← Chapters

တောာက်ပသောလမိသားစု

Vol. 4 Ch. 46

တောာက်ပသောလမိသားစု

Vol. 4 Ch. 46

“ အစ်မ… ဒီလူတွေ ကောင်းကင်နဲ့မြေပြင်ဘယ်လောက်ကျယ်လဲဆိုတာကို နားမလည်တဲ့လူတွေပဲ.. အထူးသဖြင့် ဟိုးနားက ဖက်တီးကောင်ပဲ.. နိုင်ငံငယ်လေးက ဂိုဏ်းတစ်ပည့်တစ်ယောက်ပဲဖြစ်ပြီး အဓိကအဆင့်ကို ရအောင်၀င်မယ်လို့ ကြွေးကြော်နေတယ်…တကယ့် ဟာသပဲ… ဟဟ…”

နတ်ဘုရားသန့်စင်စေတီ၏ အောက်ဘက် ကြည်လင်သော ရေကန်အနီးတွင် မိန်းကလေးနှစ်ယောက်ရပ်နေကြ၏။

ထို မိန်းကလေးနှစ်ယောက်၏ အသွင်မှာ ပုလဲလုံးကလေးများအလား လှပပေသည်။

အစ်မဖြစ်သူက နှင်းကဲ့သို့ဖြူစင်သည့်၀တ်စုံအား၀တ်ဆင်ထားပြီး ချဉ်းကပ်၍မရနိုင်သည့်ပုံစံမျိုးဖြစ်သည်။

အငယ်တစ်ယောက်ကမူ အသက် (၁၅) (၁၆) ၀န်းကျင်ခန့်ဖြစ်ပြီး ခပ်စွာစွာ နှင့် ချစ်စရာကောင်းသည့်အသွင်ရှိသည်။

သာမန်လူများ၏ အမြင်တွင် ထိုမိန်းကလေးနှစ်ယောက်က ထူးခြားမှုမရှိချေ။

သို့သော် အခြေတည်ဝိညာဉ်အဆင့်များ အမြင်တွင်မူ ထိုနှစ်ယောက်က ဆန်းကျယ်၍နေပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်မှ ငယ်ရွယ်သော်လည်း သူမတို့၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

အသက်(၁၅) (၁၆)ခန့်သာရှိသေးပုံရသည့် ကောင်မလေးက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇)၌ဖြစ်၏။

သူမ၏ အစ်မကမူ ပို၍ ကြောက်စရာကောင်း‌သေးသည်။

အသက်(၂၃) လောက်သာရှိသေးဟန်ရသော်လည်း အခြေတည်ဝိညာဉ်ဝိညာဉ်အဆင့်(၁) အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်၏။

ထိုနှစ်ယောက်လုံး ငယ်ငယ်ရွယ်ရွယ်နှင့် အလွန်မြင့်မားသော ကျင့်ကြံဆင့်များရှိနေကြသည်။

၎င်းတို့က မည်သည့်နေရာမှလာသည်ကို တိတိကျကျမသိကြသော်လည်း ထိုပါရမီမျိုးနှင့် သွယ်တန်းမြစ်ကိုးစင်းဒေသမှမဟုတ်ကြောင်း သိရှိနိုင်သည်။

အဇူရာဒေသရှိ အင်အားစုကြီးတစ်ခုမှာ လာခြင်းဖြစ်နိုင်သည်။

“ မင်ယွဲ့ရှု…”

“ မင်ယွဲ့လန်…”

“ တောက်ပသောလမိသားစုက မင်းသမီးနှစ်ပါး ဒီမှာထွက်ပေါ်လာတာလား…”

လူအများစုက သူမတို့အား မသိကြသော်လည်း သိရှိသူအနည်းစု ဤနေရာတွင်ရှိနေကြသေးသည်။

ထိုလူများက အတိအကျပင် သွယ်တန်းမြစ်ကိုးစင်းပြင်ပမှလာခြင်းဖြစ်ပေသည်။

သူတို့က ထိုမိန်းမပျိုနှစ်ဦးအား မှတ်မိကြသော်လည်း အော်ဟစ်ပြောဆိုခြင်းမရှိပဲ တီးတိုးသာရေရွတ်ကြပေသည်။

