← Chapters

နေနှင့်လ၏အလင်းရောင်ခြည်

Vol. 93 Ch. 1304

နေနှင့်လ၏အလင်းရောင်ခြည်

Vol. 93 Ch. 1304

အခန်း (၁၃၀၄) နေနှင့်လ၏အလင်းရောင်ခြည်

ကောင်းဟန်၏ကိုယ်ပွား စကားပြောနေချိန် ကျန်းရှန်နှင့် ယွဲ့ကျန့်ပေတို့သည်လည်း အချင်းချင်း တိုက်ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်ကြသည်။

ထို့နောက် သူတို့နှစ်ယောက် အတူပူးပေါင်းပြီး “ယန်ချဲ့” အား တိုက်ခိုက်လိုက်ကြသည်။

ဤ “ယန်ချဲ့” က သူတို့အား ခြိမ်းခြောက်နိုင်မှု မရှိသော်လည်း ၊ နေဝန်းထက်ယံအရှင်သခင်က လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သူတို့ ကောင်းစွာ နားလည်ကြသည်။

သူက ကျန်းရှန်နှင့် ယွဲ့ကျန့်ပေရှေ့တွင် သတ္တိရှိရှိ လှုပ်ရှားရဲသည်ဆိုကတည်းက ဤနေရာရှိ လူတိုင်းအား အနိုင်ယူရန် လုံလောက်သည့် ယုံကြည်မှုရှိကြောင်း ထင်ရှားစေသည်။

ဤသို့သော အခြေအနေမျိုးအောက်တွင် ‘ကောင်းဟန်’ အနေဖြင့် အသာစီး ရရှိသွားနိုင်သည်။

သို့ဖြစ်ရာ အားနည်းသည့်ဘက်သို့ကျရောက်သွားသော ကျန်းရှန်နှင့် ယွဲ့ကျန့်ပေတို့မှာ အချင်းချင်း ဆက်သွယ်ပြောဆိုခြင်း မရှိသည့်တိုင် အလိုအလျောက် ပူးပေါင်းသွားကြတော့သည်။

အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော ရန်ကျောက်ကဲသည်လည်း ရွှေရောင်အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်ပြီး “ယန်ချဲ့” ဆီသို့ ပစ်လွှတ်တိုက်ခိုက်လိုက်သည်။

သို့သော် သူတို့အားလုံး၏တိုက်ခိုက်မှု “ယန်ချဲ့” ထံသို့ မရောက်ရှိခင်မှာပင် သူ၏ခန္ဓာကိုယ်ထက်မှ မီးတောက်မီးလျှံများထွက်ပေါ်လာကာ လောင်ကျွမ်းသွားခဲ့သည်။

တဟုန်းဟုန်းတောက်လောင်နေသည့် မီးတောက်မီးလျှံများက ကြီးမားသည့် အစီအရင်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး အထက်ဘုံကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံသွားသည်။

ယန်ချဲ့၏မျက်လုံးအိမ်တစ်ခုမှ မှိန်ဖျော့သည့်အလင်းရောင်များတောက်ပလာပြီး ထိုအလင်းတန်းများက အေးမြသော အဖြူရောင် လရောင်ခြည်များ အဆက်မပြတ် ထွက်ပေါ်လာသည်။

ထိုအဖြူရောင်လရောင်ခြည်များထဲမှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။

ထို့နောက် လရောင်ခြည်အလင်းတန်းများက ကျန်းရှန် ၊ ယွဲ့ကျန့်ပေနှင့် အဂ္ဂိရတ်ခန်းမ၏ တိုက်ခိုက်မှုများကို ပိတ်ဆို့ထားလိုက်သည်။

သိမ်မွေ့သောလရောင်ထဲတွင် မိန်းမပျိုတစ်ယောက်၏ ပုံရိပ်ထွက်ပေါ်လာပြီး ထိုမိန်းမပျိုကို တွေ့သည့်အခါ ကျန်းရှန်၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

“တာအိုရောင်းရင်း’လင်ချင်း’”

