← Chapters

ငါမင်းကို စကားပြောခွင့်ပေးပြီမို့လား…?

Vol. 3 Ch. 32

ငါမင်းကို စကားပြောခွင့်ပေးပြီမို့လား…?

Vol. 3 Ch. 32

မကြာမီတွင် လူတစ်ယောက်၏ ကံတရားမှာ အမြဲတမ်းကောင်းမနေနိုင်ကြောင်း နားလည်သွားခဲ့သည်။

နာရီအနည်းငယ်ကြာသွားသည့်အချိန်တွင် ရွှမ်ယီတစ်ယောက် ဆေးပင်အနည်းငယ် ထပ်မံ၍တွေ့ခဲ့သော်လည်း အားလုံးမှာ အဆင့်(၂) အဆင့်(၃) ဆေးပင်များသာဖြစ်ပြီး အဆင့်(၄)ဆေးပင်မပါ၀င်ချေ။ ထိုဆေးပင်များမှာ သူ့တပည့်များအတွက်သာ အသုံး၀င်ပေလိမ့်မည်။

“ ဝှစ်..”

“ ဝှစ်..”

ရွှမ်ယီ တစ်ယောက် စိတ်ဓာတ်ကျနေစဉ် သူ့စိတ်စွမ်းအား စက်ကွင်းထဲသို့ လူအချို့၀င်ရောက်လာကြောင်း ခံစားမိလိုက်သည်။

စိတ်စွမ်းအား၏ စစ်ဆေးချက်အရ လူငါးယောက်ရှိကြောင်းသိလိုက်သည်။ ထိုငါးယောက်တွင် နှစ်ယောက် ထွက်ပြေးနေပြီး သုံးယောက်က လိုက်ဖမ်းနေဟန်ရသည်။

“ သူတို့ကိုသတ်…! “

အော်သံများလည်းထွက်ပေါ်လာနေသည်။

ဤနေရာတွင် နာရီအနည်းငယ်ကြာနေခဲ့ပြီးနောက် ထိုမြင်ကွင်းများနှင့် အသားကျနေခဲ့ချေပြီ။

လွန်ခဲ့သည့် နာရီများအတွင်း ဤကဲ့သို့အခြေအနေအား များစွာကြုံခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ဂရုစိုက်မနေတော့ဘဲ ထိုနေရာမှ ရှောင်ထွက်သွားရန်ပြင်လိုက်သည်။

“ အမ်..? “

ရွှမ်ယီထွက်သွားနီး ရုတ်တရက်ရပ်တန့်သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထွက်ပြေးနေသည့် လူနှစ်ယောက် သူ့မျက်လုံးရှေ့ ပေါ်လာပြီဖြစ်သောကြောင့်ဖြစ်သည်။

ထိုအချက်က အဓိကမဟုတ်ချေ။ အဓိကကျသည်မှာ ထိုနှစ်ယောက်က နက်နဲဓားဂိုဏ်း၀တ်စုံများ ၀တ်ဆင်ထား၍ဖြစ်၏။

ရွှမ်ယီက ထိုကောင်လေးနှင့် ကောင်မလေးအားမသိချေ။ ၎င်းတို့၏ ဂိုဏ်းတွင် လူပေါင်းများစွာရှိနေရာ တစ်‌ယောက်ချင်းအား သိနေရန်မှာမဖြစ်နိုင်ချေ။

ထို‌နှစ်ယောက်မှာ နက်နဲဓားဂိုဏ်းမှဖြစ်နေ၍ ရွှမ်ယီ ထွက်သွားရန်မဖြစ်နိုင်တော့ချေ။ ဂိုဏ်းပြင်ပတွင် ဂိုဏ်းမှဂိုဏ်းသားများအား ကာကွယ်ပေးရန် အကြီးအကဲတစ်ယောက်အနေနှင့် တာ၀န်ရှိသည်။

ရုတ်တရက် လှုပ်ရှားလိုက်ပြီး ထိုတပည့်နှစ်ယောက် ရှေ့သို့ရောက်သွားခဲ့သည်။

ထွက်ပြေးနေသူ နှစ်ယောက်က ရုတ်တရက် သူတို့ရှေ့တွင် လူတစ်ယောက်ပေါ်လာသောကြောင့် ထိတ်လန့်သွားခဲ့သည်။ သို့သော် သေချာကြည့်လိုက်ပြီးနောက် ၀မ်းသာလုံးဆို့သွားခဲ့ရ၏။