“ ကောလဟာလတွေအရတော့ သူတို့နှစ်ယောက်လုံး လာမယ့်အဇူရာဒေသပြိုင်ပွဲကြီးအတွင်း မိသားစုထဲမှ တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောကြတယ်… သူတို့ ဒီမှာပေါ်လာလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး… ကျွတ် ကျွတ်…”

တောက်ပသောလမိသားစုသည် အဇူရာဒေသ၌ ထိပ်တန်းအင်အားစု(၁၀)ခုအတွင်းပါ၀င်သည့်အပြင် ထိုအထဲ၌ အဆင့်လည်းမြင့်ပေသည်။

အဇူရာဒေသမှ ထိပ်တန်းအင်အားစုကြီး(၁၀)ခုတွင် ဘုရင်အဆင့်ကျွမ်းကျင်သူများရှိသည်ဆိုသည်မှာ လူတိုင်းအသိဖြစ်၏။

တောက်ပသောလမိသားစုတွင်လည်း ဘုရင်အဆင့်ကျွမ်းကျင်သူရှိပေသည်။ ထို့အပြင် တစ်ဦးတည်းမဟုတ်ပေ။

လွန်ခဲ့သော နှစ်‌(၁၀၀)ကျော်က တောက်ပသောလမိသားစု၏ ပါရမီရှင် မင်ယွဲ့ချူက ဘုရင်အဆင့်ကို ချိုးဖျက်၀င်ရောက်သွားခဲ့ပြီး အဇူရာဒေသမှ ထိပ်တန်း အင်အားစု(၁၀)ခုတွင် တောက်ပသောလမိသားစုအား နေရာခိုင်မြဲသွားစေခဲ့သည်။

သူမ ဘုရင်အဆင့်မရောက်မီက တောက်ပသောလမိသားစုမှာ ထိပ်တန်းအင်အားစု (၁၀)ခုအပြင်သို့ရောက်လုလုဖြစ်နေခဲ့၏။ သူတို့မိသားစုအောက်အနားရှိ ကောင်းကင်ကြယ်ဂိုဏ်းက အင်အားတောင့်တင်းလာကာ အစာထိုးလုနီးပါးဖြစ်နေခဲ့သည်။

မင်ယွဲ့ချူ၏ ဘုရင်အဆင့်သို့ရောက်ရှိခြင်းက တောက်ပသောလမိသားစုအား ထိပ်ဆုံးအင်အားစု(၁၀)ခုအတွင်း နေရာခိုင်မြဲသွားစေရုံသာမက ထိပ်ဆုံး(၅)နေရာအတွင်းသို့ပင် ရောက်သွားစေခဲ့သည်။

ထို မင်ယွဲ့ချူမှာ အမှန်တကယ်ကို ထူးခြားသူတစ်ယောက်ဖြစ်ခဲ့သည်။

လွန်ခဲ့သော နှစ်(၃၀၀)က သူမသည် တောက်ပသောလမိသားစု၏ နံပါတ်(၁)ပါရမီရှင်ဖြစ်လေသည်။

ထိုအချိန်က အဇူရာဒေသတွင် သူမထက် သာလွန်သည့် ပါရမီရှင်များရှိပေသည်။

မင်ယွဲ့ချူသည် အဇူရာအဆင့်၌ အဆင့်(၁၁)သာရှိသည်ကို ကြည့်လျှင် သိနိုင်သည်။ သူမ အတမင်ထိုအဆင့်၌နေနေခဲ့ခြင်းမဟုတ်ဘဲ ရှေ့ဆက်တိုးနိုင်စွမ်းမရှိသောကြောင့်သာဖြစ်၏။

သူမအထက်ရှိပါရမီရှင်များမှာ ပို၍ မွန်းစတားဆန်ကြသည်။ ထိုခေတ်က အဆင့်(၁)တွင်ရှိသူမှာ ဘုရင်အဆင့်သို့ရောက်ရန် ရေပန်းအစားဆုံးဖြစ်ခဲ့၏။

