← Chapters

အဲဒါဘယ်လိုမျိုး လက်နက်လဲ

Vol. 70 Ch. 1381

အဲဒါဘယ်လိုမျိုး လက်နက်လဲ

Vol. 70 Ch. 1381

လက်နက်ဖိုအခန်းအပြင်ဘက်တွင် ပေထင်းချင်းနှင့်တခြားသူများသည် စိတ်လှုပ်ရှားစွာနှင့်စောင့်ဆိုင်းနေကြသည်။ အခြေအနေပြောင်းသွားသည်ကို မြင်နေရပြီး ဝိညာဉ်စွမ်းအင်များစုစည်းသွားသည်ကို မြင်ရပြီး အထဲမှလှုပ်ရှားမှု ကိုကြားသော်လည်း မည်သို့သောလက်နက်ထွက်လာသည်ကို မမြင်နိုင်ကြပေ။

“ငါ အရမ်းစိတ်ပူနေပြီ ရှောင်ကျို့က ဘာလို့ထွက်မလာသေးတာလဲ” ရှီရှောင်မိုသည် အနည်းငယ်စိတ်မရှည်ဖြစ်လာကာ လျှောက်သွားလျှောက်လာ လုပ်ရင်းပြောလေသည် “မင်းပြောကြည့် ရှောင်ကျို့သန့်စင်တာက ကာကွယ်ရေးလက်နက်လား ခုခံရေးလက်နက်လား၊ ဒါမှမဟုတ် မှော်လက်နက် လား အဆင်တန်ဆာလား”

“အဆင်တန်ဆာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူက အဲလိုလူမျိုးလို့ ထင်လို့လား၊ သူက အဆင်တန်ဆာတွေကြိုက်ရလောက်အောင် မိန်းကလေးလို့ ထင်လို့လား” ချီဖေးသည် ပြန်ချေပလေသည်။

“တိုက်ခိုက်ပြီး သတ်ဖြတ်နေတဲ့လူတစ်ယောက်က အဆင်တန်ဆာလည်း လုပ်နိုင်မှာလား” ချီလန်သည် ဟာသတစ်ခုလိုတွေးသဖြင့် ခေါင်းခါလေသည် “လက်နက်ပဲဖြစ်လိမ့်မယ်”

ချီလန်၏စကားများသည် ဟွမ်ချန်းမှလူများအားလုံးကို မျက်လုံးလှိမ့်သွား စေသည်။ ရှောင်ကျို့က ဘယ်တုန်းက တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲသိတဲ့လူ ဖြစ်သွားတာလဲ

ထိုအချိန်တွင် အားလုံးသည် သိချင်နေကြသဖြင့် ထိုလူကိုဂရုမစိုက်ခြင်း သာဖြစ်သည်။ ပေထင်းချင်းသည် လည်ပင်းရှည်လောက်အောင် မျှော်ကြည့် သော်လည်း မမြင်ရသဖြင့် ပြုံးကာ ပေထင်းဟွမ်၏လက်နက်ဆရာဖြစ်သူ လျိုကွေ့ကို ပြောလေသည် “သခင်လျိုကွေ့ ဘာလို့ အထဲကိုမဝင်တာလဲ”

လျိုကွေ့သည် အနည်းငယ် အကျပ်ရိုက်နေသည်။ သန့်စင်ခြင်းလုပ်ငန်း စဉ်အတွင်းတွင် အနှောင့်အယှက်ဝင်မည်ကို သူ အလွန်ကြောက်သည်။ သူသာ ဂရုမစိုက်မိပါက ပြဿနာတစ်ခုဆိုလျှင်တောင် အားစိုက်မှုအားလုံး အလဟဿ ဖြစ်မည်ပင်။ သို့သော် လျိုကွေ့သည် လူအများ၏ခံစားချက်ကိုနားလည်နိုင် သည်။ ထို့ကြောင့် သူသည် ခေါင်းညိတ်ကာ အခွင့်အရေးရချိန်တွင် အထဲသို့ ကြည့်မည်အပြုတွင် 'ကျွီ' ဆိုသည့်အသံသည် အားလုံး၏အာရုံကို ဖမ်းစားလေ သည်။

သန့်စင်သည့်အခန်းတံခါးပွင့်လာကာ ပေထင်းဟွမ်သည် လွန်ခဲ့သည့် သုံးလကအတိုင်းပင်။ သူမသည် အနီရောင်ဝတ်ရုံဖြင့် အခန်းထဲမှထွက်လာ၏။ အားလုံးကိုကြည့်ပြီး သူမသည် အံ့ဩသွားသည့်ပုံဖြင့် တစ်ယောက်ချင်းစီကို ပြုံးပြီးနှုတ်ဆက်လေသည် “ဘိုးဘိုး အစ်ကိုကြီး ရှောင်မို...”