“ အကြီးအကဲရွှမ်…”

“ မင်းတို့ ဘာဖြစ်လာကြတာလဲ.. သူတို့ကရော ဘယ်သူတွေလဲ.. ဘာလို့မင်းတို့ကို လိုက်သတ်နေတာလဲ…? “

ရွှမ်ယီက နောက်မှကပ်ပါလာသည့် လူသုံးယောက်အား မော့ကြည့်လိုက်သည်။

ထိုသုံးယောက်မှာ ဆင်တူ၀တ်စုံများနှင့်ဖြစ်ပြီး အင်အားစုတစ်ခုတည်းမှဖြစ်ဟန်ရသည်။

“ အိုး.. မင်းက သူတို့ကို ကယ်မလို့လား…? “

ထိုသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်ရသည့်လူက ရွှမ်ယီအား ခြေအစခေါင်းအဆုံးကြည့်လိုက်ပြီး လှောင်ပြုံးလိုက်သည်။

“ ရွှပ်..! “

လက်ညှိုးထိပ်မှ ဓားအလင်းတန်းတစ်ခု ထွက်သွားပြီး ထိုစကားပြောလိုက်သည့်လူအား ပိုင်းဖြတ်သွားခဲ့သည်။

ရွှမ်ယီက အေးစက်စွာစကားဆိုလိုက်၏။

“ ငါမင်းကို စကားပြောခွင့်ပေးလိုက်ပြီမို့လား…”

“ အကြီးအကဲရွှမ်.. သူတို့အားလုံးကို သတ်လိုက်ပါ.. အဲ့လူတွေက စီနီယာ အစ်ကို လုအိုနဲ့ ဂျူနီယာမောင်လေး မိုတို့ကို သတ်ခဲ့တဲ့လူတွေပဲ…”

နက်နဲဓားဂိုဏ်းမှ တပည့်နှစ်ယောက်၏ မျက်လုံးများမှာ နီရဲလျက်ရှိပြီး စကားသံ‌တွင်လည်း မုန်းတီးမှုများ အပြည့်နှင့်ဖြစ်သည်။

“ ဘန်း…! “

ထိုစကားများအားကြားလျှင် ကျန်ရှိနေသည့် လူများအား တစ်ချက်တည်း ရိုက်သတ်ပစ်လိုက်သည်။

ထိုအချင်းအရာအားမြင်လျှင် တပည့်ကောင်လေး၏ တင်းကျပ်စွာဆုပ်ထားသည့် လက်သီးများ ပြေလျော့သွားလေသည်။

“ ဂျူနီယာညီလေး မို..! စီနီယာအစ်ကို လုအို..! မင်းတို့ ကောင်းကင်က ကြည့်နေကြရဲ့လား..? အကြီးအကဲရွှမ် မင်းတို့အတွက် လက်စားချေပေးလိုက်ပြီကွ….”

“ ငါ့ကိုရှင်းပြဦး.. ဘာတွေဖြစ်ခဲ့တာလဲ..? “

“ အကြီးအကဲရွှမ်.. ဒီကိစ္စက ဒီလိုပါ………..”

မိန်းကလေးတပည့်ဖြစ်သူက ရှင်းပြလိုက်သည်။

သူမ၏ ရှင်းပြချက်မှ တဆင့် ရွှမ်ယီ အားလုံးနားလည်သွားခဲ့သည်။

သူတို့၏ အမည်များကိုလည်း သိလိုက်ရသည်။

ကောင်လေး၏ အမည်မှာ ၀မ်တောင်ဖြစ်ပြီး ၊ မိန်းကလေးမှာ လုရင်ဖြစ်သည်။

နှစ်ယောက်လုံး နက်နဲဓားဂိုဏ်းမှ အတွင်းစည်းတပည့်များဖြစ်ကြပြီး ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၁) နှင့် အဆင့်(၂)တွင်ရှိနေပေသည်။

သူတို့၏ ကံတရားမှာ ကောင်းကင်ကိုပင်အံ့တုနေပေသည်။ လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ပြီး သိပ်မကြာမီမှာပင် နက်နဲဓားဂိုဏ်းမှ လူများ အချင်းချင်းဆုံတွေခဲ့ကြသည်။ ဆုံတွေ့ရာ၌ တစ်ယောက်တည်းပင်မဟုတ်ချေ။

ရွှမ်ယီမှာမူ လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုနှစ်ယောက်မတိုင်မိ သိသောလူ တစ်ယောက်နှင့်မျှဆုံတွေ့ခြင်းမရှိသေးပေ။