သို့သော် နှစ်(၁၀၀)ကြာသွားပြီးနောက် ‌သေသွားသူများလည်းရှိသည် ၊ မသေသောသူများမှာလည်း အခြေတည်ဝိညာဉ်အဆင့်(၉) ‌သို့မဟုတ် ဘုရင်တစ်ဝက်အဆင့်များ၌ သောင်တင်နေခဲ့ကြသည်။ ထိုမျိုးဆက်၌ ဘုရင်အဆင့်သို့ရောက်ရှိသူမှာ မင်ယွဲ့ချူ တစ်ဦးတည်းသာရှိခဲ့၏။

ထို မိန်းကလေးနှစ်ယောက်ကလည်း တောက်ပသောလမိသားစုက မင်ယွဲ့ချူ၏ မျိုးနွယ်မှ မျိုးဆက်များပီသအောင် ပါရမီကောင်းကြသည်။

မင်ယွဲ့ရှုသည် မင်ယွဲ့ချူအား ကျော်ဖြတ်သွားရန် မျှော်လင့်ချက်ရှိသူတစ်ဦးလည်းဖြစ်၏။

သူမသည် အသက်(၂၃)နှစ် ၀န်းကျင်ဖြင့် အခြေတည်ဝိညာဉ်အဆင့်(၁)အထွတ်အထိပ်သို့ရောက်နေသည့်အပြင် တောက်ပသောလမိသားစု၌ အခြေတည်ဝိညာဉ်အဆင့်သို့ အမြန်ဆုံးရောက်ရှိသူဟူသော စံချိန်လည်းတင်ထားပေသည်။

သူမသည် အဇူရာအဆင့်၌ အဆင့်(၇)တွင်ရှိနေပြီး ၎င်းမှာသူမ၏ ကန့်သတ်ချက်မဟုတ်သေးပေ။

အခြေတည်ဝိညာဉ်အဆင့်(၂)သို့ ချိုးဖျက်သွားနိုင်ပါက အဆင့်(၅)အတွင်းသို့ရောက်သွားပေလိမ့်မည်။

မင်ယွဲ့ရှု၏ ညီမ မင်ယွဲ့လန်သည်လည်း အသက်(၁၆) ဝန်းကျင်ဖြင့် စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်(၇)၌ ရှိနေခဲ့ကာ ထူးချွန်သည့် ပါရမီရှင်တစ်ယောက်ဖြစ်သော်လည်း မင်ယွဲ့ရှုအား ယှဉ်နိုင်ခြင်းမရှိသေးချေ။

“ ရှောင်လန်.. ညီမရဲ့ စိတ်ကို ပြုပြင်ဖို့လိုအပ်တယ်.. အရာရာတိုင်းကို ပုံသေသဘောသတ်မှတ်လို့မရဘူး… ဒီလိုသေးငယ်တဲ့နေရာမှာလည်း ပါရမီရှင်တွေ ရှိနိုင်တာပဲလေ.. ဒွန်ချန်းကုံကိုပဲကြည့်လိုက် သူက အကောင်းဆုံးဥပမာတစ်ခုပဲ….”

ဒွန်ချန်းကုံ ဆိုသည်မှာ အဇူရာအဆင့်တွင် အဆင့်(၃)ဖြစ်ပြီး မင်ယွဲ့ရှုစိန်ခေါ်ခဲ့ဖူးသော်လည်း သုံးကွက်အတွင်း ရှုံးနိမ့်ခဲ့ရသည်။

သိသိသာသာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

သူမအနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၂)သို့ရောက်သွားလျှင်ပင် ထိုသူအား အနိုင်ရနိုင်မည်မဟုတ်ဟု ခံစားမိနေခဲ့သည်။

အဇူရာအဆင့်မှ ထိပ်တန်းသုံးယောက်လုံးက အလွန်ထူးခြားသောဖြစ်တည်မှုများဖြစ်ကြ၏။

ဒွန်ချန်းကုံက အဇူရာအဆင့်မှ အခြားပါရမီရှင်များနှင့်ကွာခြားပေသည်။ သူသည် အဇူရာဒေသ၏ သေးငယ်သောနိုင်ငံငယ်လေးတစ်ခုမှ ရောက်ရှိလာခြင်းဖြစ်ပြီး ယခုတွင် အဇူရာအဆင့်၌ နံပါတ်(၃)ဖြစ်နေချေပြီ။

မကြာသေးမီအချိန်က ထိပ်တန်းအင်အားစု(၁၀)ခုထဲမှ ကြက်သွေးကောင်းကင်ဓားဂိုဏ်းသို့၀င်ရောက်ခဲ့ပြီး ထိုဂိုဏ်း၏ မြင့်မြတ်သားတော်ဖြစ်လာခဲ့သည်။

“ သူတို့က ဒွန်ချန်းကုံနဲ့ ဘယ်လိုလုပ်ပြီးယှဉ်လို့ရမှာလဲ….”

