← Chapters

မင်းတို့က ငါသားရဲတွေဆင့်ခေါ်ဖို့မတန်ဘူး

Vol. 70 Ch. 1394

မင်းတို့က ငါသားရဲတွေဆင့်ခေါ်ဖို့မတန်ဘူး

Vol. 70 Ch. 1394

လက်ခုပ်သံမကြားရသဖြင့် အသက်ရှူကြပ်နေသော ဆေးတောင်ကြားမှ လူများသည် နားမလည်နိုင်ဖြစ်နေကြသည်။ ထိုနတ်ဘုရားအဆင့် သားရဲသုံး ကောင်နှင့် အကြီးအကဲ ၃ ယောက်တို့၏ခွန်အားကိုပေါင်းလိုက်လျှင် နတ်ဘုရား အဆင့် ၆ ယောက်ဖြစ်သည်။ ဆေးတောင်ကြားမှလူများသည် ထိုအကြောင်းကို စတင်ပြောကြတော့သည်။

“နတ်ဘုရားအဆင့် ၆ ‌ယောက်ပဲ ပေထင်းဟွမ်ရဲ့သားရဲတွေ ဘယ်လောက်များများ ဘယ်လောက်အားကော်ငးကောင်း နတ်ဘုရားအဆင့် သားရဲ ၅ ကောင်ကို ဆင့်ခေါ်နိုင်မှာတဲ့လား”

“ဟင်း ဇာမဏီမြို့တစ်မြို့တည်းမှာပဲ နတ်ဘုရားအဆင့်ရှိတယ်လို့မထင် လိုက်နဲ့၊ သူတို့တွေက တကယ် အမြင်ကျဉ်းတာပဲ၊ ဆေးတောင်ကြားလိုမျိုး ရသေ့မိသားစုက လူထုရှေ့မှာ ဒီလိုဖားတွေနဲ့ ပြိုင်မှာလဲ”

“အဂ္ဂိရတ်ပညာကိုပြောရရင် ဆေးတောင်ကြားက မူရင်းပဲ၊ ပေထင်းဟွမ် က အရှင်အဆင့်ရတနာဆေးကို သန့်စင်နုငိ်ရင်တောင် ဆေးတောင်ကြားကို ကျော်ရဲရင် သူ့ကိုသေအောင်လုပ်ပေးလိုက်မယ်”

“အဂ္ဂိရတ်လောကကို အခုမှရောက်လာတဲ့လူသစ်လေးက အသက်ပြန်ရှင် အောင်လုပ်နိုင်တာလည်းမဟုတ်ဘဲနဲ့ သူ့ကို သေခိုင်းလိုက်တော့ သူ သေမှာပဲ”

ထိုစကားများကိုကြားပြီးနောက် ဟွမ်ချန်းမှလူများတင်သာမကဘဲ အဂ္ဂိရတ်အစည်းအရုံးမှအဖွဲ့ဝင်များသည် မခံနိုင်တော့ပေ။ ပြည်မကြီးမှတခြား လူများသည် မယုံကြည်နိုင်လောက်အောင် ခံစားရသဖြင့် ဘေးဘက်သို့ကြည့် ကြလေသည်။ ထူးဆန်းသောမျက်လုံးများသည် သားရဲများကို ချပ်ဝတ်တန်ဆာ အဖြစ်ဝတ်ဆင်ပြီးသည့် အကြီးအကဲ ၃ ယောက်မှာ မိုးပေါ်သို့ပျံတက်သွားသည် ကိုကြည့်ပြီးနောက် မြေပေါ်တွင် နေခဲ့ကာ ပေထင်းဟွမ်အားသတ်တော့မည့် အကြီးအကဲ ၃ ယောက်ကို စိတ်အားထက်သန်စွာစောင့်ဆိုင်းနေကြလေသည်။ သူသည် ဆွံ့အစွာနှင့် ခေါင်းခါမိလေသည်။

“အဂ္ဂိရတ်ပညာရဲ့ မူရင်းဟုတ်လား” ဝမ်ဟူကျုံးသည် နှာမှုတ်ပြီး ခေါင်းခါ လေသည် “မင်းက ဖန်ဆင်းရေးနတ်ဘုရားပါလို့ ဘာလို့မပြောတာလဲ”

သို့သော် ထိုအချိန်တွင် ဆေးတောင်ကြားမှ နားမလည်သည့်လူများနှင့် ငြင်းခုံရန်မဆိုထားနှင့် ထိုလူများနှင့်စကားပြောရသည်ကပင် လွန်စွာ တုံးအ လွန်းသည်။