ထိုမိန်းမပျိုကိုတွေ့သည့်အခါ ရန်ကျောက်ကဲက အံ့အားသင့်ခြင်း မဖြစ်မိပေ။

‘ကောင်းဟန်’ အနေဖြင့် ဤကိုယ်ပွားကို လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်”ယန်ချဲ့” ဖြစ်လာအောင် ပြုလုပ်နိုင်ခဲ့သည်ဆိုကတည်းက ဤကိုယ်ပွားတွင် လျှို့ဝှက်ပညာရပ်များ ၊ အခွင့်အရေးများနှင့် အောင်မြင်မှုများစွာ ရှိနှင့်နေမည် ဖြစ်သည်။

သို့သော် မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့အား ဖုံးကွယ်ထားနိုင်ရန် အလွန်ခက်ခဲနေသေးသည်။

ထိုသို့သော ဧကရာဇ်များထံမှ ဖုံးကွယ်ထားရန်အတွက် ‘ကောင်းဟန်’ ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပြင် သူ့ကို အကူအညီပေးနေသော အခြားသူတစ်ယောက်လည်း ရှိနေခဲ့သည် အမှန်ပင်။

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’...။

“လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်” က ခဲ့ထူကြယ်ကိုပိုင်စိုးသူဖြစ်ပြီး ခဲ့ထူကြယ်ဆိုသည်က ထူးကဲယင်စွမ်းအားကိုပိုင်ဆိုင်သော “လဝန်း” နှင့် ဆန့်ကြင်ဘက် ဖြစ်၏။

ခဲ့ထူကြယ်၏ လကြတ်ခြင်းစွမ်းအားက ‘လဝန်း’ ၏ ထူးကဲယင်စွမ်းအားအတွက် အဆိုးဆုံး ဖြစ်ခဲ့သည်။

သို့ဖြစ်ရာ ကောင်းဟန်အနေဖြင့် လင်ချင်း၏ အကူအညီ ရယူနိုင်ခဲ့မည်ဆိုလျှင် အရာအားလုံးက သူ့အတွက် ပိုမိုထိရောက်လာမည် ဖြစ်သည်။

အချိန်ကာလတစ်လျှောက်တွင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ်တို့က ပြင်ပဗလာနယ် အဝေးတစ်နေရာတွင် အမြဲတမ်း ပုန်းကွယ်နေခဲ့သည်။

သို့သော် ထိုခေတ်ကာလတွင် ခွန်လွန်အထင်ကရကိုးပါးက အချင်းချင်း အပြန်အလှန်ဆက်သွယ်မှု များစွာရှိခဲ့ကြသည်။

သို့ဖြစ်ရာ ကျင့်ကြံခြင်းအဆင့်တူညီသူများထဲတွင် လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်’ယန်ချဲ့’ ၏ မူမမှန်မှုကိုသတိပြုမိရင် ဖြစ်နိုင်ခြေအမြင့်မားဆုံးသူ ဖြစ်သည်။

ယခု လရောင်ခြည်အတွင်းမှ မိန်းမပျိုမှာ တစ်ချိန်က ‘ထူးကဲယင်သရဖူ’ ၏ပိုင်ရှင်ဖြစ်သော လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ပင် ဖြစ်၏။

သူမက ထူးကဲယင်သရဖူကို အောက်ဘုံကမ္ဘာဖြစ်သည့် ‘အစွန်းရောက်ရှစ်ပါးကမ္ဘာ’ တွင် ချန်ထားရစ်ခဲ့သည်။

အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ အနောက်ဘက်သဲကန္တာရမှရရှိခဲ့သော ကောင်းကင်ဘုံနန်းတော်ထောက်တိုင်ကြီးတွင် သူမ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာသည့်အကြောင်းကို မှတ်တမ်းယူထားခဲ့သည်။

သို့သော် သူမ၏မျက်နှာကို အလွှာတစ်ခုဖြင့် ဖုံးကွယ်ထားသဖြင့် ရှင်းရှင်းလင်းလင်း တွေ့မြင်ရခြင်း မရှိခဲ့ပေ။ ထိုစဉ်အချိန်က ရန်ကျောက်ကဲကလည်း ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသေးသည်ဖြစ်ရာ သူမကို ထိုးဖောက်တွေ့မြင်နိုင်ခြင်း မရှိခဲ့ပေ။

