Chapters

သေစမ်း

Vol. 70 Ch. 1390

သေစမ်း

Vol. 70 Ch. 1390

ထိုမြင်ကွင်းကိုကြည့်ပြီး ကုန်သွယ်ရေးအစည်းအရုံးမှ ဥက္ကဌသုံးယောက် သည် ကြက်သေသေနေကြသည်။ ဆေးတောင်ကြားသည် ဤကဲ့သို့ အရှက်မဲ့ သည့်လုပ်ရပ်မျိုး လုပ်လိမ့်မည်ဟု သူတို့လုံးဝထင်မထားပေ။ နတ်ဘုရားအဆင့် သည် ကောင်းကင်အဆင့်အား နှုတ်ဆက်ခြင်းမရှိဘဲ တိုက်ခိုက်နေသည်မှာ ချင်းယွိအား သတ်ရန် ဆုံးဖြတ်ထားခြင်းပင်။

ပင်မတိုက်ကြီးတွင် ခွန်အားနှင့်စရိုက်လက္ခဏာတို့ ထူးချွန်သည့် လူငယ် ချင်းယွိသည် နတ်ဘုရား၏လက်ထဲတွင် ယခုလိုကျရှုံးလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

စခန်းတွင် အနည်းဆုံးလူသောင်းချီရှိသည်။ အားလုံးသည် ပင်မတိုက်ကြီး မှ လက်ရွေးစင်များဖြစ်ကြသည်။ သို့သော် မည်သူမှ သူ၏အသက်ကို ကယ်မည့် သူမရှိပေ။ သူသည်လည်း တခြားသူ၏လက်ထဲတွင် သူ၏အသက်ကိုပေးပြီး ကယ်တင်မည့်အချိန်ကို စောင့်နေမည်မဟုတ်ပေ။ မခုခံနိုင်သည့် ချင်းယွိသည် မြေကြီးကိုခြေဖျားထောက်ပြီး ထိုတိုက်ခိုက်မှုကို ရှောင်ရှားရန်ပြင်ဆင်လေ သည်။ ထိုနတ်စွမ်းအားသည် မြန်ဆန်လွန်းသဖြင့် နတ်အာရုံသည် သူ့ကို ချုပ် ထားကာ လုံးဝလှုပ်မရအောင် ပြုလုပ်ထားလေသည်။

ဤသည်မှာ နတ်ဘုရားအဆင့်နှင့် ကောင်းကင်အဆင့်တို့ကြားမှ ကွာခြား ချက်လား။ မြေကြီးအဆင့်နှင့် ကောင်းကင်အဆင့်တို့ကွာခြားသလိုပင် သူတို့ ကြားတွင် မကျော်လွှားနိုင်သည့်ကွာဟမှုရှိနေသည်လား။ ချင်းယွိသည် သူ၏ ပတ်ပတ်လည်မှလေသည် လှောင်အိမ်တစ်ခုအလား တစ်လက်မမျှ လှုပ်မရ အောင် ပိတ်လှောင်ထားသလို ခံစားရလေသည်။

“ဟား ဟား ထွက်ပြေးချင်တာလား” အကြီးအကဲ ၂ သည် လှောင်ပြောင် သောအပြုံးပြုံးလေသည်။ သူ၏မျက်နှာအိုကြီးသည် အရေးအကြောင်းများ အပြည့်ရှိနေပြီး မျက်လုံးများသည် အေးစက်သောအလင်းထွက်နေရာ သူ့ကို ပို၍အကျည်းတန်စေလေသည် “ကောင်လေး ငရဲသွားလိုက်တော့”

သူသည် ချင်းယွိအား တစ်စက္ကန့်မှ အသက်မရှင်စေချင်သည့်အလား ခြေထောက်ကိုရှေ့သို့နင်းဆောင့်လိုက်ကာ အဝါဖျော့ဖျော့မြေ နဂါးကို ပိုမြန်အောင်တွန်းပို့လေသည်။ ဤကောင်လေးသေလျှင် အစ်ကိုကြီး၏ လက်စားချေမှုပြီးမြောက်သွားနိုင်သည်။

“သေစမ်း”

