စိတ်မကောင်းစရာက... ငါဘယ်သူလဲဆိုတာ မင်းမသိတာပဲ
Vol. 93 Ch. 1302
အခန်း (၁၃၀၂) စိတ်မကောင်းစရာက... ငါဘယ်သူလဲဆိုတာ မင်းမသိတာပဲ
အထက်ဘုံကမ္ဘာတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို တွေ့ကြုံပြီးနောက် မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ၏မျက်နှာက တည်ကြည်လေးနက်လာသည်။
အဘိုးအိုက သက်ပြင်းရှည်တစ်ချက်ချလိုက်ရင်း...
“နောက်ပိုင်းမျိုးဆက်လူငယ်တွေက ငါ့ကို အံ့အားသင့်စေတာပဲ...”
သူက ဆက်ပြောလိုက်သည်။
“အနည်းဆုံးတော့ ဒီကောင်လေးက ရူးနေတာမဟုတ်သေးဘူး ၊ အထက်ဘုံကမ္ဘာမှာနေထိုင်တဲ့ သက်ရှိလူသားတွေအတွက် စဉ်းစားပေးနေတုန်းပဲ”
“ရေခဲနဲ့မီးက အတူယှဉ်တွဲနေထိုင်လို့မရဘူးဆိုတာက ချို့ယွင်းချက်မရှိတဲ့ ယုတ္တိဗေဒအချက်တစ်ခုပါပဲ ၊ ဒါပေမဲ့ မင်းတို့တွေ အထက်ဘုံကမ္ဘာကို တစ်ဝက်ခွဲထုတ်နေတာကို ငါကတော့ ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူး”
ကျန်းရှန် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က ကြီးမားကျယ်ပြန့်လာသည်။
ထို့နောက် သူ၏လက်ထဲတွင် ကြီးမားသော တူကြီးတစ်လက် ပေါ်လာသည်။
မဟူရာရောင်နက်မှောင်နေသည့် အစွန်းရှစ်ဘက်ရှိသော ဧရာမတူကြီးမှ မြေဝါရောင်အလင်းတန်းများ တောက်ပနေပြီး အလွန်တရာလည်း လေးလံပုံရသည်။
ထိုဧရာမတူကြီးက ငြိမ်သက်ခြင်းအဆင့်ရှိအမတမှော်ဝင်လက်နက်တစ်ခုဖြစ်ပြီး အတိတ်တစ်ချိန်က မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ကို အထက်ဘုံကမ္ဘာတစ်လွှား နာမည်ကျော်ကြားစေခဲ့သော ရှေးဟောင်းပစ္စည်းတစ်ခုလည်း ဖြစ်သည်။
ထိုပစ္စည်း၏အမည်က “အစွန်းရှစ်ပါးမြေကမ္ဘာတူ” ဖြစ်ပြီး နက္ခတ်ဧကရာဇ်၏ “ရေခဲလှိုင်းဓားကျိုး” ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ “ကောင်းကင်လွှမ်းယပ်တောင်” တို့ကဲ့သို့ပင် ကျော်ကြားလေသည်။
ကျန်းရှန် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်ပြီးသည့်နောက် သူက ထိုလက်နက်ကို အသုံးပြုခြင်း မရှိတော့ပေ။ ယနေ့တော့ ပြန်လည်အသုံးပြုရပြီဖြစ်သည်။
ချီလင်ကမ်း၏သိုင်းပညာက ကျန်းရှန်ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သူ၏သိုင်းပညာပုံစံက တိုက်စစ်ထက် ခံစစ်ကို အသားပေးသည်။
ကျန်းရှန်ကိုယ်တိုင်လည်း ထိုအချက်ကို သတိထားမိသည်ပင်။
