← Chapters

ဓားရည်ရွယ်ချက်တောင်ထိပ်

Vol. 3 Ch. 36

ဓားရည်ရွယ်ချက်တောင်ထိပ်

Vol. 3 Ch. 36

ထိုအထဲတွင် အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်အဘိုးကြီးလည်းပါ၀င်၏။

ရွှမ်ယီ၏ တိုက်ခိုက်မှုအောက်တွင် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ(၁၅)ဦး သေဆုံးသွားခဲ့သည်။

“ ပြေး..! ပြေးကြ…! “

“ ငါမသေချင်သေးဘူး..! ငါ့ကိုမသတ်ပါနဲ့..! ငါတကယ်မသေချင်သေးဘူး….”

စစ်မြေပြင်ရှိ လက်ကျန်လူများအားလုံး ဝရုန်းသုံးပါးဖြစ်လျှက် ထွက်ပြေးသွားကြသည်။

“ အဲ့ဒီလူရဲ့ စွမ်းအားက အရမ်းကြောက်ဖို့ကောင်းတယ်…”

စစ်မြေပြင်၏ အပြင်ဘက်၌ ရပ်ကြည့်နေကြသူများလည်းရှိခဲ့သည်။ သူတို့အနေဖြင့် တိုက်ပွဲ၌ ၀င်ပါရန်သတ္တိမရှိသောကြောင့် အပြင်ဘက်မှ ပွဲကြည့်နေကြခြင်းဖြစ်၏။

သူတို့အားလုံး ရွှမ်ယီ၏ ဓားချက်ကြောင့် အလွန်ထိတ်လန့်သွားခဲ့ရသည်။

နောက်ကျမှ ရောက်ခဲ့ကြသည့်အပေါ် ကြိတ်၍ ကျေးဇူးတင်နေမိကြသည်။

အကြွင်းမဲ့ခွန်အား၏ ရှေ့တွက် အရာအားလုံးပျက်စီးရစမြဲပင်။

စစ်မြေပြင်ရှိ လက်ကျန်လူများ ထွက်ပြေးသွားကြသည့်အချိန်တွင် ၎င်းတို့ရရှိထားသည့် ငွေလသစ်သီးများအား ပြန်လည်၍ ပစ်ချခဲ့ကြသည်။

သို့သော် ရုန်းရင်းဆန်ခတ်ဖြစ်နေသည့် အခြေအနေအား အခွင့်ကောင်းယူလိုသူများလည်း ရှိနေ၏။

ငွေလသစ်သီးများအား ခိုးကြောင်းခိုးဝှက်ယူသွားရန်ကြိုးစားနေကြသည်။

သို့သော် ထိုလူများ အမှန်တကယ်လွတ်မြောက်နိုင်မည်လော…

ရွှမ်ယီ၏ နတ်အသိမှာ ပြင်ပကမ္ဘာနှင့် ယှဉ်လျှင် အလွန်ကျဉ်းမြောင်းသွားခဲ့သော်လည်း မီတာရာဂဏန်းခန့် လွှမ်းခြုံနိုင်ဆဲပင်။

၎င်းမှာ စစ်မြေပြင်တစ်ခုလုံး ဖုံးအုပ်နိုင်သည်အထိ လုံလောက်သည်။

ငွေလသစ်သီးအား ဝှက်ထားသူများကို ရွှမ်ယီ ရှာဖွေလိုက်၏။

အခွင့်ကောင်းယူရန် ကြိုးစားနေကြသူများ ဓားတစ်ချက်ဖြင့် ပျက်စီးသွားခဲ့ကြသည်။

“ မင်းတို့ ဘာစောင့်နေကြသေးတာလဲ.. အဲ့တာတွေ မြန်မြန်သွားသိမ်းလိုက်…”

ငွေလသစ်ပင်ကြီးအောက်မှ ရွှမ်ယီက ၀မ်တောင်နှင့် လုရင်တို့ ပုန်းအောင်ရာနေရာသို့ လှမ်းကြည့်လိုက်၏။

