သူ့ရှေ့မှာ ဘယ်သူမှ ပါရမီရှင်လို့ခေါ်ဖို့မထိုက်တန်ဘူး
Vol. 2 Ch. 27
ထိုမြင်ကွင်းက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
ကုထျန်းချန် ၊ ဖန်းရင် နှင့် ခွန်မြောင်၏ တပည့်များအားလုံး စကားမပြောနိုင်လောက်အောင် ဆွံ့အသွားကြသည်။
ကုထျန်းချန်အနေဖြင့် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်ဖြစ်ကြောင်းနှင့် သန်မာကြောင်းကိုသာသိထား၏။ သို့သော် ဤမျှသန်မာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီမှာ အသက်ငယ်သေးသောကြောင့်ဖြစ်၏။
အခြေတည်ဝိညာဉ်အဆင့်(၁)ကျင့်ကြံသူကို ဖိအားတစ်ခုတည်းနဲ့ ကြမ်းပြင်မှာ ဒူးထောက်သွားစေခဲ့တာလား..?
ဒါက ဘယ်လို သန်မာမှုမျိုးလဲ…?
ဖန်ရင်၏ တုန်လှုပ်မှုမှာလည်း ကုချင်းမန်အောက်မလျော့ပေ။
ကုမိသားစုထဲမှာ ဒီလောက်ကြောက်ဖို့ကောင်းတဲ့လူ ဘယ်တုန်းကရှိနေခဲ့တာလဲ…?
ကုချင်းမန်ပြောသည်အား တခါမျှမကြားဖူးချေ။
ခွန်မြောင်၏ တပည့်သုံးယောက်လည်း ချွင်းချက်မရှိ အလွန်ထိတ်လန့်သွားခဲ့ကြသည်။
သူတို့၏ မျက်လုံးထဲတွင် သူတို့ ဆရာမှာ အနှိုင်းမဲ့ဖြစ်၏။
သို့သော် ယခုတွင်မှု ဖိအားတစ်ခုတစ်နှင့်ပင် တစ်ဖက်လူရှေ့ ဒူးထောက်နေရချေပြီ။
ရုန်းထွက်ရန်ပင် မတတ်နိုင်ချေ။
“ အကြီးအကဲရွှမ်.. ကျေးဇူးပြုပြီးသက်ညှာပေးပါ.. စီနီယာခွန်မြောင်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး… “
ကုထျန်းချန်က အလျင်စလို သက်ညှာမှုတောင်းခံလိုက်၏။
ကောင်းကင်၌ ပြည့်နှက်နေသည့် ဖိအားကြီး ပြန်လည်၍ ပျောက်ကွယ်သွားခဲ့သည်။ ခွန်မြောင်အနေဖြင့် ယခုမှ ပုခုံးထက်ရှိ တောင်လုံးကြီးကျဆင်းသွားသကဲ့သို့ခံစားနေရသည်။
သူမ၏ တစ်ကိုယ်လုံး ချွေးများစိုချွဲနေပြီး တုန်ယင်စွာ မတ်တပ်ပြန်ရပ်လိုက်သည်။ အသက်ပြင်းပြင်းရှုလိုက်ရင်း ရွှမ်ယီအား ကြောက်စိတ်မပျယ်သေးသည့် မျက်၀န်းများဖြင့် ကြည့်လိုက်သည်။
ရွှမ်ယီက ခွန်မြောင်အား တစ်ချက်လှည့်ကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။
ရွှမ်ယီအနေဖြင့် သူမအား သင်္ခန်းစာပေးရုံသာဖြစ်ပြီး သတ်ရန်အထိ မရည်ရွယ်ထားချေ။
နောက်ထပ်ရက်အနည်းငယ်တွင် ခွန်မြောင်တို့အဖွဲ့ ကုမိသားစု၌ ငြိမ်ကုပ်နေခဲ့သည်။
သူတို့၏ မောက်မာမှုများမှာလည်း လေထဲအငွေ့ပြန်သွားချေပြီ။
ထိုမှတဆင့် ခွန်မြောင် နှင့် ဖန်းရင်တို့အဖွဲ့ ရွှမ်ယီအား မည်သူဖြစ်ကြောင်း သိရှိသွားခဲ့သည်။
နက်နဲဓားဂိုဏ်းမှ အကြီးအကဲတစ်ဦး….
