မီးတောက်မြို့ ပြန်လာခဲ့မယ်
Vol. 70 Ch. 1383
ယန်ချိန်းအပြင်ဘက်မှ အစီအရင်စက်ဝိုင်းသည် ယန်ယဲ့ထွက်သွားသည် နှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာပင် ယန်ချန်းတွင် ပင်မတိုက် ကြီးရှိ မစ်ရှင်များအားလုံး ပြီးဆုံးသွားလေပြီ။ လွန်ခဲ့သည့်နှစ်ထောင်ချီက နတ် မိစ္ဆာဧကရာဇ်သည် ဘုံကို ဖြိုဖျက်ကာ ကစဥ့်ကလျားနတ်အရင်းအမြစ်၊ လက်ပတ်နှင့် ဧကရီ၏ပိုင်ဆိုင်သော တခြားပစ္စည်းများကို ပင်မတိုက်ကြီးတွင် ထားခဲ့သည်။ အနိမ့်ဘုံသည် ဧကရီပြန်အလာကိုစောင့်စားနေခဲ့သည်။
ထိုအရာများသည် အရေးကြီးသည့်အရာများဖြစ်သဖြင့် ယန်ယဲ့သည် ပင်မတိုက်ကြီးကိုကာကွယ်ရန် ယန်းမို့ထျန်းမျိုးနွယ်၏ ဘယ်တမန်တော်ကို စေလွှတ်ခဲ့သည်။
ကျောက်တမန်တော်သည် ဤနေရာတွင် ယန်းမြို့ကိုတည်ထောင်ခဲ့ပြီး အပြင်လောကနှင့် ကင်းကွာစေရန် ယန်ယဲ့ကိုယ်တိုင် ဤအစီအရင်ကို တည်ဆောက်ခဲ့သည်။
အစီအရင်နှင့်မကာကွယ်ထားသော မီးတောက်မြို့သည် လှပဆဲဖြစ်ကာ ကန္တာရအထက်တွင် ပေါလောပေါ်နေသည့် ကျွန်းတစ်ခုနှင့်တူသည်။ ၎င်းသည် ကမ္ဘာမြေကြီး၏အလယ်အထက်တွင်ရှိသဖြင့် တိုက်ကြီးကို ခွဲလိုက်သည့် အမှားကြောင့် ယန်ချန်းရှိ ပေါများသော ဝိညာဉ်စွမ်းအင်များသည် ကန္တာရလေ အဝေ့တွင် ပင်မတိုက်ကြီးရှိ တခြားနေရာများသို့ ရောက်သွားလေသည်။ အနီး ဆုံးအနာဂတ်တွင် ပင်မတိုက်ကြီး၏ရောင်ဝါသည် ပို၍ပေါများလာနိုင်ပြီး တခြားဘုံများလောက်မကောင်းနိုင်သော်လည်း အနည်းဆုံးတော့ လက်ရှိ လောက်တော့ မနည်းနိုင်တော့ပေ။
သို့သော် ဤဘုံကို စည်းမျဉ်းများဖြင့် ဖိနှိပ်ထားပြီး နတ်ဘုရားအဆင့်ကို ချိုးဖောက်နိုင်လျှင်တောင် ဝိညာည်အဆင့်ကို မရောက်နိုင်ပေ။
ပေထင်းဟွမ်သည် ယန်ချန်းကို နောက်ဆုံးအကြိမ်ကြည့်ပြီး လက်မြှောက် ကာ ရင်ဘတ်မှ ဝိညာဉ်ဆေးကို ပွတ်သပ်လိုက်သည် “ယန်ယဲ့ ရှင် ပြန်လာတဲ့ အချိန်ကျရင် ဒီကိုပြန်လာရအောင် ဒီနေရာက နေရာကောင်းတစ်ခုပဲ”
သက်ပြင်းချပြီးနောက် ပေထင်းဟွမ်သည် လေထဲသို့ ခြေဖျားထောက် တက်သွားရာ သူမ၏ခန္ဓာကိုယ်သည် ကြယ်တစ်စင်းအလား သားရဲတောရှိရာ သို့ ပျံသွားလေသည်။ သူမ၏ ကြည်လင်သောအသံသည် အဝေးမှပျံ့လွင့်လာ သည် “ရွှံ့နွံချောက်နက်ကို ဘယ်သူအရင်ရောက်မလဲ ပြိုင်ကြတာပေါ့”
အားလုံးသည် တဒင်္ဂမျှ အေးခဲသွားသည်။ ဒီလိုအရှက်မဲ့တဲ့အရာရှိသေး တာလား။ ပြေးချင်ရင် ကိုယ့်ဘာသာ ဝေးဝေးပြေးလေ သူများကို လာစိန်ခေါ် နေသေးတာလား။ အားလုံးသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ခေါင်းခါမိကြသည်။ သို့သော် ပေထင်းဟွမ် အပြည့်အဝပြန်သက်သာလာသည် ကို ကြည့်ပြီး သူတို့အလွန်ပျော်မိကြသည်။
