← Chapters

ကျန်တာကို ငါ့ကိုအပ်ထား

Vol. 70 Ch. 1392

ကျန်တာကို ငါ့ကိုအပ်ထား

Vol. 70 Ch. 1392

ပေထင်းဟွမ်သည် လက်မြှောက်လိုက်ရာ ကိုးရောင်မီးနှင့်တောက်လောင် နေသော အလင်းခန်းဆီးသည် သူမ၏လက်ထဲတွင် ထိုးဖောက်သွားလေသည်။ သူမသည် ကောင်းကင်ထဲမှထွက်လာရာ အားလုံးသည် တံလျှပ်များဖြတ်သွား သည်ကိုသာ မြင်နေရသဖြင့် မျက်တောင်မခတ်ဘဲကြည့်မိကြလေသည်။ သူမ သည် ချင်းယွိရှေ့သို့ရောက်နှင့်နေပြီးလေ၏။

“ရှောင်ကျို့ မင်း ရောက်လာပြီပဲ” ချင်းယွိသည် သူမအား အပေါ်အောက် ကြည့်ရာ အရာအားလုံးသည် အဆင်ပြေနေသည်ကိုမြင်သောအခါ စိုးရိမ်နေ သောမျက်လုံးများဖြင့် ကြည့်ကာ ချင်းယွိပြုံးလိုက်သည် “အဆင်ပြေရင် ကောင်းတယ်”

ထင်ရှားစွာပင် ယန်ချန်းမှဖြစ်ပျက်ခဲ့သမျှပင် သုံးလအတွင်း၌ပင် ပင်မ တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့သွားလေသည်။ ချင်းယွိသည်လည်း သေချာပေါက် ကြားမိသည်။ သူသည် ပေထင်းဟွမ်၏ပခုံးကို လက်နှစ်ဖက်ဖြင့်ကိုင်ထားကာ သူမအားကြည့်ပြီး ကတိပေးလေသည် “ရှောင်ကျို့ သူ ဘယ်သွားသွား ဒါမှမဟုတ် သူ ဘယ်မှာပဲအကျဉ်းကျနေပါစေ ငါတို့က မင်းနဲ့အတူရှိနေမှာ၊ ကောင်းကင်နဲ့မြေကြီးကို ချေမွပြီး ပြန်တိုက်ခိုက်မယ်”

“ဟုတ်ပြီ” ပေထင်းစွမ်၏မျက်လုံးများသည် ခံစားချက်အပြည့်နှင့်ပင်။ ဤကဲ့သို့ ညီအစ်ကိုခင်မင်မှုထက် တန်ဖိုးထားသည့်အရာမရှိတော့ပေ။ ပေထင်းဟွမ်သည် ချင်းယွိအား အပေါ်အောက်ကြည့်သည်။ သူ၏ခွန်အား ထပ် တိုးလာသည်ကိုမြင်ပြီး သူမသည် ပျော်ရွှင်မိသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ ဒဏ်ရာကိုမြင်လိုက်ရချိန်တွင် သူမ၏မျက်လုံးများသည် ရုတ်တရက် အေးစက် သွားလေသည်။ သူမသည် ချင်းယွိအား ဆေးပုလင်းနှစ်ပုလင်းပေးလိုက်သည် “အစ်ကိုချင်းယွိ အစ်ကိုကြီးရဲ့ဒဏ်ရာတွေကို အရင်ကုသလိုက်ပါဦး၊ ကျန်တာ ကို ကျွန်တော့်ကိုအပ်ထားလိုက်”

“ဟားဟားဟား”

ထိုအခိုက်အတန့်တွင် အကြီးအကဲ ၂ သည် ရူးသွပ်စွာဖြင့် ရယ်မောလေ သည်။ သူ၏စူးရှသောအသံသည် လှောင်ပြောင်မှုအပြည့်နှင့်ပင် “ပေထင်းဟွမ် မင်းက ပြည်မကြီးကလူငယ်တွေကို မြှူဆွယ်တာကလွဲပြီး ဘာလုပ်နိုင်သေးလဲ၊ မင်းမှာအစွမ်းအစရှိရင် ဇာမဏီမဖြစ်ချင်နဲ့၊ မြို့ထဲက ဂိုဏ်းထောက်ကြီးလေး ယောက်ကလွဲပြီး ဘယ်သူမှကူညီမှာမဟုတ်ဘူး၊ ငါတို့သုံးယောက်လုံးကို မင်း သတ်လိုက်ရင် ဆေးတောင်ကြားက မင်းကို ထပ်ပြီးလက်စားချေမှာမဟုတ်ဘူး လို့ ငါ အာမခံတယ်၊ ဒါပေမဲ့ ငါတို့ မင်းကိုသတ်လိုက်ရင် ဟွမ်ချန်းနဲ့ယန်ချန်းက ငါတို့ကို ဘယ်တော့မှ လက်စားမချေပါဘူးလို့ ကတိပေးရမယ်”