ဇာမဏီမှလူများသည် သူတို့၏နားထဲသို့ ထိုစကားများကိုအဝင်မခံပေ။ ထိုအချိန်တွင် လေပေါ်တွင်ပေါလောပေါ်နေသော သခင်ကြီးလေးယောက်၊ ရှီရှောင်မိုနှင့် ချီဖေးတို့ညီအစ်ကို၊ ရှီမန်ဆုန်းနှင့် ပေထင်းကျင်တို့သည် မြေပေါ် သို့ဆင်းသက်ပြီးဖြစ်ကာ အားလုံးသည်မိုးပေါ်သို့ ခေါင်းမော့ကြည့်နေကြသည်။

ပေထင်းဟွမ်သည် မြေကြီးကို ခြေဖျားဖြင့်ထောက်လိုက်ရာ အားလုံး သည် မျက်စိရှေ့တွင် စွမ်းအင်အတက်အကျပင်မရှိဘဲ ပုံရိပ်အာရုံတစ်ခု လက်သွားသည်ကိုသာမြင်လိုက်ရသည်။ သူမသည် တခြားအကြီးအကဲ ၃ ယောက်နှင့်တူညီသော အမြင့်တွင် ရပ်နေသည်။

ခန္ဓာကိုယ်ထဲမှ စွမ်းအင်ကို တဖြည်းဖြည်းရွှေ့လျားပြီး ကိုးရောင်မီးတောက်အလွှာသည် ပေထင်းဟွမ်၏အနီရောင်ဝတ်ရုံအပြင်တွင် ထကြွလာကာ လေကိုနူးညံ့စွာ မွှေနှောက်ပြီး သူရပ်နေသည့် လေဟာနယ်ကို ပုံပျက်သွားစေသည်။

“ပေထင်းဟွမ် မင်းရဲ့သားရဲကို ဆင့်ခေါ်လိုက်” ပေထင်းဟွမ်သည် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်လိုက်သည်ကိုကြည့်ပြီး အကြီးအကဲ ၂ သည် အနည်းငယ် စိတ်မချမ်းမြေ့ဖြစ်လာသည်။ ဒီကောင်က သားရဲကိုတောင် မဆင့်ခေါ်ဘူးလား။

ပေထင်းဟွမ်သည် လက်ထဲတွင် ဓားပျော့ကို ခပ်တင်းတင်းဆုပ်ကိုင်ထား ကာ သူမ၏နှုတ်ခမ်းထောင့်သည် အပြုံးအဖြစ်တဖြည်းဖြည်းကွေးတက်သွား လေသည် “မင်းတို့လိုမျိုး နတ်ဘုရားက ငါ သားရဲဆင့်ခေါ်ဖို့မတန်ဘူး”

“ဘာ မင်း...” အကြီးအကဲ ၃ သည် ဒေါသကြောင့် တုန်ယင်သွားပြီး လက် ထဲမှဓားပျော့ကို လွှဲယမ်းကာ ပေထင်းဟွမ်အား ခေါင်းဖြတ်ရန်ကြိုးစားလေ၏။ ပေထင်းဟွမ် သေချင်မှတော့ ဘာလို့သူ့အသက်ကို ညှာတာပေးရမှာလဲ။

“သတ်လိုက်”

ထိုအရာကိုမြင်ပြီး အကြီးအကဲ ၂ နှင့်အကြီးအကဲ ၄ တို့သည် ပေထင်းဟွမ် ဆီသို့ ကျိုင်းကောင်ကဲ့သို့ ပြေးဝင်လေသည်။ ပေထင်းဟွမ်သည် လေထဲတွင် ရပ်နေပြီး လှောင်ပြောင်သည့်မျက်လုံးများဖြင့် ကြယ်ကဲ့သို့ ရွှေရောင်အလင်း ဖျော့ဖျော့ရှိသည့် ထိုသုံးယောက်ကို စိုက်ကြည့်ကာ သဲ့သဲ့ပြုံးလိုက်သည်။

သူတို့သုံးယောက်သည် နတ်ဘုရားအဆင့်များဖြစ်ကြကာ ခွန်အားသည် အားမနည်းပေ။ သူတို့သုံးယောက်သည် ပေထင်းဟွမ်အား ခွန်အားကုန် တိုက်ခိုက်သည်ကိုမြင်သောအခါ မြေပေါ်မှလူများသည် မျက်ခုံးလှုပ်သွားကြ လေသည်။

ရွှေရောင်အလင်းဖျော့ရစ်ပတ်ထားသော ဓားရှည်သည် သူတို့သုံးယောက် ရှိသည့်နေရာကို ခုတ်ချလိုက်ရာ စူးရှသောအသံထွက်ပေါ်လာပြီး ကြီးမားသော စွမ်းအားသည် ဝဲဖြစ်သွားပြီး တစ်ချိန်တည်းမှာပင် ပေထင်းဟွမ်ဆီသို့ ရစ်ပတ် လေသည်။ လူတစ်ယောက်တည်းဆိုလျှင်တောင် ထိုတိုက်ခိုက်မှုသည် စခန်းထဲ မှလူအားလုံးကို သတ်ပစ်နိုင်လောက်သည်။

All Chapters