တိုက်ကြီးများ၏ ကောင်းကင်ကျက်သရေ
Vol. 3 Ch. 45
[ Note : ဒီနေရာမှာ ရှင်းပြစရာရှိပါတယ် သူတို့လက်ရှိနေတဲ့ နေရာက ချန်ရွှမ်ကုန်းမြေကြီးလို့ခေါ်ပါတယ်။ အဲ့တာမှာမှ အရှေ့ပိုင်းတိုက်ကြီး ၊ အနောက်ပိုင်းတိုက်ကြီး ၊ တောင်းပိုင်းတိုက်ကြီး နဲ့ မြောက်ပိုင်းတိုက်ကြီး ဆိုပြီးရှိပါတယ်။ ရွှမ်ယီက တောင်ပိုင်းတိုက်ကြီးရဲ့ တောင်ဘက်နယ်မြေဖြစ်တဲ့ အဇူရာဒေသ အစွန်အဖြားက သွယ်တန်းမြစ်ကိုးစင်း ဒေသမှ ပါတဲ့ ကောင်ကင်လေနိုင်ငံရဲ့ တောင်ပိုင်းဖြစ်တဲ့ ကျန်းနန်ပြည်နယ်မှာနေတာပါ။ ရှုပ်သွားပြီလား ဟုတ်ပါတယ် ရှုပ်မှာပါ။
တောင်ပိုင်းတိုက်ကြီးမှာ ဒေသတွေအများကြီးရှိပါတယ် အဲ့အထဲကမှ အဇူရာဒေသကလည်း အဆင့်မြင့်ဒေသတစ်ခုမဟုတ်ပါဘူး အဇူရာဒေသရဲ့ အစွန်အဖျားက ကောင်းကင်လေနိုင်ငံမှာနေတာပါ။ ]
ဘရိုကိတ်၀တ်စုံနှင့် လူငယ်က လင်းဇီရင်တို့အဖွဲ့ မယုံမည်ကိုစိုးသဖြင့် သူ့အသံအား အတမင်တကာ လျှော့ချလိုက်ပြီး ဆက်ပြောလိုက်သည်။
“ ကောင်းကင်လေနိုင်ငံရဲ့ တည်ထောင်သူကို မင်းတို့သိမှာပါ… မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို ချနင်းခဲ့တဲ့လူလေ… အင်း.. သူတောင် အဆင့်(၁)သိန်းထဲ မပါခဲ့ဘူး.. အဆင့်(၁)သိန်းထဲကို ၀င်ဖို့က (၅၁)ထပ်အထိရောက်ဖို့လိုတယ်.. ဒါပေမယ့် သူက (၄၆)ထပ်အထိပဲ တက်နိုင်ခဲ့တယ်….”
“ ဘာ… ကောင်းကင်လေနိုင်ငံရဲ့ ကြီးမြတ်တဲ့ ဘုရင်တောင် အဆင့်ထဲမပါခဲ့ဘူးပေါ့.. သူက အဆင့်(၄၆)အထိပဲ တက်နိုင်ခဲ့တယ်တဲ့လား….”
လင်းဇီရင်၏ မယုံကြည်နိုင်မှု အံ့ဩမှုများနှင့် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ကောင်ကင်လေနိုင်ငံမှလူတစ်ယောက် ဖြစ်သည့်အားလျော်စွာ သူမသည် ကောင်းကင်လေနိုင်ငံရဲ့ ကြီးမြတ်သောတည်ထောင်သူဘုရင်၏ ဒဏ္ဍာရီများနှင့် အလွန်ရင်းနှီးခဲ့သည်။
ထိုလူမှာ ငယ်စဉ်က သာမန်ပါရမီသာရှိသော်လည်း နောက်ပိုင်းတွင် ပါရမီရှင်များ အားလုံးကို ချနင်းခဲ့ပြီး ကောင်းကင်လေနိုင်ငံ၏ ဂုဏ်ယူစရာလည်းဖြစ်ပေသည်။
ယခုတွင် ထိုလူက ကောင်းကင်လေနိုင်ငံ၏ ဦးသျှောင်ဘုရင်ဖြစ်သည့်အပြင် ကောင်းကင်လေနိုင်ငံမှ ထိပ်ဆုံးကျင့်ကြံသူလည်းဖြစ်ပေသည်။
သို့သော် ထိုလူက နတ်ဘုရားသန့်စင်စေတီရဲ့ အဆင့်(၁)သိန်းထဲကို မ၀င်နိုင်ခဲ့ဘူးတဲ့လား….
“ နိုင်ငံဦးသျှောင်ဘုရင်က ပါရမီရှင်မဟုတ်တာ မဟုတ်ဘူး… အဲ့အဆင့်ထဲက လူတွေကိုက မွန်းစတားဆန်တဲ့ ပါရမီရှင်တွေဖြစ်နေတာ….”
