← Chapters

ဒီအိပ်မက်က ဘယ်သူအရင်ဆုံးနိုးထလာနိုင်မလဲ

Vol. 93 Ch. 1303

ဒီအိပ်မက်က ဘယ်သူအရင်ဆုံးနိုးထလာနိုင်မလဲ

Vol. 93 Ch. 1303

အခန်း (၁၃၀၃) ဒီအိပ်မက်က ဘယ်သူအရင်ဆုံးနိုးထလာနိုင်မလဲ

“ငါ ဘယ်သူလဲဆိုတာ မင်းမသိတာပဲ...”

လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ၏အသွင်အပြင်က ပေါ့ပါးစွာပင်ရှိနေသည့်တိုင် သူ၏စကားလုံးများကတော့ မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ အား အံ့အားသင့်သွားစေရုံသာမက ထိတ်လန့်တုန်လှုပ်ခြင်းကိုပါ ခံစားလိုက်ရစေသည်။

ကျန်းရှန်က ယန်ချဲ့ကို စူးစိုက်ကြည့်နေပြီး တစ်စုံတစ်ခုကို ယောင်ဝါးဝါး တွေးတောလာမိပြီး မျက်နှာအမူအရာက အလွန်ပင် တည်ကြည်လေးနက်နေသည်။

ယန်ချဲ့က ပေါ့ပါးစွာပင် ပြုံးလိုက်ရင်း...

“ငါတို့တွေ နှစ်ပေါင်းများစွာ မဆုံတွေ့ခဲ့ကြဘူးဆိုပေမယ့်... ငါက ငါ့ရဲ့ မူလရုပ်သွင်နဲ့ မျက်နှာကို အသုံးမပြုဘဲ တာအိုရောင်းရင်း’ကျန်း’ နဲ့ အမြဲတမ်း တွေ့မြင်စကားပြောနေခဲ့ပါတယ် ၊ ဒီအတွက် အပြစ်မယူစေချင်ဘူး”

ယန်ချဲ့က ဆက်ပြောလိုက်သည်။

“စောယန်လုန်က အရမ်း တန်ခိုးစွမ်းအားမြင့်မားတယ် ၊ သူ့ဆီက တစ်ခုခုအမြတ်ထုတ်ချင်တယ်ဆိုရင် ကြီးမားတဲ့တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်ဆိုတာ ငါတို့အားလုံး သိထားပြီးသားပါ ၊ ပြီးတော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကလည်း အနားမှာရှိနေတော့...  ငါနဲ့ပတ်သက်ပြီး သူတို့အားလုံး သိပ်ပြီးအရေးမစိုက်တော့ဘဲ စိတ်ချသွားစေဖို့ ငါ့ကိုငါ ဒဏ်ရာအပြင်းအထန်ရအောင်လုပ်တဲ့နည်းလမ်းကို အသုံးပြုလိုက်ရတယ်”

“ကံကောင်းတာက ငါ စီစဉ်ထားတဲ့အတိုင်း အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်သွားတာပါပဲ”

စကားပြောနေရင်းမှာပင် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ ၏ အသွင်အပြင်က ပြောင်းလဲသွားသည်။

သူ၏ မျက်နှာအသွင်အပြင်က အရင်အတိုင်းပင် အလွန်သာမန်ဆန်သည့်ပုံစံမျိုးသာလျှင် ဖြစ်နေဆဲပင်။ သို့သော် သူ၏မျက်ဝန်းများကတော့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

မူလက ငြိမ်သက်စွာတောက်ပနေသော မျက်ဝန်းများသည် ယခုတော့ မိုးသောက်ကြယ်စင်ပမာ အလွန်အမင်း တောက်ပလာသည်။

ထို့နောက် မိုးသောက်ကြယ်အဖြစ်မှ ကောင်းကင်ကိုဖြတ်သန်းပြီး အလွန်တရာထွန်းလင်းနေသော နေတစ်စင်းပမာ အစွမ်းကုန် လင်းထိန်တောက်ပလာသည်။

ကျန်းရှန်က ယန်ချဲ့ထံမှ အကြည့်တစ်ချက်မလွှဲခဲ့ပေ။ ထိုအစားသူက တောက်ပသည့် နေဝန်းကို စူးစိုက်ကြည့်နေပြီး စကားလုံးအချို့ကို ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။

“ကောင်း... ဟန်...”

