← Chapters

ကလဲ့စားချေခြင်း

Vol. 3 Ch. 33

ကလဲ့စားချေခြင်း

Vol. 3 Ch. 33

“ စီနီယာ လုအို..!”

“ သွားးး…”

စီနီယာအစ်ကို လုအိုက အော်ဟစ်လိုက်သည်။ ကျန်သုံးယောက်လည်း မျက်နှာများဖြူဖျော့လျက် ထွက်ပြေးသွားကြ၏။

“ ထွက်ပြေးချင်တာလား..? မင်းတို့ လွတ်မယ်ထင်လို့လား….? “

ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၆) လူက လှောင်ပြုံးပြုံးလိုက်ပြီး နောက်မှ လူငါးယောက်အား

“ ဒီကောင်ကို ငါနဲ့ထားခဲ့.. ဟိုသုံးယောက်ကို မင်းတို့တာ၀န်ယူလိုက်….”

“ ဟုတ်ပြီ..! “

ထိုငါးယောက်က သဘောတူလိုက်ပြီး နောက်မှလိုက်ရန်ပြင်လိုက်ကြသည်။

သို့သော် စီနီယာအစ်ကိုလုအိုက သူတို့အား အလွတ်မပေးခဲ့ချေ။

သူက မီးကဲ့သို့နီရဲနေသည့် ဆေးလုံးတစ်လုံးအား ထုတ်သောက်လိုက်ပြီး သူ့ခန္ဓာကိုယ်၌ ကြောက်မယ်ဖွယ်အသွင်ပြောင်းမှုဖြစ်လာခဲ့သည်။

“ အိုး..? စိတ်ဝိညာဉ်ကိုလောင်ကျွမ်းစေတဲ့ဆေးပြားလား…”

ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၆) လူက မျက်မှောင်ကြုတ်လိုက်သည်။

“ သွားစမ်း…! “

စီနီယာအစ်ကိုလုအို၏ မျက်လုံးများက နီရဲနေပြီး ထိုသူများအား ဓားဖြင့်လှမ်းခုတ်လိုက်သည်။ ထိုဓားချက်က လွတ်သွားသည့် လူများနောက် လိုက်သွားရန်ပြင်နေသည့် လူငါးယောက်အား ရပ်တန့်သွားစေခဲ့သည်။

ထိုနေရာ၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။

စိတ်ဝိညာဉ်စွမ်းအားများကို လောင်ကျွမ်းထားသည့် စီနီယာအစ်ကိုလုအို၏ အစွမ်းက အခြေခံတည်ဆောက်ခြင်းအဆင့်(၆)နှင့်ညီမျှသည်။ အခြားသူများ ထွက်ပြေးဖို့အချိန်ရစေရန် အသည်းအသန်ကြိုးစား၍ တားဆီးတိုက်ခိုက်နေ၏။

ကံမကောင်းစွာနှင့်…

သူ့အစွမ်းများ မြင့်တက်သွားသည့်တိုင် ရန်သူဘက်က ခေါင်းဆောင်နှင့် အဆင့်အတူတူသာရှိသေး၏။ ထို့အပြင် ရန်သူဘက်မှ နောက်ထပ်ငါးယောက်ရှိနေသေးသည်။

ထိုငါးယောက်၏ခွန်အားမှာ သူတို့ခေါင်းဆောင်နှင့် မယှဉ်သာသော်လည်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၃) အဆင့်(၄) တို့၌ အသီးသီးရှိနေကြသည်။

ရန်သူ(၆)ယောက်၏ ၀န်းရံတိုက်ခိုက်မှုအောက်တွင် ဘယ်လောက်မှမကြာလိုက်ဘဲ သူ့ ရင်ဘတ်တွင် ဓားတစ်ချောင်းစိုက်၀င်သွားခဲ့လေသည်။

ပြီးလျှင် ဖြစ်လာသည့်အခြေအနေမှာ ရွှမ်ယီနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်၏။

သူတို့(၃)ယောက်အား ရန်သူများက အသည်းအသန်လိုက်ဖမ်းခဲ့ကြသည်။

သို့သော် ဂျူနီယာညီလေး မိုကတော့ စွမ်းအင်အဆင့်နိမ့်ပါးမှုကြောင့် နောက်တွင် ကျန်ခဲ့ပြီး အသတ်ခံလိုက်ရသည်။

