အဂ္ဂိရတ်ခန်းမနှင့်ရင်းနှီးကျွမ်းဝင်သူ
Vol. 94 Ch. 1310
အခန်း (၁၃၁၀) အဂ္ဂိရတ်ခန်းမနှင့်ရင်းနှီးကျွမ်းဝင်သူ
စောမင်ကျန့် ‘ကောင်းကင်နတ်ဘုရားအဆင့်’ သို့ တက်ရောက်သွားသည့်အခါ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ ပြန်လည်သတင်းပေးပို့ခြင်းမရှိသည့်တိုင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က သတိပြုမိသွားမည် ဖြစ်သည်။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စောမင်ကျန့်က တာအိုစကြာဝဠာထဲတွင် အချိန်ခဏမျှသာနေထိုင်ပြီး အမြန်ဆုံး ထွက်ခွာသွားခဲ့သည်။
သူ မထွက်ခွာမီ ကောင်းဟန် ၊ ကျန်းရှန်နှင့် ယန်ချဲ့တို့အားလုံးကို ကျင့်ကြံခြင်းအဆင့်လျော့နည်းသွားစေရန် တိုက်ခိုက်ခဲ့ပြီး အမတခုံရုံးမှ တန်ခိုးစါမ်းအားရှင်များကိုလည်း ဆိုးရွားစွာ တိုက်ခိုက်ခဲ့သည်။
သူ၏တိုက်ခိုက်မှုကြောင့် ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားများစွာ သတ်ဖြတ်ခံခဲ့ရသည်။
တိုက်ပွဲကိုဦးဆောင်သည့် ‘ကောင်းကင်နတ်ဘုရား’ (၄)ပါးအပြင် ထိုက်ရွှီးမူလနတ်ဘုရား (၁၀)ယောက်ထက်မနည်း သေဆုံးခဲ့ကြရသည်။
ထိုတိုက်ပွဲအတွင်း အမတခုံရုံးမှ ဧကရာဇ်များစွာ ၊ အုပ်စိုးရှင်များစွာ သတ်ဖြတ်ခံခဲ့ကြရသည်။
သို့ဖြစ်ရာ ဤနေရာသို့ရောက်လာသော ပြင်ပတာအိုကျင့်ကြံသူအုပ်စုမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ အားလုံးနီးပါး အသက်ဆုံးရှုံးခဲ့ကြရသည်ဟု ဆိုနိုင်၏။
ကံကောင်းပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများမှာလည်း စောမင်ကျန့်၏ တိုက်ပွဲလှိုင်းလုံးများဒဏ်ကို တုန်လှုပ်ချောက်ခြားစွာ ခံစားခဲ့ကြရသည်။
ပြင်ပတာအိုကျင့်ကြံသူများက တာအိုစကြာဝဠာအပြင်ဘက်တွင် ရှိနေခဲ့ကြပြီး အချိန်အတန်ကြာမှ ပြန်လည်ကောင်းမွန်လခဲ့ကြသည်။ သူတို့၏ ရုပ်ခန္ဓာအခြေအနေများကို ပြန်လည်ချိန်ညှိပြီး တည်ငြိမ်မှုရရှိစေရန် ကြိုးစားလိုက်ကြသည်။
မသက်မသာခံစားရမှုများမှ ပြန်လည်တည်ငြိမ်လာပြီးသည့်နောက် သူတို့ အလွန်အမင်း ဒေါသထွက်လာကြသည်။
စောမင်ကျန့်ကို ရင်ဆိုင်မည့်အလုပ်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ အလုပ်ဖြစ်လေရာ သူတို့အနေဖြင့် ထိုအကြောင်းကို စဉ်းစားရန် မလိုအပ်ပေ။
ထို့ကြောင့် သူတို့၏ဒေါသက ရန်ကျောက်ကဲနှင့် အထက်ဘုံကမ္ဘာဆီသို့ ကျရောက်သွားသည်။
စောမင်ကျန့်၏တိုက်ခိုက်မှုကြောင့် အမတခုံရုံးမှ ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များအားလုံး ရှင်းလင်းခံလိုက်ရပြီး ထျန်းကျွင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာလျှင် အသက်ရှင်ကျန်ရစ်ခဲ့သည်။
