နဂါး သွားလိုက်တော့
Vol. 70 Ch. 1395
“ဒါကနတ်ဘုရားအဆင့်ပဲ” အားမကျသူမရှိတော့ပေ။
တစ်ဖက်တွင် ပေထင်းဟွမ်သည် လေထဲတွင် တိတ်တိတ်ဆိတ်ဆိတ်ရပ် နေပြီး အကြီးအကဲ ၃ ယောက်၏ တိုက်ခိုက်မှုသည် သူမအပေါ် မကျရောက် သကဲ့သို့ သူမ၏မျက်နှာသည် အရင်ကလိုပင် တည်ငြိမ်လျက်ရှိသည်။
“သခင်ပေထင်းဟွမ်က သားရဲတွေကို ဆင့်မခေါ်ဘူး၊ မလှုပ်ရှားဘူးဗျ သူကတကယ်ပဲ ဆေးတောင်ကြားကို အသက်ပေးတော့မလို့လား”
“ဟုတ်တယ် စိတ်ပူလိုက်တာ”
အကြီးအကဲ ၃ ယောက်၏ ဓားအလင်းသည် ပေထင်းဟွမ်အားထိချိန်တွင် လှုပ်ရှားတော့သည်။ သူမ၏လှုပ်ရှားမှုများသည် အလွန်နှေးကွေးပြီး လက်ထဲမှ ဓားပျော့သည် အနောက်သို့မြှောက်လိုက်ကာ ဖြည်းဖြည်းနှင့် ခန္ဓာကိုယ်အား ပတ်ပြီး စက်ဝိုင်းခြမ်းပုံစံပတ်လေသည်။
သူမ၏လှုပ်ရှားမှုများသည် အလွန်နှေးကွေးသော်လည်း ဓားပျော့သည် လေထဲတွင် အနည်းငယ်လှုပ်ခါသွားကာ ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲသွား လေသည်။ ခေါင်းပေါ်မှတိမ်တိုက်များသည် တဖြည်းဖြည်းစုဝေးသွားသည်ကို အားလုံး ခံစားမိလိုက်ကြသည်။ လုံးဝန်းသည့်လခြမ်းကွေးကို တိမ်တိုက်များမှ ဖုံးအုပ်သွးပြီး လျှပ်စီးများသည် တိမ်တိုက်များအကြားတွင် အလင်းတန်းအဖြစ် လက်လာသည်။ မူလကအေးချမ်းသည့်တောတွင် ယခုအခါ လေသံများထွက် လာပြီး မရေတွက်နိုင်သော သစ်ကိုင်းကျိုးနှင့် သစ်ရွက်ကြွေများသည် ဝဲဂယက် ဖြစ်သွားကာ ပေထင်းဟွမ်၏ဓားဖျားထိပ်ဆီသို့ ဦးတည်ပြီး နဂါးကြီးတစ်ကောင် အဖြစ် အသွင်ပြောင်းလေသည်။ လေဝဲနဂါးကဲ့သို့ ဓားဖျားထိပ်တွင် တဝဲလည် လည်ဖြစ်ပြီး ရန်သူအား အချိန်မရွေးခုန်အုပ်ရန် အသင့်ဖြစ်နေသည်။
“ကျွတ်”
အားလုံးသည် အသက်အောင့်ထားပြီး ထိုလူငယ်အား စိုက်ကြည့်ကြ၏။ အခုလေးတင်ကပင် သူမ၏ခွန်အားကို မည်သူမှမသိကြပေ။ သို့သော် သူမ ပြသလိုက်သည့်ခွန်အားသည် အားလုံးကို ကြောက်လန့်သွားစေသည်။
ဓား ၄ လက်ဘုရင် ရှီရှောင်မိုပင် ထိုအခိုက်တွင် သက်ပြင်းချမိလေသည် “ရှောင်ကျို့က တကယ်မိုက်တာပဲ၊ သူက ကောင်းကင်နဲ့မြေကြီးစည်းမျဉ်းကို ဒီလောက်ထိနားလည်တာပဲ၊ သူ့ရဲ့စွမ်းအင်လှုံ့ဆော်မှုက ဓား ၉ လက်နတ်ဘုရားပဲဖြစ်ချင်ဖြစ်လိမ့်မယ်၊ ဒါပေမဲ့ သူ့ရဲ့ခွန်အားအစစ်အမှန်က ငါ့ ကိုတောင် ကျော်သွားလောက်တယ်”
ချီဖေးနှင့်ချီလန်တို့သည် ထိုစကားကိုကြားသောအခါ တိတ်တဆိတ် ထိတ်လန့်မိသည်။ သူတို့သည် မငြင်းနိုင်ကြပေ။ ပေထင်းဟွမ် သည်တစ်ခေါက် ပြသလိုက်သည့်လှုပ်ရှားမှုသည် သူတို့ညီအစ်ကိုနှစ်ယောက် အတူမချိုးဖောက် နိုင်သည်ကို သူတို့သိကြသည်။
