ရွှံ့နွံချောက်ဆီသို့သွားခြင်း
Vol. 70 Ch. 1382
အားလုံးသည် ထိတ်လန့်သွားပုံပင်။ သူတို့သည် ပေထင်းဟွမ်သန့်စင် သည့် လက်နက်အမျိုးအစားကို အလွန်ပင်စိတ်ဝင်စားသော်လည်း မေးခွန်းများ မမေးကြတော့ပေ။ သူမဆီမှ နှိမ့်ချသောစကားလုံးထွက်လာမည်ဆိုပါက သူတို့ သည် အမှန်တကယ်ပင် လူသတ်မိတော့မည်ပင်။
“ရှောင်ကျို့ မင်းက တကယ် အံ့ဩလောက်စရာပဲ” ပေထင်းကျင်သည် အစ်ကိုကြီးတစ်ယောက်အနေနှင့် အလေးအနက်ပြောလေသည်။
“ရှောင်ကျို့ လက်နက်မဟုတ်ဘာမဟုတ်နဲ့ မိန်းကလေး အဆင်တန်ဆာ ဆိုမှတော့ ဘိုးဘိုးမကြည့်တော့ပါဘူး” ပေထင်းချင်းသည် ပေထင်းဟွမ်၏ ပခုံးကို ပုတ်ပြီးရယ်မောလေသည်။ ပေထင်းဟွမ် ထွက်လာသရွေ့ သူ မည်မျှ ပင် မေးပါစေ ပေထင်းချင်း အလိုရှိသည်။
ရှီရှောင်မိုသည် ပေထင်းဟွမ်၏ခွန်အား တိုးတက်လာသည်ကို မြင်နိုင်၏။ သူမသည် နတ်ဘုရားဘုရင်အတားအဆီးထိ ထိနေလောက်မည်။ သူမသည် အခွင့်အရေးတစ်ခုတည်းနှင့်တင် ချိုးဖောက်နိုင်ပုံပင်။ ရှီရှောင်မိုသည် ပေထင်းဟွမ်အတွက် ပျော်ရွှင်မိသည် “ရှောင်ကျို့ မင်းလည်းထွက်လာပြီဆို တော့ အမှောင်နတ်မိစ္ဆာဘုံကို ဘယ်တော့သွားမှာလဲ အတူသွားကြမလား”
“ဟုတ်တယ်” ပေထင်းဟွမ်သည် အားလုံးနှင့်အတူထွက်လာကာ အမှောင်ရွှံ့နွံတောရှိရာဘက်သို့ မျှော်ကြည့်လေသည် “ကျွန်တော် ချက်ချင်း ထွက်မယ်၊ ဒါပေမဲ့ မသွားခင် အမှောင်ရွှံ့နွံတောကိုသွားချင်တယ်၊ အစ်ကိုကြီး ကျွန်တော်နဲ့ အဲဒီကိုလိုက်ခဲ့ပေးပါ၊ အဲဒီမှာ ယန်ယဲ့ ကျွန်တော့်အတွက် ချန်ထား ခဲ့တာရှိတယ်၊ အဲဒါကိုပြန်ယူချင်တယ် ပြီးတော့ အားလုံးစိတ်ဝင်စားကြမယ်လို့ ထင်တယ်၊ ရှောင်မို... ဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်းရှိတယ်လို့ပြောကြ တယ် ငါ ရွှံ့နွံတောမှာရောက်နေတဲ့အချိန်ကို မင်း အဲဒါကို ဖောက်ခွဲလိုက်လို့ရ တယ်၊ တစ်ခုခုတော့ရမှာပါ”
“ဟင် ဟုတ်လား” ထိုစကားကြားသောအခါ ရှီရှောင်မို၏မျက်လုံးများ သည် ဆာလောင်နေသောဝံပုလွေတစ်ကောင်ကဲ့သို့ ချက်ချင်းပင် အရောင် တောက်လာသည်။ ဖန်ဆင်းရေးနတ်ဘုရား၏ဂူသင်္ချိုင်းထဲတွင် မကောင်းသည့် အရာရှိလိမ့်မည်ဟု မည်သူ သံသယဝင်မိမည်နည်း။ ၎င်းသည် ဤတိုက်ကြီးပေါ် တွင် အမြင့်ဆုံးတည်ရှိမှုဖြစ်ခဲ့ပြီး ယခုချိန်ထိပင် ကမ္ဘာ၏လည်ပတ်မှု အုပ်စိုးမှု သည် ဖန်ဆင်းရေးနတ်ဘုရားမှ ဖန်တီးခဲ့ခြင်းဖြစ်သည်။