“ ဟုတ်ကဲ့.. ဟုတ်ကဲ့…”

၀မ်တောင်နှင့် လုရင်တို့နှစ်ယောက် လေအေးများရှုရှိုက်လိုက်ရင်း သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေသည့် ၀တ်စုံဖြူနှင့် လူငယ်အား ကြည့်လိုက်ကြသည်။

ပုံမှန်ဆိုလျှင် ဖော်ရွေသည့် အကြီးအကဲရွှမ်က တိုက်ပွဲတွင် ဤမျှရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

တစ်ချိန်တည်းတွင် သူတို့နှစ်ယောက်လုံး ဤကမ္ဘာကြီး၏ ရက်စက်မှုဘက်အခြမ်းကို နားလည်သွားခဲ့ကြသည်။

သေဆုံးသွားသည့် လူအားလုံးနီးပါး သူတို့နှစ်ယောက်ထက် သန်မာပေသည်။

သူတို့ မျက်လုံးထဲ၌ အထွတ်အထိပ်တည်ရှိမှုများဖြစ်သည့် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင် အကြီးအကဲရွှမ်ထံ၌ တစ်ချက်မျှပင်ခံနိုင်ခြင်းမရှိကြချေ။

ထို့နောက် ငွေလသစ်သီးများအား သွားရောက်သိမ်းဆည်းလိုက်ကြသည်။

နေရာအနှံ့မှ ဤနေရာသို့ ထပ်ရောက်လာနေသည့် လူများရှိနေကြသေးသော်လည်း မရေမတွက်နိုင်သည့် အလောင်းများနှင့် သွေးများအိုင်ထွန်းနေသည်အားမြင်လျှင် ချက်ချင်း အမြီးကုပ်ပြီးထွက်ပြေးသွားကြ၏။

နောက်ထပ်တစ်နာရီအကြာတွင် ရွှမ်ယီတို့သုံးယောက် ထိုနေရာမှထွက်ခွာလာခဲ့ကြသည်။

စစ်မြေပြင်အလယ်တွင် ငွေလသစ်ပင်ကြီးတစ်ပင်ထီးထီးကြီး ကျန်ရှိနေခဲ့သော်လည်း အသီးများကမူ မရှိတော့ပေ။

…………………

ဓားရည်ရွယ်ချက်တောင်

ထိုတောင်မှာ ခရမ်းလမင်းလျှို့ဝှက်နေမြေအတွင်းမှ နာမည်ကြီးနေရာတစ်ခုဖြစ်သည်။

ထိုတောင်မှာ ၎င်း၏နာမည်အတိုင်းပင်ဖြစ်၏။

ထိုတောင်ထိပ်၌ ဓားရည်ရွယ်ချက်အား နားလည်အောင်ဆင်ခြင်နိုင်ပေသည်။

ခရမ်းလမင်းနယ်မြေ စတင်ထွက်ပေါ်လာသည့် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကတည်းက ဤနေရာမှ ဓားရည်ရွယ်ချက်အား နားမလည်နိုင်သည့်တိုင် ကနဦးဓားရည်ရွယ်ချက်အား နားလည်သူများရှိခဲ့ကြသည်။

ဓားရည်ရွယ်ချက်တောင်မှာ မီတာ(၁၀၀၀)အောက်သာမြင့်၏။

ထိုတောင်၏ ပုံသဏ္ဌာန်မှာ အခြားတောင်များနှင့် သိပ်ပြီးကွာခြားချက်မရှိချေ။

သို့သော် ခြားနားချက်တစ်ခုရှိပေသည်။ ယင်းမှာ တောင်ထိပ်၌ရှိနေသော ဓားချက်အမှတ်အသားတစ်ခုဖြစ်၏။

ထိုဓားချက်အမှတ်အသားမှ မရေမတွက်နိုင်သည့် ဓားကျင့်ကြံသူများအား ရူးသွပ်သွားစေနိုင်သည့် ဓားရည်ရွယ်ချက်အား ထုတ်လွှတ်နေပသေည်။

ဓားရည်ရွယ်ချက်တောင်ထိပ်၌ နှစ်ထောင်ပေါင်းများစွာကြာအောင်တည်ရှိနေသည့် ဓားရည်ရွယ်ချက်ပါ၀င်သည့် ဓားချက်တစ်ချက်…!

ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူတစ်ဦးမှ ချန်ထားခဲ့သည့် အမှတ်အသားတစ်ခုဖြစ်ဟန်ရသည်။

ထို့ကြောင့် ထိုတောင်အား ဓားရည်ရွယ်ချက်တောင်ဟု လူအများက ခေါ်ဆိုကြခြင်းဖြစ်၏။

ထိုနေရာသို့သွားရောက်သူများအနေဖြင့် ထိုဓားချက်ကို မည်သူချန်ထားခဲ့သနည်းဟုသည့် မေးခွန်းကအရေးမကြီးချေ။

အရေးကြီးသည်မှာ သူတို့အနေဖြင့် ကနဦးဓားရည်ရွယ်ချက်အား နားလည်နိုင်မည်လော…?

သီအိုရီအရဆိုလျှင် ထိုနေရာမှာ ဓားရည်ရွယ်ချက်အား နားလည်နေချေရှိသည်။ သို့သော် အလွန်ခက်ခဲလွန်း၏။

ထိုနေရာသို့ သွားကြသူများအတွက် ကနဦးဓားရည်ရွယ်ချက်အားနားလည်လျှင်ပင် ၎င်းတို့ရည်မှန်းချက်ပြည့်၀နေပြီဖြစ်သည်။

ဤနှစ်ပေါင်း(၁၀၀၀)အတွင်း ထိုနေရာမှ ဓားရည်ရွယ်ချက်အား မည်သူမျှနားမလည်ခဲ့ကြချေ။

ဓားရည်ရွယ်ချက်တောင်ထိပ်တွင် လူပင်လယ်ကြီးတစ်ခုဖြစ်နေ၏။

ဓားကျင့်ကြံသူမဟုတ်သည့် လူများလည်းပါ၀င်နေကြသည်။

အကယ်၍ သူတို့သာ ဓားတာအို၌ ပါရမီပါပြီး ဤနေရာမှ ကနဦးဓားရည်ရွယ်ချက်အား နားလည်နိုင်လျှင် ၎င်းတို့၏ ကျင့်ကြံမှုကို ဓားတာအိုသို့ ပြောင်းလဲကျင့်ကြံကြပေလိမ့်မည်။

ရွှမ်ယီတို့ ငါးယောာက်ရောက်လာသည့်အချိန်တွင် ဓားရည်ရွယ်ချက်တောင်ထိပ်၌ လူပင်လယ်ကြီးဖြစ်လျက် လူများပြည့်ကျပ်နေသည်အား တွေ့လိုက်ရသည်။

မှန်ပေသည်။ ရွှမ်ယီတို့အဖွဲ့ ငါးယောက်ဖြစ်နေခြင်းမှာ ဤနေရာသို့ လာရာလမ်းတွင် နက်နဲဓားဂိုဏ်းမှ နှစ်ယောက်နှင့် ထပ်ပြီး ဆုံတွေ့ခဲ့ကြသောကြောင့်ဖြစ်သည်။

သူတို့ရောက်လာပြီးလျှင် လူအုပ်ကြီး၏ အလယ်ရှိ တောင်ထွတ်တစ်ခုပေါ်တွင် ဓားအမှတ်အသားအားတွေ့လိုက်ရသည်။

“ ဒါ.. ဓားရည်ရွယ်ချက်ရဲ့ ဒုတိယအဆင့်ပဲ…”

