Chapters

အရှင်အဆင့်ခွန်အား

Vol. 70 Ch. 1396

အရှင်အဆင့်ခွန်အား

Vol. 70 Ch. 1396

ထိုအချိန်တွင်နောက်ဆုတ်ရန်နောက်ကျသွားလေပြီ။ သူတို့သုံးယောက် သည် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား အားလုံးကိုရွှေ့ပြောင်းလိုက်ကြသည်။ သူတို့သုံးယောက်သည် ဓားရှည်ကိုင်ထားပြီး ကောင်းကင်နှင့်မြေကြီး ဝိညာဉ် စွမ်းအားဖြင့် စုစည်းထားသော ကြီးမားသောလေနဂါးကို ကြမ်းတမ်းစွာခုတ်ချ လေသည်။

ရွှေရောင်အလင်းတန်းဖျော့လက်လာပြီး အကြီးအကဲ ၃ ယောက်၏ ခြေလှမ်းများ ခက်ခဲလာသည်။ ဓားရှည် ၃ ချောင်းသည် နဂါးနှင့် ထိပ်တိုက်တွေ့ ပြီးနောက် ရုတ်တရက်ပင် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခါသွားစေလောက် သည့်အသံထွက်လာသည်။ ထိုအသံသည် ကောင်းကင်ဘုံကိုးလွှာမှလာသည့် မိုးကြိုးသံလိုပင်။

ဘုန်း...

သံနှင့်သံချည်းထိမိသည့်အသံအလားထွက်လာရာ အားလုံးသည် သံသယ ဝင်မိလေသည်။ လေနဂါးက ဘာနဲ့စုစည်းထားတာလဲ။ ရှီရှောင်မိုနှင့်တခြားနှစ် ယောက်သည် ထိုမြင်ကွင်းကိုမြင်သောအခါ ရင်တစ်ခုလုံးတုန်ခါသွားလေသည်။ ဒီလူ့မှာ ဘယ်လိုခွန်အားရှိနေတာလဲ။ သူမသည် ကောင်းကင်နှင့်မြေကြီး ရောင်ဝါကို အစစ်အတိုင်းစုစည်းနိုင်သည်။ ဤလူသည် ကမ္ဘာကြီးကို အမိန့်ပေး နိုင်သည့် သန်မာသောလူဖြစ်လာမည်လား။

ဓားရှည်သုံးချောင်းသည် နဂါးကိုထိသွားရာ နဂါး၏ဒေါသကိုဆွလိုက် သည့်အလားပင်။ နဂါးခေါင်းသည် သူတို့သုံးယောက်အား ခပ်ကြမ်းကြမ်းရိုက်မိ ရာ လွင့်သွားကြလေသည်။ တစ်ချိန်တည်းမှာပင် ကြီးမားသောနဂါးအမြီးသည် လေထဲတွင် လွင့်သွားကာ လွှဲယမ်းပြီး အကြီးအကဲ ၃ ယော်ကအား ပြင်းထန်စွာ ရိုက်ချလေသည်။ သုံးယောက်သားသည် ပူဆွေးစွာအော်ဟစ်ပြီး လေထဲမှ သွေးမိုးများရွာကျလာကာ မရေတွက်နိုင်သောအပိုင်းအစများ ကျလာလေ၏။

ဝူး..

ကြီးမားသောနဂါးသည် မာန်ဟိန်းလိုက်ပြီး ထိုအခိုက်အတန့်တွင် ဝိညာဉ် ခွဲချောက်အတွင်းအပြင်မှ သွားလာနေကြသော သားရဲများအားလုံးသည် ခေါင်း ကိုလက်ဖြင့်ကာထားပြီး တုန်ယင်စွာနှင့် မိုးပေါ်မှ နဂါးကိုကြည့်လေသည်။ ရှေးဟောင်းနဂါး၏အသွင်အပြင်ကို မြင်ရသောအခါ အလွန်ပင် ဝေဝါးလွန်း သည်။ ကြီးမားသောနဂါးခန္ဓာကိုယ်သည် ရွှံ့နွံချောက်နက်အထက်ရှိ ကောင်းကင် တစ်ခုလုံးကိုဖုံးအုပ်ထားသည်။ နဂါးအော်သံသည် တောင်တစ်ခု လုံးကို တုန်ခါသွားစေသည်။

