← Chapters

ပြည်မကြီးကနတ်ဘုရားကုန်လုံး ခေါင်းဖြတ်ခံရမှာလား

Vol. 70 Ch. 1398

ပြည်မကြီးကနတ်ဘုရားကုန်လုံး ခေါင်းဖြတ်ခံရမှာလား

Vol. 70 Ch. 1398

ပေထင်းဟွမ်သည် ထိုလူအား ခပ်ပေါ့ပေါ့ကြည့်လိုက်သည်။ သို့သော် ထိုအကြည့်သည် ထိုလူ၏ပခုံးပေါ်တွင် တောင်တစ်လုံးသယ်ထားရသည့် အလားခံစားရစေကာ လေးလံသောဝန်ထုပ်ဝန်ပိုးကြောင့် အရေပြားပေါ်တွင် သွေးခြေဥသွားကာ ဖြူစွတ်နေသောအသားပေါ်တွင် ရောင်ပြန်ပေါ်လာသည်။ အဂ္ဂိရတ်၏ဝတ်ရုံပေါ်တွင် ကြီးမားသည့်ပန်းများသည် အနီရောင်မက်မွန်ပွင့် ကဲ့သို့ပွင့်လာသည်။

ကြည့်လိုက်ပါဦး။

ဆေးတောင်ကြားမှလူများသည် ပေထင်းဟွမ်၏ရှေ့တွင် ကိုယ်ကျုံ့သွား ရန်ကြိုးစားရင်း တညီတညာတည်းနောက်ဆုတ်ကြသည်။

“ဒီတစ်ခါ ယန်ချန်းမှာ ထုတ်လုပ်လိုက်တဲ့ နတ်ဘုရားအဆင့်ခွဲဆေးကို ဘယ်အဖွဲ့အစည်းကရလိုက်လဲ” ပေထင်းဟွမ်၏အသံသည် ချက်ချင်းပင် စခန်း တစ်ခုလုံးကို လေနှင့်အတူလွင့်ပါသွားသည်။

ပွဲကြည့်ပရိသတ်သည်တိတ်ဆိတ်သွားသည်။ မည်သူမှ ဘာမှမပြောရဲ လောက်အောင် နှုတ်ဆိတ်သွားကြလေသည်။ နတ်ဘုရားအဆင့်ခွဲဆေးကို မည်သူရသွားသည်ကို အားလုံးသိကြသော်လည်း မည်သူမှမပြောရဲကြပေ။ မည်သူမှ မခန့်မှန်းရဲပေ။ ဆေးတောင်ကြားပြောသလိုပင် ပေထင်းဟွမ်သည် ယန်ချန်းနှင့်ဟွမ်ချန်းမှလွဲပြီး ဤတိုက်ကြီးတွင် မည်သူ့ကိုမှ နတ်ဘုရားဖြစ်ခွင့် မပေးခြင်းလားမသိပေ။

ထိုသို့ဆိုလျှင် နတ်ဘုရားအဆင့်ခွဲဆေးကို ဘာကြောင့်လေလံတင်နေ သနည်း။ ဇာမဏီမြို့အသစ်တည်ဆောက်ရေးအတွက် ငွေကြေးလိုအပ်ချက် ကြောင့် အဆင့်ခွဲဆေးကို လေလံတင်ခြင်းဖြစ်မည်။ ပြီးသည်နှင့် နတ်ဘုရား အဆင့်တက်သူများအားလုံးကို သတ်ပစ်မည်လား။

ထိုသို့ဆိုလျှင် သခင်ပေထင်းဟွမ်သည် ဆေးတောင်ကြားထက်ပင် ပို၍ မုန်းဖို့ကောင်းသည်။

ဂိုဏ်းထောက်လေးယောက်နှင့် ပေထင်းကျင်တို့သုံးယောက်သည် တစ်ဖက်တည်းကြည့်လိုက်ကြသည်။ သူတို့ကြည့်သည်မှာ သည်တစ်ခေါက် နတ်ဘုရားအဆင့်ခွဲဆေးကို အောင်နိုင်ထားသည့် အဖွဲ့အစည်းရှိရာဖြစ်သည်။

ထိုအဖွဲ့အစည်း၏ခေါင်းဆောင် ရောက်နေပြီဖြစ်သည်။ ထိုလူသည် နတ်ဘုရားအဆင့်နှင့်အလှမ်းမကွာတော့သော်လည်း ပေထင်းဟွမ်ကြောင့် နာမည်ရလာခြင်းဖြစ်သည်။ ပေထင်းဟွမ်၏ခွန်အားကိုမြင်ပြီးနောက် ထိုလူများ သည် စိတ်ထဲတွင် တုန်ယင်ပြီး နောင်တရမိသည်။ သူတို့သာ စောစောသိထား ပါက ဤကဲ့သို့မနက်စောစောထမည့်ငှက်အဖြစ်ခံမည်မဟုတ်ပေ။

