အချိန်ကျပြီ
Vol. 93 Ch. 1300
အခန်း (၁၃၀၀) အချိန်ကျပြီ
စောမင်ကျန့် ‘ကောင်းကင်နတ်ဘုရား’ အဆင့်သို့ တက်ရောက်သွားသည်ကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လျစ်လျူရှုထားမည်မဟုတ်ကြောင်း ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများ သိရှိလေသည်။
စောမင်ကျန့်ကိုယ်တိုင်လည်း ထိုအချက်ကို သိရှိထားသည်။
ထို့ကြောင့် သူက သူက ကောင်းကင်ဘုံအရှင်’ကျောက်’ ၊ ရတနာချုပ်နှောင်ကောင်းကင်ဘုံအရှင်နှင့် အခြားသူများကို ကြိုးရှည်ရှည်ဖြင့်လှန်ထားရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက ရန်သူကို အဖျက်စွမ်းအားဖြင့် အစွမ်းကုန်တိုက်ခိုက်ရန်သာ ဆုံးဖြတ်ခဲ့သည်။
တိုက်ခိုက်မှုပြီးဆုံးသည်နှင့် စောမင်ကျန့်က တိုက်ပွဲနောက်ဆက်တွဲရလဒ်ကိုကြည့်ရှုရန် စိတ်မဝင်စားတော့ပေ။ သူက နေရာမှ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
အဆုံးမရှိတောက်လောင်နေသော မီးလျှံပင်လယ်ပြင်က စကြာဝဠာထဲမှ ချက်ချင်းပျောက်ကွယ်သွားပြီး သဲလွန်စပင် မကျန်ရစ်ခဲ့တော့ပေ။
တစ်ချိန်တည်းမှာပင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ကြယ်စင်အလင်းတန်းများသည်လည်း တစ်ခါမှ ထွက်ပေါ်လာခြင်းမရှိခဲ့သည့်အလား အရိပ်အယောင် လုံးဝမကျန်တော့ဘဲ ဗလာနယ်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။
တဖြည်းဖြည်းပျောက်ကွယ်သွားသော မီးလျှံပင်လယ်ထဲတွင် မတ်တတ်ရပ်နေသော အရပ်မြင့်မြင့်ပုံရိပ်တစ်ခုကို တွေ့မြင်ကြရလေသည်။
သူက တာအိုစကြာဝဠာဆီသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက် သူ့အကြည့်က အဂ္ဂိရပတ်ခန်းမဆီသို့ကျရောက်သွားပြီး ချန်းဟွာသစ်ပင်ကြီးကို စူးစိုက်ကြည့်နေခဲ့သည်။
အဂ္ဂိရတ်ခန်းမအတွင်းရှိစကြာဝဠာထဲတွင် ချန်းဟွာသစ်ပင်ကြီး၏ အကိုင်းအခတ်များက အနည်းငယ် လှုပ်ရှားလျှက် ရှိသည်။
တစ်စုံတစ်ယောက်အား နှုတ်ဆက်နေသည့်ပမာ လေတိုက်ခတ်သံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
မီးလျှံပင်လယ်ထဲတွင် မတ်တတ်ရပ်နေသော ဆံပင်တိုတိုနှင့်လူငယ်က အနည်းငယ်ပြုံးလိုက်ပြီးနောက် နေရာမှ လှည့်ထွက်သွားတော့သည်။
မီးလျှံပင်လယ်ကြီးသည်လည်း သူ့နောက်သို့လိုက်ပါသွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့၏။
သတိပေးသည့်အရိပ်အယောင်များမရှိသလို မည်သည့်ပြောင်းလဲမှုမှ မရှိသော်လည်း တာအိုစကြာဝဠာထဲတွင်ရှိနေသည့် ရန်ကျောက်ကဲနှင့် အခြားသူများကတော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ရောက်ရှိလာကြောင်းကို သိရှိခဲ့ကြသည်။