ကျန်းရှန်နှင့်တိုက်ခိုက်နေသော ယွဲ့ကျန့်ပေ၏ တိုက်ကွက်များက တဖြည်းဖြည်းနှေးကွေးသွားပြီး သူနှင့် ယခင်ကပင် ရင်းနှီးခဲ့သော်လည်း ယခုတော့ ရင်းနှီးကျွမ်းဝင်ဟန်မရှိတော့သလိုဖြစ်နေသည့် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ကို မထင်မှတ်စွာ စူးစိုက်ကြည့်နေမိသည်။

ယန်ချဲ့က သူနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိဟု ပြောလျှင် မှန်ကန်ခြင်းမရှိပေ။ သို့သော် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ လက်ရှိအသွင်အပြင်က သူနှင့် မရင်းနှီးသလို ခံစားရစေသည်။

နေဝန်းနှစ်စင်းပမာ အလွန်တရာတောက်ပနေသောမျက်ဝန်းများကို ယွဲ့ကျန့်ပေး ငေးစိုက်ကြည့်နေမိသည်။

ထိုမျက်ဝန်းများက လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ပိုင်ဆိုင်သောမျက်ဝန်းများ မဟုတ်ခဲ့ပေ။

ထိုမျက်ဝန်းများက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားသည့် ခွန်လွန်အထင်ကရကိုးပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၏ မျက်ဝန်းများ ဖြစ်နေခဲ့သည်။

အဂ္ဂိရတ်ခန်းမအတွင်ရှိ ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင်ရှိနေသော ရန်ကျောက်ကဲသည်ပင် ယခုတစ်ခါမှာတော့ လုံးဝ မယုံကြည်နိုင်သလို ခံစားလိုက်ရသည်။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ မသိရှိအောင်ဖုံးကွယ်ပြီး တစ်စုံတစ်ခုကို လျှို့ဝှက်ကြံစည်နေကြောင်း နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ မှတစ်ဆင့်  ရန်ကျောက်ကဲ သိရှိခဲ့ရသည်။

ထိုကိစ္စကြောင့်ပင် ယန်ချဲ့က ချန်ရွှမ်ကျုန်းကို ဇာတ်လမ်းဆင်လှည့်စားပြီး ထောင်ချောက်ဆင်ကာ နှုတ်ပိတ်ထားခဲ့သည်။

သို့သော် ရန်ကျောက်ကဲ လုံးဝ ထင်မှတ်မထားသည်မှာ...

နှစ်ထောင်ပေါင်းများစွာကြာအောင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ ဧကရာဇ်(၃)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ခဲ့သော ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ သည် အခြားတစ်ယောက်၏ ကိုယ်ပွားတစ်ခုမျှသာ ဖြစ်နေခဲ့သည်။

“ယန်ချဲ့” က နေဝန်းထက်ယံအရှင်သခင် “ကောင်းဟန်” ၏ ကိုယ်ပွားတစ်ခု ဖြစ်သည်။

မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ က ယန်ချဲ့တွင် လျှို့ဝှက်အစီအစဉ်များရှိနေကြောင်း ရိပ်မိခဲ့သည်မှာ ကြာခဲ့ပေပြီ။ တကယ်တော့ သူက သူ၏လက်ဖမိုးကို နားလည်သိရှိသကဲ့သို့ ယန်ချဲ့ကို နားလည်သိရှိလေသည်။

သို့သော် အလွန်တရာ ထိတ်လန့်တုန်လှုပ်ရသည့်အချက်မှာ ‘ကောင်းဟန်’ သည် ‘ယန်ချဲ့’ အသွင်ကိုယူပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ် စိတ်မပူစေရန် တောင်ပိုင်းချန်စန်းဧကရာဇ်ထံမှ သတင်းအချက်အလက်အချို့ကို ရည်ရွယ်ချက်ရှိရှိ ပေးပို့နေခဲ့သည်။

ဤသို့ပြုလုပ်ခြင်းအားဖြင့် သူ၏အားနည်းချက်နှင့် လျှို့ဝှက်ချက်များအပေါ် ကျန်းရှန်နှင့်အခြားသူများ သိပ်ပြီး အာရုံမစိုက်မိကြတော့ပေ။

သို့သော် မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် ကျန်းရှန်တို့အုပ်စုမှာ ကောင်းဟန်ဘက်မှ သိစေလိုသည့် အချက်အလက်များကိုသာ သိခွင့်ရခဲ့ကြခြင်း ဖြစ်၏။