၎င်းတို့၏စွမ်းအားအဆင့်ကွာခြားမှုကြောင့် ကြားရှိ အကွာအဝေးမှာ ပို၍‌နီးကပ်လာခဲ့သည်။

အကယ်၍ ရွှမ်ယီနှင့်သာ မဆုံတွေ့ခဲ့ပါက သူတို့နှစ်‌ယောက်လည်း မကြာခင် သေသွားပေလိမ့်မည်။

“ ငွေလ သစ်ပင်ရဲ့ နေရာကို မင်းတို့မှတ်မိသေးလား…”

ရွှမ်ယီ၏ မျက်လုံးများက အေးစက်နေလေသည်။

“ ကျွန်မတို့မှတ်မိတယ်…!”

လုရင်က ခေါင်းညိတ်လိုက်၏။

“ ကောင်းပြီ.. လက်စားသွားချေကြစို့…”

…………………………

ငွေလသစ်ပင်၏ တည်နေရာမှာ လက်ရှိနေရာမှ သိပ်မဝေးပေ။

ရွှမ်ယီ၏ အလွန်လျင်မြန်သော အရှိန်ကြောင့် ထိုနေရာသို့ ဆယ်မိနစ်အတွင်းရောက်ရှိလာခဲ့သည်။

ရွှမ်ယီတို့ အဖွဲ့ရောက်လာချိန်၌ ငွေလသစ်ပင်အောက်၌ လူ(၁၁)ယောက် ရှိနေသည်ကိုတွေ့လိုက်ရသည်။

ထိုလူများထဲမှ အများစုမှာ လုရင်တို့နှင့် ဆုံတွေ့ခဲ့ကြသည့်လူများမဟုတ်ချေ။

လူသစ်များထပ်ရောက်ရှိနေ၏။

လုရင်တို့နှင့် ဆုံတွေ့ခဲ့စဉ်က ထိုအုပ်စုထဲတွင် အစွမ်းထက်ဆုံးမှာ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၆) ကျင့်ကြံသူဖြစ်သော်လည်း ယခုတွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရောက်ရှိနေခဲ့သည်။

ထိုကျင့်ကြံသူမှာ ဆံပင်အနက်ရောင်နှင့် အဘိုးကြီးတစ်ဦးဖြစ်၏။

“ အော်.. မင်းတို့က ဟိုနှစ်ယောက်ပဲ..! မင်းတို့ မသေကြသေးဘူးလား…? မင်းတို့ အသက်ရှင်နေသေးရင်တောင် ဘယ်ကရတဲ့ သတ္တိနဲ့ ဒီကိုပြန်လာရဲတာလဲ…? ငါရဲ့ ဂျူနီယာ ဟွမ်နဲ့ အခြားလူတွေကရော ဘယ်ရောက်သွားပြီလဲ…? “

ရွှမ်ယီတို့ ရောက်ရှိလာမှုက ငွေလသစ်ပင်မှ အသီးများ ခူးဆွတ်နေသူများအားလုံးကို ရပ်တန့်သွားစေခဲ့သည်။

“ သေပြီ…! “

ရွှမ်ယီက ခံစားချက်မရှိသော လေသံနှင့် ဖြေလိုက်သည်။

“ သူတို့ကို သတ်လိုက်တာ မင်လား…? “

ထိုမေးခွန်းအားမေးလိုက်သူမှာ အခြေတည်ဝိညာဉ်အဆင့် အဘိုးကြီးမဟုတ်ပေ။ ထိုအစား ရုပ်ဖြောင့်သည့် လူငယ်လေးတစ်‌‌ယောက်ဖြစ်၏။

သူ့အသံက စစ်မေးနေသကဲ့သို့ပင်။

ရွှမ်ယီက ထိုသူအား တစ်ချက်လှည့်ကြည့်လိုက်ပြီး ၎င်းထံသို့ လက်သီး တစ်ချက်ထိုးသွင်းလိုက်သည်။

“ ဘန်း…! “

ကြောက်မက်ဖွယ်စွမ်းအားတစ်ခု ထိုလူငယ်ထံသို့ ရောက်ရှိသွားခဲ့ပြီး သွေးမှုန်များအဖြစ် ပြောင်းလဲသွားစေခဲ့သည်။

