← Chapters

အခန်း (၂၄)

Vol. 2 Ch. 24

အခန်း (၂၄)

Vol. 2 Ch. 24

သို့သော် ထို ငြိမ်းချမ်းနေသည့်မြင်ကွင်းမှာ ရေရှည်မတည်တံ့ခဲ့ချေ။

ပြင်ပနယ်မြေမှ လူများ တစ်‌ယောက်ပြီးတစ်ယောက် ဆက်လက်ရောက်လာခဲ့ကြသည်။ ရွှမ်ယီ၏ သတိပေးချက်အား ကိုယ်တိုင်ကြားထားကြသူများက ကိုယ့်ကိုယ်ကို ထိန်းသိမ်းထားကြသေးသည်။ သို့သော အသစ်ရောက်လာသော လူများမှာ ရွှမ်ယီ၏ သတိပေးချက်အား မကြားခဲ့ကြချေ။ လခြမ်းမြို့တွင် အဆင့်မြင့်ကျင့်ကြံသူတစ်ယောက်က စည်းကမ်းများချမှတ်ထားကြောင်းသာ သိထားကြသည်။

ထိုအကြောင်းအား ကြားလျှင် အသစ်ရောက်လာသူများထဲမှ အချို့က ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

သို့သော် ထိုသတင်းအားကြားသော်လည် ခေါင်းထဲမထည့်သည့် လူတချို့လည်းရှိသည်။

သူတို့၏ စိတ်ထဲတွင် ဤမျှဝေးလံပြီး ချောင်ကျသည့်မြို့၌ ဘယ်အဆင့် ကျွမ်းကျင်သူမျိုး ရှိနိုင်မည်နည်း..?

ဒီနေရာက သာမန်လူတန်းစားတွေက ဘယ်လိုအမျိုးအစားကျွမ်းကျင်သူတွေကို မြင်ဖူးတာမို့လဲ…?

ထိုလူများ၏ အမြင်တွင် ချီအခြေခံတည်ဆောက်ခြင်းထက်မြင့်လျှင် ကျွမ်းကျင်သူဟု ခေါ်နေခြင်းလည်းဖြစ်နိုင်သည်။

ထိုလူများကမူ မိမိကိုယ်ကိုယ် ထိန်းသိမ်းထားရန် စိတ်ကူး လုံး၀မရှိချေ။

အချိန်တွေကုန်‌ဆုံးလာသည်နှင့်အမျှ ထိုမကောင်းသောလူများအား မည်သူမျှ ပြစ်ဒဏ်ချမှတ်လာခြင်းမရှိပေ။ အခြေတည်အဆင့်ကျွမ်းကျင်သူပြောခဲ့သော စကားများမှာ လေထဲသို့ပျောက်ကွယ်သွားသလိုပင်။

ဤသို့နှင့် ရွှမ်ယီ၏ သတိပေးမှုကြောင့် မိမိကိုယ်ကိုယ် ထိန်းသိမ်း၍နေနေကြသူများလည်း တစ်ဖန်ပြန်လည်၍ ဂျိုကြွလာကြပြန်သည်။

“ ခွေးလေး ကြောင်လေးတွေက ကျွမ်းကျင်သူလို့ အခေါ်ခံဖို့မထိုက်တန်ဘူးကွ… ဒီလို အမှိုက်မျိုးကို မင်းတို့က ကြောက်နေကြတယ်ပေါ့.. ဟဟ…”

“ ဘယ်လို ချီးသတိပေးချက်လဲ…? ငါချိုးဖောက်ခဲ့ပြီးပြီ… ဘယ်သူက ငါ့ကိုအရေးယူမှာလဲ…? “

“ ဒီစည်းမျဉ်းတွေကို သတ်မှတ်ထားတာ ဘယ်ကောင်လဲ…? သွားစမ်းပါ..! မင်းအခု ဒီမှာရှိနေရင် ထွက်ခဲ့လေ.. ငါ့ကိုလာသတ်လှည့်.. ဟားဟားဟား….”

