← Chapters

နတ်ဘုရားသန့်စင်ခြင်းစေတီ ၊ ကျောက်တုံးထက်မှ အဆင့်သတ်မှတ်ချက်

Vol. 3 Ch. 44

နတ်ဘုရားသန့်စင်ခြင်းစေတီ ၊ ကျောက်တုံးထက်မှ အဆင့်သတ်မှတ်ချက်

Vol. 3 Ch. 44

ထိုပုံရိပ်ထဲမှလူက အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားပြီး ကျောက်စိမ်းနှင့်တူသည့် ဓားတစ်ချောင်းအား လက်ထဲတွင်ကိုင်ထားခဲ့သည်။ ကြည့်ရသည်မှာ အင်မော်တယ် ဓားသမားတစ်ယောက်အလားပင်။

ထိုလူကား ရွှမ်ယီဖြစ်၏။

“ အကြီးအကဲရွှမ်…”

“ အဲ့တာ အကြီးအကဲရွှမ်ပဲ…”

“ ဆရာ…”

ထိုပုံရိပ်အား မြင်လိုက်သည်နှင့် လေး‌ယောက်လုံး အံ့ဩသွားခဲ့ကြသည်။

သူတို့အားလုံး ထိုပုံရိပ်နှင့်ရင်းနှီးပေသည်။

နက်နဲဓားဂိုဏ်းမှ အခြေတည်ဝိညာဉ်အဆင့် အကြီးအကဲတစ်ဖြစ်လဲ ကုယီယီဆရာ ရွှမ်ယီပင်ဖြစ်သည်။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ….

နက်နဲဓားဂိုဏ်းမှ တပည့်သုံးယောက်၏ မျက်နှာမှာ ထူးဆန်းသွားခဲ့သည်။

သူတို့အားလုံး အကြီးအကဲရွှမ်အား သိရှိသူများဖြစ်၏။

အကြီးအကဲရွှမ်က ဘယ်လိုဖြစ်ပြီး အဲ့လောက်အစွမ်းထက်နိုင်မှာလဲ….

ယုလောင်နန်းတော်က ဖန်တိုင်ရှန်းကို အနိုင်ယူတာလား…

အဆုံးမဲ့တံခါးဂိုဏ်းက အကြီးအကဲရန်ကို သတ်ပစ်တာလား….

သူတို့၏ ဂိုဏ်းချုပ်ပင် ထိုသို့ လုပ်နိုင်စွမ်းမရှိချေ။

အကြီးအကဲရွှမ်က…..

သူတို့ သုံးယောက်က ရွှမ်ယီအားမယုံကြည်လိုခြင်းမဟုတ်ချေ။ ဤကိစ္စမှာ လုံး၀မယုံကြည်နိုင်စရာကောင်းနေသောကြောင့်ဖြစ်၏။

ရှုံးနိမ့်ခဲ့သူများမှာ သာမန် အခြေတည်ဝိညာဉ်အဆင့်များဖြစ်လျှင် ဤမျှအံ့ဩနေမည်မဟုတ်ပေ။ သို့သော် ရှုံးနိမ့်သွားသူနှင့် အသတ်ခံလိုက်ရသူများမှာ ယုလောင်နန်းတော်မှ အခြေတည်ဝိညာဉ်အဆင့်(၆) ကျင့်ကြံသူနှင့် အဆုံးမဲ့တံခါးဂိုဏ်းမှ ‌အခြေတည်ဝိညာဉ်အဆင့်(၄) ကျင့်ကြံသူဖြစ်ပြီး ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံးမှ ကျင့်ကြံသူများဖြစ်နေပေသည်။

ကုယီယီက ဓားရည်ရွယ်ချက်တောင်ထိပ်တွင် ဆက်နေရန် အစီအစဉ်မရှိချေ။ သူမက ရွှမ်ယီ ဘယ်သွားသလဲမေးပြီး လိုက်သွားရန်ပြင်လိုက်၏။

