← Chapters

အထက်ဘုံကမ္ဘာ၏နယ်မြေတစ်ဝက်ကျော်ကိုယူဆောင်သွားခဲ့ပြီ

Vol. 94 Ch. 1309

အထက်ဘုံကမ္ဘာ၏နယ်မြေတစ်ဝက်ကျော်ကိုယူဆောင်သွားခဲ့ပြီ

Vol. 94 Ch. 1309

အခန်း (၁၃၀၉) အထက်ဘုံကမ္ဘာ၏နယ်မြေတစ်ဝက်ကျော်ကိုယူဆောင်သွားခဲ့ပြီ

အကယ်၍ လူတစ်ယောက်က ပြင်ပဗလာနယ်ထဲမှနေပြီး အထကဘုံကမ္ဘာကို လှမ်းကြည့်မည်ဆိုပါက မည်သည့်အပြောင်းအလဲကိုမှ တွေ့ရှိရမည် မဟုတ်ပေ။

အထက်ဘုံကမ္ဘာ နယ်မြေများ၏ အရွယ်အစားနှင့်ပုံသဏ္ဌန်က အရင်ကအတိုင်းပင် ရှိနေပေသည်။

သို့သော် အထက်ဘုံကမ္ဘာအတွင်း ရှိနေသူများကတော့ သူတို့တွေ့မြင်ရသည့် ဖြစ်စဉ်ကြောင့် ထိတ်လန့်သွားကြရသည်။ သူတို့နေထိုင်သည့်ကမ္ဘာကြီး၏ ကောင်းကင်ယံထက်မှ အသွင်အပြင်များ ပြောင်းလဲနေကြောင်း တွေ့မြင်ကြရသည် မဟုတ်ပါလား။

အထက်ဘုံကမ္ဘာတစ်ခုလုံးသို့ မွှေးပျံ့သည့် ဆေးရနံ့များက လွှမ်းခြံသွားသည်။

အဂ္ဂိရတ်ခန်းမက ၎င်း၏တန်ခိုးစွမ်းအားများကို အဆက်မပြတ် ပြသနေချိန် အဂ္ဂိရတ်ခန်းမအတွင်းရှိစကြာဝဠာက အထက်ဘုံကမ္ဘာနှင့် ချိတ်ဆက်ထားသည်။

ကောင်းကင်ထက်တွင် ကြီးမားကျယ်ပြန့်သည့် ဝဲဂယက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ထိုဝဲဂယက်ကြီးက အဆက်မပြတ်ချဲ့ထွင်လာပြီး အထက်ဘုံကမ္ဘာ၏ ကောင်းကင်တစ်ခွင်လုံးအား လွှမ်းခြုံသွားသည်။

အထက်ဘုံကမ္ဘာ၏ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်က အပြောင်းအလဲများကို ပထမဆုံး စတင်တွေ့ကြုံခဲ့ရသည်။

တောက်ပသည့်အလင်းတန်းများက အထက်သို့လွင့်ထွက်လာပြီး ကျယ်ပြန့်သည့်ဝဲဂယက်ထဲတွင် ပျောက်ကွယ်သွားကြသည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်၏ ကြီးမားကျယ်ပြန့်သော ကုန်းမြေများ ၊ မြစ်များ ၊ ပင်လယ်များ၊ တောင်တန်းများနှင့် လယ်ကွင်းများအားလုံးသည် တောက်ပသည့်အလင်းတန်းများအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။

လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ်၊ သက်ရှိသတ္တဝါများအားလုံးက အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး နေရာမှာပင် ပျောက်ကွယ်သွားကြသည်။

သက်ရှိများအားလုံးနှင့် ပုံသဏ္ဌန်ရှိသော အရာဝတ္ထုများအားလုံးက သာလွန်တည်ရှိမှုများ ဖြစ်လာကြပြီး အလင်းတန်းများ၏လွှမ်းမိုးမှုအောက်တွင် သူတို့က အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့်အတူ အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားကြတော့သည်။

