← Chapters

ရှုံးနိမ့်ခြင်း

Vol. 3 Ch. 40

ရှုံးနိမ့်ခြင်း

Vol. 3 Ch. 40

“ ဒါက ခံစားမှုသက်သက်မဟုတ်ဘူးပဲ…”

ဖန်တိုင်ရှန်း မူလက သူရပ်နေခဲ့သည့် နေရာအား ကြည့်ကာ ထိတ်လန့်သွားခဲ့၏။ သူ့ နှလုံးသားတစ်ခုလုံး ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားခဲ့လေသည်။

လေဟာနယ်အား ပိုင်းဖြုတ်လုနီးပါးဖြစ်သွားခဲ့သည့် ဓားချက်မှာ အလွန်ကြောက်စရာကောင်းလှသည်။ သူသာ ထိုဓားချက် ထိမှန်ခဲ့ပါက သေလျှင်သေ မသေလျှင် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။

‌ကံကောင်းလွန်းသွားခဲ့၏။

ကံကောင်းထောက်မစွာနှင့် လက်ဝါးချက်အား ရုတ်သိမ်းရန် ဆုံးဖြတ်ချက်ချခဲ့မိသည်။

ထိုသို့မဟုတ်လျှင်…

ဖြစ်လာမည့် အကျိုးဆက်များက ကြောက်စရာကောင်းသွားပေလိမ့်မည်။

“ ဘာဖြစ်သွားတာလဲ..”

“ ဘာဖြစ်လို့ အကြီးအကဲဖန်က နောက်ပြန်ဆုတ်သွားခဲ့တာလဲ…”

“ အဲ့လက်ဝါးချက်ထိသွားရင် အဖြူ၀တ်ဓားသမား တစ်ခါတည်းသေသွားနိုင်တယ်.. သူက ဘာလို့ မတိုက်ဘဲ ရုတ်တရက် နောက်ပြန်ဆုတ်သွားတာလဲ.. စိတ်‌ကူးပြောင်းသွားလို့များလား…”

ခင်ဗျားပဲ ပြောတော့ အကြီးအကဲရန်ကို ကာကွယ်မှာဆို…..

ရုတ်တရက်ဖြစ်ပျက်ခဲ့သည်များအား လူများ လိုက်မမှီနိုင်အောင်ဖြစ်သွားခဲ့ရသည်။

အကယ်၍ သူတို့သာ လုံလောက်အောင်အစွမ်းထက်ပြီး သေချာအာရုံစိုက်ပြီး ကြည့်မည်ဆိုလျှင် ရွှမ်ယီ၏ ဓားချက်အား မြင်တွေ့နိုင်ခဲ့မည်ဖြစ်သည်။

“ ဖန်တိုင်ရှန်း အရင်က ရှိနေခဲ့တဲ့နေရာကို ကြည့်လိုက်ကြ….”

အခြေတည်ဝိညာဉ်အဆင့်ကျွမ်းကျင်သူအချို့က သတိပေးလိုက်ကြသည်။

ထိုအချိန်တွင် လူတိုင်း ဖန်တိုင်ရှန်း ‌မူလကရှိခဲ့သည်နေရာမှ လေဟာနယ်မှာ အက်ကြောင်းများဖြင့် ပုံပျက်နေပြီး လျင်မြန်စွာပြန်လည်ကောင်းမွန်လာသည်ကိုတွေ့လိုက်ကြသည်။

“ ဝိုး…”

ယခုမှ ဖြစ်ပျက်ခဲ့သည်များအား နားလည်သွားကြသည်။

ဖန်တိုင်ရှန်း အဘယ်ကြောင့် ရုတ်တရက်နောက်ပြန်ဆုတ်သွားသည်ကို နားလည်သွားခဲ့ကြသည်။

လေဟာနယ်က အက်ကွဲသွားတာလား…

ထိုဓားချက်မှာ ဖန်တိုင်ရှန်း၏ လက်ဝါးချက်ထက် ပိုအားကောင်းကြောင်း သိသာနေသည်။

ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ….

အဖြူဝတ်ဓားသမားက သူ့အစွမ်းထက်ဆုံးသိုင်းကွက်ကို အသုံးပြုပြီးပြီမဟုတ်လား….