ဓားရည်ရွယ်ချက်တောင်ထိပ်က ဓားသမားများအား အလွန်ဆွဲဆောင်မှုရှိသော်လည်း ကုယီယီက ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားပြီးဖြစ်ရာ ဤနေရာတွင် ဆက်နေရန် အစီအစဉ်မရှိတော့ချေ။ ဤနေရာထက် နတ်ဘုရားသန့်စင်စေတီအား သူမ ပို၍စိတ်၀င်စားနေခဲ့၏။ ထို့ပြင် သူမ အနေဖြင့် ရွှမ်ယီအားလည်းတွေ့လိုနေပြီဖြစ်သည်။

ကုယီယီက ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ဤကဲ့သို့နေရာများအား တခါမှလည်းလာဖူးသလို တစ်ယောက်တည်း လျှောက်သွားရဲခြင်းလည်းမရှိချေ။ လျှို့ဝှက်နေမြေထဲသို့ ရောက်ပြီးကတည်းက သူမ တစ်ချိန်လုံး စိုးရိမ်ပူပန်နေခဲ့မိသည်။ စီနီယာအစ်ကိုများ အနားတွင်ရှိနေသော်လည်း သူမအနေဖြင့် လုံခြုံသည်ဟုမခံစားရပေ။

သူမအား လုံခြုံသည်ဟု ခံစားရစေသူမှာ သူမ၏ ဆရာတစ်ယောက်တည်းသာရှိ၏။

“ ဂျူနီယာညီမလေး ယီယီ လျှို့ဝှက်နယ်မြေက အန္တရာယ်များလွန်းတယ်.. ဒီနေရာမှာ နှစ်ရက်လောက် လေ့ကျင့်ပြီးမှ အဲ့ဒီကိုသွားရင်ရော ဘယ်လိုလဲ….”

၎င်းတို့အထဲမှ အဆင့်အမြင့်ဆုံး စီနီယာအစ်ကိုက စိတ်ပူစွာပြောလိုက်၏။

“ မဟုတ်သေးဘူး စီနီယာအစ်ကိုတို့.. ညီမက ကနဦးဓားရည်ရွယ်ချက်ကို နားလည်ပြီးသွားပြီ.. ဒီမှာနေလို့ သိပ်မထူးခြားဘူး.. ပြီးရင် ဒီနယ်မြေမှာ အန္တရာယ်များလည်း ညီမ သတိထားနေသ၍ အဆင်ပြေမှာပါ…”

“ ဟုတ်ပါပြီ.. ဒါဆိုလည်း ညီမလေးယီယီ ဂရုစိုက်ပါ….”

ဤသို့နှင့် ကုယီယီတစ်ယောက်တည်း ရွှမ်ယီရှိရာဆီသို့ ခရီးဆက်ထွက်လာခဲ့လိုက်သည်။

…………

နတ်ဘုရားသန့်စင်စေတီ

ထို ကောင်းကင်သို့ပင်ထိုးဖောက်လုမတတ်ဖြစ်နေသည့် မျှော်စင်ကြီးအား လွန်ခဲ့သည့် နှစ်နှစ်ထောင်ကျော်က ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ခရမ်းလမင်းလျှို့ဝှက်နေမြေ ပွင့်လာသည့်အချိန်တိုင်း နတ်ဘုရားသန့်စင်စေတီက နေရာအတည်တကျမဟုတ်ဘဲ ကြုံရာနေရာများ၌ ပေါ်လာတတ်သည်။

နတ်ဘုရားသန့်စင်စေတီ…

၎င်းတွင် စုစုပေါင်း (၉၉)ဆင့်ရှိပေသည်။

အထဲသို့၀င်ကာ အထပ်များတစ်ထပ်ပြီးတစ်ထပ်တက်နိုင်သ၍ ထိုက်တန်သည့် ဆုလာဘ်များရရှိ‌နိုင်ပေသည်။ အဆင့်ပို၍ မြင့်လာလေ ရရှိသည့် ဆုလာဘ်များက တန်ဖိုးရှိလေဖြစ်၏။

ကောလဟာလများအရ ထိုစေတီ၏ ထိပ်ဆုံးသို့ရောက်လျှင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦး၏ အမွေအနှစ်များအား ရရှိမည်ဟုဆိုကြသည်။ သို့သော် မည်သူမျှ ထိပ်ဆုံးထိ မရောက်ဖူးသေးသည်ဖြစ်ရာ ဘယ်သူမှ အတိအကျမသိကြပေ။