အထက်ဘုံကမ္ဘာတစ်ခုလုံးက ကျုံ့ဝင်သွားပုံရသည်။

ဤဖြစ်စဉ်က အထက်ဘုံကမ္ဘာ အတင်းအကျပ် ထက်ပိုင်းကွဲ ပျက်ဆီးသွားခြင်းမျိုး မဟုတ်ပေ။

အရှေ့ပိုင်းကျယ်ပြန့်ကောင်းကင်ပြည်နယ်က အထက်ဘုံကမ္ဘာတွင် ဘယ်တုန်းကမှ မတည်ရှိခဲ့သည့်အလား ထူးခြားစွာပင် သဘာဝကျစွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

အထက်ဘုံကမ္ဘာ စတင်တည်ထောင်သည့် ကနဦးအချိန်ကတည်းပင် နယ်မြေ(၈)ခုသာလျှင် ရှိခဲ့သည့်ပမာ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားသော လူအနည်းငယ်သာလျှင် အထက်ဘုံကမ္ဘာတွင် ကျန်ရှိနေကြပြီး သူတို့အားလုံးက ခွန်လွန်တောင်တွင် နေထိုင်ကြသည်။

သူတို့အားလုံး အံ့အားသင့်စွာဖြင့် အရှေ့ပိုင်းနယ်မြေဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ လုပ်ရပ်မျိုးလဲ...”

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်က အဖြစ်အပကျ်များကို ကြည့်ရှုရင်း စိတ်ရှုပ်ထွေးသည့်အမူအရာ ဖြစ်ပေါ်လာသည်။ သူ့နှလုံးသားထဲ ခံစားချက်မျိုးစုံ ရောထွေးလျှက် ရှိသည်။

အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ပြီးဆုံးသည့်နောက် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်တို့တွင် အပြောင်းအလဲများ  ဖြစ်ပေါ်ခဲ့သည်။

အထက်ဘုံကမ္ဘာအရှေ့ခြမ်းရှိ နယ်မြေ(၃)ခုလုံး အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး အထက်ဘက်သို့ အဆက်မပြတ် မြင့်တက်သွားကြသည်။

ထိုနယ်မြေများအားလုံး ကောင်းကင်တစ်ခွင်လွှမ်းခြုံထားသည့် ကျယ်ပြောလှသော ဝဲဂယက်အတွင်းဝင်ရောက်ကာ အထက်ဘုံကမ္ဘာမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားကြသည်။

“အရှေ့မြောက်ထိပ်တန်းအရှင်သခင်’လျို’ နဲ့ အရှေ့တောင်ထိပ်တန်းအရှင်သခင်’ချောင်’ တို့က သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတာလား...”

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ရေရွတ်လိုက်သည်။

ဤထွက်ခွာမှုတွင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်နှင့် အရှေ့မြောက် မင်ထျန်းကောင်းကင်ပြည်နယ်မှ လူသားတိုင်း ၊ အရာဝတ္ထုတိုင်း ပါဝင်သွားကြမည် ဖြစ်သည်။

သူတို့အထဲမှလူတိုင်းက ဒီလိုလုပ်ရန် ဆန္ဒရှိကြမည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လုပ်ငန်းစဉ်အောင်မြင်ခဲ့သည်ကို သုံးသပ်ကြည့်မည်ဆိုပါက အရှေ့မြောက်ထိပ်တန်းအရှင်သခင်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်တို့၏ အပြည့်အဝသဘောတူညီမှုနှင့် ထောက်ခံမှုတို့ကြောင့်သာ ဖြစ်ပေလိမ့်မည်။