သူတို့ကြားရှိ ကျင့်ကြံခြင်းအဆင့် ကွဲပြားမှုကြောင့် မည်သည့်အရိပ်အယောင်မှ တွေ့ရှိရခြင်းမရှိသလို ၊ သူတို့အနေဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏တည်ရှိမှုကို သတိပြုမိရန် မဖြစ်နိုင်ခဲ့ပေ။
သို့သော် စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့ကတော့ အာရုံခံနိုင်ခဲ့ကြသည်။
စောမင်ကျန့်အတွက် ယခုအချိန်က အမှန်တကယ်ပင် အန္တရယ်များသည့်အချိန် ဖြစ်၏။ သူ၏ တကယ့်တိုက်ပွဲက ယခုမှ စတင်မည်ဖြစ်သည်။
စောစောက တာအိုစကြာဝဠာသို့ ရောက်ရှိလာကြသော ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများသည် ယခုတော့ ကပ်ဘေးကြုံတွေ့ရသည့် သားကောင်များပမာ ညည်းတွားလျှက် ရှိကြသည်။
မီးလျှံပိုက်ကွန်လှောင်အိမ်က သူတို့ကို ဝိုင်းရံထားပြီး အမတခုံရုံးမှ တန်ခိုးစွမ်းအားအမြင့်မားဆုံး ကျင့်ကြံသူများသည်ပင် လှောင်အိမ်ထဲတွင် ဖမ်းဆီးခံထားရသည်။
အစောပိုင်းအချိန်တုန်းက...
အမတခုံရုံးမှ တာအိုစကြာဝဠာသို့ရောက်ရှိလာကြသော ကောင်းကင်နတ်ဘုရား (၄)ပါးဖြစ်သည့် ကောင်းကင်ဘုံအရှင်’ကျောက်’ ၊ ရတနာချုပ်နှောင်ကောင်းကင်ဘုံအရှင် ၊ သိုးပုကျန့်ကောင်းကင်ဘုံအရှင် ၊ မဟူရာပြစ်ဒဏ်ကောင်းကင်ဘုံအရှင်တို့မှာ လှောင်အိမ်ထဲတွင် ဖမ်းဆီးခံထားရသည်။ သူတို့နှင့်အတူ အချို့သော နက်ရှိုင်းနတ်ဘုရားများလည်း အတူဖမ်းဆီးခံထားရသည်။
နောက်ပိုင်းမှာတော့...
နဂါးငွေ့တန်းကိုပင် ချေမှုန်းနိုင်စွမ်းရှိသည့် စောမင်ကျန့်၏ ကြယ်စင်လှံရှည်နှင့် တိုက်ခိုက်ခံရပြီးနောက် လှောင်အိမ်ထဲမှ ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများမှာ သေကြေပျက်ဆီးသွားကြရတော့သည်။
စောမင်ကျန့်၏ ကြယ်စင်လှံရှည်ထိုးနှက်ချက်ကို ပထမဆုံးခံစားရသူများမှာ အမတခုံရုံးမှ ကောင်းကင်ဘုံအရှင် (၄)ပါး ဖြစ်၏။
သူတို့အားလုံး လုံးဝပျက်ဆီးသွားခဲ့ကြပြီး ၊ ဤသည်က စောမင်ကျန့် အစောပိုင်းပြောခဲ့သည့်စကားများအတွက် အကောင်းဆုံး ရှင်းလင်းချက်ပင်ဖြစ်သည်။
‘အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်’ လက်အောက်တွင်ရှိသော ပြင်ပတာအိုကျင့်ကြံသူများအားလုံးက စောမင်ကျန့်မျက်လုံးထဲတွင် ဘာမှမဟုတ်ခဲ့ပေ။
စောမင်ကျန့်က သူနှင့်အဆင့်အတန်းတူညီသည့် ကျင့်ကြံခြင်းအဆင့်မြင့်မားသူများကိုသာ တိုက်ခိုက်ရန် အာရုံစိုက်ထားသဖြင့် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသော ပြင်ပတာအိုကျင့်ကြံသူများကတော့ ထိုကပ်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။
မီးလျှံပိုက်ကွန်လှောင်အိမ်က သူတို့ထံသို့ လွှမ်းခြုံသွားခြင်းမရှိသလို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည်လည်း သူတို့ထံသို့ ကျရောက်ခဲ့ခြင်း မရှိပေ။
