Chapters

နတ်ဘုရားအဆင့်သုံးယောက်

Vol. 70 Ch. 1386

နတ်ဘုရားအဆင့်သုံးယောက်

Vol. 70 Ch. 1386

ထိုအချိန်တွင် ဆေးတောင်ကြားကိုဦဂဆောင်သည့် နတ်ဘုရားသုံးဦး၏ မျက်လုံးများသည် ထိုင်းမှိုင်းသွားလေသည်။ သူတို့ထဲမှတစ်ယောက်သည် နတ်အာရုံဖြင့် ချိတ်ပိတ်ထားပြီး ခေါင်းဆောင်အား အသံထဲတွင်နတ်စွမ်းအင် ထည့်ပြီးတိုက်ခိုက်လေသည် “ဟုတ်တယ် မင်းကို ဘယ်သူက ဒီလိုသတ္တိတွေ ပေးလိုက်တာလဲ”

မိုးကြိုးပစ်သံနှင့်တူသော နတ်စွမ်းအားအသံသည် ထိုအခိုက်တွင် လေထဲ၌ တန့်ခံနေသည်။ နဂိုကအလှုပ်အရှားမရှိ ငြိမ်နေသော သစ်တောသည် အားကောင်းသောလေကြောင့် လွင့်သွားသည့်အလား မရေတွက်နိုင်သော သစ်ကိုင်းခြောက်များသစ်ရွက်များသည် သစ်ပင်များပေါ်မှ ကြွေကျလာသည်။ ကမ္ဘာကြီးသည် သုံးကြိမ်မျှ တုန်ခါသွားသလိုပင်။

မရေတွက်နိုင်သောလူများ၏ နားစည်များသည် ပေါက်သွားသကဲ့သို့ ခံစားရလေသည်။ အားနည်းသောလူများသည် ထိုအသံကိုကြားလိုက်ရချိန်တွင် နားထဲမှသွေးများထွက်လာရာ နားပိတ်ထားကြလေသည်။ နတ်စွမ်းအားသည် သူ့ကိုတိုက်ရိုက်တိုက်ခိုက်သည်။ သူ၏ခန္ဓာကိုယ်သည် မျက်စိဖြင့်ပင်မြင်နိုင် သော စွမ်းအင်လှိုင်းကြောင့် ပေါက်ကွဲထွက်သွားသည်။ သူသည် မြေကြီးပေါ်မှ မြောက်သွားပြီး နောက်ဆုံးတွင် လေပေါ်ရောက်သွားကာ အနောက်မှ နှစ် တစ် သောင်းသစ်ပင်ဆီသို့ အားနှင့်သွားရိုက်လေသည်။

နှင်းဝံပုလွေကြေးစားအဖွဲ့စခန်းတစ်ခုလုံးသည် ထိုနတ်စွမ်းအား တိုက်ခိုက်မှုကြောင့် ကျွမ်းထိုးမှောက်ခုံဖြစ်သွား၏။ ဆောက်ထားသော တဲများ အားလုံး အနောက်သို့လန်ကျကာ ထိုင်ပြီးစားသောက် စကားပြောနေကြသော အဖွဲ့ဝင်များသည် တစ်ယောက်ပြီးတစ်ယောက် နောက်ပြန်လန်ကျသော်လည်း မည်သူမှ ဒဏ်ရာမရကြပေ။

ချင်းယွိသည် မယုံနိုင်ပေ။ ပေထင်းဟွမ် တာဝမြို့တွင် နှင်းဝံပုလွေ ကြေးစားအဖွဲ့ကို ထောက်ပံ့စဉ်ကစပြီး ပြည်မကြီးတွင် လမ်းလျှောက်လျှင် တောင် အဟန့်အတားတစ်ခုမှမတွေ့ဖူးပေ။ သူ၏တစ်ဖွဲ့လုံး လှုပ်ရှားမှုလုပ်ရန် အခွင့်အရေးမရလိုက်ခင်မှာပင် ရှင်းထုတ်ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။

ချင်းယွိသည် မြေပေါ်မှ ရုတ်ခြည်းထလိုက်ကာ စခန်းဆီသို့ ပျံသွားမည် ပြုသည်။ ယန်ကော်ဝမ်နှင့်တခြားသူများသည် သူ့ကိုဆွဲထားကြသည် “သခင်လေးချင်း အဲဒီကိုမသွားနဲ့ သူတို့က နတ်ဘုရားအဆင့် ၃ ယောက်၊ ကောင်းကင်အဆင့် ၈ ယောက်နဲ့ အကုန်လုံးက မြေကြီးအဆင့် အဆင့် ၃ ကျွမ်းကျင်သူတွေချည်းပဲ မင်းကတစ်ယောက်တည်း...”