ရက်အနည်းငယ်ကြာသွားသော်လည်း ထိုကျွမ်းကျင်သူဟု ခေါ်သည့်လူ ပေါ်မလာသည့်အတွက် နဂိုကပင် မောက်မာ ရိုင်းစိုင်းသူများမှာ ပို၍ပင် ရူးသွပ်လာကြတော့၏။

ရွှမ်ယီ၏ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာခဲ့သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း လခြမ်းမြို့၌ ဖြစ်ပျက်နေသည်များ အားလုံးကို ရွှမ်ယီ မြင်တွေ့ခဲ့ရသည်။

“ အချိန်ကျပြီ…”

“ ဆရာ… အချိန်က ဘာဖြစ်တာလဲ…? “

ဘေးတွင် ခြေချိတ်ထိုင်နေသည့် ကုယီယီက နားမလည်စွာမေးလိုက်၏။

“ အဲ့ကောင်တွေကို သူတို့သွားရမယ့်လမ်းပို့ပေးဖို့ အချိန်တန်ပြီလို့ပြောတာ….”

သူစကားပြောပြီးသည်နှင့် အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ လခြမ်းမြို့အထက်၌ ပြန်ပေါ်လာခဲ့သည်။

အုန်း…!!

တစ်ပြိုင်နက် အနှိုင်းမဲ့ကြီးမာလွန်းသည့် ဖိအားကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ဘုန်း…!!

ရုတ်တရက်ထွက်ပေါ်လာသည့် ဖိအားကြီးကြောင့် လူများစွာတို့၏ နှလုံးသားများ တုန်ယင်သွားခဲ့ရသည်။

“ မကောင်းတော့ဘူး..! အဲ့တာ ဟိုးရက်တွေက သတိပေးခဲ့တဲ့ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူပဲ… စီနီယာအစ်ကို ပြေးတော့…! “

လခြမ်းမြို့၏ တစ်နေရာ၌ လူငယ်တစ်ဦးက သူ၏ စီနီယာအစ်ကိုအား အော်ဟစ်သတိပေးလိုက်သည်။

ထိုသူသည် လခြမ်းမြို့သို့ ပထမအဖြတ်တွင် ရောက်ခဲ့သည့်အားလျော်စွာ ရွှမ်ယီ၏ သတိပေးချက်အား ကြားခဲ့ရပေသည်။

ဤရက်များအတွင်းတွင် သူသည် မည်သည့်စည်းကမ်းချိုးဖောက်သည့် အပြုအမူမျှမလုပ်ခဲ့ချေ။

သို့သော် သူ၏ စီနီယာအစ်ကိုကတော့ မဟုတ်ချေ။ ထိုလူသည် လခြမ်းမြို့သို့ နောက်မှရောက်လာပြီး သူ၏ သတိပေးချက်များအားလည်း နားမထောင်ခဲ့ပေ။

“ ဘန်း…! “

သူ့စကားသံဆုံးသွားသည်နှင့် မယုံနိုင်စကာမြင်ကွင်းတစ်ခုအား မျက်စိရှေ့တွင်မြင်လိုက်ရသည်။

“ အစ်.. အစ်ကို…”

ကောင်းကင်ထက်မှ ဓားအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး သူ့စီနီယာအစ်ကိုဖြစ်သူ၏ ခန္ဓာကိုယ်အား နှစ်ခြမ်းခြမ်းသွားခဲ့သည်။

ထိုလူမှာ မျက်စိပင်မှိတ်နိုင်စွမ်းမရှိခဲ့ချေ…!

ရွှမ်ယီက အနားမနေခဲ့ပေ။

ကောင်းကင်ထက်၌နေ၍ လက်ထဲမှ ဓားရှည်အား အဆက်မပြတ်ဝှေ့ယမ်းနေခဲ့သည်။

[ Note : ဘုရင်အဆင့်ရောက်မှ လေပေါ်မှာ ပျံနိုင်တာပါ။ အခုက ဒီတိုင်း လေပေါ်ခုန်တက်ပြီး ခဏတာ ရပ်နေတာပါ ပျံနေခြင်းမဟုတ်ပါ…]

သူ၏ လက်တစ်ချက်လှုပ်သွားတိုင်း လူတစ်ယောက်သေဆုံးသွားခဲ့သည်။

ထိုလူများမှာ လွန်ခဲ့သောရက်များအတွင်း သတိပေးချက်ကို လျစ်လျူရှုပြီး သောင်းကျန်းခဲ့သူများဖြစ်သည်။

“ စီနီယာ..! ကျုပ်အမှားလုပ်မိခဲ့ပါတယ်…! ကျုပ်ကို မသတ်ပါနဲ့…! “

“ ချမ်းသာ‌ပေးပါ…! “

“ကျုပ်မသေချင်သေးဘူး….”