ယခု ထို ထျန်းကျွင်းအဆင့် တန်ခိုးစွမ်းအားရှင်၏ဦးဆောင်မှုဖြင့် ကျန်ရှိသော ပြင်ပတာအိုကျင့်ကြံသူအုပ်စုက တာအိုစကြာဝဠာမှ အထက်ဘုံကမ္ဘာဆီသို့ လျှင်မြန်စွာပင် ဝင်ရောက်လာကြသည်။
သူတို့က အထက်ဘုံကမ္ဘာကို သုတ်သင်ပစ်ရန် ဆန္ဒရှိနေကြသည်။
လဝန်းထက်ယံအရှင်သခင်က တာအိုစကြာဝဠာအတွင်းမှ ထွက်ခွာသွားခဲ့ပေပြီ။
ဖန်းယွင်ရှန်း၏ ဆိုးရွားကြမ်းတမ်းသော အနက်ရောင်ဓားမှထွက်ပေါ်နေသော ကမ္ဘာတစ်ခုလုံးကို ချေမှုန်းပြီး မိုးနှင့်မြေကို လောင်ကျွမ်းစေသည့် အနက်ရောင်မီးတော်ကမီးလျှံများကို ပြန်လည်ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။
သူမ၏မျက်ဝန်းများထဲတွင် အနက်ရောင်အလင်းတန်းများတောက်ပလာပြီး သူမမျက်နှာထက် ပင်ပန်းနွမ်းနယ်မှုများ ထင်ဟပ်လာသည်။
သူမက စိတ်ကိုကြည်လင်ရှင်းလင်းအောင်ကြိုးစားရင်း မိစ္ဆာချီစွမ်းအား၏ တိုက်စားမှုဒဏ်ကို ခုခံနေရသည်ဖြစ်ရာ ၊ ရုပ်ခန္ဓာပင်ပန်းခြင်းမျိုးမဟုတ်သော်လည်း စိတ်ဝိညာဉ်က အတော်လေး ပင်ပန်းနေခဲ့သည်။
“ယွင်ရှန်း...”
ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမထဲမှနေပြီး အသံပို့လွှတ်စနစ်ဖြင့် သူမကို လှမ်းခေါ်လိုက်သည်။
သူ ဘာကိုဆိုလိုကြောင်း ဖန်းယွင်ရှန်း နားလည်သည်ဖြစ်ရာ ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။
“စိတ်မပူနဲ့... ကျွန်မ လုပ်နိုင်ပါသေးတယ် ၊ အမတခုံရုံးက ထိုက်ရွှီးနတ်ဘုရားတစ်ပါးက လဝန်းထက်ယံအရှင်သခင်ထက် မသာပါဘူး”
လွန်ခဲ့သည့်နှစ်များအတွင် ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ နှင့် ရင်ဆိုင်ရင်း အမတခုံရုံး၏ အခြေအနေကို သူမ တဖြည်းဖြည်း နားလည်လာခဲ့သည်။
ကြောက်မက်ဖွယ်ရာ အနက်ရောင်ဓားအလင်းတန်းက တစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး သူမကိုတိုက်ခိုက်လာသည့် ရန်သူကို တန်ပြန်တိုက်ခိုက်လိုက်သည်။
ခရမ်းရောင်ဝိညာဉ်ခန်းမထဲတွင်ရှိနေသည့် ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး အဂ္ဂိရတ်ခန်းမတံခါးကို ဖွင့်လှစ်လိုက်သည်။
လောလောဆယ်တွင် သူ၏ အဓိကရန်သူများမှာ အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ ဖြစ်သည်။ အထက်ဘုံကမ္ဘာတွင်ဖြစ်ပွားသည့် အတွင်းပိုင်းပြဿနာက သူ့အတွက် အရေးမကြီးတော့ပေ။
အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ များပြားလှစွာသော တန်ခိုးစွမ်းအားရှင်များ ဝင်ရောက်စွက်ဖက်မည်ဆိုလျှင် ကျန့်ဟွမ်ဓားဧကရာဇ်နှင့် နက္ခတ်ဧကရာဇ်တို့က မည်သည့်မှတ်ချက်မှပေးမည် မဟုတ်တော့ပေ။
ရွှမ်ဟွမ်ဧကရီနှင့် စန့်ချင်အဆက်အနွယ်မှ ကျင့်ကြံသူများကလည်း လိုလိုလားလားပင် တိုက်ခိုက်လိုကြပေမည်။
သို့သော် ရန်ကျောက်ကဲအနေဖြင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအတွက်ရော ဖန်းယွင်ရှန်းအတွက်ပါ ထည့်သွင်းစဉ်းစားပေးရမည် ဖြစ်သည်။