ထိုနယ်မြေ (၂)ခုကို အုပ်စိုးသည့် ထိပ်တန်းအရှင်သခင်များမှာ ထိုနယ်မြေတွင်နေထိုင်သည့် အလယ်ဆင့်နှင့် အဆင့်နိမ့်ကျင့်ကြံသူများ ၊ သေမျိုးလူသားများအပေါ်တွင် အကြွင်းမဲ့ အာဏာတည်ကြသည် မဟုတ်ပါလား။

ပြီးတော့ ယခုကဲ့သို့ လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရန် အချိန်တစ်ခုလိုအပ်ပြီး တစ်ခဏအတွင်း ဖြစ်လာနိုင်သည့်ကိစ္စမျိုး မဟုတ်ပေ။

အရှေ့ပိုင်းနယ်မြေ (၃)ခုအပြီးတွင် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်နှင့် အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်တို့တွင် အပြောင်းအလဲများ တပြိုင်နက်တည်း ဖြစ်ပွားခဲ့သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာရှိ နယ်မြေ(၉)ခုအနက် နယ်မြေ (၅)ခုက တပြိုင်နက်တည်း အထက်ဘုံကမ္ဘာမှ ပျောက်ကွယ်သွားခဲ့သည်။

ထိုနယ်မြေများမှာ အရှေ့မြောက် ၊ အရှေ့တောင် ၊ အရှေ့ပိုင်း ၊ တောင်ပိုင်းနှင့် အနောက်တောင်ပိုင်း နယ်မြေများ ဖြစ်ကြသည်။

အချိန်တစ်ခုကြာသွားပြီးနောက် ခွန်လွန်တောင်တည်ရှိရာ အလယ်ပိုင်းကျွင်းထျန်းကောင်ကင်ပြည်နယ်သည်ပင် စတင်တုန်လှုပ်လာသည်။

အားလုံးလှမ်းကြည့်လိုက်တော့ ခွန်လွန်တောင် မြောက်ဘက်ခြမ်းတွင်တည်ရှိသော ကျောက်စိမ်းကျောက်ဆောင်မှအစပြုပြီး အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ကြရသည်။

ခွန်လွန်တောင်မှ ကျောက်စိမ်းကျောက်ဆောင် ၊ ကျောက်စိမ်းကောင်းကင်တောင်ထွတ် ၊ နဂါးလိပ်ပြာတောင်ကြားနှင့် ယခင်က ထုန်းမင်ဧကရာဇ်နေထိုင်ရာဖြစ်သော နေရာဟောင်းတို့က ကောင်းကင်ထက်သို့ မြင့်တက်ပျောက်ကွယ်သွားကြသည်။

အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်ရှိ အချို့နေရာများသည်လည်း သံ့တံ့ရောင်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

သိုင်းကျင့်ကြံသူများက သူတို့လက်ထဲတွင်ရှိနေသော တိုကင်ပြားများကို ကြည့်လိုက်ကြသည်။

“ဒါက ထျန်းကျိခန်းမ တုံကင်ပြားတွေရဲ့  ရည်ရွယ်ချက်အစစ်အမှန်လား...”

အချို့သူများက မိမိနေထိုင်ရာကိုစွန့်ပစ်ပြီး ထွက်ခွာသွားလိုစိတ် မရှိကြပေ။

သူတို့စိတ်ထဲ ထိုသို့အတွေးဖြစ်ပေါ်လာသည်နှင့် တိုကင်ပြားမှထွက်ပေါ်နေသည့် အလင်းရောင် ပျောက်ကွယ်သွားတော့သည်။

လူတိုင်း ထိုအချက်ကို သတိပြုမိသွားသည့်နောက် ပို၍ ချီတုံချတုံ ဖြစ်သွားကြသည်။

ထွက်ခွာသွားမည်လား ၊ နေခဲ့မည်လား။

သူတို့အနေဖြင့် အမတခုံရုံး၏တည်ရှိမှုကို မသိရှိကြသည့်အပြင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် စောမင်ကျန့်ကြားမှ ရန်လိုမှုကိုလည်း မသိရှိကြပေ။