ပေထင်းချင်သည် ရုတ်တရက်ပင် ရှီရှောင်မို၏မျက်လုံးများကို ခံနိုင်ရည် မရှိတော့ပေ။ ကံကောင်းစွာပင် သူသည် ယောက်ျားတစ်ယောက်ဖြစ်သည်။ မိန်းကလေးတစ်ယောက်သာဆိုလျှင်... ပေထင်းကျင်သည် ခေါင်းလှည့်ကာ အရင်နေ့က အိပ်ရာကိုမျှဝေခဲ့သည့် ဤကောင်လေးကို ပြန်တွေးမိမည်ဖြစ်၏။ သူ ကြီးပြင်းကတည်းကပင် ၄ နှစ်အရွယ် ပေထင်းဟွမ်နှင့် တစ်အိပ်ရာတည်း အိပ်ခဲ့သည်ကလွဲပြီး မည်သူနှင့်မှ ဤကဲ့သို့ အထိအတွေ့မရှိခဲ့ပေ။
ထိုအကြောင်းအားတွေးမိသောအခါ ပေထင်းကျင်၏မျက်နှာသည် အနည်းငယ် ပူနွေးလာသည်။
“ဖိုးဖိုး အစ်ကိုကြီး ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ” အဘိုးဖြစ်သူနှင့်တခြားသူ များသည် ယန်ချန်းမှ ၃၃ ကောင်းကင်ဘုံသို့သွားမည်ကို ပေထင်းဟွမ်သိသည်။ သို့သော် မသွားခင် ရွှံ့နွံချောက်နက်ထဲမှ အကျိုးအမြတ်တချို့ရမည်ဆိုပါက ၃၃ ကောင်းကင်ဘုံရောက်သည့်တိုင် အသက်ရှင်နိုင်မည့်အခွင့်အရေးမြင့်လာမည် ဖြစ်သည်။
“ဟုတ်ပြီ” ထင်ရှားစွာပင် ပေထင်းချင်းလည်း ထိုသို့တွေးထားသည် “တခြားဂိုဏ်းထောက်သုံးယောက်ကိုလည်း ခေါ်လိုက်မယ်၊ ချူဖုန်းရော ရွှံ့နွံချောက်နက်ကိုအရင်သွားကြတာပေါ့”
ပေထင်းဟွမ် တံခါးပိတ်ကျင့်ကြံနေသည့်အချိန်အတွင်းတွင် နန်လင်းနှင့် လန်ချန်းမိုတို့သည် ပေထင်းဟွမ်၏ဆရာများအနေနှင့် အလွန်ပင် အလုပ်များ နေသည်။ ထိုအချိန်တွင် ပေထင်းဟွမ် ထွက်လာသည့်သတင်းကိုကြားသည်နှင့် ပေထင်းဟွမ်အားတွေ့ရန် အပြေးလာကြလေသည်။
“ဘာမှမဖြစ်ဘူး” လန်ချန်းမိုသည် အနည်းငယ်နောက်ကျပြီးမှရောက် လာသဖြင့် နတ်မိစ္ဆာဧကရာဇ်အကြောင်းကို ကြားလိုက်ရချိန်တွင် ထိတ်လန့် သွားခဲ့သည်။ သူသည် လက်နက်သန့်စင်သည့်အခန်းကိုသွားပြီး ပေထင်းဟွမ် အားကြည့်ချင်သော်လည်း သူ အလွယ်တကူအညံ့ပေးမည်မဟုတ်သည်ကို သိ ထားသည်။ သို့သော် စိုးရိမ်နေမိတုန်းပင်။
“သေချာပေါက်ပဲ ဘာမှမဖြစ်ပါဘူး” ပေထင်းဟွမ်သည် ပြုံးလိုက်သည်။ သူမသည် ရွှံ့နွံချောက်နက်သို့သွားမည့်အကြောင်းကို သူတို့နှစ်ယောက်အား ပြောလိုက်သည် “ကျွန်တော်က ရွှံ့နွံချောက်နက်ကနေ တိုက်ရိုက်ပဲ ထွက်သွား မယ်၊ အဲဒီမှာ အမှောင်နတ်မိစ္ဆာဘုံကိုသွားတဲ့လမ်းရှိတယ်၊ ဘိုးဘိုးနဲ့ ဆရာ လန်ချိန်းမို ဘိုးဘိုးတို့ ဒီကိုပြန်လာလို့မရဘဲ အဲဒီကနေပဲ သွားရတော့မယ်ထင် တယ်”
“ဟုတ်ပြီ” ရွှံ့နွံချောက်နက်တွင် ဖန်ဆင်းရေးနတ်ဘုရားချန်ထားခဲ့သည့် ဂူသင်္ချိုင်းရှိသည်ဟုကြားသည်နှင့် လန်ချန်းမိုသည် အလွန်ပျော်မိလေသည် “ငါတို့တွေ သားရဲတောပေါ်ကနေ ပျံသွားဖို့ ပြဿနာမရှိပါဘူး၊ သွားလာဖို့ လွယ်ပါတယ် အဲတော့ အခုပဲသွားကြတာပေါ့”