အဂ္ဂိရတ်ခန်းမတံခါး ပွင့်သွားသည်နှင့် အမတခုံရုံးမှ ပြင်ပတာအိုကျင့်ကြံသူများ အဂ္ဂိရတ်ခန်းမဆီသို့ အပြေးအလွှား ဝင်ရောက်လာကြသည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲ၏အစီအစဉ်ကို ဖန်းယွင်ရှန်း မသိမသာ ခန့်မှန်းလိုက်နိုင်သည်။
သူမနှလုံးသားထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရပြီး သူမကိုယ်တွင်းမှ မိစ္ဆာချီစွမ်းအားတိုက်စားခြင်းကို ဖိနှိပ်ရန် အာရုံစိုက်လိုက်သည်။
သို့တိုင် အနက်ရောင်ဓားသွားက အမတချီစွမ်းအား(၅)ခု ပေါင်းစပ်ကျင့်ကြံထားသည့် အမတခုံရုံးမှ ‘ထျန်းကျွင်း’ အဆင့်ကျင့်ကြံသူအား ပိတ်ဆို့ထားဆဲ ဖြစ်သည်။
သူမ၏ဓားသွားက အရင်ကလောက် ပြင်းထန်ခြင်းမရှိသလို တန်ခိုးစွမ်းအားသည်လည်းလျော့နည်းနေသည့်တိုင် သူ့အရှေ့မှ ရန်သူကိုတော့ တားဆီးထားနိုင်ခဲ့သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ က စိတ်ရှုပ်ထွေးသည့်အမူအရာဖြင့် ဖြစ်ပေါ်လာသည့်အခြေအနေများကို ကြည့်နေခဲ့သည်။
ထို့နောက် သူက ဘေးသို့အသာရှောင်လိုက်ပြီး ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ နှင့် ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ရပ်တန့်လိုက်၏။
ကျန်းရှန်က အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များကို တိုက်ခိုက်ခြင်းမရှိသလို ရန်ကျောက်ကဲ ၊ ယွဲ့ကျန့်ပေနှင့် အခြားသူများကိုလည်း ခက်ခဲအောင် မပြုလုပ်ခဲ့ပေ။
သူက ချက်ချင်းလှည့်ထွက်ပြီး အထက်ဘုံကမ္ဘာရှိရာသို့ ပြန်သွားခဲ့သည်။
သူ၏ နောက်ကျောကိုကြည့်ရင်း ယွဲ့ကျန့်ပေက မည်သည့်စကားမှ မဆိုခဲ့ပေ။
ပြီးမှ တစ်ဖက်သို့ပြန်လှည့်လိုက်ပြီး ပြင်ပတာအိုကျင့်ကြံသူအုပ်စုနှင့်ရင်ဆိုင်နေသည့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ကူညီပေးလိုက်သည်။
အမတခုံရုံးမှ အုပ်စိုးရှင်များမှာ ယွဲ့ကျန့်ပေ၏ ဓားချက်ကို ခံနိုင်ရည်မရှိကြဘဲ ကာကွယ်ရန်သာ ကြိုးစားနိုင်ကြသည်။
ဖန်းယွင်ရှန်းနှင့် ယွဲ့ကျန့်ပေ တိုက်ပွဲထဲတွင်ပိတ်မိနေသည်ကို အခွင့်ကောင်းယူပြီး အခြားသော ပြင်ပတာအိုကျင့်ကြံသူများက အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ အဂ္ဂိရတ်ခန်းမရှေ့သို့ ရောက်ရှိလာကြသည်။
လူပေါင်းများစွာ မတ်တတ်ရပ်နေကြပြီး သူတို့အားလုံးက နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီးသော တန်ခိုးစွမ်းအားရှင်များ ဖြစ်ကြသည်။
သူတို့အားလုံးက တာအိုဝတ်စုံဝတ်ဆင်ထားပြီး ကြိမ်ဖိနပ်စီးထားသည့် သက်လတ်ပိုင်း တာအိုကျင့်ကြံသူတစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက...