လေလျှပ်စီးဓားမှာ အဆင့်လွန်အဆင့်သို့ပင်ရောက်ရှိနေခဲ့ပြီး အစက ထိုသိုင်းကွက်မှာ ရွှမ်ယီ၏ အစွမ်းထက်ဆုံး သိုင်းကွက်ဟု လူအများက ထင်နေခဲ့ကြသည်။

သို့သော် လေလျှပ်စီးဓားထက် ပို၍ အားကောင်းသည့် တိုက်ခိုက်မှုတစ်ခုကို အဖြူ၀တ်ဓားသမား ထုတ်သုံးလာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြချေ။

ဖန်တိုင်ရှန်းက သူ့အား လျှော့တွက်မိစေရန် ရွှမ်ယီ အတမင်လုပ်ခဲ့လေသလော….

“ ခင်ဗျားရဲ့ တုံ့ပြန်မှုက မြန်သားပဲ…”

ရွှမ်ယီက သူ၏တိုက်ခိုက်မှု မအောင်မြင်သည့်အပေါ် အနည်းငယ်စိတ်ပျက်မိသွားသော် လည်း စိတ်ထဲ သိပ်ပြီးမထားခဲ့ချေ။

အတွေးတစ်ချက်ဖြင့် ကောင်းကင်ထက်၌ မရေမတွက်နိုင်သည့် စိတ်ဝိညာဉ်စွမ်းအင်ဓားများ ပေါ်ထွက်လာခဲ့ပြီး ထောင်နှင့်ချီသည့် ဓားများက ဖန်တိုင်ရှန်းအား ချိန်ရွယ်ထားလေသည်။

“ ဓားတစ်ထောင်…”

“ ဘုန်း….”

ထောင်ပေါင်းများစွာသော စိတ်ဝိညာဉ်ဓားများ ဖန်တိုင်ရှန်းရှိရာဆီသို့ ဦးတည်သွားခဲ့သည်။

သူ့ထံသို့လာနေသော သောင်းနှင့်ချီသည့် စိတ်ဝိညာဉ်ဓားများအား ကြည့်ကာ ဖန်တိုင်ရှန်းတစ်ယောက် ဦးရေပြားများပင် ထုံကျဉ်သွားသကဲ့သို့ ခံစားနေရသည်။

“ ဒါဘယ်လို သိုင်းပညာမျိုးလဲ…”

“ တစ်ခါမှ မမြင်ဖူးဘူး…”

ထိုသောင်းနှင့်ချီသည့် ဓားများမှာ သာမန်စိတ်ဝိညာဉ်စွမ်းအင်ဓားများမဟုတ်ပေ။ တစ်ချောင်းချင်းစီ၌ ဓားရည်ရွယ်ချက် ပေါင်းစပ်ပါ၀င်နေသည်။

တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းပါ၀င်နေသည်။

“ မီးမိစ္ဆာလက်ဝါး…”

ထိုအချိန်တွင် ဖန်တိုင်ရှန်း၏ ရွှမ်ယီအပေါ် အထင်သေးမှုများ အားလုံး ပျောက်ကွယ်သွားချေပြီ။

ရွှမ်ယီအား အဆင့်တူ ပြိုင်ဘက်တစ်ဦးကဲ့သို့ သဘောထားနေပြီဖြစ်၏။

လုံး၀လျှော့တွက်၍ မရချေ။

ရွှမ်ယီ၏ ကျင့်ကြံခြင်းအဆင့်မှာ အခြေတည်ဝိညာဉ်အဆင့်(၃)ဖြစ်၏။

အခြေတည်ဝိညာဉ်အဆင့်(၃)တဲ့လား….

ဟာသာပဲ.. လေဟာနယ်ကို အက်ကွဲရာထင်အောင် ဓားနဲ့ခုတ်နိုင်တဲ့ အခြေတည်ဝိညာဉ်အဆင့်(၃) ကျင့်ကြံသူကို မြင်ဖူးလို့လား….

ထို လက်ဝါးချက်ကြောင့် ရှေ့ဆုံးမှ ရောက်လာသည့် စိတ်ဝိညာဉ်စွမ်းအင်ဓားများ ပျက်စီးသွားခဲ့လေသည်။

သို့သော် ဤမျှနှင့် မလုံလောက်သေးချေ။

ရာဂဏန်းရှိသော ဓားများပျက်စီးသွားခဲ့သော်လည်း ၎င်း၏နောက်တွင် ကပ်ပါလာသည့် သောင်းနှင့်ချီသော ဓားများကျန်နေသေးသည်။

“ ဒါက…”

ဖန်တိုင်ရှန်း မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ တိုက်ခိုက်မှုက ရာဂဏန်းမျှသာ ဖျက်ဆီးနိုင်လိမ့်မည်ဟု လုံး၀မမျှော်လင့်ထားခဲ့ချေ။

ထိုလက်ဝါးချက်က စိတ်ဝိညာဉ်စွမ်းအင်ဓား ထောင်ဂဏန်းခန့် ဖျက်ဆီးနိုင်လိမ့်မည်ဟု သူမျှော်လင့်ထားခဲ့သည်။

သို့သော် အမှန်တရားက ခါးသီးလွန်းလှ၏။ ဖန်တိုင်ရှန်း စိတ်ပျက်သွားခဲ့ရသည်။

သူ၏ မီးမိစ္ဆာလက်ဝါးက အားနည်းနေသည်လော….