ထိုနေရာတွင် အရိုးများပင် မကျန်ခဲ့ချေ။

“ စီနီယာ ပင်း…”

အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူအဘိုးကြီးမှ အပ ကျန်သူများအားလုံး ရွှမ်ယီအား ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

“ ရိုင်းလိုက်တာ…! “

သူ့လက်အောက်ငယ်သားကသူ့ မျက်စိရှေ့၌ပင် တဖက်လူ၏ သတ်ဖြတ်ကိုခြင်းခံလိုက်ရသည်။

ဆံပင်အနက်ရောင်နှင့် အဘိုးကြီးက အော်ဟစ်လိုက်ပြီး တိုက်ခိုက်ရန်ပြင်လိုက်သည်။

သို့သော် သူမတိုက်ခိုက်ရသေးမီ ရွှမ်ယီ၏ ဓားချက်က သူ့ထံသို့ ရောက်လာနေပြီဖြစ်၏။

ကြီးကျယ်ပြန့်သည့်ဓားအလင်းက ဓားရည်ရွယ်ချက်၏ စွမ်းအားကိုသယ်ဆောင်လျက် လာနေချေပြီ။

ထိုဓားအလင်း ဖြတ်သန်းလာရာလမ်းကြောင်းတစ်လျှောက်ရှိ လေဟာနယ်မှာ တွန့်လိမ်သွားခဲ့သည်။

“ ဒါ.. ဓားရည်ရွယ်ချက်…!”

ထိုအဘိုးကြီးက တိုက်ခိုက်ရန်ဟန်ပြင်နေရာမှ ပုံစံပြန်ပြောင်းလိုက်၏။

သူက ရွှမ်ယီ၏ ဓားချက်အား ပြန်လည်တိုက်ခိုက်ရန်ပင် မပြုလုပ်ခဲ့ချေ။

ထိုအစား နောက်ဆုတ်သွားခဲ့သည်။

ရွှမ်ယီ၏ ဓားချက်ထွက်ပေါ်လာသည်နှင့် အဘိုကြီးက ယင်းမှနေ၍ သေမင်းအငွေ့အသက်များကို ခံစားမိခဲ့သည်။

လေဟာနယ်အား တွန့်လိမ်သွားစေသည့် ဓားချက်အားကြည့်ကာ သူ့နှလုံးသားထဲတွင် အတွေးတစ်ခုသာရှိတော့၏။

ထွက်ပြေး..!

ဟုတ်တယ်.. ထွက်ပြေးရမယ်..!

ထိုတိုက်ခိုက်မှုအား သူခုခံနိုင်စွမ်းမရှိချေ။

လုံး၀အခွင့်အရေးမရှိခြင်းဖြစ်သည်။

ထိုလူငယ်က သူ့ထက် အနည်းငယ်သာသန်မာသည်မဟုတ်ပေ။ အဆင့်ကြီးတစ်ဆင့်ခွဲခန့် ပိုမြင့်နေရုံမကပဲ ထိုတိုက်ခိုက်မှုတွင် ဓားရည်ရွယ်ချက်လည်းပါ၀င်နေခဲ့သည်။

အဖြူရောင်ဆေးလုံးတစ်လုံးအား ထုတ်ပြီး ချက်ခြင်းမြိုချလိုက်၏။

ထို့နောက် အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံး အဖြူရောင် အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။

ထိုအခိုက်အတန့်တွင် ရွှမ်ယီ၏ ဓားချက်ကလည်း သူ့ရှေ့သို့ရောက်နေပြီဖြစ်သည်။

“ ရွှပ်..! “

ဖြစ်ပေါ်လာသည့် မြင်ကွင်းမှာ ရွှမ်ယီစိတ်ကူးထားသည့် အတိုင်းမဟုတ်ပေ။

ဓားအလင်းတန်းက အဘိုးကြီး၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားခဲ့သော်လည်း သွေးထွက်လာခြင်းမရှိချေ။

ထို့နောက် ဓားအလင်းတန်းနှင့် ထိသွားသည့် အဘိုးကြီး၏ ခန္ဓာကိုယ်မှာ ပြန့်ကျဲပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ ထိုအဘိုးကြီး၏ နောက်ချန်ပုံရိပ်ဖြစ်လေသည်။