ကြည်လင်သောအသံသည် လူအုပ်၏အထက်မှ မိုးကြိုးသွားအလား ဆင်းသက်လာပြီး ကောင်းကင်မှ ကိုးရောင်အလင်းခန်းဆီးကျလာ၏။ နတ်ဘုရားတစ်ပါး၏ ဓားကြီးကဲ့သို့ပင် အကြီးအကဲ ၂ ၏ တိုက်ခိုက်မှုကို ကာဆီးရင်း ချင်းယွိ၏ရှေ့ကို တိုက်ရိုက်ပင် ဖြတ်ချ လေသည်။ မြေနဂါး၏ ဖိနှိပ် မှုသည် ရုတ်တရက်ပျောက်ကွယ်သွားပြီး လုံခြုံမှုနှင့်လျှော့ပေါ့မှုတို့ကြောင့် သူ ကောင်းကင်ကို မော့ကြည့်မိသည်။

အနီရောင်ဝတ်ထားသောလူငယ်သည် လေဟာနယ်ထဲမှ ထွက်လာ၏။ သူမသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် လမ်းလျှောက်လာသည်။ သူမ၏ ရှည်လျားသောဆံပင်များသည် ညလေနှင့်အတူ လွင့်နေသည်။ သူမ၏ မျက်လုံးများသည် ညအချိန်ထက်ပင် မည်းနက်နေပြီး တောက်ပသည့်အလင်း ပင်မရှိပေ။ သူမသည် ချင်းယွိအား ခေါင်းညိတ်ပြပြီးသည်နှင့် ဖြည်းဖြည်းချင်း လှည့်သွားလေသည်။ ဆေးတောင်ကြားမှလူများကိုမြင်သည်နှင့် သူမ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွားလေသည်။ ဘေးမှလူများသည် လေအေးတိုက်သွားသည့်အလား ကြက်သီးမွေးညှင်းများထသွားကြလေသည်။

နတ်ဘုရား သုံးယောက်ဖြစ်လျှင်တောင် သူတို့ ညှာတာပေးမည်မဟုတ် ပေ။

အရာအားလုံးသည် ရုတ်တရက်ဖြစ်လွန်းရာ မည်သူမှ သတိပြန်မဝင်နိုင် ကြပေ။

ထိုကိုးရောင်အလင်းခန်းဆီးသည် ချင်းယွိ၏မျက်နှာပေါ်တွင် နဂါး၏ ဓား တစ်ချောင်းကဲ့သို့ ဖြတ်သွားလေသည်။ အဝါဖျော့မြေနဂါးသည် ၎င်းကို အားပါပါရိုက်လေသည်။ ကိုးရောင်အလင်းခန်းဆီးသည် အနည်းငယ်ဝေ့ယမ်း သွားသည်။ သို့သော် နဂါးခေါင်းသည် ကိုးရောင်အလင်းခန်းဆီးကို ခပ်ကြမ်း ကြမ်းရိုက်မိချိန်တွင် အကြီးအကဲ ၂ သည် သူ၏နတ်စွမ်းအားမှာ တဟုန်ထိုး ဖြတ်သွားသလိုခံစားလိုက်ရပြီး မြေနဂါးသည် ကိုးရောင်အလင်းခန်းဆီးထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသလိုခံစားရလေသည်။

“ဒါ ဒါ.. ဒီမှာဘာတွေဖြစ်နေတာလဲ” အကြီးအကဲ ၂ သည်ရုတ်တရက် ကြောက်လန့်လာသည်။ သူ၏မျက်လုံးများတွင် ကြောက်လန့်မှုအပြည့်နှင့် အကြည့်မလွှဲနိုင်ဘဲ ကိုးရောင်အလင်းခန်းဆီးကို စိုက်ကြည့်နေသည်။

ကိုးရောင်အလင်းခန်းဆီးသည် သူ၏နတ်စွမ်းအားကို ဝါးမျိုနိုင်လောက် အောင် ထူးဆန်းလွန်းသည်။ ကိုးရောင်မီးတောက်သည် ၎င်းပေါ်တွင် တောက်လောင်နေသည်ကို သူတို့ရှင်းလင်းစွာ မြင်နေရလေသည်။ ထိုမီးတောက်များသည် သူ၏နတ်စွမ်းအားကို လောင်ကျွမ်းနေသည်။

အားကောင်းလှသည့် မီးတောက်ပင်။