“ငါ့နောက်လိုက်ခဲ့ကြ... ထျန်းစူးခန်းမကိုသိမ်းပိုက်ပြီး ဒီ မိစ္ဆာကျင့်ကြံသူတွေကို ဖမ်းဆီးမယ် ၊ ဒါမှ ငါတို့စိတ်ထဲက အမျက်တရား ပြေပျောက်နိုင်မယ်”
ပြောပြီးသည်နှင့် သူက အဂ္ဂိရတ်ခန်းမအတွင်းပိုင်းသို့ ချက်ချင်းပင် ဖြတ်သန်းဝင်ရောက်သွားသည်။ အခြားသူများကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။
ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာ၏ ဥိးဆောင်မှုအောက်တွင် သူတို့အားလုံး အဂ္ဂိရတ်ခန်းမ ထိန်းချုပ်ရေးဗဟိုဆီသို့ ဦးတည်ထွက်ခွာလာကြသည်။
ဒါကိုမြင်တော့ ခရမ်းရောင်ဝိညာဉ်ခန်းမတွင်ရှိနေသည့် ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...
"စိတ်ဝင်စားစရာကောင်းတာပဲ”
အဂ္ဂိရတ်ခန်းမထဲတွင် ကိုယ်ပိုင်စကြာဝဠာပါရှိပြီး ထိုစကြာဝဠာက ပြင်ပလောကနှင့် တူညီခြင်း မရှိပေ။
မည်ကဲ့သို့ ထိန်းကျောင်းရမည်ကို မသိရှိပါက ခန်းမထဲသို့ရောက်ရှိသည်နှင့် ကျယ်ပြောလှသော စကြာဝဠာကြီးထဲတွင် လမ်းပျောက်သွားကြမည် ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ မြင့်မားမှသာလျှင် လမ်းကြောင်းကို ရှာဖွေနိုင်မည် ဖြစ်သည်။
ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက အစစ်အမှန်နတ်ဘုရားအဆင့်တွင်သာ ရှိသေးသည်ဖြစ်ရာ သူ့အနေဖြင့် အဂ္ဂိရတ်ခန်းမ စကြာဝဠာအတွင်းမှ နိယာမများကိုကျော်ဖြတ်ရန် မဖြစ်နိုင်ပေ။
ယခု ထိုသူက အဂ္ဂိရတ်ခန်းမ၏ ထိန်းချုပ်ရေးဗဟိုသို့ တန်းလာနိုင်သညမှာ အဂ္ဂိရတ်ခန်းမနှင့်ပတ်သက်ပြီး လုံလောက်သော နားလည်မှု ရှိသောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲ ခဏမျှ စဉ်းစားလိုက်ပြီး...
