်ရဲ့ တပည့်လည်းဖြစ်ခဲ့သေးတယ်… ခေါင်းဆောင် … ကျုပ်တို့ ကုမိသားစု ကယ်တင်ခံရပြီ….”

ထိုစကားအားကြားလျှင် လူတိုင်း တဖန်ထပ်မံ၍ တုန်လှုပ်သွားကြပြန်သည်။

နက်နဲဓားဂိုဏ်းက အကြီးအကဲတစ်ယောက်…

ထိုအကြီးအကဲဟူသည့် စကားလုံး၏ အဓိပ္ပါယ်ကို သူတို့ ကောင်းစွာနားလည်ထားကြသည်။

နက်နဲဓားဂိုဏ်းက ကျန်းနန်စီရင်စုတွင် အသန်မာဆုံးမဟုတ်သော်လည်း ထိပ်တန်းစားရင်း၀င်နေဆဲပင်။

အကြီးအကဲဖြစ်လာမည့်သူများကလည်း စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်မြင့်အဆင့် ကျင့်ကြံသူများဖြစ်ရပေမည်။

ကုယီယီ…! သူမက ထိုကဲ့သို့လူမျိုးအားဆရာတင်နိုင်ခဲ့တယ်…!

“ ကောင်းတယ်… ကောင်းတယ်... အရမ်းကောင်းတယ်…”

ကုထျန်းချန်တစ်ယောက် အလွန်ပျော်ရွှင်နေခဲ့သည်။ ကံကောင်းစွာဖြင့် ကုမိသားစုပျက်စီးမည့်ဘေးဝေးခဲ့ချေပြီ။ သူသည်လည်း ကုမိသားစုက အပြစ်သားတစ်ယောက်မဖြစ်တော့ပေ။

“ မေ့တော့မလို့… ခေါင်းဆောင် ကျုပ်မိတ်ဆက်ပေးစရာရှိတယ်…ဒါက နက်နဲဓားဂိုဏ်းက အကြီးအကဲရွှမ်ပဲ ယီယီရဲ့ ဆရာလည်းဟုတ်တယ်… အခု ခြောက်သွေ့သစ်သားဂိတ်ရဲ့ပြသနာကို ဖြေရှင်းဖို့ ကိုယ်တိုင်လိုက်လာခဲ့တာ….”

အလွန်အမင်းစိတ်လှုပ်ရှားခဲ့ရပြီးနောက် ဒုတိယအကြီးအကဲက သူမှမပြောခင်မလုပ်ခင် ရွှမ်ယီအား အရင်ဆုံးမိတ်ဆက်ပေးရမည်ဖြစ်ကြောင်း သတိရသွားခဲ့သည်။

ယခုမှ ကုမိသားစု၀င်များ ကုယီယီ၏ ဘေးတွင်ရပ်နေသော လူငယ်အားသတိထားမိသွားကြသည်။

အစောပိုင်းတွင် လူတိုင်းက ကုလန်နှင့် ဒုတိယအကြီးအကဲအား အာရုံစိုက်နေကြပြီး ထိုလူငယ်၏ တည်ရှိမိအား လျစ်လျူရှုထားမိခဲ့ကြသည်။

ကုမိသားစုမှ လူတိုင်း ရွှမ်ယီအား သတိပြုမိချိန်၌ ထိတ်လန့်သွားခဲ့ကြရသည်။

ကုယီယီနဲ့ အသက်သိပ်ပြီးမကွာလောက်မဲ့ဒီလူငယ်လေးက နက်နဲဓားဂိုဏ်းရဲ့ အကြီးအကဲတဲ့လား…?

လူတွေကို ၎င်းတို့၏ အသွင်အပြင်နှင့် အကဲဖြတ်ရ၍ မရကြောင်း သူတို့နားလည်ထားသော်လည်း ရွှမ်ယီကမူ အလွန်ငယ်လွန်း…..

“ စီနီယာရွှမ် ကြိုဆိုပါတယ်ခင်ဗျာ….”

စကားအနည်းငယ်ပြောခဲ့ပြီးနောက် ရွှမ်ယီက ကုယီယီနှင့်အတူ ထွက်ခွာလာခဲ့လိုက်သည်။

ခရမ်းလမင်းနယ်မြေ မကြာမီဖွင့်တော့မည်။ ရွှမ်ယီသည် ကြားကာလ၌ ကုယီယီ၏ ခွန်အားကို တတ်နိုင်သမျှ အမြန်ဆုံးမြှင့်ပေးနိုင်ရန် ဆုံးဖြတ်ထားသည်။ ထိုမှာသာ ခရမ်းလမင်းနယ်မြေအတွင်း၌ သူမကိုယ်သူမ ကာကွယ်နိုင်မည်ဖြစ်၏။

ယခုတွင်မူ ကုယီယီ၏ ခွန်အားမှာ လုံလောက်ရန်ပင် အဝေးကြီးလိုသေးသည်။

………...............

