နှင်းဝံပုလွေအားတိုက်ခိုက်ခြင်း
Vol. 70 Ch. 1385
“ဆေးတောင်ကြားလည်း အခုရောက်လာပြီပဲ၊ ငါက အားကောင်းတယ် လို့ထင်နေတာ အသင့်စားလျှော့ဈေးကို ကောက်ယူရုံပဲမလား” အဂ္ဂိရတ် အစည်းအရုံးဥက္ကဌချောင်ရှန့်သည် မျက်မှောင်ကြုတ်ကာ လက်ထဲမှပုလင်းကြီး ကို ကိုင်လျက်ရပ်တန့်ထားလေသည်။
“ဈေးလျှော့ဖို့လား သူတို့အလှည့်မဟုတ်ဘူးပဲ” သားရဲထိန်းအစည်းအရုံး ဥက္ကဌ ယန်ကောဝမ်သည် ခေါင်းကိုယမ်းလေသည် “သူတို့က နတ်ဘုရားအဆင့် ကိုရောက်တာနဲ့ ဒီတိုက်ကြီးမှာ ဘုရင်တစ်ပါးဖြစ်နိုင်မယ်လို့ထင်နေရင် ကလေး ဆန်တာပဲမဟုတ်ဘူးလား”
ချင်းယွိ စကားမပြောပေ။ စွမ်းအားခွဲခြားလိုက်သောအခါ နှင်းဝံပုလွေ ကြေးစားအဖွဲ့၏သခင်လေးတစ်ယောက်အနေနှင့် ကုန်သွယ်ရေးအစည်းအရုံး ၏ အဓိကအလုပ်အကိုင်သုံးခုဥက္ကဌများနှင့် အတူထိုင်ရန် အရည်အချင်း မပြည့်မှီသည်ကို သူသိသည်။ ပြည်မကြီးတွင် ကုန်သွယ်ရေးအစည်းအရုံးမှလူ များကို ကျွမ်းကျင်ရာအလိုက် ခွဲခြားထားသည်။ ထိုလူသုံးယောက်၏ စွမ်းအား နှင့်အတူ ပြည်မကြီးတွင် လက်မြှောက်လိုက်သည်နှင့် အားကောင်းသောလူများ သည် သူတို့အတွက် အလုပ်လုပ်ရန် ဆန္ဒရှိကြသည်။
သူတို့သုံးယောက်နှင့်အတူထိုင်ရသည့် အကြောင်းအရင်းမှာ သူသည် နှင်းဝံပုလွေကြေးစား၏သခင်လေးဟူသည့် ရာထူးကြောင့်ပင်ဖြစ်သည်။ ဝိညာဉ်ဂိုဏ်းနှင့် သခင်ကြီးအဆင့်ပင် ထိုအခွင့်အရေးကိုမရကြပေ။ ရိုးရှင်း သောအကြောင်းအရင်းမှာ သူ့နောက်တွင် ပေထင်းဟွမ်ရှိနေခြင်းကြောင့်သာ ဖြစ်သည်။
ယန်ကောဝမ်ပြောသည့် လက်ရှိတိုက်ကြီးမှဘုရင်ဆိုသည်မှာ ပေထင်းဟွမ်ကို ရည်ညွှန်းသည်ကို ချင်းယွိကောင်းစွာသိသည်။ သို့သော် သူ ပြုံးရုံသာပြုံးပြီး စကားမပြောဘဲ ခွက်မြှောက်လိုက်သည် “လာကြ ဥက္ကဌချောင်၊ ဥက္ကဌယန်၊ ဥက္ကဌဝမ် တခြားလူကိစ္စကို ဂရုစိုက်မနေပါနဲ့ သောက်ရအောင်”
“ဟီးဟီး ကောင်းတယ်” ချင်းယွိသည် ယန်ချန်း သို့မဟုတ် ဟွမ်ချန်း အကြောင်းပြောလာသည့်အချိန်တိုင်းတွင် စကားလမ်းကြောင်းပြောင်းတတ်ရာ ယန်ကော်ဝမ်နှင့်တခြားသူများသည် ဆက်မပြောရဲပေ။ ချင်းယွိသည် ထိုကဲ့သို့ စရိုက်လက္ခဏာရှိသည်။ တခြားသူများအပေါ်သစ္စာရှိသည်။ ထို့အပြင် သူတို့ သုံးယောက်မေးမြန်းသည့်မေးခွန်းမှာ ချင်းယွိ သည်တစ်ခေါက် လူခေါ်လာသည် မှာ မစ်ရှင်အတွက်မဟုတ်ပေ။