ထို့ကြောင့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့တက်ရောက်ပြီးသည့်နောက် သူက ‘ယင်ယန်တောင်နှင့်မြစ်ရေကားချပ်’ ကို ဆက်လက်အသုံးမပြုတော့ဘဲ စွန့်ပစ်ခဲ့ပြီး ငြိမ်သက်ခြင်းအဆင့်ရှိ အမတမျော်ဝင်လက်နက်တစ်ခုဖြစ်သော “အစွန်းရှစ်ပါးမြေကမ္ဘာတူ” ကို အသစ်တီထွင်ပြုလုပ်ခဲ့သည်။
ထိုလက်နက်က အလွန်အမင်း တိုက်စစ်စွမ်းရည်မြင့်မားသော လက်နက်တစ်ခု ဖြစ်၏။
အဖျက်စွမ်းအားများဖြင့် ပြည့်နက်နေသည့် စစ်လက်နက်တစ်ခု ဖြစ်၏။
ကျန်းရှန်၏လက်ထဲတွင် ဧရာမတူကြီးရှိနေပြီး သူက ထို “အစွန်းရှစ်ပါးမြေကမ္ဘာတူ” ကို ပင့်မြှောက်လိုက်သည့်အခါ သူ၏ အမတစွမ်းအားရောင်ဝါသည်ပင် ပြောင်းလဲသွားသည့်အလား ထင်မှတ်ရသည်။
အစောပိုင်းက ရိုးရှင်းသည့် စာပေသမားတစ်ယောက်ပုံစံရှိသော ‘ကျန်းရှန်’ သည် ယခုတော့ သံချပ်ကာဝတ်ဆင်ထားပြီး စစ်ပွဲတစ်ပွဲတွင် ထိုးဖောက်တိုက်ခိုက်နေသော စစ်သူကြီးတစ်ယောက်ပမာ ပြောင်းလဲသွားသည်။
ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ၏ မျက်နှာအမူအရာက ပို၍ပင် တည်ကြည်လေးနက်လာသည်။
သူ့တွင် ‘ငြိမ်သက်ခြင်းအဆင့် အမတမှော်ဝင်လက်နက်’ မရှိပေ။
ပြီးတော့ သူ့အရှေ့မှရန်သူက စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ကဲ့သို့ မဟုတ်ပေ။
ကျန်းပုရွှီးတွင်လည်း ‘ငြိမ်သက်ခြင်းအဆင့်ရှိ အမတမှော်ဝင်လက်နက်’ တစ်ခု ပိုင်ဆိုင်ထားသည်ပင်။ သို့သော် အကြောင်းတစ်ခုကြောင့် ထိုနက်နက်ပျက်ဆီးသွားခဲ့ပြီး ပြန်လည်ပြုပြင်ရန် လိုအပ်နေသည်။
ထို့ကြောင့် အဂ္ဂိရတ်ခန်းမသို့ ရောက်ရှိလာစဉ်က သူက ထိုလက်နက်ကို ယူဆောင်လာခဲ့ခြင်း မရှိပေ။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ က “အစွန်းရှစ်ပါးမြေကမ္ဘာတူ” ကို ကိုင်မြှောက်လိုက်ပြီး ယွဲ့ကျန့်ပေ၏ဦးခေါင်းထက်သို့ အရှိန်ပြင်းစွာ ထုရိုက်ချလိုက်သည်။
ရက်စက်ကြမ်းကြုတ်ပြီး စွမ်းအားမြင့်မားသော ‘အမတမှော်ဝင်လက်နက်’ က ကျန်းရှန်၏ ‘ယင်ယန်မိုးဖြိုတူသိုင်းပညာရပ်’ နှင့် အပြည့်အဝ ပေါင်းစပ်သွားသည်။
အချင်းချင်းအပြန်အလှန် ထောက်ပံ့ပေးခြင်းဖြင့် အကျိုးသက်ရောက်မှု ပိုမိုများပြားလာပြီး တိုက်စစ်စွမ်းအားက ပို၍ပင် ထိတ်လန့်စရာကောင်းကာ ရက်စက်ကြမ်းကြုတ်လာသည်။
တူဖြင့်ထိုးနှက်သည့် ထုနှက်ချက် ကျရောက်လာသည်နှင့် နက်ရှိုင်းနတ်ဘုရားအဆင့်သို့ ယာယီကျရောက်နေသည့်တိုင် ကျန်းရှန်၏တန်ခိုးစွမ်းအားက ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ပမာ ပြန်လည်မြင့်မားလာသည်။