လခြမ်းမြို့တစ်ခုလုံး သွေးချင်းချင်းနီသွားခဲ့သည်။

ဓားအလင်းတန်းများဖြင့် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသည့်ရွှမ်ယီအား မြင်တွေ့နေရလျှင် မူလက မောက်မာနေသည်လူများမှာ နှလုံးသားထဲအထိ အေးစက်အောင် ကြောက်လန့်သွားခဲ့ကြသည်။

သူတို့အနေနှင့် မည်မျှပင်တောင်းပန်စေကာမူ ထွက်ပေါ်လာသည့် ဓားအလင်းများက ရပ်တန့်သွားခြင်းမရှိခဲ့ချေ။

ယခုတွင် အားလုံးနားလည်သွားခဲ့ကြချေပြီ။

ယခင်ရက်များက ထိုစီနီယာ မလှုပ်ရှားခဲ့ခြင်းမှာ မလုပ်ရဲ၍ မဟုတ်ချေ။

ထိုအစား သူတို့အား တစ်ပြိုင်နက်တည်း ပို့ဆောင်ပေးရန် အချိန်ကောင်းအားစောင့်နေခဲ့ခြင်းသာဖြစ်၏။

“ အမ်..? “

လခြမ်းမြို့ကောင်းကင်အထက်မှ ရွှမ်ယီက ခဏရပ်တန့်လိုက်ပြီး မြို့တွင်းရှိ တည်းခိုခန်းတစ်ခုကို လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ဖြူဖျော့နေသည့်မျက်နှာရှိသည့် လူငယ်လေးတစ်ယောက်နှင့် ခရမ်းရောင်၀တ်ရုံ၀တ်ဆင်ထားသည့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) လူအိုကြီးတစ်ဦးအားတွေးလိုက်ရသည်။

ရွှမ်ယီ ခဏရပ်တန့်လိုက်ခြင်းမှာ ထိုလူအိုကြီးကြောင့်ဖြစ်၏။

အစောနက သူ ထိုဖြူဖျော့နေသည့် မျက်နှာနှင့် လူငယ်လေးအား တိုက်ခိုက်ခဲ့သေးသည်။

သို့သော် ထိုအဘိုးကြီးက သူ၏ တိုက်ခိုက်မှုအား ၀င်ရောက်တားဆီးခဲ့သည်။

ရွှမ်ယီ၏ အစောပိုင်းက ခုတ်လိုက်သည့်ဓားချက်များတွင် သူ၏စွမ်းအားအနည်းငယ်သာထည့်သွင်းထားခဲ့သည်။ ထို့ကြောင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) ကျင့်ကြံသူတစ်ယောက်အနေဖြင့် စွမ်းအားကုန်ထုတ်ပြီး တားဆီးလျှင် တားဆီးနိုင်စွမ်းရှိသည်။

အလင်းတန်းတစ်ခုအသွင်းပြောင်း၍ ရွှမ်ယီက ထိုနှစ်ယောက်ရှေ့ရောက်သွားခဲ့သည်။

ထို့နောက် ခရမ်းရောင်၀တ်အဘိုးကြီးအား စိုက်ကြည့်ကာ

“ မင်းက ငါ့ဓားချက်ကို တားဝံ့တာလား…? “

ထိုခရမ်းရောင်၀တ်အဘိုးကြီးက သူချမှတ်ထားသည့်စည်းမျဉ်းများအား ချိုးဖောက်ခဲ့ခြင်းမရှိချေ။ ချိုးဖောက်ခဲ့သည်မှာ သူ့နောက်မှ လူငယ်ဖြစ်၏။