ရလဒ်အနေဖြင့် အပေါ်ယံအချက်များကို အဟုတ်ထင်ကာ သိမှတ်ခဲ့ရသဖြင့် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ကောင်းဟန်၏ အကြံအစည်များက ပိုမိုနက်နဲစွာပင် လျှို့ဝှက်ထားပြီးသား ဖြစ်သွားသည်။

ယခု ဖြစ်ရပ်ကဲ့သို့ပင်ဖြစ်သည်။

အားလုံးအမြင်တွင် “ကောင်းဟန်” က စောမင်ကျန့်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး တာအိုစကြာဝဠာအတွင်းမှ သေပြေးရှင်ပြေး ထွက်ပြေးသွားခဲ့ရသည်။

သို့သော် သူက လူတိုင်းကိုလှည့်စားခဲ့ခြင်းသာဖြစ်ပြီး တာအိုစကြာဝဠာထဲတွင် သူ၏ နယ်ရုပ်တစ်ရုပ်ကို ကွယ်ဝှက်ထားခဲ့သည်။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် စောမင်ကျန့်တို့ ထွက်ခွာသွားချိန်ကိုစောင့်ဆိုင်းပြီးမှ ထိုနယ်ရုပ်က အေးဆေးစွာ ထွက်ပေါ်လာခဲ့သည်။

“ဘယ်အချိန်ကတည်းကလဲ...”

ကျန်းရှန်က နက်ရှိုင်းသည့်အသံဖြင့် မေးလိုက်သည်။

“တာအိုရောင်းရင်း’ချန်ရွှမ်ကျုန်း’ ၊ ကျန့်ပေနဲ့ ငါ့ကို ဖုံးကွယ်ထားနိုင်ပေမယ့်... မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို မင်း ဘယ်လိုဖုံးကွယ်ထားခဲ့တာလဲ”

ကောင်းဟန်၏ ကိုယ်ပွားဖြစ်သော “ယန်ချဲ့” က တစ်ချက်ရယ်မောလိုက်သည်။

“ကံကောင်းတာက... အမှတ်မထင်ရရှိခဲ့တဲ့ ရတနာပစ္စည်းတစ်ခုက ငါ့ကိုဖုံးကွယ်ဖို့ ကူညီပေးခဲ့တယ်လေ ၊ ပြီးတော့ မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ပြင်ပဗလာနယ်ထဲမှာပဲ အနေများပြီး အထက်ဘုံကမ္ဘာကို ပြန်လာတာမှ မဟုတ်တာ”

သူက ဆက်ပြောလိုက်သည်။

“တကယ်တော့... အကြိမ်ပေါင်းများစွာ ငါ့အကြောင်းပေါ်လုနီးပါး ဖြစ်ခဲ့ရဖူးတယ် ၊ ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘာမှမဖြစ်ဘဲ အန္တရယ်ကင်းကင်းရှိနေနိုင်ခဲ့တယ်”

သူက နှုတ်ခမ်းများကို တွန့်ကွေးလိုက်ရင်း...

“ဘယ်အချိန်ကတည်းကလဲလို့မေးရင်တော့... အစကတည်းကလို့ ဖြေရမှာပဲ”

ထိုစကားကြားတော့ လူတိုင်းစိတ်ထဲ အေးစိမ့်မှုကို ခံစားလိုက်ကြရသည်။

“ဒါဆို အစားထိုးခံခဲ့ရတာ မဟုတ်ဘူး‌ပေါ့...”

ယွဲ့ကျန့်ပေ မျက်ဝန်းများကို ကျဉ်းမြောင်းရင်း ရေရွတ်လိုက်သည်။

“ဒါဆို အစကတည်းက လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ဆိုတာ မရှိခဲ့ဘူး ၊ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ရဲ့ ကိုယ်ပွားပဲ ရှိခဲ့တာပေါ့”

ထိုသို့ဆိုလျှင် ခွန်လွန်အထင်ကရကိုးပါးဆိုသည်မှာ အမှန်တော့ လူ(၈)ယောက်သာလျှင် ဖြစ်ခဲ့ခြင်း မဟုတ်ပါလား။

ခွန်လွန်အထင်ကရကိုးပါးထဲမှ တစ်ပါးသောသူမှာ နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၏ ကိုယ်ပွားတစ်ခုသာ ဖြစ်နေခဲ့သည်။

ကောင်းဟန်၏ ကိုယ်ပွားဖြစ်သော ‘ယန်ချဲ့’ က ပြုံးလိုက်ရင်း...