“ နတ်ဘုရားသန့်စင်စေတီက ကောင်ကင်လေနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ပေါ်လာခဲ့ပြီး အဲ့နှစ်တွေတစ်လျှောက်လုံး မရေမတွက်နိုင်တဲ့ပါရမီရှင်တွေ ဒီအထဲကို၀င်ခဲ့ကြတယ်.. ကောင်းကင်လေနိုင်ငံရဲ့ အပြင်ဘက်ဒေသ သွယ်တန်းမြစ်ကိုးစင်း နိုင်ငံတွေက လူတွေလည်းပါတယ်.. အဲ့တာအပြင် အဇူရာဒေသရဲ့ အဇူရာအဆင့်က ရွေးချယ်ခံတွေတောင် ချွင်းချက်မရှိဘူး… ဒါပေမယ့် သူတို့ထဲက အနည်းငယ်ပဲ အဆင့်(၁)သိန်းထဲ ၀င်နိုင်ခဲ့ကြတယ်….”
“ အဲ့ဒီ၀င်နိုင်ခဲ့တဲ့လူတွေရဲ့ ကျောက်ပြားပေါ်က အဆင့်ကလည်း တော်တော်လေးသနားဖို့ကောင်းတယ်လို့ပြောရမယ်… ဘာလို့ဆို သူတို့အားလုံး အဆင့်(၉)သောင်းအပြင်မှာချည်းပဲ.. အားလုံးထဲမှာ အမြင့်ဆုံးကတော့ လွန်ခဲ့တဲ့ နှစ်(၃)ရာကျော်က၀င်ခဲ့တဲ့ မင်ယွဲ့မိသားစုက ပါရမီရှင်ပဲ… ကျောက်ပြားပေါ်မှာ မင်ယွဲ့ချူရဲ့အဆင့်က (၉၇၂၃၀) ပဲ….”
“ ပြီးတော့ အဲ့ဒီ မင်ယွဲ့ချူက အဇူရာအဆင့်ရဲ့ နံပါတ်(၁၁)လည်းဖြစ်တယ်…”
လင်းဇီရင်တို့အဖွဲ့ စကားမပြောနိုင်အောင်ပင် အံ့ဩသွားခဲ့ရသည်။
တစ်ဖက်တွင်မူ ရွှမ်ယီ၏ အမူအရာက ယခင်အတိုင်းသာဖြစ်သည်။
ရွှမ်ယီက အတမင်ဟန်ဆောင်နေခြင်းမဟုတ်ပေ။ သူ့အနေဖြင့် ထိုအကြောင်းအရာအားလုံးကို သိရှိပြီးဖြစ်သောကြောင့်ဖြစ်သည်။ လင်းဇီရင်၏ အမေးအား သူဖြေရန်ပြင်လိုက်ချိန် ထိုဘရိုကိတ်လူငယ်က သူ့ထက်အရင်ဦးအောင်ပြောသွားခြင်းခဲ့၏။ သူ့အနေဖြင့် လုပြောမနေချင်သောကြောင့် တိတ်တဆိတ်သာနေလိုက်တော့သည်။
ဒီကောင် မောပြီးလျှာထွက်တဲ့အထိပြောပလေ့စေ…..
ရွှမ်ယီက ဘယ်လိုလူစားမျိုးလဲ…?
ထိုလူငယ်၏ အတွေးများအား မသိရအောင်တုံးအသူမဟုတ်ချေ။
ရွှမ်ယီက ခေါင်းလှည့်လိုက်ပြီး နံဘေးမှ လင်းဇီရင်အားကြည့်လိုက်သည်။
သူ၏ တပည့်မှာ ကောင်းကင်ထက်မှ အင်မော်တယ်တစ်ယောက်အလား လှပလေသည်….
“ မင်ယွဲ့မိသားစု.. အဆင့်(၁၁)..”
ဇီရွှမ်နှင့် ၀မ်တောင်တို့ အားလုံး အော်ဟစ်လိုက်မိကြသည်။
သူတို့သည် အဇူရာဒေသ၏ အစွန်းအဖျားပိုင်းတွင် နေထိုင်ကြသည်ဖြစ်သော်လည်း အဇူရာဒေသမှ စွမ်းအားကြီး အင်အားစုများနှင့် အဇူရာအဆင့်အကြောင်းသိထားကြပေသည်။
မင်ယွဲ့မိသားစုဆိုသည်မှာ အဇူရာဒေသမှ ထိပ်တန်းအင်အားစု (၁၀)စုတွင်ပါ၀င်ပြီး ၎င်းတို့အား စောင့်ရှောက်နေသည့် ဘုရင်အဆင့်များလည်းရှိသည်။
ထိုကဲ့သို့သော ပါရမီရှင်ပင် အဆင့်(၁)သိန်း၏ အောက်ဆုံးနားသို့သာ ရောက်နိုင်သည်တဲ့လား…
လင်းဇီရင်တို့အဖွဲ့၏ တုန်လှုပ်သွားမှုများကိုမြင်လျှင် ဘရိုကိတ်လူငယ်က ဆက်ပြောလိုက်၏။
“ အဇူရာအဆင့်ရဲ့ (၁၁)ဆင့်မြောက်ကလူတောင် (၉၇၀၀၀)၀န်းကျင်မှာပဲရှိခဲ့တယ်… ဒီ နတ်ဘုရားသန့်စင်စေတီရဲ့ မူလဇစ်မြစ်က အရမ်းအံ့ဩစရာကောင်းလိမ့်မယ်….”