ထိုစကားများကိုကြားပြီးနောက် စခန်းတစ်ခုလုံး ရုန်းရင်းဆန်ခတ်ဖြစ် သွားလေသည်။ ဟွမ်ချန်းမှလူများရောက်လာရန်မှာဖြစ်နိုင်သည်။ အားလုံး သည် ဆေးတောင်ကြားအားမကြောက်တော့ဘဲ အထင်သေးစွာပြောကြလေ သည်။

“အမလေး ငါ အနိုင်ကျင့်တာတွေမြင်ဖူးပါတယ် ဒီလိုအနိုင်ကျင့်တာကို မမြင်ဖူးပါဘူး”

“ဟားဟားဟား အခြေခံကျင့်ဝတ်ကဘယ်မှာလဲ အခု ဒါက အခြေခံ ကျင့်ဝတ်လား”

“လုပ်စမ်းပါ ငါတို့သုံးယောက်က မင်းတစ်ယောက်ကို နိုင်ရမှာလဲ၊ ငါတို့ သုံးယောက်ကို မင်းသတ်နိုင်ရင် ငါတို့မိသားစုက မင်းကို လက်စားချေမှာ မဟုတ်ဘူး၊ မင်းကို သေအောင်သတ်နိုင်ရင် မင်းရဲ့မိသားစုက ငါတို့ကို လက်စားမချေရဘူး”

“ဟင်း ဒီဟာသက ရယ်ရတာပဲ၊ ဒါ ဆေးတောင်ကြားက ဘယ်လိုမိသားစု မျိုးလဲ၊ သူတို့မျက်နှာတွေကိုတောင် မမြင်ဖူးဘူး”

“၃၃ ကောင်းကင်ဘုံ ဆင်းသက်သူတွေက ဒီလောက်သောင်းကျန်းတာကို မမြင်ဖူးပါဘူး”

အဂ္ဂိရတ်အစည်းအရုံးနှင့်တခြားအစည်းအရုံး ဥက္ကဌသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် ထိတ်လန့်စွာကြည့်မိလေသည်။ အကြီးအကဲ ၂ သည် ဤကဲ့သို့အရှက်မဲ့သောစကားမျိုးကို ပြောလိမ့်မည်ဟု ထင်မထားပေ။ သို့သော် ဆေးတောင်ကြားမှလူများသည် ပေထင်းဟွမ်၏ခွန်အားကို မသိလေ သလား။ ပေထင်းဟွမ်သည် နတ်ဘုရားဓား ၉ လက်အဆင့်ပြီးမြောက်သွား သည်ကို မသိလေသလား။ အမှန်ဆိုလျှင် တန့်ကာမြို့တွင် ဆေးတောင်ကြားနှင့် ပေထင်းဟွမ်တို့အကြားမှ ပဋိပက္ခတို့ကြောင့် ယန်ချန်းမှအခမ်းအနားကြီးသည် ဆေးတောင်ကြားကို တက်ရောက်ခွင့်ပေးခဲ့သည်။

“နှစ်တစ်ဝက်လောက်နဲ့ နတ်ဘုရားဓား ၉ လက်အဆင့်ကို ဘယ်သူမှ မတက်နိုင်ဘူးဆိုတာ အမှန်ပါပဲ” ချောင်ရှန့်သည် လူငယ်အား အလေးအနက် ကြည့်ကာ သုံးလအတွင်း ထပ်မံအဆင့်တက်မည်ဟု ခံစားမိနေသည်။ ၎င်းသည် ပိုပို၍ မမြင်နိုင်တော့ပေ။

“ဟား ဟား” ဟွမ်ချန်းမှလူများသည် ရယ်မောပြီး ခေါင်းခါကြလေသည်။ အကြီးအကဲ ၂ ၏စကားလုံးများကို ဟာသအဖြစ်သတ်မှတ်ပြီး မည်သို့ပြန်ပြော ရတော့မည်ကိုမသိတော့ပေ။

“သောက်ရူးတွေ” ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်လိုက်သည် “အစက ကျူလင်းကြောင့်အတိတ်ကဖြစ်ခဲ့တာတွေကို ဂရုမစိုက်ဘဲနေမလို့ပဲ ငါ့ကိုသတ်ချင်ရင် မင်းတို့သေမယ့်အချိန်ရောက်လာတာပဲ”

All Chapters