သို့သော် သူတို့အများစုက ရန်ကျောက်ကဲ ၊ ကျန့်ဟွမ်ဓားဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့အုပ်စုနှင့်  တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ကြားမှ တိုက်ပွဲအကြောင်းကိုတော့ သိရှိထားကြသည်။

ယခုအခိုက်အတန့်တွင် သူတို့အနေဖြင့် ဆုံးဖြတ်ချက်ချရပေမည်။

များပြားလှစွာသော တိုကင်ပြားများမှ အချို့အလင်းတန်းများက တောက်ပသွားပြီး အချို့အလင်းတန်းများက ငြိမ်းသတ်သွားကြသည်။

တောက်ပသည့်အလင်းတန်းများကတော့ ကောင်ကင်ထက်ရှိ ဝဲဂယက်ရှိရာသို့ ပျံသန်းထွက်ခွာသွားကြသည်။

ရုတ်တရက် အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ် အပိုင်းပိုင်းအက်ကွဲသွားသလို ခံစားလိုက်ရသည်။

တစ်ချိန်တည်းပင် ခွန်လွန်တောင်အောက်ဘက်မှ ရောင်စဉ်(၃)ခု ဖြာလင်းလာသည်။

မည်သည့်အသံမှ ထွက်ပေါ်လာခြင်းမရှိဘဲ ထိုရောင်စဉ်(၃)ခုက ခွန်လွန်တောင်ကို ထောက်ပံ့ပေးပြီး အလယ်ပိုင်းကျွင်းထျန်းကောင်းပင်ပြည်နယ်၏ ကျန်ရှိသော ဧရိယာများကို တည်ငြိမ်စေရန် ကူညီပေးလိုက်သည်။

ထို့ကြောင့်ပင် ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကြီးသည် တည်ငြိမ်မှုပြန်လည်ရရှိသွားပြီး အန္တရယ်ရှိသော အနေအထား မရှိတော့ပေ။

သို့သော် ဤကမ္ဘာပေါ်မှ လူပေါင်းများစွာကတော့ အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထက်မှ ဝဲဂယက်ဆီသို့ လိုက်ပါသွားကြပြီ ဖြစ်လေသည်။

အထက်ဘုံကမ္ဘာ၏ ဖွဲ့စည်းမှု ပုံစံပျက်ယွင်းသွားသည့်အခြေအနေက တစ်ခါမြင်ရုံဖြင့် ထာဝရ မမေ့နိုင်သော မြင်ကွင်းမျိုး ဖြစ်သည်။

အထက်ဘုံကမ္ဘာအပြင်ဘက် ၊ တာအိုစကြာဝဠာထဲတွင်ရှိနေသော မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ က ဤဖြစ်ရပ်ကို ရပ်တန့်ချင်နေမိသည်။

အဆုံးသတ်မှာတော့ လင်ချင်းက ဖန်းယွင်ရှန်း၏ ပိတ်ဆို့ထားခြင်းကိုခံရပြီး ကောင်းဟန်၏အစီအစဉ်များ ပျက်ယွင်းသွားခဲ့သည်။

သို့ဖြစ်ရာ ကျန်းရှန်အတွက် ပထမဦးစားပေးမှာ ရန်ကျောက်ကဲတို့အုပ်စု ဖြစ်လာသည်။

သို့သော် ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ က သူ့အနားတွင် ရှိနေသည်။

ရန်‌ကျောက်ကဲကိုယ်တိုင်ကလည်း ကျန်းရှန်ကို လျစ်လျူရှုမထားခဲ့ပေ။

သူက ထုံးတမ်းအစီအရင်ကို အရှိန်မြှင့်တင်ရင်း အဂ္ဂိရတ်ခန်းမ၏ တန်ခိုးစွမ်းအားကို အသုံးပြုကာ ကျန်းရှန်ကို မကြာခဏ တိုက်ခိုက်နေခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းက ကျန်းရှန် ရှေ့တိုးလာပြီး တုံးတမ်းအစီအရင်ကို မနှောက်ယှက်စေရန် တားဆီးခြင်း ဖြစ်၏။