သို့သော် လွင့်စင်ထွက်လာသည့် စွမ်းအားလှိင်းလုံးများ၏သက်ရောက်မှုက သူတို့ကို ရပ်တည်ရန်ပင် ခက်ခဲသွားစေသည်။
တိုက်ခိုက်မှုနှင့် နီးကပ်သည့်နေရာတွင်ရှိနေသာ ကံဆိုးသူများဆိုလျှင် ထိုစွမ်းအားလှိုင်းလုံးများကြောင့် အသက်ပျောက်ကုန်ကြရသည်။
ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများမှာလည်း သူတို့၏ဝိညာဉ်အတွင်းပိုင်းအထိ တုန်လှုပ်နေပြီး သူတို့ကိုယ်တွင်းမှ အမတချီစွမ်းအားက လှုပ်ရှားလျှက် ရှိနေသည်။
စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ထွက်ခွာသွားကြပြီဖြစ်သော်လည်း သူတို့ကတော့ ကြောက်ရွံ့နေကြဆဲ ဖြစ်၏။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ရောက်ရှိလာသဖြင့် စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် ထွက်ခွာသွားသည်မှာ ထင်ရှားသည်။
လမ်းမှန်တာအိုဝါဒမှ ကောင်းကင်ဘုံအရှင် (၂)ပါးကို အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လိုက်လံတိုက်ခိုက်နိုင်ကြောင်းကိုလည်း သူတို့စဉ်းစားမိကြသည်။
သို့သော် အမတခုံရုံးမှ အသက်ရှင်ကျန်ရစ်ခဲ့သော တန်ခိုးစွမ်းအားရှင်များမှာ ထိုအချက်ကြောင့် မည်သည့်စိတ်ကျေနပ်မှုကိုမှ မခံစားခဲ့ကြရပေ။
တာအိုစကြာဝဠာထဲမှာတော့ ရန်ကျောက်ကဲက စောမင်ကျန့်၏ အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုနေသော်လည်း သူ၏စိတ်တည်ငြိမ်မှုက ပျောက်ဆုံးသွားခြင်း မရှိခဲ့ပေ။
သူက ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ အားလှည့်ကြည့်လိုက်ပြီး...
“ဆရာဦးလေး... ကျွန်တော်တို့လှုပ်ရှားရမယ့်အချိန်ရောက်ပြီ”
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က စောမင်ကျန့်အားတိုက်ခိုက်ရန် ဤနေရာသို့ရောက်ရှိလာချိန် မြာက်ပိုင်းကြယ်စင်ဧကရာဇ်က နောက်ပြန်ဆုတ်သွားခဲ့ရသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏သဘောထားက ဝူတန့်မယ်တော်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ကဲ့သို့ ရန်လိုခြင်းမရှိလှပေ။
သို့သော် သူက အမတခုံရုံးအား အမြဲတမ်း သတိကြီးကြီးထားနေခဲ့ပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးကို ယုံကြည်ခြင်းမရှိပေ။
ထို့ကြောင့် သူရောက်ရှိနေကြောင်းကို ဖုံးကွယ်ထားပြီး နောက်ပြန်ဆုတ်ရမည် ဖြစ်၏။
သို့ဖြစ်ရာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အချိန်တိုအတွင်း အထက်ဘုံကမ္ဘာ၏ကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