ကောင်းကင်အားအံတုနေသည်ဟု ဆိုရခြင်းမှာ ဤတစ်ချက်တည်းကြောင့်မဟုတ်ပေ။ အဓိကအချက်မှာ သူတို့လေးယောက်ဆုံပြီး မကြာခင်မှာပင် အလွန်ကြီးမားသည့် အခွင့်အလမ်းကြီးတစ်ခုနှင့် တွေ့ခဲ့ရသည်။

ငွေလ သစ်ပင် တစ်ပင်ဖြစ်၏။

မှန်ပါတယ်.. ငွေလ သစ်သီးမဟုတ်ပေ။ ငွေလသစ်ပင်တစ်ခုလုံးဖြစ်သည်။

ငွေလ သစ်သီးမှာ အဆင့်(၄) စိတ်ဝိညာဉ်ဆေးပင်များထဲတွင် တိမ်မြူမြက်ကဲ့သို့ ရှားပါးသည့် ရတနာတစ်ခုဖြစ်၏။ ၎င်းတို့၏ အသုံး၀င်ပုံခြင်းမှာ မတူညီသော်လည်း ငွေလသစ်သီးက တိမ်မြူမြက်ထက် တန်ဖိုးမလျော့ချေ ၊ မြင့်ပင်မြင့်နေနိုင်သည်။

ငွေလ သစ်သီးက ကျင့်ကြံဆင့်တိုက်ရိုက်မြင့်တက်စေသည့် အာနိသင်မျိုးမရှိချေ။ ၎င်းအားအသုံးပြုလျှင် စိတ်ဝိညာဉ် ငွေ့ရည်ဖွဲ့ခြင်းအဆင့်မှ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်နိုင်ချေ (၃၀)ရာခိုင်နှုန်းတိုးလာပေလိမ့်မည်။

။

ယင်းမှာ လူတစ်ယောက်၏ ခွန်းအားကို တိုက်ရိုက်တိုးတက်မလာစေသော်လည်း တိမ်မြူမြက်ထက်ပင် တန်ဖိုးမြင့်မားပေသည်။ အထူးသဖြင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများအတွက်ဖြစ်၏။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌ သောင်တင်နေကြပြီး အခြေတည်ဝိညာဉ်အဆင့်မရောက်နိုင်သည့် လူများ မရေမတွက်နိုင်အောင်ရှိကြသည်။ ၎င်းတို့၏ အိမ်မက်မှာ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်လိုခြင်းဖြစ်ပြီး (၃၀)ရာခိုင်နှုန်းဆိုသည်မှာ အလွန်ကြီးမားသောဆွဲဆောင်မှုဖြစ်သည်။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် (၉)ယောက်ရှိလျှင် ထိုထဲမှ တစ်ယောက်လောက်သာ အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်ခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ထံ၌ ငွေလသစ်သီးသုံးလေးလုံးရှိနေခဲ့လျှင် ထို(၉)ယောက်ထဲမှ သုံးယောက်လောက် အခြေတည်ဝိညာဉ်အဆင့်သို့ရောက်နိုင်ပေသည်။

ငွေလ သစ်သီးတစ်လုံးတည်းရှိနေလျှင်ပင် အတော်များများကို ဆွဲဆောင်ရန်လုံလောက်သည်။

၀မ်တောင်နှင့် လုရင်တို့၏ ပြောစကားအရဆိုလျှင် သူတို့တွေ့ရှိခဲ့သည့် ငွေလသစ်သီးပင်တွင် ငွေလသစ်သီး (၁၀၀)ကျော်ရှိပေသည်။

ရွှမ်ယီ၏ ရင်ခုန်သံများ မြန်သွားခဲ့ရသည်။

ငွေလသစ်သီအလုံး(၁၀၀)ကျော်…!