ယနေ့တော့ သူမ၏ရုပ်သွင်ကို ရန်ကျောက်ကဲ တွေ့မြင်ရပြီဖြစ်သည်။

သူမ၏မျက်နှာအနေအထားက သာမန်ထက်သာလွန်သည်။ သူမက မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ လောက် ချောမောလှပခြင်းမရှိသော်လည်း သူပတ်၏ကိုယ်ရောင်ကိုယ်ဝါက ထူးခြားသည့်နတ်ဘုရားတစ်ပါးပမာ ထင်ရှားသည်။

သူမ၏အသွင်အပြင်က လူပေါင်းများစွာကို စွဲဆောင်နိုင်စွမ်း ရှိပေသည်။

ဟုတ်ပေ၏။

ယခုအချိန်တွင် အာရုံစိုက်အခံရဆုံးအရာမှာ သူမ၏ မဟာတာအိုစူးရှတေးသံဖြစ်သည်။ ထိုစူးရှတေးသံက လူတစ်ယောက်၏စိတ်ဝိညာဉ်တွင် ဖြည်းဖြည်းချင်းရောင်ပြန်ဟပ်သွားပြီး စိတ်ကိုဗလာကျင်းသွားစေသည်။

သူမထွက်ပေါ်လာသည်နှင့် သူမ၏ မဟာတာအိုစူးရှတေးသံသည်လည်း တာအိုစကြာဝဠာထဲတွင် ထွက်ပေါ်လာခဲ့သည်။

နှစ်ထောင်ပေါင်းများစွာ အထက်ဘုံကမ္ဘာသို့ မပြန်ဖြစ်သည့်နောက်ပိုင်း ၊ လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က မူလသမ္မာတရားကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီး အမတချီစွမ်းအား(၅)ခု ပေါင်းစည်းကာ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

“ယန်ချဲ့” ၏ ညာဘက်မျက်ဝန်းဆီမှ လင်ချင်း၏ပုံရိပ် ခုန်ထွက်လာပြီး သူမ၏ အေးစက်သောအကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးသို့ လှည့်ပတ်ကျရောက်သွားသည်။

“ယန်ချဲ့” ၏ ခန္ဓာကိုယ်က မီးတော်ကမီးလျှံအဖြစ် အသွင်ပြောင်းသွားပြီး အထက်ဘုံကမ္ဘာဆီသို့ ကျရောက်သွားသည်။

မီးလျှံများဖြင့်ဖွဲ့စည်းထားသော ကြီးမားသည့်အစီအရင်ကြီးက အထက်ဘုံကမ္ဘာအပြင်ဘက် ဗလာနယ်လေထုထဲတွင် လှည့်ပတ်နေသည်။

ဆွဲငင်အားကိုခံစားရပြီးနောက် အထက်ဘုံကမ္ဘာတစ်ခုလုံးနှင့် ခွန်လွန်တောင်တစ်ခွင်မှ ဝိညာဉ်စွမ်းအားအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ဖြာလင်းမြင့်တက်သွားသည်။

ထိုအလင်းတန်းများက အထက်ဘုံကမ္ဘာအပြင်ဘက်မှ မီးတောက်မီးလျှံများနှင့် ပေါင်းစည်းသွားသည်။

ရုတ်တရက် ခွန်လွန်တောင်တစ်ခုလုံး တုန်ခါသွားသလို အထက်ဘုံကမ္ဘာ အနှံ့အပြားမှ ထွက်ပေါ်နေသည့် တောက်ပသည့်အလင်းတန်းများသည်လည်း အဆက်မပြတ် တုန်ခါလာသည်။

ထိုအလင်းရောင်များမှာ ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင် ယခင်က တည်ဆောက်ထားခဲ့သော ‘ဖန်းဝေ့’ အစီအရင်ပင် ဖြစ်သည်။

အထက်ဘုံကမ္ဘာတစ်ခုလုံးနီးပါးကို လွှမ်းခြုံထားသည့် ဖန်းဝေ့အစီအရင်က ထိုအခိုက်အတန့်တွင် စတင်လည်ပတ်လာပြီး အထက်ဘုံကမ္ဘာအပြင်ဘက်မှ မီးလျှံအစီအရင်ကြီးကို ကူညီထောက်ပံ့ပေးလိုက်သည်။

၎င်းက အလွန်ကြီးမားသော ဆွဲငင်အားကို ဖြစ်ပေါ်စေကာ ခွန်လွန်တောင်တစ်ခုလုံးကို အမြစ်မှ ဆွဲနှုတ်လိုက်သည့်ပမာ ဖြစ်သည်။