“ဘာမှ အံ့သြစရာမရှိပါဘူး... ဟုတ်တယ်မလား ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက တာအိုရောင်းရင်း’ကောင်းချင်းရွှမ်’ ဆိုရင် ‘ရွှမ်ဟွမ်ဧကရီ’ လို့ ဘာလို့ နာမည်ကြီးခဲ့လဲ သိလား ၊ ပထမတစ်ချက်က သူက အရမ်း တန်ခိုးစွမ်းအားမြင့်မားတယ် ၊ ဒုတိယတစ်ချက်ကတော့ သူ့ရဲ့ စိတ်ဝိညာဉ်က ခန္ဓာကိုယ်နှစ်ခုကို အသုံးပြုနိုင်တယ် ၊ သူဆိုရင်... သူနဲ့ ကျင့်ကြံခြင်းအဆင့် တစ်ထပ်တည်းတူညီတဲ့ ကိုယ်ပွားရုပ်ခန္ဓာတစ်ခုကိုတောင် ပိုင်ဆိုင်ထားခဲ့တာလေ... ဟုတ်တယ်မလား”

သူက ဆက်ပြောလိုက်သည်။

“ငါ့ကိုယ်ပွားက သူနဲ့ယှဉ်ရင် အများကြီးဆိုးရွားနေပါသေးတယ် ၊ ငါ့ကိုယ်ပွားရရှိတဲ့အောင်မြင်မှုပမာဏက ငါကြိုးစားကျင့်ကြံခဲ့တံအပေါ်မှာ မှီခိုနေရတုန်းပဲ”

ကျန်းရှန်သည် ကျောက်ရုပ်တစ်ရုပ်ပမာ ငြိမ်သက်လျှက် ရှိသည်။

မည်သို့ပင်ဖြစ်စေ ရွှမ်ဟွမ်ဧကရီ၏ကိုယ်ပွားက ၎င်း၏ မူလဝိသေသလက္ခဏာများကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသည့်အပြင် “ယန်ချဲ့” ကဲ့သို့ လွတ်လပ်စွာရပ်တည်နေသည့် အခြားသူတစ်ယောက်ပမာ အခြားသူများကို လှည့်စားနိုင်ခြင်း မရှိခဲ့ပေ။

အတိအကျဆိုရသော် ကမ္ဘာပေါ်တွင် “ယန်ချဲ့” ဆိုသည့် တည်ရှိမှုတစ်ခုက ထင်ရှားခြင်းမရှိသော်လည်း သူ့အကြောင်းကို ဖော်ထုတ်နိုင်ရန်မှာလည်း အလွန်ခက်ခဲခဲ့သည်။

ကျန်းရှန်သည်ပင် သူ၏လုပ်ရပ်များကို မသိမြင်နိုင်ခဲ့သလို မြောက်ပိုင်းကြယ်စင်ဧကရာဇ်သည်လည်း လှည့်စားခံခဲ့ရသည်။

ယခု အခြေအနေက မည်သို့ဖြစ်နေကြောင်း ကျန်းရှန်ကိုယ်တိုင်ပင် သေသေချာချာ နားမလည်နိုင်ဖြစ်နေသော်လည်း ၊ သေချာသည့်အချက်တစ်ခုမှာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် အခြားသူများအားလုံးမှာ “ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ” ကို စတင်တည်ထောင်ကတည်းက လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။

ကောင်းဟန်၏ကိုယ်ပွား “ယန်ချဲ့” က ပြုံးလိုက်ရင်း...

“အစကတော့ ဒီလောက်အထိ ဖြစ်သွားမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး ၊ အထက်ဘုံကမ္ဘာကိုတည်ထောင်ဖို့ ထုံးတမ်းအစီအရင်ပြုလုပ်တော့ လူ(၉)ယောက် လိုတယ်လေ ၊ တစ်ယောက်လိုနေတာနဲ့ ငါ့ကိုယ်ပွားကို ထည့်လိုက်မိတာ ၊ ပြီးတော့ ငါ့ကိုယ်ပွားကလည်း အရည်အချင်း သိပ်မဆိုးဘူးဆိုတော့ အိမ်ဖြည့်သဘောမျိုးလုပ်ဖို့ ဆုံးဖြတ်လိုက်မိတာပါ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ ကျိန်ဆဲလိုက်မိသည်။

“ဒါပေမဲ့... ပြဿနာက သူက မင်းရဲ့ကိုယ်ပွားဆိုတာ ဘယ်သူ့ကိုမှ ပြောမပြခဲ့ဘူးလေ ၊ သူက မင်းခေါ်လာတဲ့သူမှ မဟုတ်တာ ၊ မင်းရဲ့ကိုယ်ပွားပဲဟာကို...”