အတိတ်တစ်ချိန်က မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့ အာဏာရရန် ယှဉ်ပြိုင်ကြစဉ် မြောက်ပိုင်းကြယ်စင်ဧကရာဇ်၏ ရန်လိုခြင်းမရှိသောစိတ်နေစိတ်ထားကြောင့် အမတခုံရုံး၏ထောက်ခံချက်ကို ရရှိခဲ့သည်။
ထို့ကြောင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့အုပ်စုက အထက်ဘုံကမ္ဘာမှ အဝေးတစ်နေရာသို့ ထွက်ခွာသွားခဲ့ကြသည်။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း ပြင်ပဗလာနယ်တစ်နေရာတွင် သိုသိပ်စွာပုန်းအောင်းနေခဲ့ပြီး အထက်ဘုံကမ္ဘာ၏ အတွင်းပိုင်းကိစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပေ။
သို့သော် အထက်ဘုံကမ္ဘာတွင် ကြီးမားသည့်ပြဿနာများဖြစ်ပွားလာပါက မြောက်ပိုင်းကြယ်စင်ဧကရာဇ် သေချာပေါက် သတိပြုမိမည် ဖြစ်သည်။
ထိုသို့သောကိစ္စရပ်များကိုဖြေရှင်းရန် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာမည်လားဆိုသည်ကတော့ အခြေအနေအပေါ်တွင် မူတည်သည်။
သို့ဖြစ်ရာ ထိုသို့သောအခြေအနေအောက်တွင် ရန်ကျောက်ကဲတို့အုပ်စုပဲဖြစ်ဖြစ် ၊ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ တို့အုပ်စုပဲဖြစ်ဖြစ် အသေးအဖွဲအလုပ်များကို လုပ်ဆောင်နိုင်စွမ်း ရှိနေသော်လည်း ကြီးမားသည့်အလုပ်များ လုပ်ကိုင်မည်ဆိုပါက အောင်မြင်နိုင်မည် မဟုတ်ပေ။
ဤသည်က ယခင်က အခြေအနေဖြစ်ပြီး ယခုတော့ အခြေအနေက ပြောင်းလဲသွားပေပြီ။
ယခုဆိုလျှင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အလွန်ဝေးကွာသည့်နေရာတစ်ခုသို့ ဆုတ်ခွာတိမ်းရှောင်သွားခဲ့သည်။ ထို့ကြောင့် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် ကြီးမားသောကိစ္စရပ်တစ်ခု ဖြစ်ပျက်ခဲ့မည်ဆိုပါက အချိန်မီ ရောက်လာနိုင်တော့မည် မဟုတ်ပေ။
မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကိုယ်တိုင် ထိုအခြေအနေကို သိရှိထားသော်လည်း ၊ သူ့အနေဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို သတိထားရမည်ဖြစ်လေရာ အချန်တိုအတွင်း မည်သည့်လှုပ်ရှားမှုမှ ပြုလုပ်နိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ရန်ကျောက်ကဲတို့အုပ်စုပဲဖြစ်ဖြစ် ၊ ကောင်းဟန်တို့အုပ်စုပဲဖြစ်ဖြစ် တစ်စုံတစ်ခု ကြံစည်လိုသည်ဆိုလျှင် ဤသည်က တစ်ခုတည်းသောအခွင့်အရေးပင် ဖြစ်သည်။
နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ က ဤသို့သောအခြေအနေကိုအသုံးချပြီး သူ၏ရည်ရွယ်ချက် ပြီးမြောက်စေရန် ကြိုးစားမည်ဖြစ်သည်။
ပြီးတော့ ဤသည်က ရန်ကျောက်ကဲအတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်၏။