လက်ရှိတွင် အမြင့်ဆုံးသို့ရောက်ရှိခဲ့သူ၏ မှတ်တမ်းမှာ (၇၃)ထပ်‌ဖြစ်သည်။

နတ်ဘုရားသန့်စင်ခြင်းစေတီက လူတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းကိုသာ စမ်းသပ်သည်ဖြစ်ပြီး ကျင့်ကြံမှုအဆင့်နှင့် မဆိုင်ပေ။

ထိုစေတီက ၎င်းအတွင်းသို့ ‌၀င်ရောက်သူများ၏ အဆင့်အလိုက် ပြိုင်ဘက်များထုတ်ပေးသည်။

အကယ်၍ သင်၏ အဆင့်ကမြင့်လေ နတ်ဘုရားသန့်စင်ခြင်းစေတီ၌ ကြုံတွေ့ရမည့် ပြိုင်ဘက်များ၏အဆင့်လည်း မြင့်လေဖြစ်သည်။

နတ်ဘုရားသန့်စင်ခြင်းစေတီ၏ ပထမအထပ်(၃၀)မှာ အလွန်ခက်ခဲခြင်းမရှိချေ။

သာမန်ထက် အနည်းငယ်ပိုသော အရည်အချင်းရှိလျှင် ထိုအဆင့်အားဖြတ်ကျော်နိုင်ပေလိမ့်မည်။

တကယ့်အခက်အခဲမှာ (၃၁)ထပ်မှစသည်။

အဆင့်(၃၀)အောက်တွင် ဆုံတွေ့ရမည့်ပြိုင်ဘက်များမှာ ကိုယ်နှင့် အဆင့်အတူတူပင်ဖြစ်သည်။ သို့သော် (၃၁)ထပ်သို့ရောက်လျှင် တစ်ဆင့်မြင့်သွားပေလိမ့်မည်။

အကယ်၍ အဆင့်ကျော်တိုက်ခိုက်နိုင်စွမ်းမရှိလျှင် ထိုအဆင့်အား ကျော်ဖြတ်နိုင်မည်မဟုတ်ချေ။ အခက်အခဲတိုးလာသည့်အားလျော်စွာ ရရှိမည့် ဆုလာဘ်များမှာလည်း တိုးလာပေလိမ့်မည်။

သူတို့ငါးယောက်အဖွဲ့ ထိုနေရာသို့ရောက်လျှင် လူပင်လယ်ကြီးတစ်ခုအားတွေ့လိုက်ရသည်။

ဓားရည်ရွယ်ချက်တောင်ထိပ်ထက် အဆများစွာ ပိုနေခဲ့သည်။

ဓားရည်ရွယ်ချက်တောင်ထိပ်မှာ ဓားသမားများအတွက်သာဖြစ်ပြီး အခြားကျင့်ကြံသူများအတွက် အကျိုးမရှိချေ။

တစ်ဖက်တွင် နတ်ဘုရားသန့်စင်စေတီကမူ လူတန်းစားမျိုးစုံအား ဆွဲဆောင်နိုင်ပေသည်။

“ ဆရာ နတ်ဘုရားသန့်စင်စေတီဘေးက ကျောက်ပြားက ဘာလဲ… ရတနာ တစ်ခုလား….”

လင်းဇီရင်က နတ်ဘုရားသန့်စင်စေတီဘေး၌ ကပ်လျက်ရှိနေသော ကျောက်ပြားအား လက်ညှိုးထိုးကာမေးလိုက်သည်။

ဤ လွင်ပြင်ကျယ်ကြီးထဲတွင် နတ်ဘုရားသန့်စင်စေတီနှင့် ၎င်းဘေးတွင် ဧရာမကျောက်ပြားကြီးတစ်ခုက ထီးထီးကြီးတည်ရှိနေသည်။