မဟုတ်ချေ.. လုံး၀အားမနည်းပါ…

မီးမိစ္ဆာလက်ဝါးက ယုလောင်နန်းတော်၏ ထိပ်ဆုံး ပညာရပ်များထဲမှတစ်ခုဖြစ်ပြီး မြေကြီးအဆင့်အဆင့် သိုင်းပညာတစ်ခုလည်းဖြစ်ပေသည်။

ထို့ပြင် သူက ထိုသိုင်းပညာအား ပြည့်စုံခြင်းအဆင့်ထိ လေ့ကျင့်ထားခဲ့၏။

ထို့ကြောင့် မီးမိစ္ဆာလက်ဝါးက အားနည်းနေခြင်းမဟုတ်ဘဲ ထိုဓားများ၌ ပါ၀င်နေသည့် ဓားရည်ရွယ်ချက်က အစွမ်းထက်လွန်းနေခြင်းသာဖြစ်ရမည်။

“ ဂရား…”

ဖန်တိုင်ရှန်းက ပါးစပ်ဟကာ နဂါးဟိန်းသံကဲ့သို့ အသံတစ်ခုအား အော်ဟစ်လိုက်သည်။

“ ဦးတည်ချက်မဲ့ နဂါးဟိန်းသံ…..”

“ အဲ့တာ ယုလောင်နန်းတော်က သိုင်းပညာပဲ…”

ထိုအသံအား ကြားလိုက်ရသည်နှင့် လူပေါင်းများစွာ တုန်လှုပ်သွားခဲ့ကြသည်။

ယုလောင်နန်းတော်မှာ ကောင်းကင်လေနိုင်ငံ၏ ထိပ်တန်း(၁၀)ဂိုဏ်းထဲမှ ဖြစ်ကြောင်း လူတိုင်းအသိပင်။

ဦးတည်ချက်မဲ့ နဂါးဟိန်းဟံက မီးမိစ္ဆာလက်ဝါးကဲ့သို့ အဆင့်နိမ့်မြေကြီးသိုင်းပညာရပ်တစ်ခုဖြစ်ပြီး မီးမိစ္ဆာလက်ဝါးထက်ပင် ပို၍ အဆင့်မြင့်ပေသည်။

မီးမိစ္ဆာလက်ဝါးက မြေကြီးအဆင့်သို့ရောက်ရုံသာရောက်သာ သိုင်းပညာတစ်ခုဖြစ်ပြီး ဦးတည်ချက်မဲ့ နဂါးဟိန်းသံကမူ မြေကြီးအလယ်အလတ်အဆင့်သို့ ရောက်လုနီးပါး သိုင်းပညာတစ်ခုဖြစ်သည်။

“ ဘန်း….”

ဦးတည်ချက်မဲ့ နဂါဟိန်းသံ ပျံ့နှံ့သွားသည့် လမ်းတစ်လျှောက်ရှိ စိတ်ဝိညာဉ်စွမ်းအင်ဓားများ အကုန်ပျက်စီးသွားခဲ့သည်။

“ မဟာ အင်ပါယာဓား….”

ရွှမ်ယီ၏ တုံ့ပြန်မှုလည်း လျင်မြန်ပေသည်။

သူ၏ ခန္ဓာကိုယ် လှုပ်ရှားမသွားခဲ့သော်လည်း စိတ်ကမူ လှုပ်ရှားလိုက်ပြီးဖြစ်၏။

ဖန်တိုင်ရှန်းဆီသို့ ပျံသန်းသွားနေသည့် လက်ကျန် စိတ်ဝိညာဉ်ဓားများအားလုံး ပေါင်းစည်းသွားပြီး ဧရာမဓားကြီးတစ်ချောင်းအသွင်ပြောင်းလျက် ဖန်တိုင်ရှန်းအား ခုတ်ချလိုက်သည်။