မင်ယွဲ့လန်က နှုတ်ခမ်းစူလျက်ပြောလိုက်သည်။

“ ဘာကြောင့် ငါတို့က သူတို့ကို နှိုင်းယှဉ်လို့မရရမှာလဲ…ညီမလေး.. နင့်ရဲ့ နှိမ့်ချတတ်တဲ့ အကျင့်ကို မပြောင်းလဲရင် အနှေးနဲ့အမြန် အဲ့တာက အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မယ် …”

မင်ယွဲ့ရှုက မင်ယွဲ့လန်၏ နှာသီးဖျားလေးအား ခပ်ဖွဖွလိမ်ဆွဲလိုက်၏။

“ ဘာပဲဖြစ်ဖြစ်.. ဒီလိုတွေထဲမှာ အဓိကအဆင့်ကို တက်နိုင်တဲ့လူရှိမယ်လိုတော့ လုံး၀မယုံဘူး…ဟီးဟီး အဓိကအဆင့်ကို ရောက်မယ့်လူရှိရင်တောင် အဲ့တာက မမနဲ့ ညီမလေးပဲ.. သူတို့တွေတော့မဖြစ်နိုင်ဘူး…”

သူတို့စကားပြောနေစဉ်အတွင်း ပတ်၀န်းကျင်၌ အုတ်အော်သောင်းတင်းဖြစ်လာခဲ့သည်။

“ နတ်ဘုရားသန့်စင်‌စေတီပွင့်သွားပြီ…”

နတ်ဘုရားသန့်စင်စေတီအောက်၌ တံခါးပေါက်(၈)ခု ထွက်ပေါ်လာသည်ကို လူတိုင်းတွေ့လိုက်ရ၏။

လူအများကြီး ထိုအနားသို့ဝိုင်းအုံသွားခဲ့ကြသည်။

သို့သော် အများစုက နေရာ၌သာရပ်နေကြ၏။

ထိုတံခါးများက တစ်ရက်ကြာအောင်ပွင့်နေမည်ဖြစ်ပြီး တစ်နေ့လုံး ကြိုက်တဲ့အချိန်၀င်ရောက်နိုင်ပေသည်။

စောစော၀င်၍လည်း နတ်ဘုရားသန့်စင်စေတီက ဆုလာဘ်များပေးမည်မဟုတ်ပေ။

နတ်ဘုရားသန့်စင်စေတီ၏ ကျောက်ပြားထက်မှ အဆင့်သတ်မှတ်ချက်က စေတီ၀င်ခွင့်ပိတ်သွားမှသာ အဆင့်များအတည်သတ်မှတ်မည်ဖြစ်သည်။

ထို့ကြောင့် အလျင်အမြန်၀င်ရန်စိတ်မကူးကြပဲ ၎င်းတို့၏ ခန္ဓာကိုယ်အား အဖက်ဖက်မှ ထိပ်ဆုံးသို့ရောက်အောင် ချိန်ညှိနေကြလေသည်။ ၎င်းတို့၏ အထွတ်အထိပ်အခြေအနေဖြင့် ၀င်ရောက်ခြင်းက အကောင်းဆုံးသော ရွေးချယ်မှုတစ်ခုလည်းဖြစ်သည်။

နတ်ဘုရားသန့်စင်စေတီအတွင်းသို့ ၀င်ခွင့်မှာ တစ်ကြိမ်သာရ၏။

ထိုအထဲမှ ထွက်လိုက်ရသည်နှင့် နောက်တစ်ကြိမ်ထပ်၀င်ရန်မဖြစ်နိုင်တော့ချေ။

All Chapters