← Chapters

သူကပေထင်းဟွမ်လား

Vol. 70 Ch. 1391

သူကပေထင်းဟွမ်လား

Vol. 70 Ch. 1391

အဝါဖျော့ဖျော့မြေနဂါးသည် ကိုးရောင်ကန့်လန့်ကာထဲတွင် ချေမှုန်းခံ လိုက်ရသကဲ့သို့ ပြန်ထွက်မလာတော့ပေ။ ထိုမြင်ကွင်းအားကြည့်ပြီး လူအားလုံး သည် မှင်တက်သွားကြသည်။ စိတ်လှုပ်ရှားစွာနှင့် ထိုင်ကြည့်နေကြသူများသည် တညီတညာတည်းထရပ်ကြကာ ခေါင်းမော့ကာ ကောင်းကင်အား မော့ကြည့် ကြလေသည်။ ထိုလူငယ်သည် အနီရောင်ဝတ်ဆင်ထားပြီး လက်ကိုနောက်ပစ် ထားကာ ဆေးတောင်ကြားမှလူများကို လျစ်လျူရှုသည့်မျက်လုံးများဖြင့်ကြည့် ပြီးနောက် ဆေးတောင်ကြားနောက်မှ နှင်းဝံပုလွေကို တဖြည်းဖြည်းဖြတ်ကျော် ကြည့်လေသည်။

သူမ၏အနောက်တွင် နတ်ဘုရားအဖွဲ့နှင့် အားကောင်းသောဝိညာဉ်ဂိုဏ်း နှစ်ယောက်ရှိသည်။

ထိုစခန်းမှလူများသည်လည်း ဆေးတောင်ကြားကို ထိတ်လန့်မိသည်။ အားကောင်းသောအကြီးအကဲ ၃ ယောက်ပါဝင်သည့် အယောက် ၂၀ ပါဝင်သောအဖွဲ့သည် တညီတည်းနောက်သို့ခြေလှမ်းဆုတ်ကြလေသည်။ ထိုအနီရောင်ဝတ်ထားသောလူငယ်သည် အားကောင်းသောလူရှေ့တွင် ရပ်နေ ကာ သူမ၏သရုပ်မှန်နှင့် ခွန်အားမှာ ထူးခြားကြောင်းကိုပြသပြီး ပြဿနာကို တစ်ခါတည်းရှင်းလိုက်သည်။

“သူက ပေထင်းဟွမ်မလား” အကြီးအကဲ ၃ ယောက်သည် ငတုံးများ မဟုတ်ကြပေ။ ပေထင်းဟွမ်သည် ဒဏ္ဍာရီဝတ်ရုံကိုမဝတ်ဆင်ထားသော်လည်း ငယ်ရွယ်ပြီးအားကောင်းသည်ကိုကြည့်ပြီး သူမမှလွဲပြီး ပင်မတိုက်ကြီးတစ်ခု လုံးတွင် နောက်တစ်ယောက်မရှိတော့သည်ကို သိကြသည်။

ကံကောင်းစွာပင် ထိုအခိုက်အတန့်တွင် နှင်းဝံပုလွေကြေးစားအဖွဲ့မှ လူ တစ်ယောက်သည် အော်ဟစ်လေသည် “သခင်ပေထင်းဟွမ် သခင်ပေထင်းဟွမ် ပဲ သူရောက်လာပြီ”

နှင်းဝံပုလွေကြေးစားအဖွဲ့တစ်ခုလုံးသည် အားပေးကြသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းက သေမင်းကိုတွေ့ရလုနီးပါးဖြစ်သွားသောလူများသည် ကောင်းကင် ဘုံမှ နတ်ဘုရားတစ်ပါးကိုတွေ့လိုက်ရသလိုခံစားရလေသည်။ ဒဏ်ရာ အပြင်းအထန်ရထားသူအားလုံးသည် မြေပေါ်မှ တစ်ယောက်နှင့်တစ်ယောက် ထူလိုက်ကြသည်။ ခေါင်းဆောင်ကိုပင် ကူညီပြီးထူပေးရသည်။ တစ်ယောက် ချင်းစီသည် ပေထင်းဟွမ်အား အံ့ဩခြင်း၊ ကျေးဇူးတင်ခြင်း၊ ကြည်ညိုခြင်း အပြည့်နှင့် ကြည့်ကြသည်။ ဘာမှမပြောနိုင်လောက်အောင် ရင်ထဲတွင် ပျော်ရွှင် မှုများဖြင့် ပြည့်သွားလေသည်။