ထိုအင်အားစုသည် ထိုက်ယိနန်းတော်ထက် သာလွန်သည့်အရာမရှိပေ။ ထိုက်ယိနန်းတော်ကို ဤနေရာသို့ခေါ်လာသည့် ခေါင်းဆောင်သည် အိမ်ခြေယာမဲ့စခန်းတွင် ယန်ယဲ့နှင့်ပေထင်းဟွမ်ကို ရင်ဆိုင်ခဲ့သည့် ချင်းရှီထက် မသာပေ။ ချင်းရှီ၏မျက်လုံးထဲတွင် လူငယ်၏ပုံရိပ်ရောင်ပြန်ဟပ်နေပြီး သူမ၏ ခြေထောက်များသည် တုန်ခါနေကာ ရက်အနည်းငယ်အတွင်းတွင်ပင် လူငယ် ၏ ခွန်အားသည် သူမ မကြည့်ရဲလောက်သည့် နေရာတစ်ခုသို့ ကြီးထွားနေပြီ ဖြစ်သည်။

ဟွမ်ချန်းမှလူများအားလုံးကြည့်နေကြသည်ကိုကြည့်ပြီး စခန်းမှ တခြား အင်အားစုများလည်း ဂိုဏ်းထောက်လေးယောက်အကြည့်နောက်သို့လိုက် ကြည့်ကြရာ ချင်းရှီသည် ရွေးချယ်စရာမရှိတော့ဘဲ မတ်တပ်ရပ်ကာ ရှေ့သို့ နှစ်လှမ်းတိုးပြီး ပေထင်းဟွမ်ရှိရာသို့ လက်ကိုကွေးပြီးပြောလိုက်သည် “ခေါင်းဆောင် ဒီတစ်ခါ ကျွန်မတို့ ထိုက်ယိနန်းတော်က နတ်ဘုရားအဆင့်ခွဲ ဆေးကို အနိုင်ရခဲ့တာပါ၊ ချင်းရှီအဖွဲ့ကိုဦးမဆောင်ခင် နန်းတော်သခင်က တံခါးပိတ်ကျင့်ကြံပြီး နတ်ဘုရားအဖြစ်ကျင့်ကြံနေပါပြီ၊ ထွက်မလာခင်က နန်းတော်သခင်က ချင်းရှီကိုပြောခဲ့ပါတယ်၊ ယန်ချန်း ဒါမှမဟုတ် ဟွမ်ချန်းက လူတွေကိုတွေ့ရင် သူတို့ကို ကျေးဇူးတင်ကြောင်းပြပေးပါတဲ့၊ ထိုက်ယိနန်းတော်က ယန်ချန်းနဲ့ဟွမ်ချန်းရဲ့အမိန့်ကို အမြဲလိုက်နာနေမှာပါ”

ချင်းရှီ ထိုသို့ပြောသောအခါ ချင်းယွိအား တစ်ချက်ကြည့်ပြီးနောက် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ကာ ပြောလေသည် “ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ၊ သခင်လေးချင်းယွိ ချင်းရှီက မသိတတ်လို့ သခင်လေးချင်းယွိကလည်း ဇာမဏီ မြို့ကဆိုတာကို မသိခဲ့ပါဘူး”

ချင်းရှီသည် စကားလုံးတိုင်းကို စိတ်ရင်းဖြင့်ပြောနေခြင်းဖြစ်သည်။ သူမ ပြောသမျှသည် အလိမ်အညာဖြစ်နေမည်ကို ကြောက်ရွံ့ခြင်းမရှိပေ။ ထိုက်ယိ နန်းတော်သည် စီရင်ချက်ဗိမာန်၏ အခွဲဖြစ်ခဲ့ဖူးသည်။ စီရင်ချက်ဗိမာန်သည် တောင်တစ်လုံးအလား ရှုံးနိမ့်သွားပြီဖြစ်သည်။ ယခုအခါ ပင်မတိုက်ကြီးတွင် ယန်ချန်းနှင့် ဟွမ်ချန်းတို့၏ဆုံးဖြတ်ချက်သာ ရှိတော့သည်မှာ ထင်ရှားလွန်း၏။ သူတို့သည် ဇာမဏီမြို့အားအရှုံးပေးလိုက်ရခြင်းကို ရှက်စရာလို့မထင်ပေ။ ရှေးစကားများအတိုင်းပင် လက်ရှိအခြေအနေကိုသိသူသည် အကောင်းဆုံးဖြစ် သည်။ သူတို့သည် အားနည်းသောအင်အားစုသာဖြစ်ကာ ပြည်မကြီးတွင် ရှင်သန်ရဦးမည်ဖြစ်သည်။

ချင်းရှီ၏စကားများကို လျစ်လျူရှုပြီး ပေထင်းဟွမ်သည် မျက်မှောင်ကြုတ်ကာ အသံနက်နက်ဖြင့်မေးလေသည် “ငါက ပြည်မကြီးက နတ်ဘုရားတွေအကုန်လုံးကို သတ်လိုက်တယ်လို့ထင်လား”

All Chapters