ဖန်းရင်သည် နက်နဲဓားဂိုဏ်းအကြောင်း ခရေစေ့တွင်းကျ မသိသော်လည်း ကျန်းနန်ဇာတိဖြစ်သောကြောင့် ထိုဂိုဏ်းအား အပေါ်ယံသိရှိထားလေသည်။
ဂိုဏ်းအတွင်း အခြေတည်ဝိညာဉ်အဆင့်(၄)ဦးရှိပြီး ဂိုဏ်းချုပ် ကျန်းနန်ထျန်ကမူ အခြေတည်ဝိညာဉ်အဆင့်(၂) ထိပ်ဆုံးမှဖြစ်၏။ ထိုဂိုဏ်းမှာ ကျန်းနန်စီရင်စု၌ ထိပ်တန်းဂိုဏ်းအဆင့်မဟုတ်ချေ။ သို့သော်လည်း အစွမ်းထက်နေဆဲဖြစ်သည့် တည်ရှိမှုတစ်ခုဟုယူဆနိုင်သည်။
ခွန်မြောင်သာ ရွှမ်ယီနှင့် မတွေ့မိခဲ့လျှင် သူမလည်း ထိုကဲ့သိုသာ တွေးမြင်မိပေလိမ့်မည်။
သို့သော် ရွှမ်ယီ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရပြီးနောက် နက်နဲဓားဂိုဏ်းမှာ ထိုမျှ မရိုးရှင်းကြောင်း နားလည်သွားခဲ့သည်။
နက်နဲဓားဂိုဏ်းတွင် အစွမ်းထက်ဆုံးလူမှာ ကျန်းနန်ထျန်ဟု လူတိုင်းက သတ်မှတ်ထားကြသည်။
သို့သော် ရွှမ်ယီ၏ ခွန်အားမှတဆင့် ထိုသို့မဟုတ်ကြောင်း နားလည်သွားခဲ့သည်။
နက်နဲဓားဂိုဏ်း၌ အသန်မာဆုံးလူမှာ ကျန်းနန်ထျန်မဟုတ်ဘဲ လက်ရှိကုမိသားစု၌ရှိနေသည့် ရွှမ်ယီသာဖြစ်၏။
ရွှမ်ယီ၏ အခြေတည်ဝိညာဉ်အဆင့်(၃)စွမ်းအားနှင့်ဆိုလျှင် နက်နဲဓားဂိုဏ်းအနေနှင့် ကျန်းနန်စီရင်စုအတွင်း ထိပ်ဆုံး(၁၀)နေရာ၀င်ပေလိမ့်မည်။
ကျန်းနန်စီရင်စုတွင် အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူ မများသလို နည်းသည်ဟုလည်း မဆိုသာပေ။
အခြေတည်ဝိညာဉ်အဆင့်(၃)ကျွမ်းကျင်သူရှိလျှင် ထိပ်တန်းဂိုဏ်းအဖြစ်ယူဆနိုင်သည်။
သို့သော် ၎င်းက အဓိကကိစ္စမဟုတ်ပေ။
အဓိကကိစ္စမှာ ရွှမ်ယီက ဓားရည်ရွယ်ချက်အား နားလည်နေခြင်းဖြစ်၏။
ထိုအရာက သူ၏ ခွန်အားကို အတိအကျမတိုင်းတာနိုင်ဖြစ်သွားစေခဲ့သည်။
ဓားရည်ရွယ်ချက်အား နားလည်ထားသည့် ရွှမ်ယီက မုချအဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းရှိပေလိမ့်မည်။
ဘယ်နှစ်ဆင့်ကျော်ပြီးတိုက်ခိုက်နိုင်မည်မှန်း သူမလည်း တိတိကျကျမမှန်းတတ်ပေ။
“ နက်နဲဓားဂိုဏ်းက တကယ်ကိုထူးခြားတာပဲ… ပြောရမယ်ဆိုရင် အကြီးအကဲရွှမ်ယီကို လူငယ်မျိုးဆက်ထဲ ထည့်တွက်သင့်တယ်မဟုတ်လား.. သူက အသက်(၂၅) (၂၆) ၀န်းကျင်ပဲရှိဦးမယ်…ဓားရည်ရွယ်ချက်အား နားလည်ထားသည့် အခြေတည်ဝိညာဉ်အဆင့်(၃) လူငယ်မျိုးဆက်……..ဟူးး…. “
ခွန်မြောင်သည် ထိပ်တန်းလူငယ်ပါရမီရှင်များစွာအား မြင်တွေ့ခဲ့ဖူးသည်။ ထိုအထဲတွင် စိတ်ဝိညာဉ်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည့် ကောင်းကင်လေနိုင်ငံ၏ တတိယမင်းသားလည်းပါ၀င်သည်။
သို့သော် ရွှမ်ယီနှင့် နှိုင်ယှဉ်လိုက်လျှင်မူ…..
ထားပါတော့.. မနှိုင်းတာပဲကောင်းပါတယ်…!
သူတို့ကြားက ကွာခြားချက်က ပိုးစုန်းကြူးနှင့် လမင်းပမာဖြစ်၏….!
ရွှမ်ယီ၏ စွမ်းအားက မျိုးဆက်ဟောင်းကျင့်ကြံသူအများစုထက်ပင် ပို၍မြင့်မားနေသည်။ သူ့အား လူငယ်မျိုးဆက်အတွင်းသို့ ထည့်၍နှိုင်းယှဉ်ပါက လူတိုင်းအတွက် မတရားဖြစ်သွားပေမည်။
“ ဒီလို ပါရမီမျိုး…! ကြည့်ရတာ အဇူရာဒေသတစ်ခုလုံးမှာပါ နံပါတ်(၁) ဖြစ်နေမှာစိုးမိတယ်….”