သို့သော် ဖန်းဝေ့အစီအရင်မှထွက်ပေါ်လာသော ဝိညာဉ်စွမ်းအားအလင်းတန်းများက အလွန်လျှင်မြန်စွာပင် ခြောက်သွေ့ညှိုးနွမ်းသွားသည်။

ကောင်းဟန်၏အကြံအစည် မည်သို့ရှိသည်မသိသော်လည်း သူ့တွင် အကြံအစည်တစ်ခုခုရှိနိုင်ကြောင်း ရန်ကျောက်ကဲတို့အုပ်စု ခန့်မှန်းမိခဲ့ကြသည်။

ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့က သူတို့အပေါ် သူတစ်ပါး အသုံးချသည်ကို စိတ်မဝင်စားခဲ့ကြပေ။ သူတို့အနေဖြင့် ကောင်းဟန်၏လမ်းကြောင်းအတိုင်း လိုက်လံလုပ်ဆောင်မည် မဟုတ်ပေ။

ထို့ပြင် သူတို့အနေဖြင့် မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ ကို ရှာဖွေရန်အတွက် ဖန်းဝေ့အစီအရင်ကို အသုံးပြုရန် မလိုအပ်ခဲ့ကြပေ။

ယခု ဖန်းဝေ့အစီအရင် အားပျော့သွားသည်နှင် ခွန်လွန်တောင်၏ တုန်ခါမှုသည်လည်း အနည်းငယ် အားပျော့သွားသည်။

အရှိန်အဟုန်သည်လည်း အနည်းငယ် အားပျော့သွားသည်။ သို့သော် ခွန်လွန်တောင်၏ တုန်ခါခြင်းက ရပ်တန့်သွားခြင်းမရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲပင်။

ထင်ရှားသည်မှာ ကောင်းဟန်သည်လည်း သူ၏အစီအစဉ် အဓိကအစိတ်အပိုင်းတွင် အခြားသူများ၏ အကူအညီကို ရယူရန် အစီအစဉ်မရှိသည်မှာ ထင်ရှားသည်။

ကောင်းဟန်က သူ၏အဓိကထုံးတမ်းအစီအရင်ကို အရှိန်မြှင့်တင်ရန်အတွက် ဖန်းဝေ့အစီအရင်ကို ဓာတ်ကူပစ္စည်းအဖြစ် အသုံးပြုခြင်း ဖြစ်သည်။

ယခု ဖန်းဝေ့အစီအရင်ကို အသုံးပြု၍မရတော့လေရာ ကောင်းဟန်၏ ထုံးတမ်းအစီအရင်က များစွာနှေးကွေးသွားသည်။ သို့တိုင် ထိုအစီအရင်က ဆက်လက်လည်ပတ်နေပြီး ထိုရောက်မှုကို ပြသနေဆဲပင်။

ခွန်လွန်တောင်က ဆက်လက်တုန်ခါနေဆဲဖြစ်သလို ရန်ကျောက်ကဲကလည်း သူ၏ထုံးတမ်းအစီအရင်ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။

နှစ်ဖက်လုံး၏ သက်ရောက်မှုများကို ခံစားရသည့်နောက် အထက်ဘုံကမ္ဘာ၏ ဗလာနယ်အရံအတားများ မတည်မငြိမ် ဖြစ်လာတော့သည်။

မိုးနှင့်မြေအကြားဖန်တီးထားသည့် အထက်ဘုံကမ္ဘာ၏ ဗလာနယ်အရံအတားများ တဖြည်းဖြည်းပုံပျက်လာပြီး အက်ကြောင်းများထင်လာသည်။

အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက အထက်ဘုံကမ္ဘာပြိုကွဲသွားပြီး နောက်ဆုံးတွင် ပျက်ဆီးပြိုကျသွားပေလိမ့်မည်။

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ထွက်ပေါ်လာပြီးနောက် သူမက မည်သည့်စကားမှမဆိုခဲ့ပေ။ သူမက လက်ဖဝါးတစ်ဖက်ဆန့်ထုတ်လိုက်ပြီး လေထုထဲသို့ ခုတ်ပိုင်းချလိုက်သည်။