ကြေးစားအဖွဲ့သည် ငွေကြေးအတွက်မဟုတ်လျှင် တခြားမည်သည့် အရာရှီဦးမည်နည်း။
သူတို့ရောက်နေသည်မှာ လေးလကြာမြင့်ပြီဆိုသော်ငြား မည်သည့်အရာ မှမရသေးပေ။ သို့သော် ပေတေစောင့်သည်။ သူတို့စောင့်ဆိုင်းနေသည့် လူသည် သေချာပေါက်ပြန်လာမည်ဟု ယုံကြည်ထားသည်။
“ဒီတဲမှာဘယ်သူရှိသေးလဲ ထွက်ခဲ့လိုက် ငါတို့ ဆေးတောင်ကြားက ဒီမြေ ကိုလိုချင်တယ်”
ထိုအခိုက်အတန့်တွင် အသံတစ်သံသည် ညကောင်းကင်ကိုထိုးဖောက် ထွက်လာရာ စားသောက်နေကြသည့် လူလေးယောက်ကို ထိတ်လန့်သွားစေ ရာ လူအုပ်နောက်လိုက်ကာ အသံလာရာသို့လိုက်ကြသည်။ ဆေးတောင်ကြား တွင် လူအယောက် ၂၀ ကျော်ပါဝင်သည်။ သူတို့ထဲမှတစ်ယောက်သည် အသက် ၂၀ အရွယ်လူငယ်ဖြစ်ပြီး ထိုကန်ချက်သည် နှင်းဝံပုလွေကြေးစားအဖွဲ့၏စခန်း အား နှင်ထုတ်ရန် ရည်ရွယ်ထားသည်။
ဤစခန်းတွင် ပြည်မကြီးမှ နာမည်ကြီးအင်အားစုများအားလုံးနီးပါး စုဝေးနေကြသည်။ စခန်းများသည် တစ်ခုပြီးတစ်ခုတိုးလာသည်။ ရံဖန်ရံခါတွင် တိုက်ခိုက်လေ့ရှိသော်လည်း နယ်နိမိတ်အတွက်တော့ မတိုက်ခိုက်ကြပေ။
သည်တစ်ခေါက်ဖြစ်ရပ်မှာ အားလုံးကို ထိတ်လန့်သွားစေသည်။ အားလုံး သည် ရင်တထိတ်ထိတ်နှင့်ကြည့်နေကြသည်။ ဆေးတောင်ကြားတွင် နတ်ဘုရားအဆင့်သုံးယောက်ပါဝင်သည်။ ထိုအဟုန်၊ ထိုအပြုအမူသည် ပြည်မတိုက်ကြီးတွင် ပထမတန်းစားဟု သတ်မှတ်နိုင်သည်မဟုတ်ပါလား။
ထျန်းလင်သစ်သီးကို စားသုံးပြီးနောက် လဲ့ကယ်တုသည် အဆင့်မြင့် ဝိညာဉ်သခင်ကြီးဘုံသို့ အောင်မြင်စွာခုန်တက်နိုင်ခဲ့ပြီး ပြည်မကြီးတွင် သခင် တစ်ပါးဟု သတ်မှတ်နိုင်သည်။ ဆေးတောင်ကြားမှ ထိုလူငယ်သည် တော်လှ သော်လည်း သူ့ကို ကန်ထုတ်ရန်ဖြစ်နိုင်သေးပေ။ ခေါင်းဆောင်သည် နောက်သို့ လွှဲကာ ထိုလူ၏ကန်ချက်ကိုရှော်ငရှားလေသည်။ သူသည် ခန္ဓာကိုယ်ကို လှည့် ကာ နောက်ပြန်ကန်လိုက်ကာ လူငယ်၏ခြေထောက်ကိုနင်းထားသည်။
“ဂျွတ်”
အရိုးကျိုးသံသည် လေထုထဲတွင် ရှင်းလင်းစွာထွက်လာသည်။ ချက်ချင်း ဆိုသလိုပင် လူငယ်၏ ဝက်တစ်ကောင်ကိုသတ်လိုက်သကဲ့သို့ ပူဆွေးသံထွက် ပေါ်လာသည်။ ကျိုးသွားသောခြေထောက်ကိုကိုင်ပြီး လူငယ်သည် မြေပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်လေသည် “အာ.. ဟေ့ကောင်တွေ သူ့ကိုသတ်ကြ”