ယွဲ့ကျန့်ပေ၏ ဓားအလင်းတန်းက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။
ပါးလွှာသည့် အလင်းရောင်ကြိုးမျှငယ်ပမာ ဓားအလင်းတန်းများက တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး တဖြည်းဖြည်းကျယ်ပြန့်လာကာ ကျန်းရှန်၏ ဧရာမတူကြီးအောက်တွင် တောက်ပနေသည်။
ရန်သူက တန်ခိုးစွမ်းအားမြင့်မားသည့်တိုင် ယွဲ့ကျန့်ပေ၏မျက်နှာက တည်ကြည်လေးနက်နေသည်မှလွဲပြီး ကြောက်ရွံ့ခြင်း တစ်စက်မှ မရှိခဲ့ပေ။
သူက ရန်သူထုတ်ဖော်လာသည့်တိုက်ကွက်ကို ဖြေရှင်းရန်အတွက် သူ၏ဓားသိုင်းကို အပြည့်အဝ အာရုံစိုက်ထားသည်။
ယွဲ့ကျန့်ပေက အဝေးမှထိန်းချုပ်တိုက်ခိုက်သည့်နည်းလမ်းကိုအသုံးပြုပြီး ကျန်းရန်၏ ရက်စက်ကြမ်းတမ်းသည့်ထိုးစစ်ဆင်မှုကို ကိုင်တွယ်နေခဲ့သည်။
သူတို့နှစ်ယောက်လုံး တိုက်စစ်ဆင်နေကြခြင်းဖြစ်သော်လည်း အသုံးပြုသည့်နည်းလမ်း မတူညီကြပေ။
ယွဲ့ကျန့်ပေက ကျန်းရှန်၏တိုက်ခိုက်မှုကိုရှောင်တိမ်းရင်း နေရာအနှံ့လှည့်ပတ်သွားနေကာ အခွင့်အရေးရသည်နှင့် ဓားဖြင့် ထိုးနှက်တိုက်ခိုက်သည်။
သူ၏တိုက်ခိုက်မှုက မုန်တိုင်းတစ်ခုပမာဖြစ်ပြီး ကျောက်တုံးကျောက်ဆောင်များကို နေ့နေ့ညည တိုက်စားသည့် ရာသီဥတုပမာ ဖြစ်သည်။ အဆုံးသတ်တွင် တိုက်စားမှုဒဏ်ကြောင့် ကျောက်ဆောင်များပင် အက်ကွဲကြေမွသွားရပေမည်။
တိုက်ပွဲတွင် ယွဲ့ကျန့်ပေဘက်မှ အသာစီးမရသော်လည်း သူက သတိအနေအထားဖြင့် အနေအထားတစ်ခုကို ထိန်းသိမ်းထားနိုင်ပြီး ရှုံးနိမ့်မည့်လက္ခဏာ မပြခဲ့ပေ။
ကျန်းရှန်က ယွဲ့ကျန့်ပေကို အလွန်တရာ နှမျောတသဟန်ဖြင့် စူးစိုက်ကြည့်နေသည်။
ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာတစ်ဝက်အား အဂ္ဂိရတ်ခန်းမနှင့် ပေါင်းစည်းမည်ကို တားဆီးရန်အတွက် ကျန်းရှန်က ရှိသမျှအားကုန်သုံးကာ တိုက်ခိုက်နေသည်။
သူက ယွဲ့ကျန့်ပေနောက်ဆုတ်သွားရန် ဆက်တိုက်ဆိုသလို ထိုးနှက်နေပြီး တန်ခိုးစွမ်းအားလှိုင်းလုံးများက အဆက်မပြတ် ထွက်ပေါ်လာသည်။
ကျန်းရှန်က ဤနေရာတွင် ယွဲ့ကျန့်ပေနှင့် အချိန်ဆွဲတိုက်ခိုက်ရန် ဆန္ဒမရှိပေ။ သူ့အတွက်အရေးကြီးဆုံးမှာ ရန်ကျောက်ကဲ၏လုပ်ရပ်ကို တားဆီးရန် ဖြစ်သည်။
သို့သော် ထိုခဏတွင် အဝေးတစ်နေရာတွင်ရှိနေသည့် ကျောက်စိမ်းဖြူရောင်ခန်းမကြီးမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ကျန်းရှန်ကို ရိုက်နှက်ချလိုက်သည်။
ကျန်းရှန်၏စိတ်ထဲ တင်းကျပ်စွာခံစားလိုက်ရပြီး...
“ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမက တကယ့်ကို ထူးခြားဆန်းကြယ်ပြီး အံ့သြစရာကောင်းတာပဲ ၊ အထက်ဘုံကမ္ဘာကို ခွဲထုတ်ဖို့ ထုံးတမ်းအစီအရင် လုပ်ဆောင်နေတဲ့အချိန်မှာတောင် သူက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် တန်ခိုးစွမ်းအားအစိတ်အပိုင်းကို အသုံးပြုနိုင်စွမ်း ရှိနေသေးတယ်”
ကျန်းရှန် ကူရာကယ်ရာမဲ့စွာ ခံစားလိုက်ရပြီး ဧရာမတူကြီးဖြင့် ရွှေရောင်အလင်းတန်းကိုပိတ်ဆို့လိုက်ရသည်။ ထို့ကြောင့် ကျန်းရှန်မှာ ယွဲ့ကျန့်ပေ တားဆီးထားခြင်းကို ဖြတ်ကျော်နိုင်ရန် ခက်ခဲသွားရသည်။
တိုက်ပွဲတွင် သူက အသာစီးရန်နေပြီး ၊ အသာစီးရရှိမှုကို အောင်ပွဲအဖြစ် ပြောင်းလဲခါနီးတွင် အဂ္ဂိရတ်ခန်းမအတွင်းမှ ရွှေရောင်အလင်းတန်းထွက်ပေါ်လာလေရာ သူ့အနေဖြင့် ယွဲ့ကျန့်ပေကို ဖြတ်ကျော်နိုင်ခြင်း မရှိတော့သောကြောင့် ကျန်းရှန် ဒေါသထွက်သွားရသည်။
အဂ္ဂိရတ်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟို ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ ထဲတွင် ရန်ကျောက်ကဲရှိနေပြီး သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေသည်။
သူက မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ကို ရင်ဆိုင်နေရသလို ထုံးတမ်းအစီအရင် ပြုလုပ်ခြင်းကိုလည်း သတိကြီးကြီးထားကာ ထိန်းချုပ်နေရသည်။
သူပြုလုပ်သည့်အစီအစဉ်က အလွန်ပင် ကြီးမားကျယ်ပြန့်လွန်းသည်။
အဂ္ဂိရတ်ခန်းမကို ရရှိခဲ့သည့်အတွက်သာ ဤမျှကြီးကျယ်သောအစီအစဉ်ကြီးကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်၏။
သို့တိုင် အောင်မြင်မှုရရှိရန် ယုံကြည်ချက် မရှိနိုင်သေးပေ။ သတိလက်လွတ် လှုပ်ရှားမှုတစ်ခုက သူ့ကို ကျရှုံးသွားစေနိုင်သည်။
ယခုတစ်ခေါက် မအောင်မြင်လျှင် နောက်တစ်ကြိမ် ထပ်မံလုပ်ဆောင်ရန် အခွင့်အရေး ရရှိနိုင်မည် မဟုတ်တော့ပေ။
မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ မှာ စောမင်ကျန့်လက်ချက်ကြောင့် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသွားသည့်အတွက်သာ ရန်ကျောက်ကဲအနေဖြင့် ယွဲ့ကျန့်ပေဘက်မှ ဝင်ရောက်ကူညီပေးနိုင်ခြင်း ဖြစ်သည်။
သို့ပေသိ ရန်ကျောက်ကဲအနေဖြင့် ကျန်းရှန်တစ်ယောက်တည်းအပေါ်တွင် အာရုံစိုက်၍မရနိုင်ပေ။
သူ၏အစီအစဉ် မအောင်မြင်ပါက အခြားသော အစီအစဉ်များလည်း ပျက်ဆီးသွားမည် ဖြစ်သည်။
“နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ....”
ရန်ကျောက်ကဲ၏မျက်ဝန်းများက အဂ္ဂိရတ်ခန်းမ၏အရံအတားများကိုဖြတ်ကျော်ကာ အဝေးသို့ရောက်ရှိသွားပြီး တာအိုစကြာဝဠာတစ်ခုလုံးသို့ ဖြန့်ကျက်သွားသည်။
“ခင်ဗျား အချိန်အကြာကြီး ကြံစည်နေခဲ့တာ... ဒီကိစ္စအတွက်လား...”