“ ‌ထပ်ပြီးတော့လား…? “

ရွှမ်ယီ၏ အကြည့်များက မိုးကုတ်စက်ဝိုင်းအဆုံးဆီသို့ ရောက်သွားခဲ့သည်။ ထိုနေရာ၌ ဆံပင်အနက်ရောင်နှင့် အဘိုးကြီး၏ ပုံရိပ်ထွက်ပေါ်လာလေသည်။

“ ဒီ အဘိုးကြီးတွေက အဲ့လောက်လည်း အစွမ်းမထက်ပါဘူး.. ဒါပေမယ့် သူ‌တို့မှာ အသက်ကယ်ဝှက်ဖဲတွေအများကြီးပဲ…! “

ရွှမ်ယီ တစ်ခဏမျှ ဆွံ့အသွားခဲ့ရသည်။

“ ဒါပေမယ့် ခင်ဗျား လွတ်မယ်လို့ထင်နေတာလား…? “

ရွှမ်ယီက အလင်းတန်းတစ်ခု အသွင်ပြောင်းလျက် ထိုလူအိုကြီးနောက်သို့ ပြေးလိုက်သွားခဲ့သည်။

ယခင် တစ်ယောက်ကလည်း သူထံမှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။

ဤကဲ့သို့ ကိစ္စမျိုးက တစ်ကြိမ်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။

ယခင်က တစ်ယောက်က အမှန်တကယ် သူ့ထံမှ လွတ်မြောက်နိုင်စွမ်းရှိခဲ့သည်။ ရွှမ်ယီက လိုက်မမှီလောက်ဘူးထင်သည့် အတွက် ထိုဆံဖြူအဘိုးကြီးနောက်သို့ မလိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်ကခြားနားပေသည်။

ရွှမ်ယီက သူလိုက်မှီမည်ဟု ယုံကြည်ထားသည်။

ထို့အပြင် အဲ့အဖွဲ့က သူ့ဂိုဏ်းမှ တပည့်များကိုလည်း သတ်ခဲ့ကြသေးသည်။

ထို့ကြောင့် ရွှမ်ယီအနေဖြင့် ထိုလူများအား အသက်ရှင်လျက် လွှတ်ပေးရန်စိတ်ကူးမရှိချေ။

ရွှမ်ယီ၏ ပုံရိပ်ပျောက်ကွယ်မသွားသေးမီ ၀မ်တောင်နှင့် လုရင်တို့အားအမိန့်တစ်ခုပေးခဲ့သေးသည်။

“ သူတို့ ခန္ဓာကိုယ်ပေါ်က ငွေလသစ်သီးတွေကိုရှာပြီး သိမ်းထားလိုက်.. ပြီးရင် တစ်နေရာသွားပြီး ခနပုန်းနေ.. မကြာခင် ငါပြန်လာခဲ့မယ်…”

“ အကြီးအကဲရွှမ်…! “

“ သူတို့…..”

လုရင်က လှမ်းခေါ်လိုက်သည်။ သူမက ထိုလူများအား ရွှမ်ယီ မသတ်ခဲ့ရသေးကြောင်း သတိပေးချင်ခဲ့သည်။

သို့သော် သူမ ပြောတော့မည်အချိန်တွင် ၀မ်တောင်က တားလိုက်၏။

“ ပြောဖို့မလိုဘူး… သူတို့အားလုံးသေနေကြပြီ….”

လုရင်က ၀မ်တောင်၏ အကြည့်များအတိုင်းလိုက်ကြည့်လိုက်၏။

ငွေလသစ်ပင်အောက်တွင် လူ(၉)ယောက် မတ်တပ်ရပ်လျက်ရှိနေကြသေးသော်လည်း ၎င်းတို့ထံမှ အသက်ဓာတ်များ ထုတ်လွှတ်နေခြင်းမရှိတော့ချေ။

အနီးသို့ သွားရောက် စစ်ဆေးကြည့်လိုက်သည့် အချိန်မှ သူတို့အားလုံး၏ လည်ပင်း၌ သွေးများထွက်နေသည်ကို တွေ့ရှိလိုက်ရသည်။

All Chapters