← Chapters

ဘယ်တော့မှမခြယ်လှယ်နိုင်ဘူး

Vol. 70 Ch. 1399

ဘယ်တော့မှမခြယ်လှယ်နိုင်ဘူး

Vol. 70 Ch. 1399

မည်သူမှပြန်မဖြေကြပေ။ စခန်းတစ်ခုလုံးသည် နှုတ်ဆိတ်နေကြသည်။ ထိုက်ယိနန်းတော်မှလူများသည် ပေထင်းဟွမ်၏ အတွေးကိုမသိတော့သဖြင့် ပြန်မဖြေရဲကြပေ။ တခြားသူများသည် ပြန်ဖြေရန် အရည်အချင်းမပြည့်မှီပေ။ ထို့အပြင် ထိုက်ယိနန်းတော်မှလွဲ၍ မည်သည့်အင်အားစုကမှ နတ်ဘုရာအးဆင့် ခွဲဆေးကို မရခဲ့ပေ။

ထိုအချိန် ယန်ချန်းတွင် နတ်ဘုရားအဆင့်ခွဲဆေးသည် တစ်ခုတည်းသော ပြဿနာတစ်ခုပင်ဖြစ်သည်။

“ဟားဟားဟား”

လှောင်ပြောင်သောအသံသည် စခန်းကိုဖြတ်ထွက်လာကာ တိတ်ဆိတ်မှု ကို ခွဲလိုက်သည်။ တစ်ချိန်တည်းမှာပင် အားလုံးသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြလေသည်။ မုန်းတီးသောမျက်လုံးတစ်စုံသည် ရိုင်းပြသော ရယ်သံထွက်လာသော ထိုလူအားကြည့်လိုက်သည်။ ထိုလူသည် ပေထင်းဟွမ် အား ရန်စဖူးသည့် ဆေးတောင်ကြားမှလူဖြစ်သည်။

“ပေထင်းဟွမ် ကြည့်လေ ဘယ်သူမှမင်းကိုမယုံဘူး ဟုတ်တယ်မလား၊ မင်းက ယန်ချန်းနဲ့ဟွမ်ချန်းကလွဲပြီး တခြားနတ်ဘုရားတွေကို အလွတ်ပေးမယ် ဆိုတာကို ဘယ်သူမှမယုံကြဘူး၊ အကုန်လုံးက မင်းကိုကြောက်လန့်နေကြတာ ဒါပေမဲ့ မင်းက အနိုင်ကျင့်လွန်းတာပဲ၊ အဲဒါကြောင့် အကုန်လုံးက မင်းကို မုန်း နေကြတာ”

ဆေးတောင်ကြားမှလူများသည် အရှက်မဲ့လွန်းသည်လားပင်။ အဘိုးကြီး များသည် အရှက်မဲ့သည်။ သို့သော် လူငယ်များသည်လည်း အရှက်မဲ့သည်လား။

ပေထင်းဟွမ်ရောက်မလာခင်က တိုက်ကြီးတစ်ခုလုံးကို မည်သူနင်းချေခဲ့ သနည်း။ မိမိကိုယ်မိမိ မည်သူက နတ်ဘုရားဟုထင်ခဲ့ကာ အဂ္ဂိရတ်အစည်းအရုံး ကဲ့သို့ ကျွမ်းကျင်မှုအစည်းအရုံးသုံးခုကို အာရုံမစိုက်ဘဲနေခဲ့သနည်း။

သဘောထားကွဲလွဲမှုဖြစ်ပြီးနောက် ပေထင်းဟွမ်သည် အားနည်းသူကို အနိုင်ကျင့်သည်ဟု ပြောနေသည်။

“ကျူထု ဒီမှာပြဿနာလာမရှာနဲ့” ချင်းရှီသည် မခံနိုင်တော့ပေ။ ထိုလူ၏ သတိပေးချက်ကြောင့်သာမဟုတ်လျှင် သခင်ပေထင်းဟွမ်သည် သည်တစ်ကြိမ် အဆင့်ခွဲဆေးအနိုင်ရသူကိုတွေးမိမည်မဟုတ်သလို ထိုက်ယိနန်းတော်ကို တွေးမိမည်လည်းမဟုတ်ပေ။ အရင်ကပေထင်းဟွမ်နှင့် ပဋိပက္ခဖြစ်ခဲ့သော ချင်းရှီသည် ပေထင်းဟွမ်ရောက်ရှိပြီးနောက် သူမ၏အာရုံကို လျှော့ချခဲ့သည်။ မထင်မှတ်စွာပင် သူမသည် ပါဝင်ပတ်သက်နေတုန်းပင်။

“မင်းက ဘယ်လိုလူမျိုးလဲ အကုန်လုံးကို ဘယ်လိုထင်နေလို့လဲ၊ သခင်ပေထင်းဟွမ်က မင်းလိုလူမျိုးလို့ ထင်လို့လား၊ ငါက သခင်ပေထင်းဟွမ် ကို အရင်ကရှုံးခဲ့ဖူးတယ်၊ သူက ငါ့ကို ပုရွက်ဆိတ်တစ်ကောင်လို ချေမွပြီး သတ်လိုက်လို့ရတယ် ဒါပေမဲ့ ငါ့ကိုမသတ်ခဲ့ဘူး၊ အကုန်လုံးက မင်းတို့ ဆေးတောင်ကြားလိုထင်နေတာလား”