မီးလျှံပင်လယ်ကြီးပျောက်ကွယ်သွားသည်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အဝေးဆီမှ မီးအလင်းတန်းများကို ဦးညွှတ်ဂါရဝပြုလိုက်ပြီး ချက်ချင်းထွက်ခွာသွားသည်။ သူက ကောင်းကင်အက်ကွဲကြောင်းတစ်ခုရှာဖွေပြီး အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့သည်။
အထက်ဘုံကမ္ဘာသို့ရောက်ရှိလာသည်နှင့် ဤကမ္ဘာကိုစောင့်ကြပ်ကြည့်ရှုပေးနေသော နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ ကို အရင်ဆုံး သွားရောက်ရှာဖွေလိုက်သည်။
သို့သော် သူ့ကို အံ့အားသင့်သွားစေသည့်အရာမှာ နက္ခတ်ဧကရာဇ်က ယခင် သူရှိရမည့်နေရာတွင် ရှိမနေခဲ့ပေ။
ရန်ကျောက်ကဲ သူ့ကိုဆက်သွယ်ကြည့်လိုက်တော့ နက္ခတ်ဧကရာဇ်က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ ‘ဝါဒတောင်’ သို့ ရောက်ရှိနေကြောင်း သိရှိလိုက်ရသည်။
အရိပ်နတ်ဆိုးကို စောမင်ကျန့်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က မောင်းထုတ်ခဲ့ကြသော်လည်း သူ၏ပုံရိပ်များ လွှမ်းမိုးမှုက အထက်ဘုံကမ္ဘာတွင် ဆိုးရွားစွာ ကျန်ရှိနေဆဲ ဖြစ်သည်။
အရိပ်နတ်ဆိုးဆိုသည်က ‘ကောင်းကင်နတ်ဘုရား’ အဆင့်နှင့် ညီမျှသော ထိပ်တန်းအဆင့် နတ်ဆိုးတစ်ပါးဖြစ်သည်။
အမှန်တော့ သူက ရှေ့အကျဆုံးနှင့် တန်ခိုးစွမ်းအားအမြင့်မားဆုံး မိစ္ဆာနတ်ဘုရား (၁၂)ပါးထဲမှ တစ်ပါးဖြစ်သည် မဟုတ်ပါလား။
အရိပ်နတ်ဆိုးက သူ၏ မိစ္ဆာချီစွမ်းအားကို ရည်ရွယ်ချက်ရှိရှိဖိနှိပ်ထားပြီး စွမ်းအားရောင်ဝါကို ထုတ်ဖော်ပြသမည်ဆိုပါက လူပေါင်းများစွာကို နတ်ဆိုးများဖြစ်လာစေရန် ဖြားယောင်းသွေးဆောင်နိုင်မည် ဖြစ်သည်။
ကံကောင်းသည်မှာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က အထက်ဘုံကမ္ဘာကို ကာကွယ်ပေးထားပြီး အရိပ်နတ်ဆိုး အခြားသူများကို ထိခိုက်အောင်မပြုလုပ်စေရန် တားဆီးပေးခဲ့သည်။
သို့သော် နဂိုမူလကပင် နတ်ဆိုးများ၏သက်ရောက်မှုဒဏ်ကို ခံစားနေရသူများမှာတော့ မလွှဲမရှောင်သာ အရိပ်နတ်ဆိုး၏ ရောင်ဝါလွှမ်းမိုးမှုကို ခံစားရမည် ဖြစ်သည်။
ထိုသို့ခံစားကြရသူများထဲတွင် နက္ခတ်ဧကရာဇ်သာမက ရှီကျွင်းတို့သားအမိလည်း ရှိနေပေးသေးသည်။
စောမင်ကျန့် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်တွင်ရှိနေစဉ်က အကာအကွယ်အင်းသင်္ကေ (၃)ခုရေးဆွဲပြီး ချန်ရွှမ်ကျုန်း ၊ ရှီကျွင်းနှင့် ယင်ယွီကျန်းတို့ကို တစ်ခုစီ ပေးအပ်ခဲ့ဖူးသည်။
ထိုအကာအကွယ်အင်းသင်္ကေတကြောင့် သူတို့ (၃)ယောက်အား သူတို့၏ကိုယ်တွင်းမှ နတ်ဆိုးက သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိပေ။