“ တောင်ပိုင်းတိုက်ကြီးမှာ မပေါ်ခင် ဒီ နတ်ဘုရားသန့်စင်စေတီက အရှေ့ပိုင်း ၊ အနောက်ပိုင်း ၊ မြောက်ပိုင်းတိုက်ကြီးတွေမှာလည်း ပေါ်ခဲ့သေးတယ်… လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တိုက်ကြီးတစ်ခုချင်းစီက မရေမတွက်နိုင်တဲ့ပါရမီရှင်တွေ ဒီကျောက်ပြားကြီးပေါ်မှာရှိနေတယ်… ကျောက်ပြားပေါ်က နာမည်တွေရဲ့နောက်ကို သေချာဆက်ပြီးကြည့်လိုက်…”
လင်းဇီရင်တို့ အဖွဲ့အာရုံစိုက်ပြီး ကြည့်လိုက်ကြသည်။
မျှော်လင့်ထားသကဲ့သို့ပင်…
“ ၁။ ထာ၀ရကောင်းကင် [ အရှေ့ပိုင်းတိုက်ကြီး ] ၊ (၇၉)ထပ် ၊ သွေးလကမ္ဘာ…”
“ ၂။ တာအိုချန်း [ အရှေ့ပိုင်းတိုက်ကြီး] ၊ (၇၇)ထပ် ၊ ကောင်းကင်ခွဲနန်းတော်…”
“ ၃။ ဟွမ်ဂျီယု [ အနောက်ပိုင်းတိုက်ကြီး] ၊ (၇၇)ထပ် ၊ အောက်ကမ္ဘာမိသားစု…”
“ အဲ့တာ မှန်တယ်….”
“ ၄။ နှင်းရေခဲ [ အရှေ့ပိုင်းတိုက်ကြီး] ၊ (၇၆)ထပ် ၊ ရေခဲနှင်းမင်းဆက်…”
“ ၅။ ချူရှန်ခွန်း [ မြောက်ပိုင်းတိုက်ကြီး] ၊ (၇၅)ထပ် ၊ ကောင်းကင်ချူမိသားစု…”
……. ……..
…..
အထက်ပိုင်းများအားလုံး ဖတ်ကြည့်လိုက်ပြီး ၎င်းတို့အားလုံး အရှေ့ပိုင်း ၊ အနောက်ပိုင်း ၊ မြောက်ပိုင်းတိုက်ကြီးများမှဖြစ်ကြသည်။
လူအများဆုံးမှာ အရှေ့ပိုင်းတိုက်ကြီးမှဖြစ်၏။
သူတို့ တောင်ပိုင်းတည်ကြီးကမူ လူတစ်ရာ ၊ လူတစ်ထောင် ၊ လူတစ်သောင်း ထိုနေရာများအားထားလိုက်ဦး (၉၀၀၀၀) ထဲသို့ပင်မ၀င်ခဲ့ချေ။
(၉၀၀၀၀) ကျော်မှသာ တောင်ပိုင်းတိုက်ကြီးမှ လူအနည်းငယ်ကိုတွေ့နိုင်သည်။
အားလုံးထဲမှ အဆင့်အမြင့်ဆုံးမှာ (၉၇၀၀၀) ၀န်းကျင်ရှိ လွန်ခဲ့သော နှစ်ပေါင်းသုံးရာအကြာက မင်ယွဲ့မိသားစုမှ ပါရမီရှင်ဖြစ်၏။
“ ထိပ်ဆုံး (၉၀၀၀၀) က နှစ်ထောင်နဲ့ချီပြီး မပြောင်းလဲခဲ့ဘူး….”
စကားဆုံးသည်နှင့် ထိုလူငယ်က သက်ပြင်းချလိုက်သည်။
“ နှစ်ထောင်ပေါင်းများစွာကြာတာတောင် ထိပ်တန်း(၉၀၀၀၀) ထဲကို တစ်ယောက်မှမ၀င်နိုင်ခဲ့ဘူး…”
“ ဒီနတ်ဘုရားသန့်စင်စေတီက ငါတို့ အဇူရာဒေသမဟုတ်ဘဲ တောင်ပိုင်းတိုက်ကြီးက အခြားဒေသတွေမှာ ပေါ်ခဲ့ရင် ဖြစ်နိုင်ချေရှိသေးတယ်…. အခုတော့…..”
