မောက်မာမှု၊ ကလေးဆန်မှု ဘယ်သူလဲ
Vol. 70 Ch. 1388
ထိုအရာသည်အကြီးအကဲ ၃ ယောက်နှင့် ဆေးတောင်ကြားမှလာကြသူ များလည်း မမျှော်လင့်ထားသည့်အရာပင်။ နှင်းဝံပုလွေကြေးစားအဖွဲ့၏သခင် လေးတစ်ယောက်သည် ပင်မတိုက်ကြီးတွင် နံပါတ် ၁ ကြေးစားအဖြစ်လျှင် တောင် ဥက္ကဌသုံးယောက်မှ ကိုယ်တိုင်ဝင်ဖျန်ဖြေလောက်သည်အထိ မထိုက်တန်ပေ။
သို့သော် သူတို့သုံးယောက်သည် ဒီအတိုင်းလုပ်လိုက်ရုံပင်။ နှင်းဝံပုလွေ ကြေးစားအဖွဲ့သည် ထိုဥက္ကဌသုံးဦး အာရုံစိုက်ရလောက်အောင် ခွန်အားပိုင်ဆိုင် သည်လား။ မျက်နှာသာပေးချင်နေသည်လား။
အကြောင်းအရင်းအမှန်မှာ နှင်းဝံပုလွေကြေးစားအဖွဲ့၏ ကိုယ်ပိုင်ခွန်အား ကြောင့်မဟုတ်ဘဲ နှင်းဝံပုလွေ၏နောက်တွင် ဇာမဏီမြို့၊ မဟာမိတ်အင်ပါယာ နှင့် ပေထင်းဟွမ်ရှိနေခြင်းကြောင့်ပင်။
“ဟား ဟား ဟား” ဆေးတောင်ကြား၏ အကြီးအကဲ ၂ သည် ကျယ်လောင်စွာရယ်မောလေသည်။ သူ ရယ်မောပြီးသည်နှင့် ဥက္ကဌသုံးဦးအား အပြစ်ပြုမည့်မျက်လုံးတစ်စုံဖြင့်ကြည့်လေသည်။ ထိုလူ၏စွမ်းအား၊ ဖြူဖျော့ သောမျက်နှာကြောင့် ခြေလှမ်းသုံးလှမ်းမျှနောက်ဆုတ်မိလေသည်။
“အဂ္ဂိရတ်အစည်းအရုံး၊ လက်နက်သန့်စင်ရေးအစည်းအရုံး၊ သားရဲထိန်း အစည်းအရုံး မင်းတို့ကဘာတွေလဲ အရင်တုန်းကလိုဆိုရင် ငါ မင်းတို့ကို မျက်နှာ နည်းနည်းပေးဦးမယ်၊ ဒါပေမဲ့ ဒီနေ့တော့ ငါတို့ရှေ့မှာ သူများကိုယ်စားပြောပေး ရလောက်အောင် ဘာအရည်အချင်းရှိလို့လဲ”
အကြီးအကဲ ၂ ထိုသို့ပြောသည်နှင့် စခန်းတစ်ခုလုံးတွင် အားပေးသံများ ညံသွားသည်။ အားလုံးသည် ဆေးတောင်ကြားမှလူများကို ထူးဆန်းသော မျက်လုံးများဖြင့်ကြည့်ကြလေသည်။ သူသည် နတ်ဘုရားအဆင့် ၃ သို့ရောက် သည်မှာ ထူးခြားနေသည်လား။ သူသည် ပြည်မကြီးမှ ကုန်သွယ်ရေး အစည်းအရုံး၏ ဥက္ကဌများအားလုံးကို အထင်သေးသောအသံနေအသံထားဖြင့် ဥက္ကဌသုံးဦး၏မျက်နှာကို ဖိနှိပ်ခဲ့သည်။
လူများအရှေ့တွင် ဥက္ကဌသုံးဦး၏မျက်လုံးများသည် ကြည့်ဖွယ်ရာမရှိ တော့ပေ။ ချောင်ရှန့်၏ဒေါသသည် အနည်းငယ်ပြင်းလာသည်။ သည်တစ်ခေါက် နတ်ဘုရားသုံးယောက်နှင့်မျက်နှာချင်းဆိုင်ရသဖြင့် သူသည် နှာမှုတ်လိုက်သည် “အကြီးအကဲ ၂ ကျုပ်တို့အစည်းအရုံး ၃ ခုက ဘာမှမဟုတ် ရင် ကျုပ်တို့အဖွဲ့ဝင်တွေက ဘယ်လိုလုပ်မှာလဲ သိတဲ့အတိုင်း ပုရွက်ဆိတ်တွေ တောင်မှ ဆင်ကိုသတ်နိုင်သေးတာပဲ၊ ဆေးတောင်ကြားက ဒီလိုမျိုး လူထုကို ရမ်းကားနေတာမကြောက်ဘူးလား”
