Chapters

ရှောင်ကျို့ကိုလက်စားချေချင်တာလား

Vol. 70 Ch. 1389

ရှောင်ကျို့ကိုလက်စားချေချင်တာလား

Vol. 70 Ch. 1389

ရှောင်ကျို့ကို လက်စားချေချင်တာလား။

ထိုအကြီးအကဲ ၃ ယောက်ကို တိုက်ခိုက်ချင်သည်ဟု ပြောကာ ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကိုလှုံ့ဆော်ရန်ပြင်ဆင်နေသည့်ချင်းယွိသည် ထိုစကားကိုကြားပြီးနောက် အတန်ကြာမြင့်အောင် မှင်တက်မိသဖြင့် အကြီးအကဲ ၂ ကို ထူးဆန်းသောမျက်လုံးတစ်စုံဖြင့်ကြည့်မိလေသည် “ဒီလူက ရူးနေတာလား ရှောင်ကျို့ကိုလက်စားချေမယ်ပေါ့၊ ဘယ်ကနေ အဲလိုယုံကြည် ချက်တွေရနေတာလဲ”

ထိုစကားကိုကြားသောအခါ ဒေါသထွက်နေသည့်အကြီးအကဲ ၃ ယောက် သည် ထိတ်လန့်မကြလေသည်။ ပြိုင်ဘက်၏နတ်စွမ်းအားကိုကြည့်ပြီး အကြီးအကဲ ၃ ယောက်သည် မယုံနိုင်စွာဖြင့် ခေါင်းမော့ကြည့်ကြလေသည်။ သခင်ပေထင်းဟွမ်ကို လက်စားချေမယ်ပေါ့။ အကြီးအကဲ ၁ နှင့် သခင်မလေး တို့သည် ကိုယ့်ဘာသာရသည့်ဒဏ်ရာကြောင့် သေဆုံးခဲ့သည်မှာ ရှင်းလင်း၏။ ပေထင်းဟွမ်သည် သူတို့ကို မတော်တဆသတ်မိသဖြင့် သခင်ပေထင်းဟွမ်အား လက်စားချေမည်ဆိုလျှင်တောင် ထိုအဘိုးကြီးသည် မှန်သည်ဟုထင်သည်။

ကျွတ်

စခန်းတစ်ခုလုံးမှာ ပင့်သက်ရှိုက်မိကြသည်။ ထင်ရှားစွာပင် အားလုံးသည် ထိုသို့တွေးကြသည်။ အမှန်အတိုင်းပြောရလျှင် သခင်ပေထင်းဟွမ် ထွက်လာ ကတည်းကပင် တစ်ခါမှမရှုံးဖူးပေ။ ထိုလူသည် သခင်ပေထင်းဟွမ်အား လက်စားချေချင်နေသည်။ သူ့သေလမ်းသူရှာတာပဲမဟုတ်လား။

ပထမဆုံးအနေနှင့် ကုန်သွယ်ရေးအစည်းအရုံးကြီးသုံးခု၏ ဥက္ကဌများ သည် ချင်းယွိအတွက်နှင့် ကြားဝင်ခဲ့သည်။ ယခုအခါ သူတို့သည် ရူးသွပ်သည့် မျက်လုံးများဖြင့်ကြည့်ကြလေသည်။ အကြီးအကဲ ၂ သည် အေးစက်စွာနှာမှုတ် လေသည် “ဘာ ငါတို့နောက်နေတယ်လို့ထင်နေတာလား၊ ဆေးတောင်ကြား ကနတ်ဘုရားအဆင့်က ဇာမဏီမြို့လောက် မကောင်းဘူးလို့ထင်နေတာလား၊ ဆေးတောင်ကြားက နတ်ဘုရားအဆင့် သုံးယောက်က ပေထင်းဟွမ် တစ် ယောက်တည်းကို မယှဉ်နိုင်ဘူးလို့ထင်နေတာလား”

“ဟာသပဲ” အကြီးအကဲ ၃ သည်လည်း ချက်ချင်းပင် စိတ်ဆိုးသွားလေ သည်။ သူသည် ခြေထောက်ကို ခပ်ကြမ်းကြမ်းဆောင့်လိုက်ရာ ခန္ဓာကိုယ်ထဲမှ အားကောင်းသောနတ်စွမ်းအားထွက်လာလေသည်။ သူ၏ခြေထောက်အောက် တွင် လက်တစ်ချောင်းစာ အက်ကွဲကြောင်း ထွက်ပေါ်လာသည်ကို မြင်နေရ သည်။ ထိုအက်ကြောင်းသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ် ကောင်းလေသည်။ ထိုမြင်ကွင်းမှာ လူတစ်ယောက်၏မျက်နှာ ရုတ်တရက် သွေးများဖြင့် လွှမ်းသွားသလိုထင်ရသည်။

