တတိယမင်းသား
Vol. 2 Ch. 28
ခရမ်းလမင်းလျှို့ဝှက်နယ်မြေက ကျန်းနန်စီရင်စုတွင်ရှိပြီး လခြမ်းမြို့နှင့်လည်း သိပ်မဝေးချေ။
ကြက်သွေးမီးတောက်စာကလေး၏ အလျင်မှာလည်း အလွန်လျင်မြန်သည်ဖြစ်ရာ နာရီ၀က်ကျော်ကြာပြီးသည့်နောက် ခရမ်းလမင်းသစ်တောသို့ရောက်ရှိသွားသည်။
ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ၀င်ပေါက်များက ခရမ်းလမင်းသစ်တောအတွင်း၌ တည်ရှိ၏။
ခရမ်းလမင်းသစ်တောမှာ အလွန်ကြီးမားသော်ငြား နတ်ဆိုးသားရဲများ မရှိသည်မှာ အလွန်ထူးဆန်းပေသည်။
ထို့ကြောင့် ခရမ်းလမင်းသစ်တောတွင် သဘာ၀အလျောက် အန္တရာယ်မရှိပေ။
လွန်ခဲ့ထောင်ပေါင်းများစွာက ဇီယွဲ့သေဆုံးခဲ့ချိန်တွင် ခရမ်လမင်းလျှို့ဝှက်နေမြေ ၀င်ပေါက်မှာ တစ်ပေါက်သာရှိ၏။ သို့သော် နှစ်များစွာကြာပြီးနောက် ၀င်ပေါက်များ ပို၍ ဖြစ်ပေါ်လာခဲ့သည်။ ထို့အပြင် ထူးဆန်းသည်မှာ ထို၀င်ပေါက်များအားလုံး ခရမ်းလမင်းသစ်တောအတွင်း၌ ရှိနေခြင်းဖြစ်သည်။
ခရမ်းလမင်းသစ်တောအတွင်း၌ လျှို့ဝှက်နယ်မြေသို့ ၀င်ပေါက် (၁၃၆) ခုရှိသည်။ ၀င်ပေါက်တစ်ခုချင်းစီ၌ လူပေါင်းများစွာဝန်းရံပြီး လျှို့ဝှက်နယ်မြေပွင့်မည့်အချိန်အား စောင့်မျှော်နေကြသည်။
ရွှမ်ယီက ရောက်လာပြီးသော်လည်း ကျန်းနန်ထျန်တို့အဖွဲ့အား လိုက်မရှာခဲ့ပေ။
အကြောင်းမှာ လျှို့ဝှက်နယ်မြေသို့ ၀င်ရောက်လိုက်သည်နှင့် လူများအား ကျပန်းနေရာများသို့ ပို့ပေးမည်ဖြစ်သောကြောင့်ဖြစ်သည်။
ရွှမ်ယီတို့အဖွဲ့က ၀င်ပေါက် (၁၃၆) ခုရှိသည့်အနက် နီးစပ်ရာ၀င်ပေါက်တွင် ရပ်တန့်လိုက်ပြီး ၀င်ပေါက် ပွင့်လာမည့်အချိန်အား စောင့်ရင်း အနားယူနေကြ၏။
သူတို့ရောက်လာချိန်၌ ၀င်ပေါက်အနီးတွင် ကောင်းကင်လေနိုင်ငံတစ်ခုလုံး လူများစွာ စုရုံးရောက်ရှိနေသည်ကိုတွေ့လိုက်ရသည်။
ကုထျန်းချန်က ပတ်၀န်းကိုဝှေ့ပတ်ကြည့်လိုက်ပြီး တုန်လှုပ်သွားခဲ့သည်။
ကျွမ်းကျင်သူတွေ…!
ကျွမ်းကျင်သူတွေ အများကြီးပဲ…!
စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများမှာ လက်ညှိုးထိုးမလွဲအောင်ရှိနေကြပြီး အခြေတည်ဝိညာဉ်အဆင့် များစွာလည်းရောက်ရှိနေသည်။
“ တတိယမင်းသား… အဲ့တာ တတိယမင်းသားပဲ….! “
ထိုအခိုက်တန့်တွင် ၀င်ပေါက်ပတ်၀န်းကျင်တစ်ခုလုံး လှုပ်ရှားသက်၀င်လာ၏။ လူများစွာတို့၏ အကြည့်များက အပြာရောင်၀တ်စုံ၀တ်ဆင်ထားပြီး ကျော၌ဓားတစ်ချောင်းလွယ်ထားသည့် လူငယ်ထံသို့ရောက်သွားကြသည်။
ထိုအပြာရောင်၀တ်စုံနှင့် လူငယ်မှာ ချောမောသောရုပ်ရည်ရှိပြီး ဘုရင်တစ်ပါးကဲ့သို့ အငွေ့အသက်မျိုးလည်းရှိနေသည်။ သူ့အနီးတွင်ရှိနေသူများကလည်း သက်တောင့်သက်သာရှိနေဟန်ရသည်။
ရွှမ်ယီနှင့် အခြားသူများက ထိုလူငယ်အား မမြင်ဖူးကြသော်လည်း ခွန်မြောင်ကတော့ သိထားပေသည်။
“ ၀င်ပေါက် (၁၃၆) ခုရှိတဲ့အထဲမှာ ငါတို့ တတိယမင်းသားနဲ့ လာဆုံမယ်လို့မထင်ထားဘူး….”
ခွန်မြောင်က အပြုံးနှင့်စကားဆိုလိုက်သည်။ ထို့နောက် သူမ၏ အကြည့်က ရွှမ်ယီထံသို့ ရောက်ရှိသွားပြီး ခေါင်းခါမိလိုက်သည်။
အကယ်၍ သူမသာ ရွှမ်ယီနှင့် ဆုံတွေ့ခဲ့ခြင်းမရှိပါက ကြယ်ဝိညာဉ်ခန္ဓာကိုယ်ရှိသည့် တတိယမင်းသားအား ကောင်းကင်လေတစ်နိုင်ငံလုံး၏ လူငယ်မျိုးဆက်တွင် နံပါတ်(၁)ဟု ထင်မှတ်ထားမိပေလိမ့်မည်။
သို့သော် ရွှမ်ယီအား တွေ့ဆုံပြီးနောက်တွင်မူ……….
“ အဲ့တာ တတိယမင်းသားပဲ…! ကောင်းကင်လေနိုင်ငံ လူမျိုးဆက်မှာ နံပါတ်(၁)လို့ လူသိများတဲ့ ပါရမီရှင်လေ.. ပြီးတော့ သူ့မှာ ကြယ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတယ်လို့လဲပြောကြတယ်.. သူ့ပါရမီကတော်တော်ကောင်းတယ်… အသက် (၂၅) နှစ်ပဲရှိသေးတယ် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကိုရောက်နေပြီ… ကြယ်ဝိညာဉ်ခန္ဓာကိုယ်အစွမ်း အသုံးပြုလိုက်ရင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း ဒုတိယအဆင့်နဲ့တောင် တိုက်ခိုက်နိုင်တယ်လို့ကြားတယ်… ဘယ်လိုတောင် အံ့ဩဖို့ကောင်းလိုက်သလဲ…? “
၀င်ပေါက်ဘေးပတ်၀န်းကျင်မှ လူများက အားတက်သရော်ဆွေးနွေးနေကြသည်။
ခွန်မြောင်၏ တပည့်သုံးယောက်နှင့် ကုမိသားစုမှ လူငယ်များကလည်း အပြာရောင်၀တ်စုံနှင့် လူငယ်အား စိတ်အားထက်သန်စွာ လှမ်းကြည့်နေကြ၏။
ကုယီယီကတော့ သိပ်မတွေးချေ။
ပါရမီရှင်လား…?
ဘယ်ပါရမီရှင်ကများ သူ့ဆရာထက် ပိုထူးချွန်မလဲ…?