“လူထုကိုရမ်းကားတယ်ဟုတ်လား” အကြီးအကဲ ၃ သည် ဟာသတစ်ခု ကို ကြားလိုက်ရသလိုပင်။ သူသည် ခေါင်းကိုဖြည်းဖြည်းချင်းခါကာ ချောင်ရှန့် အား အနည်းငယ်နှမြောသည့် အထင်သေးသည့်မျက်လုံးများဖြင့်ကြည့်လေ၏။ ထင်ရှားစွာပင် ထိုမျက်လုံးများသည် လူအများကို မသက်မသာဖြစ်စေသည်။ သို့သော် ချောင်ရှန့်သည် မတတ်နိုင်ပေ။ “ကောင်းကင်အဆင့်နဲ့ နတ်ဘုရား အဆင့်ကြားမှာ ကွာခြားမှုကြီးရှိတယ်ဆိုတာ သိသားနဲ့၊ ဒီတိုက်ကြီးက နှစ်ပေါင်းတစ်သောင်းအတွင်းမှာ နတ်ဘုရာအးဆင့်မရှိခဲ့ဘူး၊ ဒီတစ်ခေါက် ကျုပ်ရဲ့ဆေးတောင်ကြားက ၃၃ ကောင်းကင်ဘုံဆေးကိုလိုက်နိုင်တယ် အဲဆေး ကိုလက်ဆောင်ပေးလိုက်တာနဲ့ နတ်ဘုရားအဆင့် ၃ ဖြစ်သွားခဲ့တာ၊ မင်းတို့က ဒီဘဝမှာတော့ အဲလိုအခွင့်အရေးရတော့မှာမဟုတ်ဘူး၊ အဲတော့ လူထုကိုရမ်းကားတယ်ဆိုတာ မင်းတို့ပြောဖို့ ဘာအရည်အချင်းရှိလဲ”
“ပုရွက်ဆိတ်က ဆင်ကိုသတ်နိုင်တယ်ဟုတ်လား၊ တော်တော် မောက်မာ ပြီးကလေးဆန်တာပဲ” အကြီးအကဲ ၄ သည်လည်း ရယ်မောပြီးပြောလေသည် “မင်းတို့က နတ်ဘုရားအဆင့်ကိုဝင်ပြီးရင် ဒီလိုမျိုးတွေပြောဖို့အရည်အချင်းရှိဦး မှာတဲ့လား”
သူစကားပြောပြီးသည်နှင့် ချောင်ရှန့်နှင့် တခြားသူများကို ထပ်ပြောမိ လျှင် သူ၏ဂုဏ်သတင်းကိုဆုံးရှုံးလိုက်ရမည့်အလား အင်္ကျီလက်ကို ဝေ့ယမ်း လိုက်သဖြင့် ချောင်ရှန့်တို့မပြောရဲတော့ပေ။
ဥက္ကဌသုံးဦးတို့ သူ့ကိုကူညီသည့်အကြောင်းအရင်းကို ချင်းယွိ သေချာပေါက်သိသည်။ သူသည်လှည့်ပြီး သူတို့သုံးဦးဆီသို့ လက်ကိုကမ်းပေး လေသည် “ဥက္ကဌတို့သုံးယောက် ကာကွယ်ပေးတဲ့အတွက် ချင်းယွိက ကျေးဇူး တင်ပါတယ်၊ ဒီနေ့ကိစ္စကို ကျေးဇူးပြုပြီး မျက်မြင်သက်သေအဖြစ်နေပေးပါ၊ အရည်အချင်းရှိရင် ကျွန်တော့်ကိုကူညီပေးပါ၊ ရှဲလန် ရှောင်ကျို့ကို စာပို့လိုက် ငါတို့တွေ နောက်ဘဝမှာ ညီအစ်ကိုတွေဖြစ်မယ်လို့”
သူပြောပြီးသည်နှင့် နတ်ဘုရားသုံးယောက်ကို မျက်နှာချင်းဆိုင်ပြီး ထို လူအိုကြီးသုံးယောက်၏ မျက်နှာများကိုကြည့်လိုက်သည် “ရှောင်ကျို့က ဆေးတောင်ကြားရဲ့ အကြီးအကဲနဲ့ သခင်မလေးကို သတ်ခဲ့တယ်၊ သူတို့အတွက် နဲ့ လက်စားချေဖို့အရည်အချင်းမပြည့်မှီဘူး၊ သူ့အတွက်လက်စားချေချင်ရင် လုပ်ပေးရတာပေါ့ လာခဲ့လေ”
“ဟားဟား ကောင်လေး သတ္တိရှိလှပါလား” အကြီးအကဲ ၂ သည် ချင်းယွိ နှင့် မျက်နှာချင်းဆိုင်နေသည်။ ချောမောသောလူငယ်သည် ကံမကောင်းစွာပင် မကြာခင်သေတော့မည်။ သူသည် လက်ထဲတွင် နတ်စွမ်းအားလုံးကို တဖြည်းဖြည်းမြှောက်လိုက်သည် “ကောင်လေး မင်းမှားနေပြီ၊ ဆေးတောင်ကြားရဲ့ရန်လိုမှုကြောင့် ဒီတစ်ခေါက် ငါတို့ညီအစ်ကိုသုံးယောက် ထွက်လာခဲ့တာ၊ ငါတို့တွေ ပေထင်းဟွမ်ဆီကပြန်လိုချင်လို့ပဲ”