ကုယီယီအား လမ်းညွှန်ပေးမည်လော…?
Vol. 2 Ch. 25
ရွှမ်ယီ တံခါးပိတ်ကျင့်စဉ်၀င်နေစဉ်တွင် ဂုဏ်သရေရှိ ဧည့်သည်များ ကုမိသားစုသို့ရောက်လာခဲ့သည်။
ကုချင်မန်၏ ဆရာ ၊ ထိုဆရာ၏ သူငယ်ချင်း နှင့် သူမ၏ တပည့်သုံးဦးတို့ဖြစ်သည်။
အစက ကုချင်းမန်၏ ဆရာ တျန်ဖန်းနိုင်ငံ(ကောင်းကင်လေနိုင်ငံ)သို့ ရောက်ချိန်၌ တစ်ယောက်တည်းခွဲထွက်သွားခြင်းမှာ ထို သူငယ်ချင်းဖြစ်သူအား ရှာဖွေရန်ဖြစ်၏။
“ ကျွန်မနာမည်က ဖန်းရင်.. ကုချင်းမန်ရဲ့ဆရာပါ…”
အဓိကခန်းမကြီးထဲတွင် အဖြူရောင်၀တ်စုံနှင့် မိန်းမချောက ဖြည်းညှင်းစွာ မိတ်ဆက်လိုက်၏။ သူမ၏ အသံက လေအေးများအားသယ်ဆောင်လာသကဲ့သို့ဖြစ်နေသည်။
သူမက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၈) ကျင့်ကြံသူဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်ကကု ကုချင်းမန်အား ဖမ်းဆီးသွားခဲ့သည့် သူမ၏ ဆရာဖြစ်ပေသည်။
ဖန်းရင်က ကုမိသားစုအား စိတ်၀င်စားခြင်းပင်မရှိချေ။ သူမ၏အမြင်တွင် ကုမိသားစုမှာ ဝေးလံနိမ့်ပါ့သည့်နေရာမှာ မိသားစုငယ်လေးတစ်ခုသာဖြစ်ပြီး ကုချင်းမန်ကြောင့်မဟုတ်လျှင် ဤနေရာသို့ရောက်လာမည်မဟုတ်ပေ။
“ ဟောဒီက ဂျူနီယာ ကုထျန်းချန်က စီနီယာ ဖန်းရင်ကို နှုတ်ဆက်ပါတယ်ခင်ဗျာ…”
ကုထျန်းချန်က စိတ်အားထက်သန်နေသောအမူအရာနှင့် ဖန်းရင်ရှိရာသို့ လက်သီးဆုပ်ကာ ဦးညွှတ်လိုက်သည်။
ဖန်းရင်က လှုပ်ရှားခြင်းမပြုပဲ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏အမူအရာမှာ နဂိုအတိုင်း အေးစက်နေမြဲပင်။
“ ဒါကတော့ ကျွန်မရဲ့ သူငယ်ချင်းကောင်း ခွန်မြောင်ပါ.. ဟိုဖက်ကကျတော့ သူ့တပည့်တွေပဲ…”
ဖန်းရင်၏ ဘေးတွင်ရပ်နေသည့် အမျိုးသမီးမှာ အသက်(၃၀)ကျော်ခန့်သာရှိပုံရသည်။ သူမက သာမန်ဆန်ဆန်ရုပ်ရည်မျိုးနှင့်ဖြစ်ပြီး ဖန်းရင်ထက် အနည်းငယ် ငယ်ပုံရသည်။
ခွန်မြောင်၏နောက်တွင် လူငယ်တစ်ဦးနှင့် မိန်းကလေးနှစ်ဦးရပ်နေသည်။ သူတို့က သူမ၏တပည့်များဖြစ်ပြီး အနည်းငယ်မာနကြီးနေဟန်ရသည်။
တစ်ခုခုကိုနားလည်သွားပြီး ကုထျန်းချန်က ဖန်းရင်၏ သူငယ်ချင်းမှာ ထူးခြားကြောင်းနားလည်သွားခဲ့သည်။
သူမက ဖန်းရင်ထက်ငယ်သော်လည်း ဖန်းရင်ထက်သန်မာ၏။
ထို့အပြင် အနည်းငယ်သန်မာသည်ထက်ပိုပေသည်။
သူမက အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး လွန်ခဲ့သော နှစ်၀က်ခန့်က အဆင့်တက်ခဲ့ခြင်းဖြစ်၏။
သူမသည် ယီယီ၏ ဆရာနှင့် အဆင့်တူ ဖြစ်တည်မှုမျိုးဖြစ်သည်။
