← Chapters

ဆေးတောင်ကြားကလူဖြစ်နေတာကိုး

Vol. 70 Ch. 1384

ဆေးတောင်ကြားကလူဖြစ်နေတာကိုး

Vol. 70 Ch. 1384

သည်တစ်ကြိမ်တွင် ရွှံ့နွံချောက်နက်သည် သိမ်းငှက်ကြီးပြောသလိုပင် သက်ဝင်လှုပ်ရှားလှသည်။ ပေထင်းဟွမ်သည် ဝိညာဉ်ခွဲဆေးကို သန့်စင်နိုင်ရ သည့်အကြောင်းအရင်းမှာ အသုံးပြုသည့် ပါဝင်ဆေးပစ္စည်းများ ကွဲပြားခြင်း ကြောင့်ဖြစ်သည်ဟု တန့်ကာမြို့တွင်ပြောခဲ့သည်။ ဝိညာဉ်ခွဲဆေး သန့်စင်ရာ တွင် အဓိကအသုံးပြုသည့် ထျန်းကျို့ဟွမ်သည် ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းတွင် တွေ့ခြင်းဖြစ်သည်။ ပင်မတိုက်ကြီးတွင် အဂ္ဂိရတ်ပညာရှင်များ နှင့် တချို့သောအင်အားကြီးအင်အားစုများသည် ဤနေရာတွင်စုဝေးကြပြီး ရောက်ရှိနေကြသည်မှာ လေးလမျှကြာမြင့်ပြီဖြစ်၏။

နဂိုက ချောက်နက်ကဲ့သို့ဖြစ်နေသော ရွှံ့နွံတောသည် ထိုနေ့က ယန်ယဲ့ ကမ္ဘာကြီးချေမှုန်းနတ်မိစ္ဆာဓားဖြင့် ဖန်ဆင်းရေးနတ်ဘုရားဂူသင်္ချိုင်းကို ဖျက်ဆီးပြီးနောက် အပြောင်းအလဲကြီးဖြစ်ခဲ့သည်။ ဝိညာဉ်ခွဲတောင်တန်းသည် ရွှံ့နွံထဲသို့ ပြိုကျပြီး ရွှံ့နွံတစ်ဝက်နီးပါးကို ပြည့်သွားသည်။ ထိုနေရာတွင် နေထိုင်ကြသည့်သားရဲများသည် နှစ်ပေါင်းသောင်းချီနီးပါးကြာပြီဖြစ်သည်။ ပေထင်းဟွမ်၏ ဖောက်ခွဲမှုအပြီး သားရဲများကိုအောင်နိုင်ခြင်းကြောင့် ထိုနေရာ သည် ဗလာကျင်းလုနီးပါးပင်။

နေသည်ပိုပို၍မှောင်မိုက်လာပြီး ဝိညာဉ်ခွဲတောင်တန်းတွင် အမှောင်ထု လွှမ်းမိုးလာသည်။ နေသည် ဝင်ရိုးစွန်းအောက်သို့ တဖြည်းဖြည်းနစ်ဝင်သွားကာ ရွှံ့နွံတောစခန်းတစ်ခုလုံးသည် အသက်ဝင်လာသည်။ ဂူသင်္ချိုင်းဝင်ပေါက်သို့ ဝင်ချည်ထွက်ချည်လုပ်နေသူများသည် စခန်းသို့ပြန်သွားကြသည်ကိုမြင်နိုင်ကြ လေသည်။ ကောင်းကင်သည် မှောင်မည်းခြင်းမရှိသော်လည်း ဤကဲ့သို့နေရာ မျိုးတွင် အားလုံးသည် သတိရှိကြသည်။

ထို့အပြင် ဤနေရာသည် သားရဲတောဖြစ်သည်။

ရွှံ့နွံတောဝင်ပေါ်တွင် နောက်အဖွဲ့ကြီးတစ်ဖွဲ့ဝင်လာသည်။ ထိုမြင်ကွင်းမှာ လွန်ခဲ့သည့်လေးလကပင် မြင်နေကျလိုပင်ဖြစ်နေသည်။ ဤနေရာတွင်လေးလကြာအောင် အမြစ်တွယ်နေသူများသည် ထိုအဖွဲ့ကြီးကို မြင်သောအခါ မျက်နှာထားများ ရှုံ့မဲ့သွားကြသည်။ ထို့အပြင် နောက်တစ်ဦး ထပ်လာလျှင် ရတနာများ မျှဝေသွားရမည်ဖြစ်သည်။ ထိုအဖွဲ့သည် အလွန်ပင် ကြီးမားသည့် အင်အားစုဖြစ်နေသည်။

