← Chapters

တစ်ချက်တည်းနဲ့ သတ်ဖြတ်ခြင်း

Vol. 70 Ch. 1397

တစ်ချက်တည်းနဲ့ သတ်ဖြတ်ခြင်း

Vol. 70 Ch. 1397

ရှီရှောင်မိုတို့သုံးယောက်သည် ပေထင်းဟွမ်အကြောင်းဆွေးနွေးနေတုန်း မှာပင် သူတို့အနားတွင် တစ်စုံတစ်ရာမှားယွင်းနေသည်ကို ခံစားမိလိုက်ကြ၏။ မျက်လုံးသုံးစုံသည် ဂိုဏ်းထောက်လေးယော်ကကို ကြည့်လိုက်ရာ ကောင်းကင် နှင့်မြေကြီးရောင်ဝါသည် သူတို့လေးယောက်အနားတွင် ဝိုင်းနေပုံပေါက်ကာ သူတို့၏လက်ချောင်းများလှုပ်ခါနေလေသည်။ ခေတ္တမျှ မှင်တက်မိကြလေ၏။

“ဒါက နားလည်ခြင်းလား၊ တကယ်ကြီးနတ်ဘုရားအဆင့်ထဲကို ဝင်သွား တာလား”

ပေထင်းကျင်နှင့်တခြားသူများသည် သခင်ကြီးလေးယောက်၏ မူမမှန် ခြင်ကိုအာရုံခံမိပြီးနောက် အလွန်စိုးရိမ်မိလေသည်။ သူတို့သည် ရှေ့ထွက်တော့ မည်အပြုတွင် ရှီရှောင်မိုမှတားလိုက်လေသည် “မလုပ်နဲ့ မလှုပ်ကြနဲ့ သူတို့က နတ်ဘုရားအဆင့်စည်းမျဉ်းကို နားလည်နေတာ”

နတ်ဘုရားအဆင့်စည်းမျဉ်းတွေဟုတ်လား။

ပေထင်းကျင်တို့သုံးယောက် နားမလည်သည်ကိုကြည့်ပြီး ရှီရှောင်မိုသည် မရယ်ရက်တော့ဘဲ မိုးပေါ်ရှိပေထင်းဟွမ်ကို ညွှန်ပြကာ ပေထင်းကျင်တို့ သုံး ယောက်ကိုမေးလိုက်လေသည် “သူတို့အကုန်လုံးက နတ်ဘုရားတွေပဲ၊ ရှောင်ကျို့နဲ့ အကြီးအကဲ ၃ ယောက်ကိုကြည့်လိုက်၊ သူ့ရဲ့တိုက်ခိုက်မှုထဲမှာ ဘာ ကွာခြားချက်ရှိလဲ၊ ရှောင်ကျို့က နတ်ဘုရားအဆင့်ထိပ်ဆုံးဆိုပေမဲ့ တစ်ဖက်က အကြီးအကဲ ၃ ယောက်ကလည်း နတ်ဘုရားအဆင့်ပဲ ဒါပေမဲ့ သူတို့တွေက ရှောင်ကျို့တစ်ချက်တည်းနဲ့ သတ်တာခံလိုက်ရတယ်၊ ဘာတွေဖြစ်နေလဲဆို တာ မသိဘူးလား”

စူးအောင့်သွားမိသည်။ အမှန်တကယ်ပင် တစ်ချက်တည်းသတ်ဖြတ်ခြင်း ဖြစ်ပြီး နတ်ဘုရားအဆင့်သုံးယောက်သည် ခွေးတစ်ကောင်မဟုတ်သလို ကြောင်လည်းမဟုတ်ပေ။ သူတို့သည် ပေထင်းဟွမ်၏ သတ်ခြင်းကိုခံလိုက်ရ သည်။

သူတို့သုံးယောက်သည် အလွန်ပင် အရည်အချင်းရှိသည်။ ရှီရှောင်မို၏ သတိပေးချက်နှင့်အတူ သူတို့၏မျက်လုံးများသည် ချက်ချင်းပင် လေနဂါးအား အာရုံစိုက်ကြလေသည်။ သို့သော် ထိုအချိန်တွင် နဂါးသည် ပေထင်းဟွမ်၏ အတွေးနှင့်အတူ စွမ်းအင်အနည်းငယ်ဖြစ်ပြောင်းသွားကာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျောက်ကွယ်သွားလေသည်။ ကြီးမားသောလေနဂါး၏ ဖိအားသည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ သွေးနံ့နှင့် မိုးသည် ပို၍ အားကောင်းလာသည်။

“အိုး” ခွန်အားနည်းသောလူတချို့သည် လေထဲမှသွေးနံ့ကို ရှူမိသောအခါ အန်မိကြလေသည်။ တချို့သောမိန်းကလေးများသည် ခန္ဓာကိုယ်ပေါ်သို့ သွေးများပေကျံသွားသည်ကိုမြင်သောအခါ မူးလဲကြလေ၏။