ရွှမ်ယီ၏ မျက်လုံးများကျဉ်းမြောင်းသွားခဲ့သည်။

ဤနေရာသို့ မလာခင်တွင် ဓားရည်ရွယ်ချက်တောင်တွင် ဓားရည်ရွယ်ချက်အား နားလည်စေနိုင်သည့် ဓားချက်အမှတ်အသားရှိကြောင်း ကြားသိခဲ့ရသည်။ သို့သော် သူလည်း ဓားရည်ရွယ်ချက်ပထမအဆင့်အား နားလည်ထားသည့်အတွက် ၎င်းနှင့်ပတ်သက်၍ သိပ်ပြီးစိတ်ထဲမထားခဲ့ချေ။

သို့သော် ဒုတိယအဆင့်ဓားရည်ရွယ်ချက်ဖြစ်လျှင်မူ ကွာခြားသွားချေပြီ။

ဒုတိယအဆင့်ဓားရည်ရွယ်ချက်…!

အကယ်၍ သူသာ၎င်းအား နားလည်အောင်ဆင်ခြင်နိုင်လျှင် သူ၏ ဓားရည်ရွယ်ချက်မှာ အဆင့်တက်သွားနိုင်သည်။

အဆင့်(၂)သို့ တိုက်ရိုက်ရောက်သွားမည်မဟုတ်သော်လည်း အဆင့်(၁)အထွတ်အထိပ်သို့မူ ရောက်သွားနိုင်သေး၏။

ဤခရီးစဉ်ကား အကျိုးမယုတ်တော့ချေ။

“ အမ်..? “

ရွှမ်ယီ၏ အာမေဋိတ်သံ ထွက်ပေါ်လာခဲ့သည်။

“ မင်းတို့ ‌ဒီမှာနေပြီး နားလည်အောင် ဆင်ခြင်ကျန်ခဲ့ကြ.. ငါတစ်နေရာသွားလိုက်ဦးမယ်…”

ပြောပြီးသည်နှင့် ချက်ချင်းထွက်လာခဲ့လိုက်သည်။

အစပိုင်းတွင် ရွှမ်ယီက လက်ရှိရောက်နေရာ၌ပင် ကျင့်ကြံရန်စိတ်ကူးထားခဲ့သော်လည်း သူ၏ နတ်အသိမှနေ၍ ရင်းနှီးသည့် အရောင်အဝါတစ်ခုကို အာရုံမိသွားခဲ့သည်။

လင်းဇီရင်…!

သူမနှင့် ပတ်သက်ပြီးပြောရလျှင်မူ သူမအား ရွှမ်ယီ မတွေ့ရသည်မှာကြာပြီဖြစ်၏။

ရွှမ်ယီတွင် ၀မ်ဟူ ၊ လင်းဇီရင် နှင့် ကုယီယီ တို့တပည့်သုံးဦးရှိပေသည်။

လင်းဇီရင်က အပြင်တွင်သွားရောက်လေ့ကျင့်နေခဲ့ပြီး သူဂိုဏ်းမှ ထွက်မလာသေးမီအချိန်ထိ ပြန်ရောက်မလာခဲ့သေးပေ။ လင်းဇီရင် ပြန်ရောက်လျှင်မူ သူမရှိတော့ချေ။

ပြောရမည်ဆိုလျှင် သူ့၏ တပည့်အား အနည်းငယ်သတိရနေခဲ့သည်။

ရွှမ်ယီ လင်းဇီရင်အား မြင်လိုက်လျှင် သူမတစ်ယောက်တည်းမဟုတ်သည်ကိုတွေ့လိုက်ရသည်။ သူမ၏ နံဘေးတွင် မိန်းကလေးတစ်ယောက်ရှိနေပြီး သူမ ရုပ်သွင်မှာ လင်းဇီရင်အားမမှီသည့်တိုင် အလွန်လှပသူလေးဖြစ်၏။ ထို့ပြင် သူမက နက်နဲဓားဂိုဏ်း၏ ၀တ်စုံအား၀တ်ဆင်ထားခြင်းမရှိသောကြောင့် နက်နဲဓားဂိုဏ်းမှ ဟုတ်ပုံမရချေ။

ထိုအခိုက်အတန့်တွင် သူတို့ပြသနာအနည်းငယ်တက်နေပုံရလေသည်။

All Chapters