“အာ.. ပေထင်းဟွမ် ဟေ့ကောင် မင်းက တကယ်အရင်ပြေးသွားတာပဲ” ရှီရှောင်မိုသည် အော်ဟစ်လေသည်။ သူမ၏ပုံရိပ်သည် လေထဲတွင် အကြိမ် ပေါင်းများစွာ လက်သွားသည်။ အားလုံးသည် ကောင်ကင်တွင် ပုံရိပ်များ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။ ဘုရင်၏ခွန်အားသည် တခြား သာမန်နတ်ဘုရားအဆင့်များ၊ ဝိညာဉ်ဂိုဏ်းအဆင့်များ မယှဉ်နိုင်ပေ။ သို့သော် အားလုံးသည် စိတ်ဓာတ်တက်ကြွနေတုန်းပင် “ငါတို့လည်းလိုက်ကြတာပေါ့”
ကံကောင်းစွာပင် ထိုအချိန်တွင် ဟွမ်ချန်းမှလွှတ်လိုက်သူများသည် အားလုံး ဝိညာဉ်ဂိုဏ်းအထက်အဆင့်များဖြစ်ကြကာ တုန်ဖန်းကျောက်ပင် လာရန် အရည်အချင်းမပြည့်မှီပေ။ သခင်ကြီးလေးယောက်အပြင် ပေထင်းဟွမ် မှလွဲပြီး လူငယ်မျိုးဆက်မှလိုက်ရသူများသည် တုန်ဖန်းအောင်၊ ရှီမန်ဆုန်းနှင့် ပေထင်းကျင်တို့ဖြစ်ကြသည်။ သူတို့သုံးယောက်သည် နတ်ဘုရားအဖွဲ့၏ နောက်မှလိုက်ရသဖြင့် ခြေကုန်လက်ပန်းကျလုမတတ်ပင်။ သူတို့သည် နောက်ဆုံးတွင် ဂိတ်ဆုံးကိုရောက်ကြသည်။ သူတို့အားလုံးသည် ခွန်အား လျင်မြန်စွာတိုးတက်ရန် လောနေပြီဖြစ်သည်။
သူတို့အဖွဲ့သည် သားရဲတောအထက်မှဖြတ်သွားရာ အမှတ်တမဲ့ကြည့် လိုက်လျှင် သူတို့သည်နတ်ဘုရားများဖြစ်ကြသည်။ ရုတ်တရက်ပင် နတ်သားရဲ တော၏နယ်ရှင်သည် ကောင်းကင်သို့ကြည့်လိုက်ရာ အားကောင်းသောသားရဲ များပျံနေသည်ကို မြင်လိုက်ရသည်။ သူသည်လည်း ချွန်ထက်သောအစွန်များ ကိုရှောင်ရှားကာ တောင်ထိပ်ဂူများတွင် ပုန်းအောင်းကာ လေထဲတွင် ပျံလာပြီး ရယ်ရယ်မောမော မောက်မာစွာနှင့်စကားပြောလာသည့်လူတစ်စုကို ကြည့်ပြီး မယုံနိုင်ဖြစ်နေသည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ လူသားတွေထဲမှာ ဘာလို့ နတ်ဘုရား အဆင့်တွေရုတ်တရက်ကြီး အများကြီးပေါ်လာတာလဲ၊ ဒါက ပင်မတိုက်ကြီးမှာ နတ်ဘုရားပေါ်လာဖို့ ဖြစ်နိုင်တယ်လို့ဆိုလိုတာမလား” ထိပ်ဆုံးအဆင့်ရှိသော တန်သားရဲသိမ်းငှက်သည် မတွေးတတ်လောက်အောင် မေးလေသည်။
“လူသားဘုံမှာ အဂ္ဂိရတ်ပညာရှင်ကြီးပေါ်လာတယ်လို့ကြားတယ်၊ သူ လုပ်တဲ့ဆေးက လူသားတွေကို အဆင့်တက်စေနိုင်တယ်တဲ့” လူသားများ၏ စကားများကို ချောင်းနားထောင်နေသော ဝံပုလွေကြီးသည် ပြန်ဖြေလေသည်။
“သူတို့ဦးတည်ချက်က ရွှံ့နွံချောက်နက်ပဲဖြစ်ရမယ်၊ အဲဒီမှာတော့ စိတ်လှုပ်ရှားစရာတွေရှိလာတော့မှာပဲ အဲဒီကလူတွေ အပျော်ဝင်ပါကြတော့မှာ လား” သိမ်းငှက်သည် သက်ပြင်းချကာ ခေါင်းခါလေသည်။ ဤနေရာတွင် အချိန်တစ်ခုလောက်နေရန် မသင့်တော့ပုံပင်။ ထို့ကြောင့် သူသည် တိတ်ဆိတ် သည့်နေရာတစ်ခုရှာရန် ဆုံးဖြတ်လိုက်သည်။ နတ်ဘားရဲဘုံကို တစ်ခါတည်း ပြိုကျအောင်လုပ်နိုင်မလားကြည့်တာပေါ့။