ရွှမ်ယီအား ပို၍နားလည်လာလေ ပို၍ကြောက်စရာကောင်းလာလေဖြစ်ကြောင်း ခွန်မြောင်ခံစားမိလိုက်သည်။
ဤကဲ့သို့ လူမျိုးက ယခုလိုချောင်ကျသည့်နေရာတွင် မပေါ်ထွက်လာသင့်ပေ။ အဇူရာဒေသရှိ အင်အားကြီးမြင့်မြတ်နယ်မြေတွေမှာပဲ ပေါ်လာသင့်သည်။
ကုမိသားစုတွင် ရက်အတန်ကြာနေခဲ့ပြီးနောက် ရွှမ်ယီတစ်ယောက် ခရမ်းလမင်းနယ်မြေ ယနေ့ ဖွင့်တော့မည်ဖြစ်ကြောင်း သတင်းရခဲ့သည်။
ထိုသတင်းအား ရွှမ်ယီတစ်ယောက်တည်း ရသည်မဟုတ် လူတိုင်းရခဲ့ကြသည်။
ထိုအခိုက်တန့်တွင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေ၏ ၀င်ပေါက်များ၌ လူများစုဆုံ၍ စည်ကားလာခဲ့သည်။
“ အချိန်မရှိဘူး.. သွားကြစို့…”
“ ချင်းမန်.. မင်းလိုက်ချင်လား..? “ ဖန်းရင်က မေးလိုက်၏။
လွန်ခဲ့သည့် တလခန့်လောက်ကဆိုပါက ဖန်းရင်အနေဖြင့် ကုချင်းမန်၏ အမြင်အားမေးနေမည်မဟုတ်ပေ။ ခရမ်းလမင်းနယ်မြေက အန္တရာယ်များပေမယ့် ကုချင်းမန်က သူမ တပည့်သာဖြစ်၏။ သူမ လိုက်စေချင်လျှင် လိုက်ရမည်သာ။
သို့သော် ယခုမူ အခြေအနေက ကွဲပြားသွားချေပြီ။ လက်ရှိကုမိသားစုက ယခင် ကုမိသားစုမဟုတ်တော့ချေ။ ရွှမ်ယီ၏ နောက်ခံနှင့်အတူ ဖန်းရင်အနေဖြင့်ဂရုစိုက်ပြီးဆက်ဆံရုံမှအပ ရွေးချယ်စရာမရှိချေ။
“ လိုက်မှာလေ… ဒါနဲ့ ဆရာ ဘာလို့ တကူးတကမေးနေတာလဲ…? “
ကုချင်းမန်က စိတ်ရှုပ်ထွေးနေဟန်ဖြင့်မေးလိုက်၏။
“ ဘာ.. ဘာမှမဟုတ်ပါဘူး…”
ဖန်းရင်က ကုချင်းမန်အား ကြည့်လိုက်သည်။
အားလုံးအဆင်သင့်ဖြစ်ချိန်တွင် ကုယီယီ၏ နှုတ်ခမ်းပါးလေး အသာအယာလှုပ်သွားခဲ့သည်။ ထိုနောက် ကြက်သွေးမီးတောက်စာကလေး ချက်ချင်းပင် ကုမိသားစုအထက်၌ ထွက်ပေါ်လာ၏။ ကုမိသားစုအား ကြီးမားကျယ်ပြန့်သည့် အရိပ်ကြီးတစ်ခု ဖုံးအုပ်သွားခဲ့သည်။
ထိုနေရာတွင် ရှိနေသည့် လူတိုင်း ကုယီယီအား မနာလိုစွာကြည့်လိုက်ကြသည်။
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇) နတ်ဆိုးသားရဲမှာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်နေလျှင်ပင် လွယ်လင့်တကူ ထိန်းကျောင်းနိုင်သည့်အရာမဟုတ်ပေ။
ခွန်မြောင်တွင်လည်း နတ်ဆိုးသားရဲတစ်ကောင်ရှိပေသည်။ သို့သော် ထိုသားရဲမှာ စိတ်ဝိညဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၂)သာရှိသေး၏။
ကုထျန်းချန်တစ်ယောက် သက်ပြင်းများမှုတ်ထုတ်လိုက်မိသည်။
သူသည် ကုမိသာစု၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော်လည်း သမီးဖြစ်သူပိုင်ဆိုင်သည့် သားရဲလောက်ပင် အစွမ်းမထက်ချေ…..
သူ့နှလုံးသားတစ်ခုလုံး ခံစားချက်များ ရောထွေးလျက်ပြည့်နှက်နေလေသည်။