ထို့ပြင် ထိုဧရာမကျောက်ပြားကြီး မျက်နှာပြင်၌ လူနာမည်များပြည့်နှက်နေပေသည်။

သို့သော် လင်းဇီရင်တို့တစ်ဖွဲ့လုံး ထိုအထဲမှ တစ်‌ယောက်၏ နာမည်ကိုမျှသိရှိခြင်းမရှိကြချေ။

ထို့ပြင် ဤနေရာရှိ လူအများစုလည်း အလားတူပင်ဖြစ်၏။

သို့သော် လူအနည်းစုက ထိုကျောက်တုံး၏ မူလအားမသိရှိကြသော်လည်း ထိုကျောက်ပြားအကြောင်းသိထားကြ‌သည်။

“ အဲ့ဒီကျောက်ပြားကြီးက နတ်ဘုရားသန့်စင်စေတီနဲ့ တစ်ဆက်တည်းပဲ….”

စကားပြောလိုက်သူမှာ ရွှမ်ယီမဟုတ်ပါ။ သူတို့နှင့် မနီးမဝေးနေရာမှ ဘရိုကိတ်၀တ်စုံနှင့် လူငယ်တစ်ယောက်ဖြစ်၏။ ထိုလူငယ်၏ ခါးတွင် ဓား‌တစ်ချောင်းချိတ်ထားပြီး ထူးဆန်းသော စတိုင်ရှိပေသည်။ လက်ရှိတွင် ထိုလူငယ်၏ မျက်၀န်းများ၌ နှစ်သက်သဘောကျသည့် အရိပ်အယောင်များဖြင့် လင်းဇီရင်အား စိုက်ကြည့်နေလေသည်။

ထိုလူက လင်းဇီရင်တို့အဖွဲ့ သူ့အား လှည့်ကြည့်သည်ကိုမြင်လျှင် အစွမ်ကုန်ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။

“ ဒီစေတီကြီးရဲ့ ဇစ်မြစ်က အရမ်းဆန်းကြယ်လွန်းတယ်လို့ပြောရမယ်… နတ်ဘုရားသန့်စင်စေတီ ပေါ်လာတဲ့နေရာတိုင်းမှာ အဲ့ကျောက်ပြားကြီးလည်း အမြဲပါလာခဲ့တယ်…အဲ့ပေါ်မှာရှိတဲ့နာမည်တွေက စေတီပေါ်ကိုတက်ခဲ့တဲ့ အဆင့်မြင့်ပါရမီရှင်တွေရဲ့ နာမည်တွေပဲ….”

“ အထပ်များများတက်နိုင်လေ.. အဲ့ဒီကျောက်ပြားမှာ ပေါ်လာမယ့်အဆင့်က မြင့်လေပဲ….”

ထိုစကားအားကြားလျှင် ဇီရွှမ်တစ်ယောက် ထိတ်လန့်သွားပြီး ကျောက်ပြားကြီးပေါ်မှ နာမည်များအားကြည့်ကာ

“ ဒါနဲ့ အဲ့ဒီကျောက်ပြားကြီးပေါ်မှာ နာမည်ဘယ်နှစ်ခုလောက်ရှိလဲ….”

“ (၁)သိန်း…”

ထိုလူငယ်က ချက်ချင်းပြန်ဖြေလိုက်၏။

“ ဒီ နတ်ဘုရားသန့်စင်စေတီက လွန်ခဲ့တဲ့ နှစ်ပေါင်း (၁)သောင်း ဒါမှမဟုတ် နှစ်ပေါင်း (၁)သိန်း အကြာကပဲ တည်ရှိနေတာဖြစ်ကောင်းဖြစ်နိုင်တယ်…”

“ ဒီထဲကို ကျင့်ကြံသူတွေ ဘယ်လောက်များများ ၀င်ရောက်ခဲ့ပြီးပြီလဲဆိုတာ ဘုရားမှပဲသိနိုင်လိမ့်မယ်….”

“ ကျောက်ပြားပေါ်မှာ လူ(၁)သိန်းတောင် ရှိနေတယ်ဆိုပြီး ‌တွေးမနေနဲ့.. ငါတို့အနေနဲ့ အဲ့အထဲကို ၀င်နိုင်ဖို့တောင် အဆင့်မမှီဘူး….”

All Chapters