အချိန်ကြာသွားသည်နှင့် ကောင်းဟန်တည်ဆောက်ထားသည့် မီးလျှံအစီအရင်ကြီးက ငြိမ်းသတ်သွားခဲ့သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာ၏ နယ်မြေတစ်ဝက်ကျော်သည်လည်း အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။

အဂ္ဂိရတ်ခန်းမ စကြာဝဠာထဲတွင် အလင်းတန်းများစွာ မရပ်မနား ထွက်ပေါ်လာနေသည်။

ထိုအချိန်...

လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ က ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေလေသည်။

ဖန်းယွင်ရှန်းက သူမကို တည်ငြိမ်စွာပင် ပြန်လည်စူးစိုက်ကြည့်ရင်း...

“အကြီးအကဲကို အပြစ်ပြုမိသလိုဖြစ်ရင် တောင်းပန်ပါတယ်”

သူမအနေဖြင့် ဒဏ္ဍာရီဆန်သော လဝန်းထက်ယံအရှင်သခင်ကို ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်သလို ရင်ဆိုင်ရခြင်းလည်း ဖြစ်သည်။

‘လဝန်းထက်ယံအရှင်သခင်’ ဆိုသည်က ထူးကဲယင်သရဖူကို တီထွင်ဖန်တီးသူဖြစ်သလို ထိုသရဖူ၏ မူလပိုင်ရှင်လည်း ဖြစ်သည်။

ပြီးတော့ သူမက ထူးကဲယင်သရဖူကို အစွန်းရောက်ရှစ်ပါးကမ္ဘာထွင် ထားခဲ့သူလည်း ဖြစ်သည်။

အတိတ်တစ်ချိန်က ဖန်းယွင်ရှန်း၏ဘဝရည်မှန်းချက်မှာ ထိုသရဖူ ဖြစ်ခဲ့သည်။ ထိုသရဖူကြောင့်ပင် သူမဘဝသည်လည်း အတက်အကျ အနိမ့်အမြင့် အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံး ထူးကဲယင်သရဖူ သူမလက်ထဲရောက်ရှိလာခဲ့ပြီး သူမ၏ရည်မှန်းချက်သည်လည်း အောင်မြင်သွားခဲ့သည်။

ယခုဆိုလျှင် ထူးကဲယင်သရဖူသည် အဆင့်အမြင့်ဆုံးသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုဖြစ်သော်လည်း သူမအတွက်သိပ်ပြီးအသုံးမဝင်လှတော့ပေ။

သို့သော် သူမ၏ နှလုံးသားထဲတွင် ထူးခြားသော အနေအထားတစ်ခုအဖြစ် ရှိနေသေးသည်။

အတိအကျပြောရလျှင် သူမ ဝါဒတောင်သို့ ဝင်ရောက်နိုင်ခဲ့သည်မှာ ထူးကဲယင်သရဖူကြောင့်ဖြစ်ပြီး ၊ ထိုသရဖူကြောင့်ပင် သူမဘဝတွင် အလှည့်အပြောင်းများစွာ ကြုံတွေ့ရင်ဆိုင်ခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ ဤသို့သောအခြေအနေမျိုးဖြင့် ထိုအထွတ်ထိပ်မှော်ဝင်ပစ္စ်ညး၏ မူလပိုင်ရှင်နှင့် တွေ့ဆုံရမည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။

ဖန်းယွင်ရှန်း၏စိတ်ခံစားချက်များ ပြင်းထန်နေသည့်တိုင် ဓားကိုင်ထားသည့် သူမ၏လက်ကတော့ တစ်ချက်လေးပင် လှုပ်ခတ်သွားခြင်း မရှိခဲ့ပေ။