နက္ခတ်ဧကရာဇ်က ကျင့်ကြံခြင်းအဆင့်မြင့်မားသည်ဖြစ်ရာ သူ၏ကိုယ်တွင်းမှ နတ်ဆိုးကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားနိုင်ခဲ့သည်။ သို့သော် ရှီကျွင်းတို့သားအမိ၏အခြေအနေကတော့ တစ်နေ့တခြား ပိုမိုဆိုးရွားလာခဲ့သည်။
အရိပ်နတ်ဆိုးကဲ့သို့ တန်ခိုးစွမ်းအားကြီးမားသော နတ်ဆိုးတစ်ပါးက အထက်ဘုံကမ္ဘာသို့ မည်သို့သောနည်းလမ်းဖြင့် ရောက်ရှိလာကြောင်း ချန်ရွှမ်ကျုန်း မသိရှိခဲ့ပေ။ သို့သော် ထိုနတ်ဆိုး အထက်ဘုံကမ္ဘာသို့ရောက်ရှိနေကြောင်း သိရှိသွားသည်နှင့် သူက ဝါဒတောင်သို့ ချက်ချင်းပင် အပြေးအလွှားထွက်ခွာလာခဲ့သည်။
နက္ခတ်ဧကရာဇ်၏ ကူညီပေးမှုအောက်တွင် ရှီကျွင်းတို့သားအမိ၏အခြေအနေက များစွာတည်ငြိမ်သွားခဲ့သည်။
ဤကိစ္စကို အာရုံစိုက်နေရသည့်အတွက် နက္ခတ်ဧကရာဇ်မှာ အခြားသောကိစ္စရပ်များကို အာရုံလွှဲနိုင်ခြင်း မရှိခဲ့ပေ။
သူတို့ (၃)ယောက်လုံး ကြောက်စရာကောင်းသည့်အဖြစ်အပျက်များ ဖြစ်မလာကြောင်းသိရှိပြီးနောက် ရန်ကျောက်ကဲ သက်ပြင်းချလိုက်မိသည်။
မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်ရှိ ဝါဒတောင်သို့ လိုက်ပါလာခဲ့သည်။ သူက တောင်အနောက်ဘက်သို့ ထွက်ခွာသွားပြီး တောင်ထွတ်တစ်ခုထက်သို့ ဆင်းသက်လိုက်၏။
တစ်ချိန်တည်းမှာပင် အထက်ဘုံကမ္ဘာအပြင်ဘက် တာအိုစကြာဝဠာရှိ အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော ရန်ကျောက်ကဲက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားနှင့် ထပ်တူညီသော လက်ချောင်းသင်္ကေတတစ်ခုကို ပြုလုပ်လိုက်ပြီး တိုးလျသည့်အသံဖြင့် စကားဆိုလိုက်သည်။
“မြင့်တက်စမ်း...”
သူ၏စကားသံအဆုံးသတ်သွားသည်နှင့် အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာထဲတွင် များပြားလှစွာသော အင်းသင်္ကေတများထွက်ပေါ်လာသည်။ ထိုအင်းသေင်္ကတများက အမှောင်ထုဗလာနယ်ထဲတွင် တစ်ခုနှင့်တစ်ခု ဖြတ်သန်းသွားကြသည်။
တစ်ချိန်တည်းမှာပင် အထက်ဘုံကမ္ဘာတစ်ခွင်လုံးတွင်လည်း များပြားလှစွာသော အင်းသင်္ကေတများ မြင့်တက်လာခဲ့သည်။
ဝါဒတောင်၏ တောင်အနောက်ဘက်နှင့် ဝါဒတောင်၏ဗဟိုချက်နေရာများတွင် တောင်တစ်ခုလုံးအားလွှမ်းခြုံထားသော ကြီးမားသည့်အစီအရင်ကြီးတစ်ခု ချက်ချင်းဖြစ်တည်လာပြီး ထိုအစီအရင်က အပြင်ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်လာသည်။
ထို့နောက်မှာတော့...
အထက်ဘုံကမ္ဘာအတွင်းမှ တောင်တန်းများနှင့်မြစ်ချောင်းအင်းအိုင်များအားလုံး...
မိုင်ပေါင်းသန်းနှင့်ချီကာရှည်လျားကျယ်ပြန့်သည့် တောင်တန်းများနှင့် မြစ်ချောင်းအင်းအိုင်များအားလုံးမှ တောက်ပသည့်အလင်းရောင်များ ထွက်ပေါ်လာလေတော့သည်။