မတရားမှုနှင့် အကြွေး
Vol. 70 Ch. 1387
တစ်ဖက်လူသည် သူ၏ရှေ့တွင် သူ၏ကံတရားအကြောင်း ဆွေးနွေးနေ သည်ကိုကြားသော်လည်း ချင်းယွိသည်လုံးဝမလှုပ်ပေ။ သူသည် တန့်ကာမြို့သို့ မရောက်ဖူးသော်လည်း ပြီးခဲ့သည့်လအနည်းငယ်တွင် ပေထင်းဟွမ်သည် တန့်ကာမြို့တွင် စွမ်းအားပြသခဲ့သည်ကို လူအများပြောနေသံကို သူကြားခဲ့ သည်။ ပေထင်းဟွမ်သည် တန့်ကာမြို့၏အကြီးအကဲကြီးအား အသတ်နှုတ်ခဲ့ပြီး တိုက်ရိုက်ဆက်ခံသူ သမီးကို ခေါင်းဖြတ်ခဲ့သည်။
တစ်ဖက်လူရောက်လာသဖြင့် သုံးယောက်သည် တစ်ခါတည်းထွက်လာ ခြင်းပင်။ ထိုအချိန်တွင် ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းသည် လွယ်ကူလှသည်။ သစို့သော် ချင်းယွိသည် တစ်ဖက်လူဆီသို့ လျှောက်သွားလေသည် “ကျုပ်ကို သတ်ချင်ရင် အရည်အချင်းရှိရင် လုပ်လိုက်လေ”
“ပေထင်းဟွမ်က မင်းရဲ့ညီလား”
ခေါင်းဆောင်နှင့် နှင်းဝံပုလွေကြေးစားအဖွဲ့တစ်ခုလုံးကို စွမ်းအားဖြင့် တိုက်ခိုက်သူမှာ အကြီးအကဲ ၂ ဖြစ်သည်။ ထိုအချိန်တွင် သူသည် နတ်စွမ်းအား လုံးကို တဖြည်းဖြည်းဆုပ်ကိုင်ထားသည် “မင်း အပြစ်တင်ချင်ရင်တော့ ပေထင်းဟွမ်ရဲ့အစ်ကိုဖြစ်နေတာကိုပဲ အပြစ်တင်လိုက်တော့၊ ဘယ်သူ့ အစ်ကို ကမကောင်းတာလဲ ပေထင်းဟွမ်ရဲ့အစ်ကိုပဲဖြစ်မှာပေါ့”
“မင်းမေ့ကြီးတော် သခင်ပေထင်းဟွမ်ရဲ့အစ်ကိုဖြစ်ရတာ ဘာဖြစ်လို့လဲ၊ သခင်ပေထင်းဟွမ်မကောင်းကြောင်းပြောရဲရင် မင်းကိုတိုက်ခိုက်မယ်” နှင်းဝံပုလွေကြေးစားအဖွဲ့ထဲမှ အပြင်းအထန်ဒဏ်ရာရနေသူသည် မြေပေါ်မှ ရုန်းကန်ထပြီး အကြီးအကဲ ၂ ဆီသို့ပြေးဝင်လေသည်။
“ဟောက်ဇီ စိတ်လိုက်မာန်ပါမလုပ်နဲ့” အကြီးအကဲ ၂ ၏မျက်လုံးများ သည် ဟောက်ဇီဆိုသည့်လူငယ်အား ရှင်းလင်းတော့မည်ကိုကြည့်ပြီး ချင်းယွိ သည် သူ့အားတားလိုက်သည်။
နောက်ကျသွားလေပြီ။ အကြီးအကဲ ၂ သည် မျက်လုံးထောင့်ကို ပင့်တင် လိုက်ကာ သူ၏လက်မှ နတ်စွမ်းအားအလင်းတန်း ထွက်လာသည်။ အားလုံး သည် ရွှေရောင်ဖျော့အလင်းလက်သွားသည်ကိုသာ မြင်လိုက်ရသည်။ ရွှေရောင် ဖျော့အလင်းသည် ချည်မျှင်အလား အကြီးအကဲ ၂ ၏ လက်ချောင်းငါးချောင်းကို ဖြတ်ကာ မြားရှည်တစ်ချောင်းအလား ဟောက်ဇီ၏ရင်ဘတ်ကို ထိုးဖောက်လေ သည်။ ဟောက်ဇီသည် ခန္ဓာကိုယ်ကိုလှည့်လိုက်ကာ ဒွါရခုနစ်ပေါက်မှ သွေးများ ထွက်လာသည်။ ခန္ဓာကိုယ်မှာ အနည်းငယ်လှုပ်ခါသွားကာ အသက်ဆုံးရှုံးလိုက် ရသည့်လက္ခဏာပေါ်လာသည်။
သန်မာလိုက်တာ...