“အဲတော့ဘာဖြစ်လဲ” ချင်းယွိသည် ပခုံးကိုအားပါပါခါယမ်းကာ ‌ယန်ကောဝမ်၏လက်ကို ခါချလေသည် “ကျုုပ် ချင်းယွိက သေမှာကိုကြောက် တဲ့သူမဟုတ်ဘူး၊ ကျုပ်အဖွဲ့အရှက်ခွဲခံနေရတဲ့အချိန်မှာ ကျုပ်က လျစ်လျူရှုပြီး ပုန်းနေရမှာလား၊ နတ်ဘုရားအဆင့်ဖြစ်လဲ ဘာဖြစ်လဲ၊ ကောင်းကင်အဆင့် ၈ ဖြစ်တော့လည်းဘာလုပ်ရမှာလဲ ကျုပ်သေသွားရင် နတ်ဘုရားအဆင့်တွေက ဒီကလူတွေနဲ့ ရွှံ့နွံချောက်နက်ကသားရဲတွေကိုသတ်ရင် တစ်နေ့ ရှောင်ကျို့က သူတို့ကိုသတ်ပြီး ကျုပ်အတွက် လက်စားချေပေးမှာပဲ”

ချင်းယွိသည် ထိုစကားများကို အော်ဟစ်ပြောဆိုသည်။ ဆေးတောင်ကြား မှလူများကြားလိုက်သဖြင့် ထိုဘက်သို့ ကြည့်လာကြသည်။ သူတို့၏မျက်လုံး များထဲတွင် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ပြီး အဖြူရောင်ဝတ်ရုံဝတ်ဆင်ထား သည့်လူငယ်သည် မျက်လုံးများကြည်လင်ပြီး ချောမောကာ အားမာန်တက်ကြွ လေသည်။ တောက်ပသောမျက်လုံးတစ်စုံထဲတွင် ရေကဲ့သို့နူးညံ့မှုသည် ယခုအခါ မြူခိုးအလွှာဖြင့် ဖုံးအုပ်နေပြီး မုန်းတီးမှုအပြည့်နှင့်ပင်။ သူသည် ဆေးတောင်ကြားမှလူတစ်စုကို စိုက်ကြည့်လေသည်။

“ဟီးဟီး နှင်းဝံပုလွေကြေးစားအဖွဲ့က သခင်လေးချင်းယွိဖြစ်နေတာကိုး မင်းနဲ့ပေခင်းဟွမ်တို့က သွေးသောက်ညီအစ်ကိုတွေဆို၊ အကြီးအကဲ ၂၊ အကြီးအကဲ ၃၊ အကြီးအကဲ ၄၊ ဒီကလေးက ပေထင်းဟွမ်ရဲ့ ညီအစ်ကိုကောင်း ပဲ၊ ပေထင်းဟွမ်က ညီမထုန်ကိုသတ်ထားတာ၊ သူ့ကိုသတ်လိုက်ရင် ညီမထုန် အတွက်လက်စားမချေနိုင်ရင်တောင် အတိုးတော့နည်းနည်းရမှာပဲ”

ထိုလူငယ်၏စကားများကိုကြားပြီးနောက် စခန်းတစ်ခုလုံးမှအားလုံး နီးပါးသည် မှင်တက်သွားကြလေသည်။ သူတို့သည် မျက်လုံးများပြူးကျယ်လာ ပြီး ထိုလူတစ်စုကို စိုက်ကြည့်နေကြသည်။ ထိုလူများ နှင်းဝံပုလွေကြေးစားအဖွဲ့ ၏ စခန်းကိုလိုချင်သည်မှာ ထိုမြေကိုသဘောကျခြင်းကြောင့် မဖြစ်နိုင်လောက် ပေ။