'သွေးစီးကြောင်း' ကွယ်ဝှက်ပါဝင်သည့် နတ်စွမ်းအားသည် အလွန်ပင် အကြမ်းဖက်နိုင်သဖြင့် ဘုန်းခနဲအသံထွက်လာသည်နှင့် အနားမှလူအားလုံး သည် တညီတညာတည်း နောက်ဆုတ်ကြလေသည်။

သို့သော် ချင်းယွိသည် နောက်မဆုတ်ပေ။ ထို 'သွေးစီးကြောင်း' သည် သူရှိရာသို့လာနေရာ သူသည် ဓားကိုထုတ်ပြီး ခန္ဓာကိုယ်ထဲမှစွမ်းအင်ကို လှုံ့ဆော်ပြီး ဓားရှည်ထဲသို့ ပို့လိုက်သည်။ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ကိုင်ထား ပြီး မြေကြီးကို ခပ်ကြမ်းကြမ်းခုတ်ချလိုက်သည်။

ထို 'သွေးစီးကြောင်း' ကို ဤနတ်စွမ်းအားဖြင့် ဖြတ်နိုင်မည်လားကို သူ မသေချာသော်လည်း မတိုက်ခိုက်ဘဲ အညံ့ခံလိုက်လျှင် ထူးခြားပေလိမ့်မည်။ ယနေ့ သူ နတ်ဘုရား၏လက်ထဲတွင် သေဆုံးမည်ဆိုပါက မားမားမတ်မတ်နှင့် အသေခံမည်။ ဘယ်သောအခါမှ ဒူးထောက်မည်မဟုတ်ပေ။

“ဟွန်း” အကြီးအကဲ ၂ သည် အေးစက်စွာနှာမှုတ်လေသည် “ကောင်းကင် အဆင့်လောက်ကများ ငါ့နတ်ဘုရားအဆင့်နဲ့လာပြိုင်ချင်နေတယ် မင်းက တော်တော်ယုံကြည်ချက်ရှိနေတာပဲ”

အကြီးအကဲ ၂ ၏ အေးစက်သောနှာမှုတ်သံသည် ချက်ချင်းပင် 'သွေးစီးကြောင်း' ကို ချဲ့ထွင်စေပြီး မြေကြီးကို တအုန်းအုန်းမည်သံများထွက် စေသည်။ မြေကြီးနှင့်ကျောက်တုံးများသည် ပျံတက်သွားကာ ဘေးနှစ်ဖက်မှ မြေကြီးသည် အက်ကြောင်းများကွဲသွားလေသည်။ အားကောင်းသော နတ်စွမ်းအားသည် သူ၏ခြေထောက်အောက်မှထွက်လာပြီး အဝါဖျော့ဖျော့ နဂါးတစ်ကောင်ကဲ့သို့ ချင်းယွိဆီသို့ ရက်စက်စွာ ရိုက်ချလေသည်။

အားလုံးသည် မှင်တက်နေကြသည်။ အကြီးအကဲ ၂ သည် ချင်းယွိအား ထို အတိုင်း တိုက်ခိုက်လိမ့်မည်ဟု မည်သူမှထင်မထားကြပေ။ မျက်လုံးများသည် ချင်းယွိအား စိတ်လှုပ်ရှားစွာနှင့် သနားသည့်အကြည့်များဖြင့် ကြည့်နေကြ၏။ သူ၏လက်ထဲမှဓားသည် နောက်ဆုံးအသက်မရှူနိုင်ခင်မှာပင် အက်ကွဲသွားပြီး လက်ထဲမှဓားရိုးပြုတ်ကျသွားသည်။ သူသည် ခေါင်းမော့ပြီး တဖြည်းဖြည်း ကြီးထာသည့် အဝါဖျော့ဖျော့နဂါးကို ကြောက်လန့်သော်လည်း တည်ငြိမ်စွာဖြင့် ကြည့်နေသည်။

မြေကြီးနဂါးသူ၏ခန္ဓာကိုယ်ကို ထိသည်နှင့် သူ အပိုင်းပိုင်းဖြစ်သွားလိမ့် မည်။ ပေထင်းဟွမ်တွင် ဝိညာဉ်ပြန်ခေါ်ဆေးရှိပြီး အမြန်ပြန်လာလျှင်တောင် တတ်နိုင်တော့မည်မဟုတ်ပေ။