ကောင်းဟန်၏ကိုယ်ပွား “ယန်ချဲ့” က အထက်ဘုံကမ္ဘာဆီသို့ လှမ်းကြည့်လိုက်ရင်း...

“အဲဒီနေ့က ဖြစ်ခဲ့တဲ့ မတော်တဆမှုက ဒီနေ့အထိ ကြာရှည်သွားခဲ့တာပဲ ၊ မထင်မှတ်ဘဲ အံ့သြစရာလေးတွေ ဖြစ်သွားခဲ့တယ်”

နောက်ဆုံးတော့ ကျန်းရှန် လှုပ်ရှားလာပြီး “ယန်ချဲ့” ကို ကြည့်လိုက်သည်။

“ငါထင်ထားတဲ့အတိုင်း... မင်း ကျောက်စိမ်းကျိုင်းတံအတွက် ဒီကိုရောက်လာတာမဟုတ်လား ၊ မင်းက မြောက်ပိုင်းကြယ်စင်ဧကရာဇ် ကျောက်စိမ်းကျိုင်းတံကို ထိန်းချုပ်ထားတာကို ယိမ်းယိုင်သွားအောင်လုပ်ဖို့အတွက် အထက်ဘုံကမ္ဘာအတွင်းက အမှတ်သင်္ကေတကို နှိုးဆွချင်တာ မဟုတ်လား”

ကောင်းဟန်၏ကိုယ်ပွားဖြစ်သော “ယန်ချဲ့” က ခေါင်းညိတ်ရင်း...

“အဲဒါက အဲဒီမှာရှိနေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ ၊ သူ့ရဲ့ အသုံးဝင်မှုကို ပြသသင့်ပြီပေါ့ ၊ နောက်ဆုံးတော့ ဒီလိုလုပ်ဖို့ အခွင့်အရေးရပြီလေ”

သူ၏မျက်ဝန်းများက အထက်ဘုံကမ္ဘာနှင့် အဂ္ဂိရတ်ခန်းကို ချိတ်ဆက်ထားသော အလင်းတိုင်လုံးကြီးများဆီသို့ ကျရောက်သွားသည်။

ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကြောင့် ရန်ကျောက်ကဲ အံ့အားသင့်သွားမိသော်လည်း သူ၏လုပ်ရပ်များက နှောင့်နှေးခြင်း မရှိခဲ့ပေ။

သူ ချမှတ်ထားသည့် ထုံးတမ်းအစီအရင်ကို ဆက်လက်အသက်သွင်းနေဆဲ ဖြစ်၏။

အဂ္ဂိရတ်ခန်းမတံခါးပွင့်သွားပြီး ခရမ်းရောင်မြူခိုးအလွှာများ အပြင်ဘက်သို့ ပျံ့လွင့်ထွက်ပေါ်လာသည်။

ထိုမြူခိုးငွေ့များက အဆုံးမရှိသည့် တိမ်တိုက်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားပြီး အထက်ဘုံကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

“နောက်ပိုင်းမျိုးဆက်လူငယ်တွေက အတော်လေး ကြောက်စရာကောင်းလာတာပဲ”

ကောင်းဟန်က ချီးကျူးစကားဆိုလိုက်သည်။

သူက အဂ္ဂိရတ်ခန်းမကို အကဲခတ်ကြည့်ရှုလိုက်ရင်း...

