ဆေးတောင်ကြားမှာ နတ်ဘုရားအဆင့်တစ်ယောက်ရှိရင် တစ်ယောက်သတ်မယ်
Vol. 70 Ch. 1400
ဘယ်တော့မှမလွှမ်းမိုးဘူးဟုတ်လား။
ဘာအဓိပ္ပာယ်လဲ။ ယန်ချန်းသို့မဟုတ် မဟာမိတ်အင်ပါယာဖြစ်ပါစေ သူတို့နှင့် သွားမရှုပ်လျှင် တခြားအင်အားစုအပေါ် တုံ့ပြန်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ ပေထင်းဟွမ်သည် တခြားအင်အားစုများကို ဖိနှိပ်ရန်ရည်ရွယ် ချက်မရှိပေ။
ပေထင်းဟွမ်သည် နတ်ဘုရားအဆင့်သို့ရောက်နေကာ နတ်ဘုရားအဆင့် သုံးယောက်ကို တစ်ခါတည်းသတ်နိုင်လောက်အောင် အားကောင်းသူဖြစ်၏။ ဤတိုက်ပေါ်တွင် သူမကိုထိခိုက်အောင်လုပ်နိုင်သည့် ခွန်အား မည်သူမှာမှ မရှိ ပေ။ သူသည် တခြားသူများကို လှည့်စားနေရန်မလိုပေ။
“ဟင်း မင်းပြောတာကို ဘယ်သူနားလည်မှာလဲ” ကျူထူသည် အထင်သေးစွာပြောလေသည်။
စခန်းမှလူများသည် ဆေးတောင်ကြားအား အရူးများသဖွယ်ကြည့်ကြ လေသည်။ သခင်ပေထင်းဟွမ်သည် မည်သူ့ကိုမှ လှည့်စားမည်မဟုတ်ပေ။ သခင်ပေထင်းဟွမ်သည် သူ့ကို အယုံသွင်းနေရလောက်အောင် သူ့တွင် မည်သို့ သောအရည်အချင်းရှိသနည်း။
စခန်းတွင် နှင်းဝံပုလွေကြေးစားအဖွဲ့ဝင်များသည် တဲများပြန်လည် တည်ဆောက်နေပြီဖြစ်သည်။ ချင်းယွိလျှောက်သွားပြီး ဆေးတောင်ကြားမှလူ များကို အထင်သေးစွာကြည့်ပြီး ပေထင်းဟွမ်အား ပြောလိုက်သည် “ရှောင်ကျို့ နောက်ကျနေပြီ အရင်နားရအောင် ငါတို့တွေ မနက်ဖြန်ရွှံ့နွံချောက်နက်တော ကို မနက်ဖြန်ဝင်မယ်”
“အာ...” ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ အသက်ကိုပြင်းပြင်းရှူပြီး ရင်ထဲမှဒေါသကို ချုပ်တည်းကာ ဆေးတောင်ကြားအား ပြောလိုက်သည် “ကျူထူကြောင့် ငါ မင်းတို့အားလုံးကို မသတ်တော့ဘူး၊ အခုကစပြီး ဆေးတောင်ကြားမှာ နတ်ဘုရားအဆင့်တစ်ယောက်ပေါ်ရင် တစ်ယောက်သတ် မယ်”
ကျွတ်
ကျွတ်သပ်သံများပေါ်လာပြီး ဆေးတောင်ကြားမှလူများ၏ မျက်နှာတွင် ထိတ်လန့်သည့်မျက်နှာထားများဖြစ်ပေါ်လေ၏။ ပေထင်းဟွမ်သည် ထိုစကား များပြောလာလိမ့်မည်ဟု မည်သူမှထင်မထားကြပေ။ ကျူထူနှင့်တခြားသူများ ထိုစကားကို ပြန်ပြောလျှင် ဆေးတောင်ကြားတွင် မည်ကဲ့သို့အခြေအနေမျိုး ဖြစ်သွားမည်ကို မတွေးနိုင်ကြတော့ပေ။ တောင်ကြားခေါင်းဆောင်၏ မျက်နှာ ကို မည်သို့ရင်ဆိုင်ရတော့မည်ကို မသိတော့ပေ။