တောင်ပိုင်းတိုက်ကြီး၌ ဒေသများရာနှင့်ချီကာ ရှိနေခဲ့ပြီး အဇူရာဒေသမှာမူ ထိပ်တန်းတွင်မပါဘဲ အနည်းငယ်နိမ့်ကျပေသည်။
အဇူရာဒေသရှိ တစ်ယောက်မှ အဆင့်(၉၀၀၀၀) အတွင်းသို့၀င်နိုင်မည်မဟုတ်ချေ။ လက်ရှိအဇူရာအဆင့်၏ နံပါတ်(၁)ပင် မျှော်လင့်ချက်မရှိပေ။
ကျောက်ပြားကြီးပေါ်မှ အဓိကအဆင့်စာရင်းအောက်တွင် သာမန်အဆင့်စာရင်းတစ်ခုလည်းရှိနေသည်။
လက်ရှိတွင် သာမန်အဆင့်စာရင်း၌ မည်သူ့နာမည်မျှမပေါ်သေးချေ။ စေတီအထဲသို့ ဘယ်သူမှ မ၀င်ရသေးသောကြောင့်ဖြစ်သည်။ နတ်ဘုရားသန့်စင်စေတီလည်း ပွင့်မလာသေးချေ။
သာမန်အဆင့်စာရင်းဆိုသည်မှာ နတ်ဘုရားသန့်စင်စေတီ ပွင့်လာချိန်၌ ၀င်ရောက်ကြသည့်လူများ၏ အဆင့်စာရင်းတစ်ခုဖြစ်ပြီး စေတီပိတ်သွားလျှင် ၎င်းလည်းပျောက်ကွယ်သွားမည်ဖြစ်သည်။
ထိုစာရင်းတွင် အဆင့်(၁၀၀၀)သာရှိသော်လည်း ဆုလာဘ်များမှာမူ နည်းပါးခြင်းမရှိချေ။ အဓိကစာရင်းနှင့် ယှဉ်နိုင်စွမ်းမရှိသော်လည်း မရေမတွက်နိုင်သော လူများအား ဆွဲဆောင်နိုင်ဆဲပင်။
အဓိကအဆင့်အတွက်မူ ၎င်း၏ ဆုလာဘ်များမှာ ပို၍ကောင်းမွန်သော်လည်း လူအများစု၏ အကြည့်များကမူ သာမန်အဆင့်တွင်သာရှိနေ၏။
သာမန်အဆင့် နှင့် အဓိကအဆင့်မှာ မိုးနှင့်မြေကဲ့သို့ကွာခြားပေသည်။
အဓိကအဆင့်၌ ပါ၀င်လိုလျှင် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း သောင်းပေါင်းများစွာအကြာမှ ပါရမီရှင်များနှင့် တိုက်ခိုက်ရပေလိမ့်မည်။
အခြားတစ်ဖက်တွင်မူ သာမန်အဆင့်စာရင်း၌ ပါ၀င်နိုင်ရန်အတွက်မူ ယခု ငွေလလျှို့ဝှက်နယ်မြေအတွင်းမှ လူများနှင့်သာ ယှဉ်ပြိုင်ရန်လိုအပ်၏။
လူအများစုကပင်မအဆင့်အား စိတ်မ၀င်စားရခြင်းမှာ ၎င်းတို့အနေဖြင့် အခွင့်အရေးမရှိကြောင်းနားလည်ထား၍ဖြစ်သည်။
အဇူရာအဆင့်မှ ပါရမီရှင်များပင် ထိုအဆင့်သို့ ၀င်ရောက်နိုင်ရန် ခက်ခဲလွန်းလှသည်။
အဇူရာအဆင့်သို့ပင် မ၀င်ရောက်နိုင်သည့် လူများအတွက်မူ…... ထိုအကြောင်းအရာအား တွေးကြည့်ရုံသာတတ်နိုင်၏။
သို့သော် လူတိုင်းက ထိုကဲ့သို့အတွေးမျိုးရှိသည်မဟုတ်ပေ။ သွယ်တန်းမြစ်ကိုးစင်းမှ လာသည့် အချို့ ပါရမီရှင်များ ၊ အိမ်ရှင် ကောင်းကင်လေနိုင်ငံမှ ထိပ်တန်း ပါရမီရှင်များ ၎င်းတို့၏ မျက်၀န်းများမှာ စိတ်အားထက်သန်မှုများဖြင့် တောက်ပနေလေသည်။
သူတို့၏ ပန်းတိုင်က သာမန်အဆင့်စာရင်းသာ မဟုတ်ပေ။