ရန်ကျောက်ကဲက စဉ်းစားလိုက်သည်။
“မီးလျှံထက်ယံအရှင်သခင် ဘယ်လောက်ဒေါသကြီးတယ်ဆိုတာ ခင်ဗျားလည်း သိပါတယ် ၊ ဒါတောင်မှ ခင်ဗျား ဘယ်ရောက်နေတယ်ဆိုတာတောင် မသိတဲ့သူတွေအပေါ်မှာ မျှော်လင့်ချက်ထားခဲ့တာလား ၊ ဒါဆို ခင်ဗျားရဲ့အစီအစဉ်က မတည်ငြိမ်တဲ့အစီအစဉ်တစ်ခုဆိုတာ သက်သေပြနေတာပဲ”
“ဒါပေမဲ့ ခင်ဗျားမှာ တခြားအစီအစဉ် ရှိသေးတယ်မဟုတ်လား ၊ အဲဒီအစီအစဉ် ဘာများလဲ”
ရန်ကျောက်ကဲအနေဖြင့် ငရဲကိုးထပ်က လှုပ်ရျားလာမည်ဟု ခန့်မှန်းထားသော်လည်း အရိပ်နတ်ဆိုးကဲ့သို့ ထိပ်တန်းအဆင့် နတ်ဆိုးတစ်ပါး အထက်ဘုံကမ္ဘာသို့ ဝင်ရောက်လာမည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။
ထိုအချက်ကို မည်သူမှလည်း နားမလည်ခဲ့ကြပေ။
ထို အရိပ်နတ်ဆိုး အထက်ဘုံကမ္ဘာသို့ မည်သို့ဝင်ရောက်လာကြောင်း ယခုချိန်ထိ ရန်ကျောက်ကဲ သိချင်နေသေးသည်။ ကံဆိုးသည်မှာ ယခုကဲ့သို့အခြေအနေမျိုးတွင် သူ့အနေဖြင့် အဖြေရှာရန် အချိန်မရှိခဲ့ပေ။
ထိုကိစ္စကို အဖြေရှာမည့်အစား အခြားသောပြဿနာများနှင့် ရင်ဆိုင်နေခဲ့ရသည်။
အရိပ်နတ်ဆိုး၏လွှမ်းမိုးမှုကြောင့် နက္ခတ်ဧကရာဇ်သည်ပင် ခဏမျှ ဘာမှမလုပ်နိုင် ဖြစ်သွားခဲ့ရသည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲဘက်မှ အင်အားအချို့ ဆုံးရှုံးခဲ့ရသည်။ မျှော်လင့်မထားသည့် အခြေအနေအောက်တွင် ခန့်မှန်းမရသောအရာများကို ကိုင်တွယ်ဖြေရှင်းရန် တစ်စုံတစ်ယောက် ဆုံးရှုံးသွားသည်ဟု ဆိုလိုသည်။
ယခု ရန်ကျောက်ကဲက သူ့အစီအစဉ် ဖြစ်မြောက်ရန် အသေအချာကြိုးစားနေပြီး မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ကတော့ သူ၏အစီအစဉ် ပျက်ပြားစေရန် နည်းလမ်းရှာဖွေနေသည်။
ကျန်းရှန်၏ ကောင်းဟန်အပေါ်နားလည်မှုက ရန်ကျောက်ကဲနှင့်နှိုင်းယှဉ်ပါက ပိုမိုနက်ရှိုင်းသည်။ ယခု ကျန်းရှန်သည်လည်း ကောင်းဟန်မည်သည့်နေရာသို့ရောက်သွားကြောင်း သိချင်နေမိသည်။
“သူ့ဦးခေါင်းထက်က အမတပန်းပွင့်သရဖူကို ထိန်းထားဖို့အတွက် သူက စောမင်ကျန့်ရဲ့တိုက်ခိုက်မှုကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့တယ် ၊ ဒါကြောင့် သူ ဒဏ်ရာအပြင်းအထန်ရသွားပြီဆိုတော့ နောက်တစ်ခါ တိုက်ခိုက်နိုင်မှာ မဟုတ်တော့ဘူး”
ထိုသို့တွေးနေသည့်တိုင် ကျန်းရှန် စိတ်အေးလက်အေး မနေနိုင်ခဲ့ပေ။
ရန်ကျောက်ကဲ၏အစီအစဉ်ကလည်း တဖြည်းဖြည်း လက်တွေ့အကောင်အထည်ပေါ်လာသည်ဖြစ်ရာ ကျန်းရှန် စိတ်ပူပန်လာမိသည်။
ရန်တိ ၊ နျဲ့ကျင်းရှန်နှင့် အခြားသော နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသူများကို မပြောနှင့် ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည်လည်း ထွက်ပေါ်လာခြင်း မရှိသေးပေ။
မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်က မည်သည့်နေရာသို့ ရောက်ရှိနေမှန်းမသိရပေ။ သို့သော် သူမကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ အမတချီစွမ်းအား(၄)ခု ပေါင်းစည်းထားသော အမတစွမ်းအားရောင်ဝါကို စောမင်ကျန့်က ဖျက်ဆီးပစ်ခဲ့သည်။
ထို့ကြောင့် ယန်ချဲ့က အစစ်အမှန်နတ်ဘုရားအဆင့်သို့ ကျဆင်းသွားခဲ့သည်။
ကောင်းဟန် ၊ ကျန်းရှန်တို့နှင့် နှိုင်းယှဉ်လျှင် သူက နဂိုမူလကျင့်ကြံခြင်း ပြန်လည်ရရှိရန် ပိုမိုလွယ်ကူသည်ဆိုသော်လည်း ဤသည်က တစ်ညအတွင်း ဖြစ်လာနိုင်သည့်ကိစ္စ မဟုတ်ပေ။
ကျန်းရှန်၏ အကြည့်က ဘေးဘက်သို့ ရွေ့လျားသွားသည်။
“ဒါပေမဲ့...”