ပေထင်းဟွမ်သည် အတိတ်က သူမနှင့်ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့သော ရဲဘော်ရဲဘက်များအားလုံးသည် ဒဏ်ရာရပြီး ကျိုးပဲ့နေသည်ကိုမြင်သောအခါ ရုတ်တရက် ဒေါသများထွက်လာသည်။ သူမ၏ခက်ထန်သောမျက်လုံးများ သည် လူအုပ်ကို ဝေ့ဝဲကြည့်လိုက်သည်။ သူမသည် နှာမှုတ်လိုက်သည်။ သူမ၏ အသံသည်ချွန်ထက်သောဓားသွားအလား အားလုံး၏နားနှင့်နှလုံးသားထဲသို့ စူးဝင်သွားလေသည် “ပင်မတိုက်ကြီးမှာ ငါ ပေထင်းဟွမ်ရဲ့ ညီအစ်ကိုကို အနိုင် ကျင့်တဲ့သူရှိသေးတာပဲ၊ တံခါးပိတ်ကျင့်ကြံတဲ့ သုံးလအတွင်းမှာ ကမ္ဘာကြီး ပြောင်းလဲသွားတာပဲ မြန်လိုက်တာ”

ကုန်သွယ်ရေးအစည်းအရုံး၏ဥက္ကဌသုံးယောက်သည် ချက်ချင်းပင် မျက်နှာကို လက်ဖြင့်ကာမိကြသည်။ သူတို့သည် တစ်စုံတစ်ရာကို အမှန်တကယ်ပင် ကြောက်ရွံ့မိသည်။ သူတို့သာ ချင်းယွိအား တားမြစ်မပေးဘဲ ရန်သူနှင့်တိုက်ခိုက်ခွင့်ပြုလျှင် ပေထင်းဟွမ်သည် ဒေါသထွက်မည်ကို သူတို့ သိထားသည်။

ထိုစကားကိုကြားပြီးနောက် ဆေးတောင်ကြားမှလူအားလုံးသည် ဖြူဖျော့ သွားကြသည်။ အကြီးအကဲ ၃ ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြသည်။ သူတို့ရှေ့မှလူသည် ပေထင်းဟွမ်ဖြစ်နေသ်ညကို မယုံကြည် နိုင်ကြပေ။ သူမသည် ၁၅ နှစ်သာရှိသေးကာ နတ်ဘုရားအဆင့်သို့ရောက်ချိန် တွင် ကောင်းကင်ကိုဆန့်ကျင်နေပြီဖြစ်သည်။ သူမက သူတို့ထက် ဘယ်လိုလုပ် သန်မာနိုင်မှာလဲ။ သူတို့သုံးယောက်သည် သူမအနောက်မှလူတစ်စု၏ ခွန်အားကိုခံစားမိသော်လည်း ပေထင်းဟွမ်၏ခွန်အားကို လုံးဝ မခံစားမိပေ။ သူတို့သုံးယောက်သည် ထိုလူများ မရောက်နိုင်သည့်အဆင့်တစ်ခုတွင်ရှိနေ တုန်းပင်။

“သူက သူ့ခန္ဓာကိုယ်ထဲမှာ ဖုံးထားတဲ့လက်နက်ရှိတယ်လို့ကြားတယ်၊ သူက အဲဒါကိုမထုတ်ရင် သူ ဘယ်လောက်သန်မာတယ်ဆိုတာကို ဒီပြည်မကြီး မှာ ဘယ်သူမှသိတော့ဘူး” အကြီးအကဲ ၂ သည် စိတ်ထဲမှတွေးနေသည်။ သူ၏ မျက်လုံးများသည် အေးစက်နေကာ နှာမှုတ်လေသည် “ပေထင်းဟွမ် မင်းကိုယ် မင်း ဘယ်သူထင်နေတာလဲ၊ ပင်မတိုက်ကြီးရဲ့ ဘုရင်လား၊ မင်းက ဆေးတောင် ကြားကလူတွေကိုသတ်ခဲ့တယ် အဲတော့ မင်းကို ဘာလို့လက်စားမချေရမှာလဲ”

ဆေးတောင်ကြားကလူတွေလား။

ထိုအခါမှသာ အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသောလူတစ်စုံ၏ ရင်ဘတ် တွင် ကြယ်ကိုးပွင့်ဒယ်စောက်ပုံစံတံဆိပ်တပ်ထားသည်ကို ပေထင်းဟွမ် မြင်မိ လေသည်။ သူသည် မျက်လုံးကျဉ်းမြောင်းကာ ခေတ္တမျှစဉ်းစားပြီးနောက် တန့်ကာမြို့နှင့်ဆေးတောင်ကြားတို့ကြားမှကိစ္စကို သိသွားကြလေသည်။ ထိုလူ များအကြားတွင် ပဋိပက္ခများရှိကာ အသံသည် စူးရှတုန်းပင် “ဟုတ်တယ် ဆေးတောင်ကြားက အကြီးအကဲနဲ့ သခင်မလေးကို ငါ သတ်ခဲ့တာ၊ မင်းတို့ လက်စားချေချင်ရင် ငါ့ဆီကို တိုက်ရိုက်လာလို့ရတယ်၊ အစ်ကိုချင်းယွိကို တိုက်ခိုက်ရဲရင် မင်းတို့က ကိုယ့်သေလမ်းကိုရှာတာပဲ”

All Chapters