မင်းတို့သုံးယောက်လုံး အတူလာခဲ့လိုက်
Vol. 70 Ch. 1393
ပေထင်းဟွမ်သည်ပြောပြီးနောက် သူသည် ညာဘက်လက်ကို ခါးပေါ်သို့ ပုတ်လိုက်သည်နှင့် ဓားပျော့သည် လက်ထဲတွင်ပေါ်လာလေသည်။ သူမ၏ တစ် ကိုယ်လုံးမှ နတ်စွမ်းအားများထကြွလာပြီး မြင်းတစ်ကောင်နှင့်တူသော နှင်းဖြူ ရောင်ဓားပျော့သည် ဖြောင့်တန်းသွားကာ ဓားထိပ်ဖျားသည် မြေပေါ်သို့ကျသွား လေသည်။ နတ်စွမ်းအားနှင့်အကြီးအကဲ ၂ ကြောင့် လှုပ်ခါသွားကာ ဓားထိပ် ဖျားပေါ်မှ အလင်းသည် ရွှေရောင်လက်သွားလေသည်။
“မင်းတို့သုံးယောက် အတူလာခဲ့” ပေထင်းဟွမ်သည် အေးစက်စွာပြော လိုက်ရာ စခန်းတစ်ခုလုံးပျံ့နှံ့သွားလေသည်။
ဘာ...
ဆေးတောင်ကြားမှလူများသည် တစ်စုံတစ်ရာမှားယွင်းနေသလို ရုတ်တရက် ခံစားမိကြသည်။ ပေထင်းဟွမ်က ရူးများနေသလား။ အကြီးအကဲ ၃ ယောက်ကို ပူးပေါင်းခိုင်းနေတာလား။ ရူးနေတာလား။
အကြီးအကဲ ၃ ယောက်သည် ထိုအချိန်တွင် ချွေးအေးအလွှာများဖြင့် ဖုံးအုပ်သွားလေသည်။ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သူတို့ ခံစားမိ သော်လည်း ပေထင်းဟွမ်၏ခွန်အားသည် သူတို့ကို ဖိအားနိုင်သည်ကို လုံးဝ ဝန်ခံမည်မဟုတ်ပေ။ ပေထင်းဟွမ်သည် လွန်ခဲ့သည့်လေးလက နတ်ဘုရား အဆင့်သို့ဝင်ခဲ့ကာ သူတို့လည်း ထိုအချိန်လောက်ကပင် နတ်ဘုရားအဆင့်သို့ ရောက်ခဲ့သည်။ ပေထင်းဟွမ်သည် လေးလအတွင်း သူတို့ထက် မည်သို့သန်မာ မည်နည်း။
သူတို့သုံးယောက်သည် နတ်ဘုရားအဆင့်သို့ဝင်ပြီးနောက် နားလည်ခြင်း သည် စွမ်းအင်လည်ပတ်ခြင်းထက် အရေးကြီးကြောင်းကို သူတို့သိခဲ့သည်။ ပေထင်းဟွမ်သည် ကလေးတစ်ယောက်သာဖြစ်ရာ မည်သို့နားလည်နိုင်မည် နည်း။ နတ်ဘုရားအဆင့်များအကြားတွင် နတ်ဘုရားအဆင့်တူလျှင်တောင် ကောင်းကင်နှင့်မြေကြီးဥပဒေကို နားလည်လျှင် ခွန်အားသည် တိုးတက်သွား မည်ပင်။
“ဟား ဟား ပေထင်းဟွမ် ဒီနေ့က မင်းရဲ့သေနေ့ပဲ” အကြီးအကဲ ၂ သည် လက်ထဲမှ ဓားရှည်ကိုဆွဲထုတ်ပြီး ထိုင်းမှိုင်းနေသော အကြီးအကဲ ၃ နှင့် ၄ အား ပြောလိုက်သည် “ဒီကလေးက သေမှာကိုမကြောက်ဘူးဆိုမှတော့ ငါတို့ အတူ သွားကြတာပေါ့၊ ပင်မတိုက်ကြီးက ငတုံးတွေ အဘိုးကြီးတွေက အငယ်ကို အနိုင်ကျင့်တယ်လို့မပြောနဲ့”
“ဝူး ဝူး ဝူး”