ကုမိသားစုတွင် ယနေ့တစ်နေ့လုံး အံ့ဩမှင်သက်နေခဲ့ရသည်။

ပထမဆုံးအနေနှင့် ကုယီယီက နက်နဲဓားဂိုဏ်းကို၀င်ရောက်နိုင်ခဲ့ပြီး အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာခဲ့သည်။

ထို့အပြင် ကုချင်းမန်လည်း ပြန်ရောက်လာခဲ့၏။

ကုချင်းမန်က သူ၏ ဤနှစ်များတစ်လျှောက်ကြုံတွေ့ခဲ့ရသည်များအား ပြန်လည်၍ ရှင်းပြခဲ့သည်။

ကုချင်းမန်၏ ဆရာမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)တွင်ဖြစ်ကြောင်း သိရလျှင် ကုမိသားစု၀င်များ ပျော်လွန်း၍ ထကမတတ်ပင်။

နက်နဲဓားဂိုဏ်းမှ အကြီးအကဲရွှမ်.. နှင့် ကုချင်းမန်၏ ဆရာ..

သူတို့၏ ကုမိသားစု မြင့်တက်လာပေတော့မည်။

“ ဟုတ်သားပဲ.. ဒါနဲ့ ဒုတိယအကြီးအကဲ အကြီးအကဲရွှမ်က ဘယ်လောက်သန်မာလဲ…? ဘယ်သူက ပိုအားကောင်းလဲ…? “

ကုမိသားစုမှ မဟာအကြီးအကဲက မေးလိုက်သည်။

သူမေးလိုက်သည်နှင့် လူတိုင်း၏အကြည့်များ ဒုတိယအကြီးအကဲထံ စုပြုံသွားခဲ့သည်။

သူတို့အားလုံး ရွှမ်ယီ၏ ခွန်အားကို အလွန်သိချင်နေခဲ့ကြသည်။

ရွှမ်ယီက အလွန်ငယ်လွန်းသေးသည်။ ဒုတိယအကြီးအကဲသာမပြောပါက နက်နဲဓားဂိုဏ်းမှ အကြီးအကဲမှန်း သူတို့ တွေးမိမည်ပင်မဟုတ်ပေ။

“ ဟီးဟီး.. ခင်ဗျားတို့ ခန့်မှန်းကြည့်လေ…”

ဒုတိယအကြီးအကဲက အဓိပ္ပါရှိရှိရယ်ပြီးမေးလိုက်သည်။

“ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)…? “

နက်နဲဓား၏ အကြီးအကဲဖြစ်နိုင်သည့်သူမှာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်မြင့်ဖြစ်ရပေမည်။ အဆင့်မြင့်အဆင့်ဆိုသည်မှာ အဆင့်(၇)မှစ၏။

‌မှန်းလိုက်သူမှာ ငါးယောက်မြောက်အကြီးအကဲဖြစ်သည်။ ထိုစကားအားကြားလျှင် ဒုတိယအကြီးအကဲက ခေါင်းခါလိုက်၏။

“ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈)လား…? “

ဒုတိယအကြီးအကဲက မိသားစုခေါင်းဆောင်အားကြည့်ကာ ခေါင်းခါလိုက်ပြန်သည်။

“ ငါတို့ကို ကစား‌မနေနဲ့..! ပြောစရာရှိတာမြန်မြန်ပြော…”

ပထမအကြီးအကဲက စိတ်မရှည်တော့ပဲ အော်ဟစ်လိုက်သည်။

၎င်းအားမြင်လျှင် ဒုတိယအကြီးအကဲက ပါးပိတ်ပိတ်မထားတော့၍ မဖြစ်တော့ချေ။ သူက စကားလုံးသုံးလုံးသာပြောလိုက်၏။

“ အခြေတည်ဝိညာဉ်အဆင့်…”

“ …………….. “

အချိန်တစ်ဏကြာအောင် တိတ်ဆိတ်သွားခဲ့သည်။ ထိုကိစ္စအား ယခုမှသိသူများအားလုံး မျက်စိများပြူးကျယ်သွားပြီး တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်ဟန်များဖြင့် လှည့်ကြည့်လိုက်ကြသည်။

All Chapters