သူမ ကူညီပေးရမည့် ပိုမိုအရေးပါသော လူတစ်ယောက် ရှိနေခဲ့သည်။

ယနေ့တိုက်ပွဲက သူတို့နှစ်ယောက် ပြန်လည်ဆုံတွေ့သည့် အကောင်းဆုံးနည်းလမ်း ဖြစ်နိုင်သည်။

ဤသည်က ကံကြမ္မာကို သက်သေပြနေခြင်းဖြစ်ပြီး သူမသည်လည်းကံကြမ္မာ၏ဆုံးဖြတ်ချက်ကို ဆန့်ကျင်နေခြင်း ဖြစ်သည်။

လင်ချင်းက ဖန်းယွင်ရှန်းကိုကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဒီလောက် အားနာနေဖို့ မလိုပါဘူး ၊ ငါက ထူးကဲယင်သရဖူကို အောက်ဘုံကမ္ဘာတစ်ခုမှာ ထားခဲ့ရုံပါပဲ ၊ ဘာလို့လဲဆိုတော့ အဲဒီလိုလုပ်သင့်တယ်လို့ ခံစားရလို့ပါ ၊ မင်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်တဲ့အတွက် ထူးကဲယင်သရဖူကို ရယူနိုင်တာဟာ မင်းရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ ကံကြမ္မာကြောင့်ပါပဲ”

သူမက ဆက်ပြောလိုက်သည်။

“မင်းသာ လွှမ်းမိုးနိုင်စွမ်းမြင့်မားတဲ့သူတစ်ယောက် မဟုတ်ရင် အခု ငါ့ရှေ့မှာရှိနေတဲ့သူက ကျန်းရွှင်ဟွား ဖြစ်နေမှာပဲ”

သူမက အဂ္ဂိရတ်ခန်းမနှင့် အထက်ဘုံကမ္ဘာဆီသို့ လှည့်ကြည့်လိုက်သည်။

“ကောင်းဟန်နဲ့ တခြားသူတွေပြောတာ အမှန်ပါပဲ ၊ နောက်ပိင်းလူငယ်တွေက တကယ့်ကို အံ့သြစရာကောင်းလွန်းတယ်”

ယခု ကောင်းဟန်၏ ထုံးတမ်းအစီအရင်က လုံးဝ ပျက်ဆီးသွားပြီ ဖြစ်ပြီး ရန်ကျောက်ကဲ၏ ထုံးတမ်းအစီအရင်က အောင်မြင်တော့မည် ဖြစ်သည်။

လင်ချင်းက အထက်ဘုံကမ္ဘာကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်မရှိသလို ကျန်းရှန်ကိုလည်း ကူညီလိုစိတ် မရှိပေ။ ထို့အတူ သူမက အမတခုံရုံးမှ ကျင့်ကြံသူများကို ပို၍ပင် ကူညီမည် မဟုတ်ပေ။

ထို့ကြောင့် သူမ ဤနေရာတွင် ဆက်နေရန် အကြောင်းမရှိတော့ပေ။

အဂ္ဂိရတ်ခန်းမကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်ချင်းက ဤနေရာတွင် ဆက်လက်တိုက်ခိုက်ရန် အစီအစဉ် မရှိတော့ပေ။

သူမက ‘သူတော်စင်အလင်းအလံရှည်’ ကို ပြန်လည်သိမ်းဆည်းကာ ဆုတ်ခွာသွားတော့သည်။

သို့တိုင် ရန်ကျောက်ကဲတို့အုပ်စုကတော့ သတိတစ်ချက် မလွတ်ရဲခဲ့ပေ။

အကြောင်းမှာ တာအိုစကြာဝဠာ တုန်ခါနေသည့်အချိန်တွင် စောမင်ကျန့်၏တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်သွားကြသော အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများက အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာနိုင်သည် မဟုတ်ပါလား။

All Chapters