“ဒီမှာတင်ကိုရှိနေတဲ့ အင်အားစုတွေက လုံလောက်နေပြီ ပင်မတိုက်ကြီး က နာမည်ကျော်နှင်းဝံပုလွေကြေးစားအဖွဲ့၊ အဂ္ဂိရတ်အစည်းအရုံး၊ လက်နက် သန့်စင်ရေးအစည်းအရုံးနဲ့ သားရဲထိန်းအစည်းအရုံး... အခု နောက်တစ်ဖွဲ့လာ ပြန်ပြီ၊ လူတွေအသက်ရှင်ပါဦးမလား” လူတစ်ယောက်သည် တိုးညင်းစွာဖြင့် စောဒကတက်လေသည်။

သို့သော် လာနေသောလူတစ်စုကိုမြင်သောအခါ သူတို့၏ခန္ဓာကိုယ်မှ နှင်းဖြူရောင်ဝတ်ရုံနှင့်အတူ ရင်ဘတ်မှတံဆိပ်ပြားကိုမြင်သောအခါ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။ ထိုမိသားစုထဲတွင် သူစိမ်းမပါပေ။ အထူးသဖြင့် တန့်ကာမြို့မှတိုက်ရိုက်လာကြသူများသည် တိတ်ဆိတ်သွားကြ ကာ ပြောစရာမရှိတော့ပေ။

“ဆေးတောင်ကြားကလူဖြစ်နေတာကိုး”

ပုံမှန်မဟုတ်တော့ပေ။ ဆေးတောင်ကြားသည် အဂ္ဂိရတ်ပညာရှင်မိသားစု ပင်ဖြစ်သည်။ သခင်ပေထင်းဟွမ် အဂ္ဂိရတ်အစည်းအရုံးမှထွက်လာကတည်းက ပင် ဝိညာဉ်ခွဲဆေးနှင့် အရှင်အဆင့်ရတနာဆေးမျတားကို သန့်စင်နိုင်ခဲ့သည်။ ပင်မတိုက်ကြီးမှ ဆေးတောင်ကြား၏ဂုဏ်သတင်းသည် နေကဲ့သို့ မှေးမှိန်သွား ပြီဖြစ်သည်။ ထိုနေ့ အဂ္ဂိရတ်အစည်းအဝေးပြီးဆုံးပြီးနောက် အဂ္ဂိရတ်အစည်း အရုံးသည် ရွှံ့နွံတောတောသို့သွားရန် လူတစ်စုဖွဲ့စည်းခဲ့သည်။ ရည်ရွယ်ချက် မှာ သေချာပေါက်ပင် ဝိညာဉ်အဆင့်ခွဲဆေးကိုသန့်စင်ရန်ဖြစ်သည်။

“သခင်အိုက်လန်က ဝိညာဉ်ခွဲဆေးကိုသန့်စင်ဖို့ ထျန်းကျို့ဟွမ်ကိုသုံးခဲ့ တယ်လို့ကြားတယ် အဲဒါကြောင့် ဒီကိုလာကြတာမဆန်းပါဘူး”

“ဆေးတောင်ကြား၊ အဲဒီလူတွေက ဒီတစ်ခေါက် ရတနာယူဖို့ ၃၃ ကောင်းကင်ဘုံကလာတာဆို၊ ဆေးတောင်ကြားကနေ နတ်ဘုရားသုံးဦးထွက် လာတယ် ပွဲကြီးပွဲကောင်းပဲ”

ဆေးတောင်ကြားမှလူများ၏ ရင်ဘတ်မှမိသားစုတံဆိပ်သည် ကျိုးရှင်းတင်းတင်းဖြစ်သည်။ အားလုံး၏ဆွေးနွေးချက်များကိုကြားပြီးနောက် တန့်ကာမြို့တွင် ရှုံးလာခဲ့သည့် ဆေးတောင်ကြားမှ ရုတ်တရက် စိတ်အေးသွား ကြလေသည်။ ရင်ဘတ်ကိုကော့ကာ စခန်းဆီသို့ မောက်မာစွာဖြင့် လျှောက်သွားကြလေသည်။

အရှေ့တွင်လူသုံးယောက်ဦးဆောင်လျှောက်လာသည်။ စခန်းထဲမှ ဝိညာဉ်ဂိုဏ်းထိပ်ဆုံးအဆင့်ကပင် ထိုလူသုံးယောက်၏ ခွန်အားကိုမမြင်နိုင်ကြ ပေ။ သူတို့သည် အားလုံးပြောကြသည့် ဆေးတောင်ကြားမှ နတ်ဘုရားအဆင့် သို့တက်ခါစလူသုံးယောက်ဖြစ်နိုင်သည်။ ထိုမြင်ကွင်းကိုကြည့်ပြီး အစည်းအရုံး ဥက္ကဌသုံးယောက်နှင့် သောက်စား၍စကားပြောနေသော ချင်းယွိသည် မျက်မှောင်ကြုတ်လေသည်။

All Chapters