“ဟုတ်တယ်” ရင်းနှီးသောအသံတစ်သံသည် စခန်းမှထွက်လာသည်။ ပေထင်းဟွမ်သည် အသံလာရာကိုကြည့်လိုက်ရာ ဟွမ်ယန်းကိုမြင်လိုက်ရ၏။ “သန့်စင်သောဝိညာဉ်အပျက်အစီးမှာ သခင်ပေထင်းဟွမ်နဲ့ သိခဲ့တယ်၊ သခင်ပေထင်းဟွမ်က ကျုပ်ကို ကြင်နာပေးခဲ့တယ်၊ ဒါပေမဲ့ ကျုပ်သမီးက ကျေးဇူးမသိတတ်ဘဲ သူ့ကို အပြစ်ဖို့ခဲ့တယ်၊ ငွေလမြို့အပြင်ဘက်မှာ သခင် ပေထင်းဟွမ်က ကျုပ်ကိုထပ်ကယ်ပြီး အဆိပ်ဖြေပေးခဲ့တယ်၊ ကျုပ်ခွန်အားကို ပြန်အားဖြည့်ပေးခဲ့ပြီး သန့်စင်သောသားရဲတစ်ကောင်ပေးခဲ့တယ်”

ထိုစကားကိုပြောရင်းနှင့် ဟွမ်ယန်းသည် ပေထင်းဟွမ်အား အရိုအသေပြု လေသည် “ခေါင်းဆောင် ကမ္ဘာပေါ်မှာရေနက်ကြေးစားအဖွဲ့ဆိုတာမရှိတော့ပါ ဘူး၊ ခေါင်းဆောင်ကျေးဇူးနဲ့ ခေါင်းဆောင်ချူဖုန်းက ရေနက်ကြေးစားအဖွဲ့ကို သံမဏိသွေးအဖွဲ့အစည်းအောက်ကို ထည့်ခဲ့လို့ အခု ရေနက်အဖွဲ့လို့ခေါ်နေကြ ပါပြီ”

ပေထင်းဟွမ်လှည့်ပတ်ကြည့်လိုက်ရာ ရေနက်အဖွဲ့တစ်ခုလုံးတွင် အဖွဲ့ဝင်တစ်ရာခန့်ရှိကာ မည်သူကမှ ကောင်းကင်အဆင့်မပါဝင်ပေ။

ဟွမ်ယန်းသည် ချင်းယွိအား အရိုအသေပြုလေသည် “သခင်လေးချင်းယွိ တောင်းပန်ပါတယ် ခုနကဆေးတောင်ကြားလှုပ်ရှားတော့ ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် မကယ်နိုင်ကြဘူး၊ ကျုပ်တို့မှာလည်း လုပ်စရာရှိ သေးလို့ပါ ကျုပ်တို့လှုပ်ရှားလိုက်ရင် အဲလူတွေက ကျန်တဲ့သူတွေကို သတင်းပို့ လို့ရမှာမဟုတ်တော့ဘူး”

တစ်ဖက်လူမှာ နတ်ဘုရားအဆင့်ဖြစ်ရာ ချင်းယွိသည် နားလည်ပေးနိုင် သည်။ သူသည် လက်ကိုဝေ့ယမ်းပြီး ပြုံးကာပြောလေသည် “ဦးလေးက အခု သံမဏိသွေးအဖွဲ့ဝင်ဖြစ်နေပြီပဲ၊ သခင်ချူဖုန်းရဲ့ အမိန့်ကိုနာခံရမှာပေါ့၊ တခြား အဖွဲ့ကသခင်ကိစ္စကို ဝင်ပါဖို့မလိုပါဘူး သေချာပေါက် သံမဏိသွေးအဖွဲ့လုပ်ရ မယ့်ကိစ္စကို အာရုံစိုက်ရမှာပေါ့”

ပေထင်းဟွမ်၏ဂုဏ်သတင်းသည် မေတ္တာကြီးမားခြင်း၊ ဖြောင့်မတ်ခြင်း နှင့် အားနည်းသူများကို ကာကွယ်ပေးတတ်သည်ဟု ပင်မတိုက်ကြီးတွင် သတင်းမွှေးပျံ့လျက်ရှိသည်။ ယခုအခါ ဟွမ်ယန်းသည် ပေထင်းဟွမ်၏ အမည် ကိုကာကွယ်ပေးနေသည်။ သူသည် မိန်းကလေးတစ်ယောက်ကို သတ်ရန် မုန်းတီးသူဖြစ်သည်။

ပေထင်းဟွမ်သည် စခန်းတစ်ခုလုံးမှလူများကို ဝေ့ဝဲကြည့်လိုက်သည်။ ထိုလူများ မည်သို့တွေးနေသည်ကို သူမသိသည်။ ထွက်မသွားခင်တွင် ရှင်းလင်း အောင်လုပ်ရမည် “ပင်မတိုက်ကြီးက ကျုပ်ရဲ့ပန်းတိုင်မဟုတ်ဘူး၊ ပင်မတိုက်ကြီးက ပတ္တမြားကမ္ဘာတစ်ခုပဲ၊ နောက်ပိုင်း ခင်ဗျားတို့မှာ ထွက်သွား ဖို့ခွန်အားရှိရင် နားလည်လာလိမ့်မယ်၊ မီးတောက်မြို့ဖြစ်ဖြစ် မဟာမိတ်အင်ပါ ယာဖြစ်ဖြစ် ကျုပ်ပေထင်းဟွမ်က ဘယ်တော့မှ လွှမ်းမိုးမှုလုပ်မှာမဟုတ်ဘူးလို့ ကတိပေးပါတယ်”

All Chapters