ထိုအရာက ကောင်းကင်လေပြေနိုင်ငံရှိ အင်အားစုတိုင်းကို အရူးအမူးဖြစ်သွားစေရန်လုံလောက်သည်။

ကျန်သည့်ဂိုဏ်းများကိုထားပေဦးတော့ ကောင်းကင်လေနိုင်ငံ၏ ထိပ်တန်း(၁၀)ဂိုဏ်းမှ တစ်ဂိုဏ်းတွင် ငွေလသစ်သီးအလုံး(၁၀၀)ကျော်ရှိပါက ထိုဂိုဏ်း၏ အင်အားမှာ အတော်လေးတိုးသွားပေလိမ့်မည်။

သူတို့လေးယောက် ထိုအပင်အားမြင်လျှင် ၀မ်းသာအားရနှင့် ချက်ချင်းခူးဆွတ်ကြ၏။

သူတို့ထံတွင် သိုလှောင်လက်စွပ်မရှိသော်လည်း ငွေလသစ်သီးမှာ သိပ်မကြီးသောကြောင့် တစ်ယောက်ကို အလုံး(၂၀)လောက် ထည့်ယူရန် မခက်ခဲချေ။

သို့သော် သူတို့၏ ကောင်းကံများမှာ ကြာရှည်မခံခဲ့ချေ။

သူတို့ ငွေလသစ်သီးအပင်၏ သုံးပုံတစ်ပုံခန့် ခူးယူပြီးချိန်တွင် မထင်မှတ်ထားသည့်ကိစ္စတစ်ခု ဖြစ်လာခဲ့လေသည်။

သူတို့လေးယောက်ပြီးနောက် ဒုတိယမြောက်အဖွဲ့ ငွေလသစ်ပင်ရှိရာသို့ ရောက်လာကြသောကြောင့်ဖြစ်သည်။

ထို့ပြင်ရောက်လာကြသည့်အဖွဲ့၌ လူ(၆)ယောက်ရှိနေလေသည်။

ထို(၆)ယောက်တွင် အားအနည်းဆုံးလူမှာ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၂)ဖြစ်ပြီး အားအကောင်းဆုံးလူမှာ အဆင့်(၆)တွင်ရှိနေ၏။

ထိုလူက သူတို့လေးယောက်ထံမှ အသန်မာဆုံးဖြစ်သည့် စီနီယာအစ်ကို လုအိုထင်ပင် ပို၍ အားကောင်းနေသည်။

“ ဟေး.. မင်းတို့လက်ထဲမှာရှိတဲ့ ငွေလသစ်သီးတွေ ငါတို့ကိုပေးစမ်း.. အဲ့လိုဆိုရင် မင်းတို့ကို အသက်ချမ်းသာပေးမယ်…”

ထိုစကားများအား ကြားလျှင် စီနီယာအစ်ကို လုအိုက ၀မ်တောင် နှင့် ကျန်လူများကို တီးတိုးပြောလိုက်၏။

“ သူတို့ကို ငါတားထားမယ်.. မင်းတို့ပြေးကြတော့….”

စီနီယာအစ်ကို လုအို၏ မျက်၀န်းများထဲ၌ စိတ်ပိုင်းဖြတ်လိုက်ဟန်များ ဖြစ်ပေါ်လာသည်။

ထိုအဖွဲ့များ သူတို့ထက်များအစွမ်းထက်ပြီး တိုက်ခိုက်မည်ဆိုပါက သေလမ်းသာရှိ၏။

သို့သော် သူက တစ်ယောက်တည်း အသေခံတိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်။

သို့မှသာ သူ့ဂျူနီယာလေးများလွတ်မြောက်နိုင်မည်ဖြစ်၏။

ထိုလူပြောသည့် စကားအား လက်ခံရမည်လော..!

သူတို့ သုံးနှစ်သားလေးများ မဟုတ်ကြပေ..!

ငွေလသစ်သီးများ ပေးလိုက်လျှင် ထို(၆)ယောက်က သူတို့အား အမှန်တကယ် လွှတ်ပေးမည်လော…?

ဟာသပင်…!

သူတို့လေးယောက်အား လွှတ်ပေးမည်မဟုတ်ပေ။

ထိုသူများက သူတို့ထံမှ ငွေလသစ်သီးများအား အရင်တောင်းယူပြီးမှ သစ်ပင်မှ လက်ကျန်များအား ခူးဆွတ်ပေလိမ့်မည်။

သူတို့ထံမှ ငွေလသစ်သီးများထိုလူများထံရောက်သွားပြီးလျှင် အပင်မှ လက်ကျန်များအားခူးဆွတ်ရန်အတွက် ဤနေရာ၏ သတင်းမပေါက်ကြားစေရန် သူတို့အား သတ်ဖြတ်ပေလိမ့်မည်။

နောက်ဆုံးရလဒ်မှာ သေဆုံးခြင်းပင်ဖြစ်။

ထို့ကြောင့် တစ်ယောက် နှစ်ယောက်ခန့်လွတ်ရန် အစွမ်းကုန်ကြိုးစားရပေလိမ့်မည်။

All Chapters