ကျူထူမတုံ့ပြန်နိုင်ခင်မှာပင် ပေထင်းဟွမ် ရေနက်အဖွဲ့အားပြောသံကို ကြားလိုက်ရသည် “ဝမ်းကွဲအစ်ကိုက မင်းတို့ကို ဒီကိုလွှတ်လိုက်တာကို ငါ သိ တယ်၊ မင်းတို့ မနက်ဖြန်မနက် ယန်ချန်းကို ပြန်လိုက်ကြတော့၊ ဒီမှာမနေသင့် တော့ဘူး၊ ပြီးတော့ ငါပြောတာကို ဆရာနန်လင်းကိုပြောလိုက်၊ တိုက်ကြီးတစ်ခု လုံးကို သူ့ကို အမိန့်ပြန်ခိုင်းလိုက်၊ ဆေးတောင်ကြားမှာ နတ်ဘုရားပေါ်လာတာကို အဲအခြေအနေမှန်တယ်လို့ သတင်းပို့လာတဲ့သူရှိရင် နတ်သားရဲနဲ့ ဝိညာဉ်ခွဲဆေးဆုပေးမယ်လို့”
ဘုန်း
စခန်းတစ်ခုလုံးသည် ဒယ်ပြားပေါ်သို့ ရေတစ်စက်ချလိုက်သလိုပင်။ ကျူထုံနှင့်တခြားသူများ၏ မျက်နှာများသည် ပိုပို၍အကျည်းတန်လာသည်။ ဤအမိန့်ကို နန်လင်းအား တင်ပြနေရန်မလိုဟု သူယုံကြည်သည်။ ပေထင်းဟွမ် စကားဆုံးသည်နှင့် ထိုသတင်းသည် အတောင်ပံဖြန့်ကာ ပျံသွားမည်ပင်။ တိုက်ကြီးတစ်ခုလုံးတွင် မနက်ဖြန်စကပြီး ဆေးတောင်ကြားသည် ပြန်လည် အေးချမ်းတော့မည်မဟုတ်ပေ။ ဆေးတောင်ကြားအနီးတွင် စခန်းချမည့် သန်မာသူများ မရေတွက်နိုင်လောက်အောင်ရှိလာနိုင်ကာ ဆေးတောင်ကြား တွင် နတ်ဘုရားအစွမ်းအစရှိသည့်သူ ပေါ်ထွက်လာနိုင်သည့် ဝိညာဉ်ဂိုဏ်း အဆင့်များကို စောင့်ကြည့်ကြလိမ့်မည်။
“မင်း ဘာလို့ ဒီလိုလုပ်တာလဲ” ကျူထုံသည် ဒေါသကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ သူသည် ပေထင်းဟွမ်အား တိုက်ခိုက်ရန် အရည်အချင်းမပြည့်မှီပေ။
“မင်းဘာလုပ်တာလဲ” ပေထင်းဟွမ်သည် ဂရုမစိုက်သည်ကိုမြင်ပြီး ပေထင်းကျင်သည် ရယ်မောပြီးပြောလေသည် “ကျူထုံ တကယ်ကို ဝက်ခေါင်း ပဲ၊ ဒီလိုမျိုးရိုးရှင်းတဲ့မေးခွန်းကို ငါအဖြေမရှာတတ်တော့ဘူး”
ပေထင်းဟွမ်သည် အံ့အားသင့်မိသည်။ သူမ၏အစ်ကိုကြီးသည် တခြား သူကို ထိခိုက်အောင် မည်သည့်အချိန်က သင်ယူလိုက်သနည်း။
ထိုအချိန်တွင် လူအများသည် ပေထင်းဟွမ် ရေနက်အား နှင်ထုတ်မည်ကို စိုးသဖြင့် လူတစ်ယောက်သည် ရဲဆေးတင်ကာ မေးလိုက်သည် “သခင် ပေထင်းဟွမ် ဒီနေရာက ရေနက်အဖွဲ့ဝင်တွေ နေဖို့မသင့်ဘူးဟုတ်လား၊ ဘာ အဓိပ္ပာယ်လဲ”
ပေထင်းဟွမ်သည် ခေါင်းဆတ်လိုက်သည်။ သူမ၏မျက်လုံးများသည် ဖန်ဆင်းရေးနတ်ဘုရား၏ ဂူသင်္ချိုင်းဆီသို့ရောက်သွားသည်။ သူမသည် ယန်ယဲ့ နှင့်အတူ ထိုနေရာဘက်သို့ ဦးတည်သွားခဲ့ဖူးသည်။ သူမ၏အသ့သည် အေးစက် ပြီးရက်စက်နေသည် “ဒါက ဖန်ဆင်းရေးနတ်ဘုရားရဲ့ ဂူသင်္ချိုင်းပဲ၊ အထဲမှာ ထောင်ချောက်တွေအများကြီးရှိတယ်၊ အဲဒါကိုသွားထိလိုက်ရင် ကောင်းကင် ပြိုကျပြီး မြေကြီးကွဲအက်လိမ့်မယ်၊ ဇာမဏီမြို့က ပြိုင်ဘက်ကင်းကျွမ်းကျင်သူ တွေတောင်မှ မတတ်နိုင်ဘူး၊ ဒီမှာနေရင် မင်းတို့အသက်ကိုကယ်နိုင်ပါမယ်လို့ ဘယ်လောက်သေချာလဲ”