ယန်ကောဝမ်နှင့်တခြားဥက္ကဌသုံးယောက်တို့သည် ညှိနှိုင်းမှုလုပ်ပေးမည် ပြင်တုန်းပင်။ ထိုမြင်ကွင်းကိုကြည့်ပြီး ဆေးတောင်ကြားမှလူများသည် ပြည်မ ကြီးမှ တခြားမည်သည့်အင်အားစုကိုမှ ဂရုမစိုက်သည်မှာ ထင်ရှားသည်။ သူတို့ သည် အနည်းငယ် တွန့်ဆုတ်သွားလေသည်။
အမှန်တကယ်ပင် ရှက်ဖွယ်ပင်။ ပေထင်းဟွမ်၏ ချစ်ခြင်းနှင့်ဖြောင့်မတ်မှု တို့သည် ပြည်မကြီးတွင် နာမည်ကျော်သလို သူမ၏အားနည်းချက်ကို ကာကွယ်တတ်သည်ကိုလည်း လူသိများကြသည်။ ချင်းယွိသည် သူမ၏ တန်ဖိုး ထားရသောညီအစ်ကိုဖြစ်သည်။ ချင်းယွိသာ လူအများရှေ့တွင် သေဆုံးသွားပါ က တားလျှင်တောင် ပေထင်းဟွမ်အား ရှင်းပြနိုင်မည်မဟုတ်ပေ။
သူတို့သုံးယောက်သည် အကြည့်ချင်းဖလှယ်ရင်း ရှေ့တိုးကြလေသည်။
“အကြီးအကဲ ၂ ပြောရရင် ဒါက ရန်ငြိုးနဲ့အကြွေးပါ သခင်ပေထင်းဟွမ်က ဆေးတောင်ကြားရဲ့ အကြီးအကဲ ၁ နဲ့ အကြီးဆုံးသခင်မလေးကို ဒေါသတကြီး နဲ့ပြုမူခဲ့တယ်ဆိုပေမဲ့ အကြောင်းအရင်းမဲ့လုပ်တာတော့မဟုတ်ပါဘူး” ချောင်ရှန့်သည် ထိုဖြစ်စဉ်၏ မျက်မြင်သက်သေတစ်ဝက်ဖြစ်နေသဖြင့် ဝင်ပြော ရန်အသင့်တော်ဆုံးဖြစ်သည် “ပြီးတော့ အဂ္ဂိရတ်အစည်းအဝေးပြီးတဲ့နောက် သခင်ပေထင်းဟွမ်က သခင်ကျူးလင်ကို အရှင်အဆင့်ရတနာဆေး ပြသခဲ့တယ် အဲဒါက ကျောက်တုံးကို ကျောက်စိမ်းဖြစ်အောင် ပြောင်းပြလိုက်တာပဲ”
“အမှန်ပဲ၊ သခင်ချင်းယွိက နှင်းဝံပုလွေကြေးစားအဖွဲ့ရဲ့ သခင်လေးပါ၊ သူနဲ့ သခင်ပေထင်းဟွမ်တို့က ညီအစ်ကိုတွေဆိုပေမဲ့ သူကလုံးဝလှုပ်ရှားခဲ့တာ မဟုတ်ဘူး၊ ဒီအတွက်နဲ့ သူ့ကိုအပြစ်တင်တာက မသင့်တော်မှာစိုးပါတယ်” ယန်ကော်ဝမ်သည်လည်း ပြုံးပြီးပြောလေသည်။
လက်နက်အစည်းအရုံး၏ဥက္ကဌ ဝမ်ဟောက်ကျုံးသည်လည်း ခေါင်းညိတ် ကာ ပြောလေသည် “ကျုပ်တို့ တန့်ကာမြို့မှာရှိတုန်းက ကြားခဲ့ပါသေးတယ်၊ သခင်ကျူလင်နဲ့ သခင်ပေထင်းဟွမ်တို့က နောက်ဆုံး မိတ်ဆွေကောင်းတွေ ဖြစ်သွားကြတယ်ဆို၊ သခင်ပေထင်းဟွမ်က ယန်ချန်းကိုသွားချင်တယ်ဆိုလို့ သခင်ကျူလင်းက သူ့ကိုလိုက်တောင်ပို့ခဲ့သေးတယ်”
အဂ္ဂိရတ်အစည်းအဝေးည ရှန့်ကျီတည်းခိုဆောင်တွင် ကျင်းပသည့် စားသောက်ပွဲကျင်းပစဉ်က ဖြစ်ခဲ့သည့် ထိုကိစ္စကို ဟွမ်ချန်း၏ ဆေးသခင် နှစ်ယောက် သခင်ရှီမန်ပိုင်နှင့်မိုလိတို့ ပြောခဲ့ခြင်းပင်။ မဟုတ်လျှင် သူတို့ မည်သို့သိကြမည်နည်း။
သူတို့သုံးယောက်သည် ရှေ့ထွက်ကာ ချင်းယွိအတွက် ကြားဝင်ပေးသည် ကို ထိုနေရာရှိလူများ ထင်မှတ်မထားကြပေ။ ထိုဥက္ကဌသုံးဦး၏ သရုပ်မှန်နှင့်ဆို လျှင် ဆေးတောင်ကြား၏ပိုင်ရှင်လာလျှင်တောင် အမှတ် ၃ မှတ် ပေးမည် ဖြစ်သည်။