“ဒီလောက်အထိ လုပ်နိုင်ကြမယ်လို့ လုံးဝ မျှော်လင့်မထားခဲ့မိဘူး”

ကျန်းရှန်က အဂ္ဂိရတ်ခန်းမကို တိုက်ခိုက်ခြင်း မရှိတော့ပေ။ ထိုအစား သူက ကောင်းဟန်ကိုသာ သတိထားစောင့်ကြည့်နေခဲ့သည်။

လက်ရှိအခြေအနေအရဆိုလျှင် ရန်ကျောက်ကဲ၏အစီအစဉ် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဆိုပါက ကောင်းဟန်အနေဖြင့် အထက်ဘုံကမ္ဘာ ၊ ခွန်လွန်တောင်အောက်ခြေတွင် မြှုပ်နှံထားသည့် ကျောက်စိမ်းကျိုင်းတံ အမှတ်သင်္ကေတကို ထိနိုင်တော့မည် မဟုတ်ပေ။

မဟုတ်ပါက အထက်ဘုံကမ္ဘာအနေဖြင့် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ပြိုကျပျက်ဆီးသွားရမည် ဖြစ်သည်။

အလားတူပင် ကောင်းဟန်က အထက်ဘုံကမ္ဘာ၏ အမှတ်သင်္ကေတကို နှိုးဆွမည်ဆိုပါက ရန်ကျောက်ကဲ၏အစီအစဉ် ရပ်တန့်သွားမည် ဖြစ်သည်။

မဟုတ်ပါက အထက်ဘုံကမ္ဘာပျက်သုဉ်းခြင်းက ဆီကြိုနေပေလိမ့်မည်။

အဓိပ္ပါယ်မှာ ရန်ကျောက်ကဲ၏အစီအစဉ်နှင့် ကောင်းဟန်၏အစီအစဉ်သည် တပြိုင်တည်း ပြုလုပ်နိုင်သည့် ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

“ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ” ကို တည်ထောင်ရာတွင် ကောင်းဟန်ကိုယ်တိုင်ပါဝင်ခဲ့သော်လည်း ၊ နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၏အတွေးများကို မည်သူမှ မှန်းဆနိုင်ခြင်း မရှိခဲ့ကြပေ။

ထို့ကြောင့် ယခုအချိန်တွင် ကောင်းဟန်ဘာလုပ်မည်ကို ကျန်းရှန်သည်လည်း မခန့်မှန်းနိုင်ခဲ့ပေ။

ကောင်းဟန်၏ မူလခန္ဓာမှာ စောမင်ကျန့်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ယနေ့ကိစ္စများကို ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ရန် အင်အားမရှိတော့ပေ။

သူ၏ ကိုယ်ပွားဖြစ်သော ‘ယန်ချဲ့’ ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း စောမင်ကျန့်ကြောင့်ပင် ‘အစစ်အမှန်နတ်ဘုရားအဆင့်’ သို့ ကျဆင်းသွားခဲ့ပြီဖြစ်သည်။

သူက နက်ရှိုင်းနတ်ဘုရားတစ်ပါး ဖြစ်နေလျှင်တောင်မှ အခြေအနေကို ထိန်းချုပ်ပြီး ရန်ကျောက်ကဲတို့အုပ်စုအား ဖိနှိပ်ထားနိုင်မည် မဟုတ်ပေ။

သို့သော် ကောင်းဟန်က ဤနေရာတွင် သတ္တိရှိရှိ ပေါ်လာသည်ဆိုကတည်းက သူ့တွင် မည်သည့်အစီအစဉ်မှ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။

“ဒီနေ့ပြီးရင် ဒီခန္ဓာကိုယ်နဲ့ လှပတဲ့ရှုခင်းတွေကို ကြည့်နိုင်မှာ မဟုတ်တော့ဘူး”

သာမန်လူတစ်ယောက်ပုံစံမျှသာရှိသော “ယန်ချဲ့” က ပြုံးရင်း စကားဆိုလိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးတောက်မီးလျှံများ လောင်ကျွမ်းထွက်ပေါ်လာသည်။

မြောက်များစွာသော မီးတောက်မီးလျှံများက အထက်ဘုံကမ္ဘာဆီသို့ ကျရောက်သွားပြီး ကြီးမားသော အစီအရင်ကြီးတစ်ခု ဖြစ်တည်လာကာ အထက်ဘံဒကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

တစ်ချိန်တည်းမှာပင် “ယန်ချဲ့” ၏ ညာဘက်မျက်လုံးက အခေါင်းပေါက်ကြီးပမာ နက်မှောင်သွားသည်။

အမှောင်ထုထဲမှ မှိန်ဖျော့သည့်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

မှိန်ဖျော့သည့် လရောင်အလင်းတန်းထဲတွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ထင်ဟပ် ထွက်ပေါ်လာလေသည်။

All Chapters