သူမ၏ တပည့်များ မာနကြီးနေကြသည်မှာ အဆန်းမဟုတ်ချေ။ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး၏ တပည့်များအနေနှင့် မာနကြီးလိုလျှင် ကြီးပိုင်ခွင့်ရှိသည်။
ကုထျန်းချန်အနေနှင့် ရွှမ်ယီ မည်မျှသန်မာကြောင်း တိတိကျကျမသိခဲ့ပေ။ ခွန်မြောင်က အခြေတည်ဝိညာဉ်အဆင့်ဖြစ်ကြောင်းသိပြီးလျှင် သူ၏ နှလုံးသားအတွင်း၌ သူမအား ရွှမ်ယီနှင့် တစ်တန်းတည်းနေရာချထားလိုက်သည်။
သို့သော် သူမက အခြေတည်ဝိညာဉ်အဆင့်တွင်ရှိသည်မှာ မှန်သော်လည်း ရွှမ်ယီနှင့် ယှဉ်နိုင်စွမ်းမရှိပေ။
သူမအနေဖြင့် မကြာခင်ကမှ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုအဆင့်၌ပင် ကျင့်ကြံခြင်းအုတ်မြစ် တည်ငြိမ်ခြင်းမရှိသေးချေ။
ရွှမ်ယီ၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၃)တွင်ရှိနေပြီး ခွန်းအားကမူ အဆင့်(၅)ထိပ်ဆုံးနှင့် ယှဉ်နိုင်စွမ်းရှိသည်။
ထိုနှစ်ခုကြားမှာ ကွာခြားချက်မှာ အလွန်ကြီးမားလွန်းလှသည်။
ဖန်းရင် ၊ ခွန်မြောင်နှင့် သူမတို့၏ တပည့်များ ကုမိသားစုတွင် ဆက်လက်၍နေထိုင်ခဲ့သည်။ နှစ်ရက်အကြာတွင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေသို့ ထွက်ခွာရန် စီစဉ်ထားကြ၏။
ကုမိသားစု လေ့ကျင့်ရေးကွင်းတွင် ကုမိသားစုမှ တပည့်များအတူတကွစုရုံးနေကြသည်။ ထိုအထဲတွင် ခွန်မြောင်၏ တပည့်(၃)ယောက်လည်းပါ၀င်၏။
၎င်းတို့မှာ အခြေတည်ဝိညာဉ်အဆင့်ဆရာတစ်ယောက်ရှိပြီး ပါရမီလည်းကောင်းမွန်သူများဖြစ်ရာ ကုမိသားစုမှ တပည့်များက ၀န်းရံနေကြခြင်းမှာ အဆန်းမဟုတ်ချေ။
ထိုသုံးယောက်က ဤကဲ့သို့ အခြားလူများ ဆွဲဆောင်ခံနေရသည့် ခံစားချက်အား နှစ်သက်နေကြသည်။
“ ယီယီ ညီမလေး… မင်းကျောမှာ ဓားတစ်ချောင်းလွယ်ထားတာ ငါမြင်တယ်… ကြည့်ရတာ မင်းလည်း ဓားကျင့်ကြံသူဖြစ်ပုံရတယ်…”
ထိုသုံးယောက်ထဲမှ ဖန်ဇူဟု အမည်ရသည့် လူငယ်လေးက ကုယီယီအား တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ထိုသူက သဘ၀အတိုင်းပင် ခွန်မြောင်၏ တပည့်ဖြစ်ပေသည်။ သူ့အား ခွန်မြောင်က သိပ်မကြာသေးမီကမှ တပည့်အဖြစ်လက်ခံခဲ့ပြီး သုံးယောက်ထဲတွင် အစွမ်းထက်ဆုံးမဟုတ်သော်လည်း ပါရမီအရှိဆုံးဖြစ်သည်။
ဖန်ဇူသည် ကုယီယီအား ပထမဆုံးမြင်ကတည်းက သူမ၏ ပြိုင်ဘက်ကင်းလှပသော မျက်နှာကလေးထံ၌ ကြွေဆင်းသွားခဲ့သည်။ သူ့ နှလုံးသားအား ကုယီယီက စိုးမိုးသွားခဲ့၏။ စကားဝိုင်းပြောနေကြစဉ်အတွင်း ကုယီယီအား စကားပြောခွင့်ရရန် ခေါင်းစဉ်အမျိုးမျိုး အဆက်မပြတ်ရှာဖွေ၍ ချဉ်းကပ်ခဲ့သည်။ သို့သော် ကုယီယီက အေးတိအေးစက်ပင်။ သူ့မအားမေးလာသည့် အချိန်တိုင်း သာမန်သာပြန်ဖြေခဲ့၏။