သူမ၏လက်ဝါးရိုက်ချက်ထွက်ပေါ်လာသည်နှင့် အဂ္ဂိရတ်ခန်းမနှင့် အထက်ဘုံကမ္ဘာချိတ်ဆက်ထားသော အလင်းတိုင်လုံးကြီးများ ရုတ်တရက် မတည်မငြိမ် ဖြစ်သွားကာ အဂ္ဂိရတ်ခန်းမနှင့် အထက်ဘုံကမ္ဘာကြား ချိတ်ဆက်မှုသည်လည်း အားနည်းသွားသည်။

အထက်ဘုံကမ္ဘာတွင် ရန်ကျောက်ကဲ ချမှတ်ထားသည့် အင်းသင်္ကေတအလင်းတန်းများက စတင်မှိန်ဖျော့လာသည်။

အထက်ဘုံကမ္ဘာအား လွန်ကဲစွာလွှမ်းမိုးနေသည့် ထုံးတမ်းအစီအရင်နှစ်ခုအနက် တစ်ခုက အားနည်းသွားသဖြင့် အထက်ဘုံကမ္ဘာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။

ဝိညာဉ်စွမ်းအားလည်ပတ်မှုက အဆက်မပြတ် ပြောင်းလဲနေသေးသော်လည်း တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပြီး မိစ္ဆာချီစွမ်းအားက ဟန်ချက်ညီခြင်းကို ဖျက်ဆီးနိုင်သောအဆင့်အထိ မြင့်တက်မလာနိုင်တော့ဘဲ တဖြည်းဖြည်းပြယ်လွင့်သွားကာ အထက်ဘုံကမ္ဘာ ပျက်ဆီးမည့်အခြေအနေမှ လွတ်မြောက်သွားသည်။

ဤသို့ဖြင့် ကောင်းဟန်၏အစီအစဉ်က သူစီစဉ်ထားသည့်အတိုင်းဆက်သွားမည်ဖြစ်ပြီး ရန်ကျောက်ကဲ၏အစီအစဉ်က ရပ်တန့်သွားမည် ဖြစ်သည်။

အထက်ဘုံကမ္ဘာ ပျက်ဆီးမသွားစေရန်အတွက် သူတို့နှစ်ယောက်၏ အစီအစဉ်များထဲမှ တစ်ခုသာလျှင် အောင်မြင်နိုင်မည် ဖြစ်သည်။

တစ်ယောက်အောင်မြင်လျှင် နောက်တစ်ယောက် မအောင်မြင်နိုင်တော့ပေ။

ထိုသို့သောအခြေအနေမျိုးတွင် အားကောင်းသည့်ဘက်က အောင်ပွဲကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။

ရှုံးနိမ့်သူကတော့ သူ၏အစီအစဉ်ကို ဆက်လက်ပြုလုပ်နိုင်တော့မည်မဟုတ်သလို အထက်ဘုံကမ္ဘာပျက်ဆီးမည့်အန္တရယ်ရင်ဆိုင်ရသည့်တိုင် ပြိုင်ဘက်အားတိုက်ခိုက်ရန် အခွင့်အရေး ရရှိတော့မည် မဟုတ်ပေ။

ကျန့်ဟွမ်ဓားဧကရာဇ် ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ဓားဝိညာဉ်အလင်းတန်းတစ်ခု မြင့်တက်လာသည်။ သူက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ ရုပ်ခန္ဓာအား စတေးခံတည်ဆောက်ထားသည့် မီးလျှ့အစီအရင်ကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

ကောင်းဟင်နှင့် ရန်ကျောက်ကဲ မည်သည့်ဘက်က အောင်မြင်ပါစေ မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ ဖြစ်စေချင်သည့်ရလဒ်မျိုး ထွက်ပေါ်လာမည် မဟုတ်ပေ။

ထို့ကြောင့် သူကလည်း တိုက်ခိုက်မှုကို စတင်လိုက်သည်။

လင်ချင်း၏ပုံသဏ္ဌန်က စကြာဝဠာဗဟိုချက်တွင် တည်ရှိနေသည့်ပမာ ဖြစ်သည်။

အဖြူရောင် လရောင်ခြည်အလင်းတန်းနှစ်ခုထွက်ပေါ်လာပြီး ယွဲ့ကျန့်ပေနှင့် ကျန်းရှန်တို့နှစ်ယောက်လုံး၏ တိုက်ကွက်များကို ပိတ်ဆို့ထားလိုက်သည်။