“အမတခုံရုံးက ကောင်းကင်ဘုံအရှင် (၄)ပါးလုံးက မဟာကပ်ဘေးကြီးမတိုင်ခင် ကောင်းကင်ဘုံနန်းတော်က ထျန်းကျွင်းအဆင့် တန်ခိုးစွမ်းအားရှင်တွေပဲ ၊ ကြည့်ရတာ ဒီလူက သူတို့နဲ့ ပတ်သက်မှုရှိနိုင်တယ် ၊ အဲဒီ ကောင်းကင်ဘုံအရှင် (၄)ပါးထဲက တစ်ယောက်ယောက်ရဲ့ တပည့်ဖြစ်နိုင်တယ်”
တခြားကောင်းကင်ဘုံအရှင် (၃)ပါးကို မဆိုနှင့် ၊ သိုးပုကျန့်ကောင်းကင်ဘုံအရှင်’ယွိဟွမ်လုန်’ က ကောင်းကင်ဘုံနန်းတော် ၊ ဆေးကုသရေးဌာနမှ ဖြောင့်မတ်ခြင်းနတ်ဘုရားဖြစ်လေသည်။
သူ့အနေဖြင့် အဂ္ဂိရတ်ခန်းမနှင့် မလွဲမသွေ အပြန်အလှန် ဆက်ဆံရေး ရှိသည်။ သို့ဖြစ်ရာ အဂ္ဂိရတ်ခန်းမအတွင်း အကြိမ်းများစွာ ဝင်ထွက်သွားလာပြီးနောက် ခန်းမ၏ အတွင်းပိုင်းတည်ဆောက်ပုံနှင့် အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေမည် ဖြစ်သည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက အဂ္ဂိရတ်ခန်းမထဲသို့ရောက်ရှိသည်နှင့် မသိမသာ လမ်းကြောင်းရှာဖွေလျှက် ရှိသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် အဂ္ဂိရတ်ခန်းမအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးသည်မှာ ထင်ရှားသည်။
သို့ပေသိ အဂ္ဂိရတ်ခန်းမ၏ အတွင်းပိုင်းစကြာဝဠာအား မည်သို့ကျော်ဖြတ်ရမည်ကို သူက သိရှိနားလည်ပြီး အခြားသူများကို ထိန်းချုပ်ရေးဗဟိုသို့ ဦးဆောင်လာနိုင်ခဲ့သည်။
သူက အထဲသို့ရောက်ရှိသည်နှင့် လမ်းတစ်ခုဖန်တီးနိုင်ခဲ့သည်ဖြစ်ရာ အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များက အဂ္ဂိရတန်ခန်းမ၏ ပင်မထိန်းချုပ်ရေးဗဟို ‘ခရမ်းရောင်ဝိညာဉ်ခန်းမ’ သို့ ထွက်ခွာလာနိုင်ခဲ့ကြသည်။
နောက်ဆုံးတော့ သူတို့က စကြာဝဠာအလယ်ဗဟိုချက်နှင့်ဆင်တူသည့် တောက်ပသောကြယ်ရောင်တိမ်တိုက်များဆီသို့ ချဉ်းကပ်လာကြသည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက ကျောက်စိမ်းပြားတစ်ခုထုတ်ယူလိုက်ပြီး အသက်သွင်းလိုက်သည်။ ကျောက်စိမ်းပြားမျက်နှာပြင်ထက်တွင် ရေးထွင်းထားသည့်စာလုံးများ ထွက်ပေါ်လာသည်။
ထိုစာလုံးများကိုတွေ့သည်နှင့် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာက လေထဲတွင် အင်းသင်္ကေတများကို ရေးဆွဲလိုက်သည်။
ထို့နောက် အင်းသင်္ကေတများဖွဲ့စည်းသွားပြီး လှပသည့် စာပိုဒ်တစ်ခုဖြစ်ပေါ်လာကာ ကြယ်စင်တိမ်တိုက်များအတွင်း ဆင်းသက်သွားသည်။ ထို့အခါမြူခိုးများဝေနေသည့်ကြယ်စင်တိမ်တိုက်များထဲမှ ကြယ်ရောင်အလင်းတန်းများ တောက်လောင်ထွက်ပေါ်လာသည်။