ထိုနေရာတွင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ရှိနေပြီး သူက အဝေးတစ်နေရာရှိ အထက်ဘုံကမ္ဘာကို ငေးမောကြည့်ရှုနေသည်။
လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်သည် လုံးဝ တိုက်ခိုက်ရန် အစီအစဉ် မရှိပေ။
သူက အစစ်အမှန်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်ကျသွားသော်လည်း အခြားသော အစစ်အမှန်နတ်ဘုရားအဆင့် ကျင့်ကြံသူများထဲတွင် ထိပ်တန်းအဆင့် ရှိနေဆဲ ဖြစ်သည်။
လက်ရှိအခြေအနေက ယန်ချဲ့ ရင်ဆိုင်နိုင်လောက်သည့် အခြေအနေမဟုတ်သော်လည်း သူ၏ အရေးမစိုက်ဟန် အသွင်အပြင်က ကျန်းရှန်အား စိုးရိမ်ပူပန်သွားစေသည်။
ရန်ကျောက်ကဲသည်လည်း ထိုသို့ ပုံမှန်မဟုတ်သော မြင်ကွင်းတစ်ခုကို သတိထားလိုက်မိသည်။
ကျန်းရှန်၏အကြည့်ကို သတိထားမိသည်နှင့် ယန်ချဲ့က ခေါင်းလှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“အခြေအနေတွေက အရမ်းကို မတည်မငြိမ် ဖြစ်နေပြီ ၊ အချိန်မရွေး ပြိုကျပျက်ဆီးသွားနိုင်တယ် ၊ မင်းကို အခက်တွေ့အောင်လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်”
ကျန်းရှန်က ဖြည်းညင်းသည့်လေသံဖြင့်...
“မင်းမှာ ကိုယ်ပိုင်အကြံအစည်တစ်ခုရှိနေတယ်ဆိုတာ အစောကြီးကတည်းက ငါ ရိပ်မိထားပြီးသားပါ”
သူက ဆက်ပြောလိုက်သည်။
“မင်းက နှစ်ပေါင်းများစွာ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ အဆက်အသွယ်ရှိခဲ့တယ် ၊ သူ့ဆီက သတင်းအချက်အလက်တွေ လိုချင်လို့ဆိုပြီး မင်းက ဖြေရှင်းချက်ပေးတယ် ၊ ဟုတ်တယ်... မင်းက အရေးကြီးတဲ့ သတင်းအချက်အလက် အတော်များများကို မြောက်ပိုင်းကြယ်စင်ဧကရာဇ်ဆီ ပေးပို့နိုင်ခဲ့တယ် ၊ ဒါပေမဲ့ မင်းက သူတို့နှစ်ယောက်လုံး စိတ်ကျေနပ်အောင် အလုပ်လုပ်ပေးနေတဲ့လူစားမျိုးဆိုတာ ငါသိထားပြီးသားပါ”
“အရင်တုန်းက မင်း ဘာတွေပဲလုပ်ခဲ့ပါစေ ... အခုချိန်မှာတော့ မင်း မလှုပ်ရှားခင် နှစ်ခါပြန်စဉ်းစားဖို့ အကြံပေးချင်ပါတယ် တာအိုရောင်းရင်း’ယန်’”
ကျန်းရှန်၏စကားများကိုကြားတော့ ယန်ချဲ့က တစ်ချက်ပြုံးလိုက်သည်။
“အမှန်ပဲ ၊ မင်း ငါ့အကြောင်းတွေကို သိနေခဲ့တာပဲ... ၊ ဒါပေမဲ့ စိတ်မကောင်းစရာက...”
ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။
“ငါ ဘယ်သူလဲဆိုတာ မင်းမသိတာပဲ...”