နှင်းဝံပုလွေကြေးစားအဖွဲ့မှ အသံများထွက်လာပြီး ပေထင်းဟွမ်၏ ဆေး ကိုသောက်ပြီးနောက် သေလုနီးပါးဖြစ်ခဲ့သော ခေါင်းဆောင်သည် ထခုန်ပြီး ရယ်မောလေသည် “အရှက်မဲ့တဲ့လူတွေကို မြင်ဖူးပါတယ် ဒါပေမဲ့ ဒီလိုမျိုး အရှက်မဲ့တဲ့သူကိုမမြင်ဖူးဘူး”
တချို့လူများသည် ဆေးတောင်ကြားမှ အဘိုးကြီးသုံးယောက်ကို စောဒကတက်ရန် စိတ်ဝင်စားခြင်းပင်မရှိတော့ပေ။
ဟွမ်ချန်းမှလူများသည် ထိုစကားကိုကြားသောအခါ ခေါင်းခါမိကြလေ သည်။ သူတို့သည် ဘာမှမပြောချင်တော့ပေ။ ဤကဲ့သို့လူမျိုးကို တစ်ခုခုပြော လိုက်လျှင် နိမ့်ကျသွားမည်ဟု ခံစားမိကြလေသည်။
“မဟုတ်တာတွေ မပြောနဲ့တော့” ပေထင်းဟွမ်သည် လက်ထဲမှ ဓားပျော့ ကို မြှောက်လိုက်သည် “အဲလိုမျိုးအကျိုးအကြောင်းမဆီလျော်တာတွေကို စိုးရိမ်နေဖို့မလိုဘူး၊ ဘာလို့လဲဆိုတော့ ဘယ်သူကမှ သေတာမသေချာကို ဂရုမစိုက်ဘူး”
“ဟင်း” အကြီးအကဲ ၃ သည် သေလူအဖြစ်အပြောခံရသောအခါ မပျော်မရွှင်ဖြစ်လေသည် “ဘယ်သူသေမလဲဆိုတာ မသေချာဘူးလေ”
အကြီးအကဲ ၃ ယောက်သည် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကို စတင် လှုံ့ဆော်လေသည်။ ရွှံ့နွံချောက်နက်တောအစွန်းတွင် ရွှေရောင်အလင်းတန်း ထွက်ပေါ်လာသည်။ ကြယ်တာရာအစီအရင်ထဲတွင် သန့်စင်သောဓားတစ် ချောင်း တောက်ပလာသည်။
လွန်ခဲ့သည့် လေးငါးလက ပင်မတိုက်ကြီးမှလူများသည် ထိုသတ္တဂံကိုမြင် သောအခါ ကြောက်လန့်ပြီး အားကျခဲ့လိမ့်မည်။ သို့သော် ဤအချိန်တွင် ထိုလူသုံးယောက်၏ခြေထောက်အောက်မှ နတ်ဘုရားကို ကိုယ်စားပြုသည့် ကောင်းကင်နှင့်မြေကြီးဥပဒေကိုမြင်သောအခါ လူအများ၏မျက်လုံးများသည် လျစ်လျူရှုသည့်အနေနှင့် လုံးဝအတက်အကျမရှိတော့ပေ။
နဂိုကကိုယ့်ဘာသာကျေနပ်လျက်ရှိသော အကြီးအကဲ သုံးယောက်တို့ သည် သူတို့မျှော်လင့်ထားသလို ထိတ်လန့်သည့်အသံများမကြားရပေ။ သို့သော် သူတို့သုံးယောက်၏ ခန္ဓာကိုယ်အရည်အသွေးမှာကောင်းသည်။ ငွေရောင် အလင်းအစီရင်ထဲမှ ပုတတ်သားရဲ၏ ကြီးမားသောခန္ဓာကိုယ်ထွက်လာသည်။ ကြောက်မက်ဖွယ်ကောင်းပြီး အကျည်းတန်သောအသွင်အပြင်သည် စခန်းထဲမှ လူအားလုံးကို နောက်သို့ဆုတ်သွားစေပြီး သက်ပြင်းချမိလေသည်။ ဤကမ္ဘာမှ သားရဲများအားလုံးသည် သေသွားပြီလား။ အကျည်းတန်လွန်းသည်။