မိုင်ရာချီရှိသော စက်ဝိုင်းခြမ်းအတွင်းမှ ကောင်းကင်နှင့်မြေကြီးရောင်ဝါ အားလုံးနီးပါးသည် ပေထင်းဟွမ်၏ဓားထိပ်ဖျားတွင် လုစုပြီး ကြီးမားသော နဂါး အဖြစ်ပြောင်းလေသည်။ ပေထင်းဟွမ်အား သတ်ရန်လာသည့် အကြီးအကဲ ၃ ယောက်သည် အခိုက်အတန့်တိုင်းကို ခံစားမိကြလေသည်။ အဆင့်တိုင်းသည် အလွန်အားကောင်းသည်။ သူတို့၏ခန္ဓာကိုယ်သည် မိုးပေါ်တွင် မထိန်းနိုင်တော့ ဘဲ အချိန်မရွေးပြုတ်ကျတော့မလိုပင် ခံစားရလေသည်။ ရုတ်တရက်ပင် သူတို့ သုံးယောက်၏ ကျောပြင်တွင် ချွေးအေးများလွှမ်းသွားသည်။ ပေထင်းဟွမ်အား ကြည့်သည့် မျက်လုံးသုံးစုံသည် ကြောက်လန့်မှုအပြည့်နှင့်ပင်။
ပေထင်းဟွမ်၏ဓားထိပ်ဖျားသည် အနောက်မှကျလာပြီဖြစ်ကာ စက်ဝိုင်း လေးစိတ်အဖြစ်ပြောင်းကာ ကောင်းကင်နှင့်မြေကြီး ဆက်နွယ်နေသော လေနဂါးသည် ဓားထိပ်ဖျားတွင် အသွင်ဖြစ်ပေါ်လေသည်။ ထိုနဂါးခေါင်းနှင့် နှုတ်ခမ်းမွေးနှင့် လက်ဆေးကန်အရွယ်အစားအကြေးခွံတို့ရှိသည့် နဂါးသည် ပေထင်းဟွမ်၏ ဓားထိတ်ဖျားတွင် ကူးခတ်နေကို ရှင်းလင်းစွာမြင်ရဟန်တူ သည်။
“လေနဂါး သွားတော့”
ပေထင်းဟွမ်၏ တိုးညင်းသောအော်သံနှင့်အတူ လက်ထဲမှဓားပျော့သည် လေထဲသို့ပစ်လိုက်ကာ ခက်ထန်သောနဂါးသည် လက်ထိပ်များမှလွတ်မြောက် သွားသည့်အလား အကြီးအကဲ ၃ ယောက်ဆီသို့ ပြေးဝင်လေသည်။
ကမ္ဘာတစ်ခုလုံးကိုဖုံးအုပ်ထားသည့် ကြီးမားသောနဂါးသည် ကောင်းကင် မှတိမ်တိုက်မည်းများကို ကာဆီးလိုက်သည့်အလားပင်။ အားလုံးသည် ခေါင်းပေါ်မှ ဖိနှိပ်မှုကိုခံစားမိသဖြင့် အသက်ရှူကြပ်လာကြသည်။ ကြောက်လန့်မှုနှင့် ထိတ်လန့်မှုတို့ပြည့်နေသည့်မျက်လုံးများသည် ခေါင်းပေါ်မှ နဂါးကြီးကို ကြည့်ကြလေသည်။ ကြီးမားသောနဂါးခေါင်းနှင့် ကူးခတ်နေသော နဂါးအမြီးတို့သည် လေနှင့်အတူလွင့်ပါသွားပြီး အကြီးအကဲ ၃ ယောက်တို့ကို ရက်စက်စွာ ရိုက်ချလေသည်။
အကြီးအကဲ ၃ ယောက်သည် သည်တစ်ကြိမ်တွင် ပေထင်းဟွမ်၏ခွန်အား ကို အမှန်အကန်ကြုံတွေ့လိုက်ရသည်ဟု ပြောရနိုင်သည်။ သူမ၏ခွန်အားမှာ ဤလောက်ထိ ကြီးထွားလာလိမ့်မည်ဟု မည်သူမှတွေးမထားပေ။ ထိုအဆင့် တွင် သူတို့သုံးယောက်သည် ကျူလင်းမသွားခင် ပြောသွားသည့်စကားကို အမှတ်ရသွားသည် “သူ့ကို ဘယ်လိုရှင်းပြရမလဲမသိဘူး၊ သူ့ကိုလက်စားချေချင် ရင် သေတွင်းတူးလိုက်တာပဲ”