သူမသည် သန့်စင်သည့်အခန်းထဲတွင် ပိတ်လှောင်ကာ နေ့ရောညပါ လက်နက်သန့်စင်နေသဖြင့် လွှမ်းမိုးခံရမည်ကို အားလုံးသည် တစ်ချိန်လုံး စိုးရိမ် နေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူမ၏တည်ငြိမ်သောမျက်နှာထား၊ မျက်လုံး ထဲမှ ထူးဆန်းသောအလင်းစီးဆင်းနေသည်မှာ သူမ၏ခွန်အား ထပ်မံကြီးပွား လာသည်ကိုမြင်ရသဖြင့် စိတ်သက်ရာရပြန်သည်။

“တော်သေးတယ်” ပေထင်းချင်းသည် ရှေ့တိုးကာ ပေထင်းဟွမ်၏ ပခုံး ကို ခပ်သာသာလေးပုတ်ကာာ ပြုံးပြီးပြောလေသည် “မင်း လက်နက်သန့်စင် တာကို ဘိုးဘိုးမြင်တယ် ဘိုးဘိုးကိုပြလို့ရမလား”

“ဟင်” ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့မိသည်။ သူမသည် ရှက်ရွံ့ စွာနှင့်နှာခေါင်းကိုထိလိုက်သည်။ ရင်ဘတ်တွင်ချိတ်ဆွဲထားသည့် ဖက်တီးလေး ကို ဘိုးဘိုးအား ပြနိုင်မည်လား။ ဤနေရာတွင် လူများစွာရှိနေသည်။ သို့သော် အားလုံးရှေ့တွင် ယန်ယဲ့၏ဝိညာဉ်ဆေးကို မပြချင်ပေ။ ဝိညာဉ်ဆေးမှာ အထိမခံနိုင်ပေ။ သတိမထားမိလျှင် ယန်ယဲ့ ပျော်ကွယ်သွားနိုင်သည်။ ယန်ယဲ့မှ လွဲပြီး လုံခြုံမှုအတွက် တခြားမည်သူ့ကိုမှ ဝိညာဉ်ဆေးမပေးနိုင်ပေ။

“ဘိုးဘိုး ကျွန်တော့်အတွက် လည်ဆွဲလေးပဲ သန့်စ်လိုက်တာပါ၊ သိတဲ့ အတိုင်း ကျွန်တော်က သန့်စင်တာကိုသင်တာ ရက်နည်းနည်းလေးပဲရှိသေးတာ အဆင့်ကလည်း အများကြီးမမြင့်သေးဘူး၊ ကာကွယ်ရေးလက်နက် တိုက်ခိုက် ရေးလက်နက်လိုမျိုး အကြီးကြီးတွေကို မသန့်စင်နိုင်သေးပါဘူး၊ လည်ဆွဲလေး ကိုပဲ သန့်စင်ကြည့်တာပါ” သူမသည် ယန်ယဲ့၏ဝိညာဉ်ဆေးရှိသည့် ရင်ဘတ်ကို ထိပြီးပြောလေသည်။

ထိုစကားကိုကြားသောအခါ အားလုံးသည် ချီလန်နှင့်ချီဖေးတို့ကို အဓိပ္ပာယ်ပါပါ လှည့်ကြည့်ကြလေသည်။ သူတို့၏မျက်လုံးထဲမှ အကြည့်မှာ မည်သို့အကြည့်ဖြစ်သည်ကို မပြောနိုင်သော်လည်း ညီအစ်ကိုနှစ်ယောက်လုံး သည် မသက်မသာဖြစ်လာသည်။ သူတို့နှစ်ယောက်သည် လက်ခါယမ်းကြလေ သည် “အာ... ငါ ဘာမှမပြောဘူးလေ ဘာမှမပြောဘူး”

သူတို့ညီအစ်ကိုနှစ်ယောက်ကို လွှတ်ပေးလိုက်ပြီး တခြားသူများသည် မည်သို့ပြောရမည်ကိုမသိတော့ပေ။ ပေထင်းဟွမ်၏စကားများသည် တခြားသူ များ မည်သို့ပြန်ဖြေရတော့မည်ကိုမသိတော့ပေ။ သူမသည် လက်နက်သန့်စင် နည်းကိုသင်ယူခဲ့သည်။ ရက်အနည်းငယ်သာရှိသေးသော်လည်း သုံးလအတွင်း တွင် လက်နက်ကိုသန့်စင်နိုင်ခဲ့ကာ 'အဆင့်မကောင်း' ဟုပင် ပြောနေသေး သည်။ နတ်ဘုရားအဆင့်လက်နက်သခင် လျိုကွေ့ပင်လျှင် အနည်းငယ် မျက်နှာပူမိလေသည်။-

All Chapters