နဂါးဟိန်းသံ နှင့် ဧရာမဓားကြီးတို့ ရင်ဆိုင်တွေ့ဆုံသွားခဲ့ပြီး ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။

“ ဘုန်းးး “

မရေမတွက်နိုင်သည့် အကြည့်များအောက်တွင် ဧရာမဓားကြီးက အလွန်စွမ်းအားပြည့်၀ပြီး ကောင်းကင်နှင့် မြေပြင်အား ထိုးဖောက်နေသည့် ဓားကြီးတစ်ချောင်းအလားပင်။

“ မီမိစ္ဆာလက်ဝါး…”

“ ဦးတည်ချက်မဲ့ နဂါးဟိန်းသံ…”

တဖြည်းဖြည်းနှင့် နီးကပ်လာနေသည့် ဧရာမဓားကြီးအားကြည့်ကာ ဖန်တိုင်ရှန်းက မြေကြီးအဆင့် သိုင်းပညာနှစ်ခုလုံးကို ထုတ်သုံးလိုက်သည်။

“ ဝေါ့…”

အခြေတည်ဝိညာဉ်အဆင့်(၆) စွမ်းအားနှင့် မြေကြီးအဆင့်သိုင်းပညာနှစ်ခုအား အသုံးပြုထားသည့် ဖန်တိုင်ရှန်းပင် ဆက်လက်၍ တောင့်မခံနိုင်တော့ချေ။

ချောင်းတစ်ချက်ဆိုးလိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”

မည်သို့ဖြစ်စေကာမူ ဖန်တိုင်ရှန်းအား ‌နောက်တစ်ကြိမ်သွေးအန်ချင်သွားစေသည့် အရာတစ်ခုရှိနေသေးသည်။

မြေကြီးအဆင့် သိုင်းပညာနှစ်ခုအား အသုံးပြုကာတိုက်ခိုက်လိုက်သော်လည်း ဧရာမဓားကြီးက ပျက်စီးမသွားခဲ့ပဲ ယခင်အတိုင်းပင်ရှိနေ၏။

“ ဘယ်လိုတောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားချက်လဲ…”

ဖန်တိုင်ရှန်း အသုံးပြုခဲ့သည် သိုင်းပညာများ အား မနည်းကြောင်းကိုလူတိုင်းသိထားကြသည်။

အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူ အသုံးပြုလိုက်သည့် မြေကြီးအဆင့် သိုင်းပညာနှစ်ခုမှာ အမှန်တကယ် အားနည်းမည်လော….

ထိုသို့ဆိုလျှင် အမှန်တရားတစ်ခုသာရှိ၏။

ထို ဧရာမဓားကြီးမှာ အလွန်အစွမ်းထက်နေခြင်းသာ ဖြစ်ရပေမည်။

“ ရီရှန် အကာအကွယ်…”

ဖန်တိုင်ရှန်းက သူ့အနေဖြင့် ပြန်လည်မတိုက်ခိုက်နိုင်မှန်းသိသွားလျှင် ခံစစ်ဘက်သို့ ပြောင်းလဲလိုက်လေသည်။

အလွန်ကြီးမားသည့် တောင်ကြီးတစ်လုံး သူ့ရှေ့၌ ‌ပေါ်ထွက်လာခဲ့သည်။

“ ရီရှန်အကာကွယ်… မြေကြီးအဆင့်သိုင်းပညာ…”

“ ဂိုဏ်းကြီး(၁၀)ခုထဲက တစ်ခုက မျှော်လင့်ထားတဲ့အတိုင်းပဲ…”

“ မြေကြီးအဆင့် သိုင်းပညာ(၃)မျိုးတောင်…”

“ ဘုန်းးး…”

ဧရာမဓားကြီးနှင့် အကာအကွယ်တို့ ထိခိုက်မိရာမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်များက ကောင်းကင်နှင့် မြေပြင်အား တုန်လှုပ်သွားစေခဲ့သည်။

မြင်ကွင်းတစ်ခုခုလွဲချော်သွားမည်စိုးသဖြင့် လူတိုင်း မျက်တောင်ပင်မခတ်ရဲကြချေ။

“ ခလွပ်…”

ဧရာမ ဒိုင်းကာကြီးအက်ကွဲသွားသံက ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ်‌သွေးတစ်ပွက်အား ထပ်အန်ထုတ်လိုက်ရပြီး ဖန်တိုင်ရှန်း လွင့်ပျံထွက်သွားခဲ့လေသည်။

ဖန်တိုင်ရှန်း…

သူ ရှုံးသွားပြီ….

All Chapters