“ စီနီယာ.. ကျုပ်ကိုခွင့်လွှတ်ပါ… ကျုပ်က လင်းတျန် စီရင်စုက ရန်ယွဲ့ဂိုဏ်းက အကြီးအကဲပါ…ဒါက ကျုပ်ရဲ့ သခင်လေးပါ… သူက အရင်ရက်တွေက စီနီယာချမှတ်ထားတဲ့ စည်းမျဉ်းတွေကို နည်းနည်းချိုးဖောက်ခဲ့မိတယ်…ဒါအတွက် သူမှားခဲ့ပါတယ်… ကျုပ် ဒီနေရာမှာ ရန်ယွဲ့ဂိုဏ်းကို ကိုယ်စားပြုပြီး စီနီယာကို တောင်းပန်ပါရစေ…လုံအာ ရှေ့ကိုထွက်လာပြီး စီနီယာကို ခွင့်လွှတ်ပေးဖို့တောင်းပန်လိုက်…”

ထိုလူငယ်က တုန်ယင်စွာရှေ့သို့ထွက်လာပြီး အလျင်အမြန် ဒူးထောက်ချလိုက်၏။သူ၏ လေသံမှာတုန်ယင်နေပြီး

“ စီနီယာ…”

“ ရပ်လိုက်…”

သို့သော် ထိုလူငယ် ‘ စီနီယာ..’ ဟုသာပြောရသေးချိန်တွင် ရွှမ်ယီက ချက်ချင်းရပ်တန့်ခိုင်းလိုက်သည်။

“ ငါ မင်း တောင်းပန်တာကို လိုလည်းမလိုချင်ဘူး.. အဲ့အစား ငါမေးခွန်းတစ်ခုပဲမေးမယ်.. မင်း သူ့ကို ကာကွယ်ဖို့ဆုံးဖြတ်ထားလား…? “

ရောက်ကတည်းက ရွှမ်ယီက ထိုလူငယ်အား လှည့်ပင်ကြည့်ခဲ့ချေ။ ထိုအစား ခရမ်းရောင်၀တ်အဘိုးကြီးအား စိုက်ကြည့်လျက်မေးလိုက်သည်။

“ မင်းအနေနဲ့ ဆန္ဒရှိရင် ကာကွယ်လို့ရတယ်.. ဒါပေမယ့် ဒီနေ့ သူမသေရင် မင်းရဲ့ရန်ယွဲ့ဂိုဏ်းကို ငါဖျက်ဆီးပစ်မယ်.. မယုံရင်စမ်းကြည့်နိုင်တယ်….”

ရွှမ်ယီ၏ လေသံမှာ အေးစက်၍နေလေသည်။ ထိုဂိုဏ်းမှ ဂိုဏ်းချုပ်မှာ အခြေတည်ဝိညာဉ်အဆင့်(၁)တွင်သာရှိသေးကြောင်း သူသိထား၏။

ထိုအရာက ဂိုဏ်းငယ်လေးတစ်ခုမျှသာ….!

ရွှမ်ယီ စကားဆုံးသည်နှင့် ခရမ်းရောင်၀တ်အဘိုးကြီး၏ မျက်နှာမှာ အစိမ်းရောင်သန်းသွားပြီးနောက် ဖြူဖျော့သွားခဲ့သည်။

ရွှမ်ယီက ပြောပြီးသည်နှင့် ထွက်ခွာသွားချေပြီ။

ရွှမ်ယီ၏ ထွက်ခွာသွားသည့်နောက်ကျောအားကြည့်ကာ ခရမ်းရောင်၀တ်အဘိုးကြီး၏ မျက်နှာမှာ အလွန်မှုန်မှိုင်းသွားခဲ့သည်။ ထို့နောက် နှလုံးသားအတွင်း၌ ကြမ်းတမ်းမှုများပြည့်နှက်လာခဲ့ပြီး သူ၏ နောက်ဖက်သို့ လက်ဝါးဖြင့်ရိုက်ထုတ်လိုက်၏။