ကောင်းကင်လေတစ်နိုင်ငံလုံးတွင် ပါရမီအရှိဆုံးလူမှာ သူမ၏ ဆရာဖြစ်ပြီး ထို အဆင့်အတန်း ဘွဲ့များအား စိတ်မ၀င်စားသူလည်းဖြစ်သည်။
ထိုသို့မဟုတ်လျှင် တတိယမင်းသာက အဘယ်မှာလျှင် နံပါတ်(၁)ဖြစ်လာမည်နည်း။ ထိုဘွဲ့က သူ့ဆရာအတွက်သာဖြစ်၏။
“ ဂီး…! “
ပတ်၀န်းကျင်တစ်ခုလုံး ရုတ်တရက်အမှောင်ကျသွားပြီး လေပြင်းများ တိုက်ခတ်လာသည်။ အဝေးမှ လင်းယုန်နက်ကြီးတစ်ကောင် ပျံသန်းလာခြင်းဖြစ်ပြီး ချက်ချင်းပင် ၀င်ပေါက်ရှိရာသို့ရောက်လာခဲ့သည်။
“ အမှောင်လင်းယုန်…! “
လူများစွာတို့က ထိုလင်းယုန်ကြီးကိုကြည့်ပြီး ၎င်း၏နာမည်ကို အော်ဟစ်လိုက်ကြသည်။
ထိုအမှောင်လင်းယုန်က ကုယီယီ၏ ကြက်သွေးမီးတောက်စာကလေးထက် နိမ့်ကျခြင်းမရှိချေ။
အဘယ်ကြောင့်ဆိုသော် ထိုသားရဲများမှာလည်း အရွယ်ရောက်လျှင် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့် (၇) သို့ အနိမ့်ဆုံးထားပြီး ရောက်ရှိသောကြောင့်ဖြစ်၏။
ပျံသန်းနိုင်သည့် အိမ်မွေးသားရဲများမှာ များစွာမရှိပေ။ ထိုအထဲကမှ အားကောင်းသည့်ကောင်များမှာမူ နည်းပါး၏။
[ Note : အိမ်မွေးသားရဲဆိုတာ ပိုင်ရှင်နဲ့ စာချုပ်ချုပ်ဆိုထားသော သားရဲကိုပြောတာပါ။ ပိုင်ရှင်အနေနဲ့ ငယ်ကတည်းကဖမ်းဆီးပြီးမွေးထားတာ ဒါမှမဟုတ် ကြီးနေပြီဖြစ်သည့် အကောင်များအား အတင်းကြပ်ဖြစ်စေ အလိုတူဖြစ်စေ စာချုပ်ချုပ်ဆိုထားတာကိုပြောတာပါ…
နားလည်ရလွယ်အောင် အိမ်မွေးသားရဲလို့ပဲ ဘာသာပြန်သွားပါမယ် ]
နတ်ဆိုးသားရဲများ ပို၍ သန်မာလေ ပို၍အသိညာဏ်ရှိလာလေဖြစ်သည်။ သန်မာသည့် နတ်ဆိုးသားရဲများအနေဖြင့် လူသားများ၏ကျွန်ဖြစ်မည့်အစား အသေသာခံသွားမည်ဖြစ်ရာ သားရဲက ပို၍ အစွမ်းထက်လေ ထိန်းချုပ်ရန်ပို၍ ခက်ခဲလေဖြစ်သည်။
“ ဟားဟားဟား… ၀င်ပေါက်တွေအများကြီး သွားကြည့်ခဲ့ပြီးပြီ.. အခုမှပဲ မင်းတို့ကိုတွေ့တော့တယ်….”