မြေပေါ်မှလူအားလုံးသည် တညီတည်းလဲကျသွားလေသည်။ ရှီရှောင်မို တို့သုံးယောက်ပင်လျှင် တုန်ယင်သွားကြလေသည်။ သူတို့သည် မိုးပေါ်မှ ကောင်လေးကို မယုံနိုင်စွာကြည့်ကြလေသည်။ ၎င်းသည် အရှင်ကြီးအဆင့် ခွန်အားဖြစ်သည်ကို သူတို့ ခံစားမိကြသည်။ ဤစစ်မှန်သောအခွန်အားသည် နတ်ဘုရားဘုရင်ပင်မဟုတ်ဘဲ နတ်ဘုရားဓား ၉ လက်အဆင့်ဖြစ်သည်ကို သူတို့ ကောင်းစွာသိကြသည်။

“ဒီကောင်က သုံးလတည်းနဲ့ နတ်လက်နက်သန့်စင်တာအပြင် သူ့ခွန်အား ပါ ဒီအဆင့်ထိ တိုးသွားအောင် သန့်စင်လိုက်တာများလား” ရှီရှောင်မိုသည် ဆတ်ဆတ်တုန်လေသည်။ ပေထင်းဟွမ်၏ခွန်အား တိုးပွားလာသည်ကို သူမ၏ မျက်လုံးနှင့်ကိုယ်တိုင်တွေ့ခဲ့ရသည်။ ဤကဲ့သို့ကြီးထွားနှုန်းသည် ကောင်းကင် ကိုခုခံခြင်းမဟုတ်ပါလား။

“အဂ္ဂိရတ်ပညာဖြစ်ဖြစ် လက်နက်သန့်စတင်တာဖြစ်ဖြစ် စွမ်းအင်ကို နားလည်တာကကောင်းတယ်၊ ဒါပေမဲ့ ဒီလူ့ရဲ့အရည်အချင်းက ကြောက်ဖို့ ကောင်းလွန်းတယ်” ပေထင်းဟွမ်အား အမြဲတမ်း မကျေမချမ်းဖြစ်နေသော ချီလန်သည် နောက်မှလိုက်ပြောလေသည်။

“လက်နက်သန့်စင်ဖို့ကို သုံးလအချိန်ယူတယ်၊ ဒါက ကောင်းကင်နဲ့ မြေကြီးဥပဒေကိုနားလည်တာနဲ့ ယှဉ်မရဘူးထင်တယ်” ချီဖေးသည် ခေါင်းညိတ်ပြီး သံယောင်လိုက်သည်။

ပေထင်းဟွမ် ကောင်းကင်နှင့်မြေကြီးအကြားမှ ဝိညာဉ်စွမ်းအင်အားလုံး ကို စုစည်းပြီး နဂါးအဖြစ်ပြောင်းကာ တိုက်ခိုက်သည်ကိုကြည့်ပြီး ဂိုဏ်းထောက် လေးယောက်သည် တစ်စုံတစ်ခုကို သိသွားသလိုပင်။ သူတို့လေးယောက်သည် တစ်ချိန်တည်းမှာပင် တွေးမိသွားကြသည်။ ပေထင်းဟွမ် မင်ဟွမ်အား တိုက်ခိုက်ချိန်တွင် နောက်ပိုင်းတွင် အမှောင်လကျားဖြူဟုလူသိများသည့် ယန်ချန်း၏အကြီးအကဲသည် စကားတစ်ခွန်းပြောခဲ့သည် “နတ်ဘုရားအဆင့် ပြီးရင် ဓားချင်းတူရင်တောင် ခွန်အားကွာခြားမှုကြီးမှာပဲ၊ သူတို့ကြားက တိုက်ပွဲ ကိုကြည့်ရင် ခေါင်းဆောင်နန်လင်းနဲ့ အကြီးအကဲ ၄ ယောက်တို့သိလာမှာပဲ”

ထိုအချိန်က သူတို့သည် နားမလည်ခဲ့ပေ။ ဤအချိန်တွင် သူတို့၏စိတ်ထဲ ၌ လေးစားမှုလက်လာပြီး ရုတ်တရက် နားလည်သွားသလိုပင်။ ကမ္ဘာကြီးထဲသို့ ရောနှောပြီး ဝိညာဉ်အသိစိတ်ဖြင့် မြေကြီးကိုဖုံးအုပ်သည့်ခံစားချက်သည် အလွန် စိတ်ချမ်းမြေ့စရာပင်။