“ အကြီးအကဲ လျူ…! ခင်ဗျား…”

ဖြူဖျော့နေသည့် မျက်နှာပိုင်ရှင်လူငယ်လေးမှာ မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။

“ သခင်လေး.. မင်းကို ဟောဒီက လူအိုကြီးက အပြင်သွားရင် နှိမ့်နှိမ့်ချချနေဖြို အမြဲတမ်းမှာခဲ့တယ်… ဒါပေမယ့် မင်းနားမထောင်ခဲ့ဘူး…”

“ တကယ်လို့ မင်းမသေရင် ငါတို့ ရန်ယွဲ့ဂိုဏ်းပျက်စီးသွားလိမ့်မယ်.. ငါ့မှာရွေးချယ်စရာမရှိဘူး…”

“ ဘန်း…! “

ထိုလက်ဝါးချက်က လူငယ်လေး၏ နှဖူးအားထိသွားခဲ့ပြီး စိတ်ဝိညာဉ်အား တိုက်ရိုက်ကွဲကြေသွားစေခဲ့သည်။

အကြီးအကဲလျူ၌ ရွေးချယ်စရာမရှိဆိုသည်မှာ မှန်ပေသည်။

ရွှမ်ယီ၏ ခွန်အားမှာ အလွန်ကြောက်စရာကောင်းပြီး သူ့တို့ဂိုဏ်းချုပ်ထက်ပင် ပို၍ မြင့်မားကြောင်းခံစားမိခဲ့သည်။

ရွှမ်ယီ၏ ထိုစကားများကို သာမန်အတိုင်းသာပြောသွားသည်ဟု သူမထင်ပေ။

ရွှမ်ယီ၏ ကျောပြင်အားကြည့်နေသည့် အကြီးအကဲလျူတစ်ယောက် နှလုံးသားတစ်ခုလုံး အအေးစက်သွားခဲ့ရသည်။

ထိုလူကား အမှန်တကယ်ရက်စက်ပေသည်။

သူက သခင်လေးအား အတွေ့အကြုံရရန်ခေါ်လာခြင်းဖြစ်သော်လည်း ယခုတွင် သူ့လက်ဖြင့်ပြန်သတ်ရန် ဖိအားပေးခံခဲ့ရသည်။

နောက်တစ်နေ့တွင် လခြမ်းမြို့တစ်ခုလုံး၌ လှုပ်ရှားမှုများကင်းမဲ့သွားခဲ့၏။

မနေ့က ဖြစ်ပျက်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုပြီးနောက် လခြမ်းမြို့မှာ မကြုံစဖူးလောက်အောင် ငြိမ်သက်အေးချမ်းသော အခြေအနေသို့ရောက်သွားခဲ့ရသည်။

ပြင်ပမှ လာသူများအားလုံး သောင်းကျန်းရန်အသာထား စကားပင်ကျယ်ကျယ်မပြောဝံ့ကြချေ။

မနေ့က အဖြစ်အပျက်က သူတို့အား စိတ်ဒဏ်ရာဖြစ်သွားစေခဲ့သည်။

သာမန်အတိုင်းသာနေခဲ့သည့်အတွက် အသတ်မခံရပဲ အသက်ရှင်လျက်ကျန်ခဲ့ရခြင်းအတွက် အလွန်ကံကောင်းသလို ခံစားနေကြရ၏။ ထိုသို့မဟုတ်ဘဲ ယခင်နေ့များက သောင်းကျန်းခဲ့မိပါက ယနေ့နေထွက်ခြင်းကိုပင် မြင်ရတော့မည်မဟုတ်ချေ။

ကောင်းကင်ပေါ်သို့ မြင့်တက်လာသည့်နေလုံးကြီးအားကြည့်ကာ အလွန်လှပကြောင်း ခံစားမိလိုက်သည်။ နေလုံးကြီးက အရမ်းလှကြောင်းခံစားမိသည်မှာ ပထဆုံးအကြိမ်ပင်ဖြစ်၏။

အသက်ရှင်နေထိုင်ခြင်း… အဲ့တာက အရမ်းကောင်းတယ်……….

All Chapters