အမှောင်လင်းယုန်၏ အထက်တွင် အနက်ရောင်၀တ်စုံ၀တ်ဆင်ထားသည့် လူနှစ်ယောက်ရပ်နေသည်။ လူလတ်ပိုင်းတစ်ဦးနှင့် လူငယ်တစ်ဦးဖြစ်၏။
စောနက စကားပြောလိုက်သည်မှာ အနက်၀တ်လူငယ်လေးဖြစ်ပေသည်။
သူ့၏ မျက်လုံးများတွင် လှောင်ပြောင်သရော်ဟန်များဖြင့် တတိယမင်းသားအား ကြည့်နေခဲ့သည်။
“ မင်းက ကောင်းကင်လေနိုင်ငံရဲ့ နံပါတ်(၁) ပါရမီရှင်ဆိုတဲ့ တတိယမင်းသားလား…? ကြည့်ရတာ အဲ့လောက်လည်းမဟုတ်ပါဘူး….”
မူလက ငြိမ်သက်စွာရပ်နေသည့် တတိယမင်းသားက ထိုလူငယ်အားမြင်လျှင် မျက်မှောင်ကြုတ်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် ထိုလူငယ်ထံမှ အန္တရာယ်များသည့် ခံစားချက်ရနေသောကြောင့်ပင်။
ကောင်းကင်လေတစ်နိုင်ငံလုံးရှိ လူငယ်မျိုးဆက်ထဲတွင် သူ့အား ထိုကဲ့သို ခံစားချက်မျိုးပေးစွမ်းနိုင်သည့်လူ တစ်ယောက်မှမတွေ့ဘူးချေ။
“ မင်းက ဘယ်သူလဲ…? “
တတိယမင်းသားကမေးလိုက်၏။
“ သူက ကောင်းကင်ကျက်သရေနိုင်ငံ အနက်ရောင်မိစ္ဆာကျောင်းက လာတာပဲ.. ဟုတ်တယ်မလား…? ”
ထိုလူငယ်က ဘာမှပြန်မဖြေရသေးမီ တတိယမင်းသားဘေးရှိ လူတစ်ယောက်ကပြောလိုက်သည်။
ထိုလူက ကောင်းကင်လေနိုင်ငံအင်ပါယာမြို့တော်မှ လာခြင်းဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်ဖြစ်ကာ တတိယမင်းသား၏ သက်တော်စောင့်လည်းဖြစ်သည်။
“ ကောင်းကင်ကျက်သရေနိုင်ငံ…! “
ထိုစကားအားကြားလျှင် ပတ်၀န်းကျင်၌ တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။
သူတို့အနေနှင့် အမှောင်လင်းယုန်အထက်မှ လူနှစ်ယောက်ကို မသိကြသော်လည်း ကောင်းကင်ကျက်သရေနိုင်ငံဆိုသည့် အမည်နှင့်မူ ရင်းနှီးကြသည်။
ကောင်းကင်လေနိုင်ငံအနီးတွင် နိုင်ငံကိုးခုတည်ရှိသည်။ မြစ်တစ်စင်းက နိုင်ငံကိုးနိုင်ငံအား ဆက်သွယ်ထားသောကြောင့် သွယ်တန်းမြစ်ကိုးစင်းဟု လူသိများကြသည်။
ကောင်းကင်လေနိုင်ငံက ထိုသွယ်တန်းမြစ်ကိုးစင်းအတွင်းအပါအ၀င်ဖြစ်ပြီး ကောင်းကင်ကျက်သရေနိုင်ငံလည်း ထိုအထဲတွင်ပါ၀င်သည်။
ကောင်းကင်လေ နိုင်ငံနှင့် ကောင်းကင်ကျက်သရေ နိုင်ငံတို့မှာ ဘေးချင်းကပ်လျက်တည်ရှိနေသည်။ လွန်ခဲ့သည့် နှစ်(၁၀၀၀)မတိုင်မီက နိုင်ငံနှစ်ခု၏ ဆက်ဆံရေးမှာကောင်းမွန်ပေသည်။ သို့သော် လွန်ခဲ့သည့်နှစ်(၁၀၀၀)က မည်သို့မည်ပုံဖြစ်ခဲ့သည်မသိ နှစ်နိုင်ငံကြား တိုက်ပွဲကြီးဖြစ်ပွားခဲ့လေသည်။