ထို့နောက် တတိယမြောက် လရောင်ခြည်အလင်းတန်းထွက်ပေါ်လာပြီး အဂ္ဂိရတ်ခန်းမမှ ပစ်လွှတ်လိုက်သည့် ရွှေရောင်အလင်းတန်းဆီသို့ ကျရောက်သွားသည်။

သူမ၏မျက်ဝန်းများက တစ်ချက်ယိမ်းယိုင်ခြင်းမရှိဘဲ သူမ၏ပတ်ပတ်လည်တွင် အေးမြတိတ်ဆိတ်သည့် လရောင်ခြည်က စကြာဝဠာတစ်ခုလုံးအား ဖြန့်ကျက်တောက်ပနေသည်။

သူမ၏မျက်ခုံးနှစ်ခုကြားတွင် ရွှေနီရောင် အလင်းတန်းတစ်ခု တောက်ပနေသည်။

ထိုအလင်းတန်းက လရောင်ကိုထိုးခွင်းထွက်ပေါ်လာသော နေဝန်းတစ်ခုပမာ ဖြစ်၏။

နေရောင်ခြည်နှင့် လရောင်ခြည် နှစ်ခုလုံး ထွက်ပေါ်လာသည့်အခါ လင်ချင်း၏ အမတစွမ်းအားရောင်ဝါက ရုတ်တရက် အရှိန်အဟုန်ပြင်းထန်စွာ တောက်လောင်လာသည်။

သူမ၏ ထိုက်ရွှီးမူလနတ်ဘုရားအဆင့် တန်ခိုးစွမ်းအားက ကျန်းရှန် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ရှိစဉ်ကထက်ပင် ပိုမိုကြောက်စရာကောင်းသည်။

ထို့နောက် လင်ချင်း၏ မျက်ခုံးနှစ်ခုကြားမှ ရွှေရောင် အလံရျည်တစ်ခုထွက်ပေါ်လာပြီး ထိုအလံရှည်က သူမ၏ဦးခေါင်းထက်တွင် လှည့်ပတ်သွားသည်။

ထိုအလံရှည်ကိုမြင်သည်နှင့် ရန်ကျောက်ကဲ ၊ ကျန်းရှန်နှင့် ယွဲ့ကျန့်ပေတို့အားလုံး စိတ်ပျက်လက်ပျက် ခံစားလိုက်ကြရတော့သည်။

ထိုအလံရှည်က ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည်။

သူမလက်ထဲမှ အလံရှည်နှင့်ဆိုလျှင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရွှမ်ဟွမ်ဧကရီနှင့် နွယ်ပင်ဧကရီရောက်ရှိလာလျှင်ပင် လင်ချင်းက သူတို့အားလုံးကို ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။

ကျန်းရှန် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ ချက်ချင်းပြန်လည်ရောက်ရှိလာလျှင်ပင် သူ့အနေဖြင့် ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းကို အချိန်မီ ခုခံတိုက်ခိုက်နိုင်မည် မဟုတ်ပေ။

လင်ချင်းက ကျန်းရှန်နှင့် အချိန်သိပ်မကွာဘဲ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်ခဲ့သူ ဖြစ်သည်။ သို့ဖြစ်ရာ သူမလက်ထဲမှ ထိုက်ရွှီးမူလအဆင့် အမတမှော်ဝင်ပစ္စည်းက သူမပိုင်ဆိုင်သောပစ္စည်း မဟုတ်ပေ။

ထိုပစ္စည်းက ‘ကောင်းဟန်’ ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်စဉ်က ဖန်တီးပြုလုပ်ထားသော ရတနာပစ္စည်း ဖြစ်သည်။

စောမင်ကျန့်ကြောင့် ကောင်းဟန် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။

သို့သော် သူက စောမင်ကျန့်၏တိုက်ခိုက်မှုကို ခုခံရာတွင် ဤ ‘သူတော်စင်အလင်းအလံရှည်’ ကို အသုံးမပြုခဲ့ပေ။

တာအိုစကြာဝဠာတစ်ခုလုံးအား ဖိနှိပ်ထားနိုင်ရန်အတွက် ကောင်းဟန်က ဤအလံရှည်ကို လင်ချင်းထံသို့ ပေးအပ်ထားခဲ့ခြင်း ဖြစ်လေသည်။

All Chapters