ထိုအချိန်တွင် လူအများစုသည် သတိပြန်ဝင်မလာကြသေးပေ။ ဆေး တောင်ကြားမှလူများပင် အိပ်မွှေ့ချခံထားရသည့်အခြေအနေရောက်နေသည်။ သူတို့သည် ဘာကိုမှမမြင်နိုင်သည့်အတိုင်း ပေထင်းဟွမ်၏လှုပ်ရှားမှုကိုပင် မမြင်ရပေ။ ခြေလှမ်းများသည် ကောင်းကင်မှ ပျောက်ကွယ်သွားလေသည်။

“သေ..သေပြီလား” လူတစ်ယောက်သည် စကားလုံးများကိုရေရွတ်လိုက် ရာ လူအများကို တညီတည်းနိုးထစေလေသည်။ ထိုအချိန်တွင် ကောင်းကင်မှာ ဗလာကျင်းနေပြီး သွေးမိုးများသာကျနေဆဲဖြစ်ကာ မိုးပေါ်မှတိမ်တိုက်များ လည်းပျောက်ကွယ်သွားပြီဖြစ်၏။ ခပ်မှိန်မှိန်လရောင်ကျလာပြီး လရောင်သည် အေးစက်ပုံပေါက်ကာ ကြက်သီးထစေလောက်သည်။

“သေပြီ အကုန်သေပြီ”

ဆေးတောင်ကြားထဲမှလူအုပ်ထဲတွင် ခေါင်းဆောင်၏ကန်ချက်ကြောင့် ခြေထောက်ကျိုးသွားသောလူငယ်သည် ကြောက်လန့်စွာနှင့် ခြေလှမ်းနှစ်လှမ်း မျှ ခုန်ခုန်ပြီးရှေ့သို့တိုးလာသည်။ သူသည် ဘေးနားမှလူကို ဆုပ်ကိုင်ကာ မေး လေသည် “ငါ မှားမြင်မိတာပဲ၊ မဟုတ်ဘူး ငါ မျက်စိပြာသွားတာပဲဖြစ်မယ် အကြီးအကဲ ၂ နဲ့တခြားသူတွေက သေမှာမဟုတ်ဘူး သူတို့တွေ အသက်ရှင် တုန်းပဲမလား”

သူတို့၏မျက်လုံးများပြာသွားသည်၊ အမြင်မှားသည်ဟု သူတို့ကို ပြောမည့် သူမရှိပေ။ သို့သော် အမှန်တရားသည် သူတို့မျက်စိရှေ့တွင်ရှိနေသည်။ အကြီးအကဲ ၂ နှင့်တခြားသူများ၊ ဆေးတောင်ကြား၏ နတ်ဘုရားသုံးပါးတို့ သည် ဆေးတောင်ကြားမှထွက်သွားခဲ့ချေပြီ။

ပြည်မကြီးတွင် ယန်ချန်းနှင့်ဟွမ်ချန်းမှလွဲပြီး အားလုံးပေါင်း နတ်ဘုရားအဆင့် ၄ ဦးပေါ်ထွက်လာခဲ့သည်။ စီရင်ချက်ဗိမာန်နတ်ဘုရားနှင့် ဆေးတောင်ကြား၏အကြီးအကဲ ၃ ဦးတို့သည် ပေထင်းဟွမ်၏လက်ထဲသို့ အားလုံးကျရောက်ခဲ့သည်။ ပေထင်းဟွမ်သည် တခြားအင်အားစုတို့ နတ်ဘုရား အဆင့်သို့ရောက်သည်ကို သည်းမခံနိုင်သည့်အဓိပ္ပာယ်ပင်မဟုတ်ပါလား။

“ပေထင်းဟွမ် ဟွမ်ချန်းနဲ့ယန်ချန်းက နတ်ဘုရားမဟုတ်ရင် သည်းမခံနိုင် ဘဲ သတ်ပစ်မယ်ဆိုတာ ဟုတ်လား” ဆေးတောင်ကြားမှ သတ္တိရဲသူတစ်ဦး ထွက်လာသည်။ ကျန်ခဲ့သည့်လူများအကြားတွင် ခွန်အားအမြင့်ဆုံးသည် ဓား ၃ လက်ဖြစ်သည်။

ထိုစကားများထွက်လာသည်နှင့် စခန်းတစ်ခုလုံးမှလူအားလုံး လှမ်းကြည့် ကြသည်။ ထင်ရှားစွာပင် ဆေးတောင်ကြားသည် စိတ်ဝမ်းကွဲရန်ကြိုးစားနေ၏။ သို့သော် အားလုံးသည် ထိုသို့တွေးရပြန်သည်။ တကယ်ပဲ အဲလိုလား။ ယန်ချန်းနဲ့ဟွမ်ချန်းအပြင်က နတ်ဘုရားအားလုံးက ပေထင်းဟွမ်၏လက်ထဲ တွင်သေရမည့်ပုံပင်။

All Chapters