ကုယီယီက ထိုသူအား လုံး၀စိတ်မ၀င်စားကြောင်း လူတိုင်းနားလည်နိုင်သည်။ သို့သော် သူက လက်မလျှော့ခဲ့ချေ။ ထိုမျှ လှပသည့်မိန်းကလေးအား အလွယ်တကူရရန်မဖြစ်နိုင်ကြောင်း သူနားလည်ထားခဲ့သည်။
ဖန်ဇူ၏ အမြင်တွင် ကုယီယီ သူ့အားစိတ်မ၀င်စားရခြင်းမှာ သူမည်မျှ အစွမ်းထက်ကြောင်း မသိသောကြောင့်ဟု ယုံကြည်နေသည်။
သူ၏ ထူးချွန်ထက်မြက်မှုများအား သူမသိသွားလျှင် သူ့အား စိတ်၀င်စားလာမည်ဟု တထစ်ချယုံကြည်ထားသည်။
ဖန်ဇူ၏ မေးခွန်းကိုကြားလျှင် ကုယီယီက တစ်ချက်လှည့်ကြည့်လိုက်ပြီး သာမန်အတိုင်းပင် ခေါင်းညိတ်ပြလိုက်၏။
“ အိုး.. ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ…? ငါလည်း ဓားကျင့်ကြံသူတစ်ယောက်ပဲ.. ဘာလို့ ငါတို့နှစ်ယောက် တိုက်ကွက်အနည်းငယ် မဖလှယ်ကြည့်ရမှာလဲ…? မင်းရဲ့ ဓားပညာမှာ မှားနေတာလေးတွေရှိရင် ငါထောက်ပြပေးလို့ရတာပေါ့…”
ထိုစကားအားပြောပြီးလျှင် သူတို့သုံးယောက်မှ လွှဲ၍ ထိုနေရာရှိ လူတိုင်း အံ့ဩသွားခဲ့ကြသည်။
ပြီးနောက် သူတို့က ဖန်ဇူအား ထူးဆန်းနေသည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ကုယီယီကို လမ်းညွှန်ပေးမှာလား…?
ကုမိသားစုမှလူတိုင်း ပြိုင်ပွဲတွင် ကုယီယီအသုံးပြုခဲ့သည့် အံ့ချီးဖွယ်ဓားချက်အား ပြန်လည်၍ တွေးမိသွားပြီး တုန်ယင်သွားခဲ့ကြသည်။
ထိုပြိုင်ပွဲပြီးနောက် ကုယီယီ၏ ဓားချက်က ချီအခြေခံတည်ဆောက်ခြင်းအဆင့်အောက်မှ လူတိုင်းကို သတ်နိုင်သည်ဟု မိသားစုအတွင်းမှ အကြီးအကဲတစ်ဦး အကဲဖြတ်သည်အား ကြားခဲ့ရသည်။
သာမန်အဆင့် အခြေခံတည်ဆောက်ခြင်းအဆင့်(၂) ကျင့်ကြံသူပင် ကုယီယီအား အနိုင်တိုက်နိုင်မည်မဟုတ်ပေ။
ဖန်ဇူက သူ၏ ပါရမီမှာ အလွန်ကောင်းမွန်သည်ဟုပြောခဲ့သည်။
သူက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)သို့ အသက်ငယ်ငယ်လေးနှင့် ရောက်ရှိခဲ့သည်။ သူက ဒွန်လီထက် အများကြီးပို၍ သန်မာသည်မှာ အမှန်ပင်ဖြစ်၏။
သို့သော်… ကုယီယီကမူ ချီအခြေခံတည်ဆောက်ခြင်းအဆင့် သန်မာမှုမျိုးရှိနေသည့် ပါရမီရှင်တစ်ယောက်ဖြစ်သည်…!
ထိုလူအား ထားပေဦးတော့ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၁)တွင်ရှိနေသည့် သူ၏ စီနီယာအစ်မနှစ်ယောက်ပင် ကုယီယီအား ယှဉ်နိုင်စွမ်းရှိမည်မဟုတ်ပေ။
သူတို့အားလုံး ဖန်ဇူ ကြွားဝါချင်နေသည်ကို နားလည်ကြသည် ၊ သို့သော်… သူ လူရွေးမှားသွားခဲ့ချေပြီ…!