ကြယ်စင်တိမ်တိုက်များအလယ်တွင် ဝဲဂယက်တစ်ခု ဖြည်းညင်းစွာ ဖြစ်ပေါ်လာသည်။
ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက ကျောက်စိမ်းပြားကို ဝဲဂယက်ထဲပစ်ချလိုက်ပြီး အတွင်းထဲသို့ ဝင်ရောက်သွားသည်။
အခြားသူများကလည်း အခွင့်အရေးကိုလက်လွှတ်မခံဘဲ သူ့နောက်သို့ လိုက်ပါသွားကြသည်။
ခဏအကြာမှာတော့ သူတို့မျက်လုံးများထဲမှ ကြယ်စင်ရောင်များပျောက်ကွယ်သွားပြီး မြင်ကွင်းထဲတွင် ခန်းမတစ်ခုပုံရိပ် ထွက်ပေါ်လာသည်။
ခန်းမထဲထဲတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ကာ အပြာရောင်ဝတ်ရုံခြုံလွှမ်းထားသည့် လူငယ်တစ်ယောက် ရှိနေလေသည်။
“ရန်ရှင်းထန်ရဲ့မြေး... ယင်ထျန်းရဲ့ရဲ့ ဆက်ခံသူ... မင်းနာမည်က ရန်ကျောက်ကဲ မဟုတ်လား”
ကြိမ်ဖိနပ်ဝတ်ဆင်ထားသူက အေးစက်စွာဖြင့် မေးမြန်းလိုက်သည်။
အမတခုံရုံးမှ အခြားသောကျင့်ကြံသူများကလည်း အေးစက်သောမျက်ဝန်းများဖြင့် လူငယ်ကို စူးစိုက်ကြည့်နေကြသည်။
လက်ရှိတွင် ရန်ကျောက်ကဲက သူ့အရှေ့မှ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို စူးစိုက်ကြည့်နေသည်။
သူက အမတခုံရုံးမှ ကျင့်ကြံသူအုပ်စုကို လှည့်မကြည့်ဘဲ...
“အကြီးအကဲ’စော’ ကြောင့် သေသွားတဲ့ ကောင်းကင်ဘုံအရှင် (၄)ပါးထဲမှာ မင်းက ဘယ်တစ်ပါးနဲ့ ပတ်သက်တာလဲ”
ရန်ကျောက်ကဲလက်ထဲမှ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို လေဘတကြီးဖြင့် ကြည့်နေသည့် ကြိမ်ဖိနပ်စီးထားသော တာအိုဆရာမှာ ရန်ကျောက်ကဲ၏မေးခွန်းကိုကြားသည်နှင့် ချက်ချင်းပင် မျက်နှာက အရုပ်ဆိုးသွားခဲ့သည်။
ရန်ကျောက်ကဲက မည်သူ့ကိုမှမကြည့်ဘဲ မေးမြန်းနေခြင်းဖြစ်သည့်တိုင် သူ့ကိုမေးနေခြင်းဖြစ်ကြောင်း ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာ ခံစားလိုက်ရသည်။
ရန်ကျောက်ကဲမေးလိုက်သည့် မေးခွန်းအကြောင်းအရာက သူ့ကို အမှန်တကယ်ပင် စိတ်အနှောက်အယှက် ဖြစ်စေသည်။
ကြိမ်ဖိနပ်စီးထားသော တာအိုဆရာက အေးစက်စွာဖြင့်...
“ငါ့ဆရာက သိုးပုကျန့်ကောင်းကင်ဘုံအရှင်ပဲ ၊ သူက မင်းတို့မိစ္ဆာကျင့်ကြံသူတွေရဲ့လက်ချက်ကြောင့် ကျဆုံးသွားရတာ”
သူက ဆက်ပြောသည်။
“မင်း သိပ်လည်းပျော်မနေနဲ့... မင်းတို့ မိစ္ဆာကျင့်ကြံသူတွေ ဘယ်လောက်ပဲတော်တော် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရှေ့ကိုရောက်သွားရင် ဘာကောင်မှမဟုတ်တော့ဘူး”
“မင်းလိုမျိုး ယင်ထျန်းရှရဲ့ဆက်ခံသူတစ်ယောက်က အစောကြီးကတည်းက သေသင့်တာ ၊ မင်း အခုချိန်ထိ အသက်ရှင်နေသေးတာ ကံကောင်းလို့ပဲ ၊ ဒါပေမဲ့ အခုတော့ အဆုံးသတ်ဖို့ အချိန်တန်ပြီ”