သို့သော် အင်အားညီမျှနေသည့်အတွက် အနိုင်အရှုံးမကွဲပြားခဲ့ချေ။
ထိုအချိန်မှစ၍ မကြာခဏဆိုသလို တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့သည်။ လွန်ခဲသည့် (၁၆) နှစ်ခန့်က တိုက်ပွဲတွင်မူ ကောင်းကင်လေနိုင်ငံက အသာစီးရခဲ့ပြီး ကောင်းကင်ကျက်သရေနိုင်ငံက ပြန်လည်တွန်းလှန်ရန် ငွေးများအလုံးအရင်းအသုံးပြုခဲ့သည်။
ထို့နောက် နှစ်နိုင်ငံကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ကြသေးသော်လည်း ယခင်လောက်ပြင်းထန်ခြင်းမရှိတော့ချေ။
အနောက်ရောင်မိစ္ဆာဂိုဏ်းက ကောင်းကင်ကျက်သရေနိုင်ငံမှ နံပါတ်(၁)ဂိုဏ်းဖြစ်လေသည်။
ကောင်းကင်လေနိုင်ငံတွင် အသန်မာဆုံးမှာ အင်ပါယာမိသားစုဖြစ်သော်လည်း ကောင်းကင်ကျက်သရေနိုင်ငံတွင်မူကွဲပြား၏။ ထိုနိုင်ငံရှိ အသန်မာဆုံးအင်အားစုမှာ အနက်ရောင်မိစ္ဆာဂိုဏ်းဖြစ်ပေသည်။
ကောင်းကင်ကျက်သရေနိုင်ငံတွင် အင်ပါယာမိသားစုက တစ်ခုခုကြီးမားသည်အား ပြုလုပ်လိုလျှင် အနက်ရောင်မိစ္ဆာဂိုဏ်းထံမှ အရင်ဆုံး ခွင့်ပြုချက်တောင်းခံရသည်။
အနောက်ရောင်မိစ္ဆာဂိုဏ်းမှာ ကောင်းကင်ကျက်သရေနိုင်ငံ၌ အလွန်ရှေးကျသည့် ဂိုဏ်းကြီးတစ်ခုလည်းဖြစ်သည်။
တိတိကျကျပြောရမည်ဆိုလျှင် လွန်ခဲ့သော နှစ်(၁၀၀၀)ကတိုက်ပွဲတွင် အနက်ရောင်မိစ္ဆာဂိုဏ်းသာ ၀င်ပါခဲ့ခြင်းမရှိပါက ကောင်းကင်ကျက်သရေနိုင်ငံ ပျက်စီးသွားခဲ့ပေလိမ့်မည်။
“ လူအိုကြီး… ခင်းဗျားမျက်စိကောင်းသားပဲ… ခင်းဗျားပြောတာမှန်တယ်.. ကျုပ်က အနက်ရောင်မိစ္ဆာနိုင်ငံက မြင့်မြတ်သားတော်ပဲ… ကျုပ်နိုင်ငံရှိနေတုံးက တတိယမင်းသားက ကောင်းကင်လေနိုင်ငံ လူငယ်မျိုးဆက်မှာ နံပါတ်(၁)လို့ကြားထားတယ်… ပြောရမယ်ဆိုရင် ကျုက် ချောင်ဖန်းက ကောင်းကင်ကျက်သရေနိုင်ငံမှာ လက်ရည်တူတိုက်ခိုက်ဖို့ ပြိုင်ဘက်ရှာမတွေ့တာကြာပြီ… ဒီတော့ တတိယမင်းသားနဲ့ လက်ရည်စမ်းကြည့်ချင်တဲ့ရည်ရွယ်ချက်နဲ့ ဒီကိုလာခဲ့တာပဲ… တတိယမင်းသားက သတင်းတွေထဲကလိုမျိုး အစွမ်းထက်မထက် ဒီနေ့စမ်းကြည့်ကြတာပေါ့….”